Sunday, May 30, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မင်းတပ်မှာကိုယ့်အိမ်ကိုယ်ပြန်နေရင်စာရင်းပေးရမယ်လို့ဆို

Posted: 30 May 2021 07:30 AM PDT

တိုက်ပွဲတွေဖြစ်အပြီး မြို့ခံတွေ နီးစပ်ရာရွာတွေကို ပြေးခဲ့ကြလို့ ပိတ်ထားခဲ့ရတဲ့ မင်းတပ်မြို့မဈေးရှင်းလင်းနေတဲ့ မင်းတပ်မြို့ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအခြေအနေဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့မှာ စစ်ရှောင်စခန်းတွေဖွင့်ထားပြီး စစ်ရှောင်စခန်းတွေမှာ ဝင်ရောက်နေထိုင်နိုင်ကြောင်းနဲ့ မိမိအိမ်ပြန်ပြီးနေထိုင်မယ့်သူတွေ စာရင်းပေးရမယ်

ရွှေပြည်သာ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်၊ နှစ်ဦးဒဏ်ရာရ

Posted: 30 May 2021 07:28 AM PDT

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ​ကျော်က ဗုံးပေါက်ခဲ့ပြီး အနီးရှိအမှိုက်ကောက်နေသူ သားအဖနှစ်ဦးဒဏ်ရာရသွားတယ်လို့ ရွှေပြည်သာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ဒဏ်ရာရရှိသူ နှစ်ဦးကို လူနာတင်ယာဥ်​နဲ့ တင်ပြီးခေါ်သွားတာတွေ့ရကြောင်းလည်း သူ က ပြောပါတယ်။ဒီကနေ့ မေလ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း အဆိုပါအုပ်ချုပ်ရေးမှူးရုံးအနီး မဲခေါင်လမ်း၊ ပညာရေး

ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီ ခြောက်ယောက်သေဆုံး

Posted: 30 May 2021 07:26 AM PDT

ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီ ခြောက်ယောက်သေဆုံး ၂၀၂၁၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ဗားဂရာလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် / Photo: RFAချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မကြားရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) တို့ရဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ယောက် သေဆုံးပြီး ဒဏ်ရာရတာတွေရှိတယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ CDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်

မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှု စိုးရိမ်ဖွယ်တိုးလာ

Posted: 30 May 2021 07:24 AM PDT

ရန်ကုန်မြို့ ဧရာဝတီ ကိုဗစ်စင်တာမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း COVID-19 ရောဂါ ကူးစက်သူ အရေအတွက် သိသိသာသာ ထပ်တိုးလာနေတဲ့အတွက် ပြည်သူတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေအကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ကျန်းမာရေးဌာနက မေလ ၂၉ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ မေလ ၂၈ ရက်နဲ့ ၂၉ ရက်အတွင်း ဓာတ်ခွဲန

ကယားပြည်နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုတွေ ဆက်ဖြစ်နေ

Posted: 30 May 2021 07:22 AM PDT

စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ ဒီကနေ့မှာလည်း ဒီးမော့ဆိုမြို့မှာ ပစ်ခတ်မှု ရှိနေတယ်လို့ ဒေသခံတွေကပြောသလို ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် ရှိတယ်လို့ ထင်တဲ့နေရာကို စစ်တပ်ဘက်က ရမ်းပစ်တာလို့ PDF ပြန်ကြားရေးဘက်က ပြောပါတယ်။ ဒါ့အပြင် ဘော်လခဲမြို့မှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်နှစ်ဦးလည်း ဒီကနေ့မှာ ဖမ်းဆီးခံရပါတယ်။ ကယားပြည်နယ်ဘက်က ပစ်ခတ်ဖမ်းဆီးမှု

အထိန်းသိမ်းခံထားရတဲ့ အမေရိကန်သတင်းထောက်ကို ကောင်စစ်ဝန်အရာရှိတွေ တွေ့ခွင့်မရ

Posted: 30 May 2021 07:10 AM PDT

မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီ ဖန်စတာ အတွက် အထူးစိုးရိမ်နေတယ်လို့ အမေရိကန်အစိုးရက ထုတ်ဖော်ပြောလိုက်ပါတယ်။ရန်ကုန်မြို့ အခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်း အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီ ဖန်စတာ ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ကွာလာလမ်ပူမြို့ကို ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်ခင် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။Frontier Myanmar ရဲ့

ပုဂံမြို့သစ်က ဒေသခံတစ်ဦးနေအိမ် အတွင်းသေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

Posted: 30 May 2021 07:08 AM PDT

 ပုဂံမှာ မေလ ၃ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး ဒေသခံပြည်သူ ၁၀၀ ကျော် စုပေါင်းပြီး ဆန္ဒပြမေလ ၃၀ ရက့် မနက်ပိုင်းက ပုဂံမြို့သစ်က ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်တွေဝင်ရောက် ဖမ်းဆီးရာမှာ ဒေသခံ ကိုမိုးမြင့်အောင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ကိုမိုးမြင့်အောင်ဟာ သတင်းမှားပေးခံရတာဖြစ်ပြီး ကိုယ်ဝန် ၃ လနဲ့ ဇနီးသည်ကျန်ခဲ့တဲ့အကြောင်း မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။သတင်းရလို့ သူတို့လာရှာ

စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေကို KIA တိုက်ခိုက်

Posted: 30 May 2021 07:06 AM PDT

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့က စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် စခန်းနဲ့ နန့်မွန်းတောင်ပေါ်က စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မေလ ၂၉ ရက်နေ့ မနေ့ညသန်းခေါင်ယံမှာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တယ်လို့ နန့်မွန်းမြို့ ဒေသခံတွေက ပြောပါတယ်။စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို KIA အဖွဲ့က သတိပေးတဲ့သဘော ဝင်တိုက်ခဲ့တာဖြစ်နိုင်ပြီး အပျက်အစီးတွေရှိ

စစ်ကောင်စီက ကားလမ်းတွေပိတ်ထားလို့ ကယားဒုက္ခသည်တွေ စားနပ်ရိက္ခာခက်ခဲနေ

Posted: 30 May 2021 07:03 AM PDT

ကယားပြည်နယ်ထဲမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူ ငါးသောင်းကျော်ရှိတယ်လို့ အကူအညီ ပေးသူတွေက ပြောပါတယ်။လတ်တလောမှာ စစ်ကောင်စီက ကားလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သယ်ပို့နိုင်ရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ မေ ၂၂ ကစပြီး လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ် မိုးဗြဲ

အမရပူရမြို့ ကွမ်းသီးတန်းလမ်း အမရသူ ပိုးထည်တိုက်ရှေ့မှာ လူငယ် (၂) ဦးကို အကြမ်းဖက်စစ်သားတွေက (ညနေ (၆) နာရီကျော်ဝန်းကျင်က )ပစ်သတ်ရာ တစ်ဦးသေပြီး ကျန်တစ်ယောက် ဒဏ်ရာရ

Posted: 30 May 2021 06:56 AM PDT

Photo CJအမရပူရမြို့ ကွမ်းသီးတန်းလမ်း အမရသူ ပိုးထည်တိုက်ရှေ့မှာ လူငယ် (၂) ဦးကို အကြမ်းဖက်စစ်သားတွေက (ညနေ (၆) နာရီကျော်ဝန်းကျင်က )ပစ်သတ်ရာ တစ်ဦးသေပြီး ကျန်တစ်ယောက် ဒဏ်ရာရသည်ဟု ကနဦးသတင်းများအရသိရသည်။Burma News Networkhttps://www.facebook.com/burmanewsnetwork

မူလာရှီးဒီကြိုးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက ဒေသခံများထံမှ ဂိတ်​ကြေးအတင်းကောက်ခံနေ။

Posted: 30 May 2021 06:54 AM PDT

ပူတာအိုမြို့နယ်၊ မူလာရှီးဒီကြိုးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲတို့ပူပေါင်းပြီး ဖြတ်သန်းသွားလာနေသည့် ဒေသခံ ပြည်သူများထံမှ အတင်းငွေကြေးကောက်ခံနေသည်ဟု ဒေသခံများ သတင်းပေးပို့ လာချက်မှသိရသည်။မူလာရှီးဒီးကြိုးတံတားပေါ် စစ်ဆေးရေးဂိတ်တွင် ငွေကြေးကောက်ခံနေသည်မှာ ၂ပတ်ခန့်ရှိလာပြီး ယခင်က ပူတာအိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကောက်ခံခြင်းမရှိဘဲ ခရီးသည်များကားများကိုသာ

ကသာမြို့နယ် PDF တပ်ဖွဲ့နှင့် စစ်​ကောင်စီ တိုက်ပွဲဖြစ်ပြီး စစ်​ကောင်စီမှ ၄ဦး​သေ၊ ၄ဦး ဒဏ်ရာရသည်ဟုဆို

Posted: 30 May 2021 06:47 AM PDT

30 May 2021 - Kachinwavesစစ်ကိုင်းတိုင်း ကသာမြို့နယ် ရွှေပြည်သစ်နှင့် ဟဲနားကျေးရွာကြား ရွှေငှက်ချောင်းအနီးတွင် စစ်​ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ ယ​နေ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၄ဦး​သေပြီး ၄ဦးဒဏ်ရာရ​ကြောင်း ​ဒေသခံများက ​ပြောသည်။ဒဏ်ရာရသည့်သူများတွင် စစ်​ကောင်စီရဲနှစ်ဦးပါဝင်သည်ဟု ​ပြောသည်။ ကသာ PDF တပ်ဖွဲ့မှ ၅ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ​ဒေသခံတစ်ဦးက ​ပြောသည်။Kachinwaves https://

ဖာပွန်တွင် တိုက်ပွဲဖြစ် အာဏာသိမ်းအကြမ်ဖက်စစ်အုပ်စုကား မီးလောင်၊ ကျဆုံးသူများပါရှိ

Posted: 30 May 2021 06:45 AM PDT

Photo-ဖာပွန်တွင် ပြီးခဲ့သည့်ရက်က အတိုက်ခိုက်ခံခဲ့ရသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကားမေလ ၂၉၊၂၀၂၁၊ သူးလေသတင်းစဥ်ကရင်ပြည်နယ် မူတြော်ခရိုင် (ဖာပွန်)မှာ  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က စစ်ကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ဒီကနေ့ မနက်ပိုင်းက မူတြော်ခရိုင် (ဖာပွန်) ကူးဆိပ်ကျေးရွာနဲ့ မထောကျေးရွာလမ်းကြားမှာ ဖာ

မဲဝိုင်အကြမ်းဖက်စစ်အုပ်စုတပ်စခန်းမှ အကြမ်း ဖက်စစ်သားများ ပြည်သူကို သေနတ်ဖြင့်ပစ်

Posted: 30 May 2021 06:44 AM PDT

၂၉ရက် မေလ ၂၀၂၁ခုနစ်။ သူးလေသတင်းစဥ်၂၀၂၁ခုနှစ် မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီအချိန်တွင် မဲဝိုင်အကြမ်းဖက်စစ်အုပ်စုတပ်စခန်းမှ ( ခလရ - ၉၇ ) အကြမ်းဖက်အဖွဲ့၏ တပ်သားများသည် ၎င်းတို့၏စခန်းရှေ့၌ ဖြတ်သွားသော စောညီညီ ဆိုသူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြရာ တွင် စောညီညီ၏ လက်နှစ်ဖက်လုံးကို ကျည် ထိမှန်ခဲ့သည်။ ထိုသို့ ကျည်ထိမှန်ခဲ့သော စောညီညီ လက်တစ်မှာမူ ကြိုးသွားခဲ့ပါသည်။ထို့အပြင် ဤ မဲဝိုင်စခန်း၌ နေထိုင်ကြသော

အကြမ်းဖက်စစ်အုပ်စု၏ ကားများ ကူးဆိပ်နှင့်မထောကြား၌ ပစ်ခတ်ခံရ

Posted: 30 May 2021 06:42 AM PDT

၃၀ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဖာပွန်သို့ ရိက္ခာ နှင့် ဆေးဝါးအမျိုးမျိုးကို ပို့ဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ ကား ၁၁ စီး ပြန်ဆင်းလာသောအခါ ကူးဆိပ် နှင့် မထောကြား၌ ကရင်အမျိုးသားလွတ်မြေက်ရေးတပ်မတော် နှင့် ထိတွေ့ကာ ပစ်ခတ်မှု ( ၂ ) ကြိမ် ဖြစ်ပွားခဲ့ပါသည်။အကြမ်းဖက်စစ်အုပ်စုမှ လက်ကြီးနှင့်လက်နက်ငယ်များ မြောက်များစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်ဟုလည်း ဒေသခံများက ပြောကြားခဲ့

အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရ

Posted: 29 May 2021 08:51 AM PDT

အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရအာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ကြား သဘောတူညီချက်ရပြီလို့ NUG ဘက်က ဒီနေ့ မေလ ၂၉ ရက်မှာ ကြေညာလာပါတယ်။တန်းတူရေးအခြေခံပြီး အပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားမှုတွေနဲ့ လက်တွဲဆောင်ရွက်သွားဖို့အပြင် တခြားအရေးကြီးတဲ့

ခြံနံပါတ် (၁) တရားခွင် သို့မဟုတ် ကမ္ဘာကျော်ခဲ့တဲ့ ရုံးချိန်း

Posted: 29 May 2021 08:49 AM PDT

ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှု ၆ ခုမှာ တစ်မှုဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံထားရချိန်မှာ စွဲဆိုခံရတာပါ။ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် တို့ကို ရုံးထုတ်ကာနီး နာရီပိုင်းအလိုအထိ တရားရုံးဟာ နေပြည်တော်က မြနန်းဘုံသာလမ်းထဲမှာ လို့ပဲ ရှေ့နေတွေက သိခဲ့ကြပါတယ်။တရားရုံးရဲ့တည်နေရာအတိအကျကို မသိခဲ့ကြပါဘူး။မေလ ၂၄ ရက် မနက် ၈ နာရီအရောက် ဇဗ္ဗူသီရိ အမှတ်(၁) ရဲစခန်း ကိုလာဖို့

သေဆုံးမှု ပေါက်ကွဲမှုတွေကြား ဆန္ဒပြမှုတချို့ ရှိနေဆဲ

Posted: 29 May 2021 08:38 AM PDT

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ PDF အလံကိုင်ပြီး ချီတက်ဆန္ဒပြသူများ။ (မေ ၂၉၊ ၂၀၂၁။ ဓာတ်ပုံ-CJ)ရန်ကုန်၊ အင်းစိန်အရပ်က ပေါက်တောဝမှာ သောကြာနေ့ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ်တဦးကို စစ်တပ်ကရပ်ခိုင်းတာ ရပ်မပေးလို့ဆိုပြီး စစ်ကားနဲ့ လိုက်တိုက်တဲ့အတွက် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူတွေကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ရေးထားပါတယ်။အဲဒီလူငယ်ဟာ ဆုရ မော်ဒယ်သရုပ်ဆောင်တဦးဖြစ်သူ ကိုထက်အောင် ဖြစ်တယ်လို့လည်း

ဒီးမော့ဆိုရဲစခန်း ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်

Posted: 29 May 2021 08:37 AM PDT

ဒီးမော့ဆိုမြို့နယ်တရားရုံး။ (ဓာတ်ပုံ - ဒီးမော့ဆိုတရားရုံးဖေ့စ်ဘုတ်)ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီတပ်တွေ အခြေပြုထားတဲ့ ရဲစခန်းကို KPDF ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဘက်ကနေ မနေ့ညပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်ထဲ မော်တော်ယာဉ် ဝင်ရောက်မှု ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီလို ယာဉ်အဝင်ပိတ်ပင်ခဲ့ရင် ကယားပြည်နယ်အတွက် ထိခိုက်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်သား ငါးဦး ဒေသခံ သုံးဦး သေဆုံး

Posted: 29 May 2021 08:34 AM PDT

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက ရဲလှနဲ့ မွေ့လယ်ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခုခံကာကွယ် ရေးတပ်ဖွဲ့ PDF တို့ မေလ ၂၈ ရက် မနေ့က နေ့လယ်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုအကျ အဆုံးများခဲ့တာကြောင့် စစ်ကောင်စီဘက်က အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပါ အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် ရဲလှရွာသား သုံးဦး လက်နက်ကြီးကျည်

ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ

Posted: 29 May 2021 08:33 AM PDT

ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ စစ်ကောင်စီကို ချင်းလူမျိုးတွေ ပြန်လည်ခုခံတိုက်ခိုက်ရာမှာ အဓိကအသုံးပြုနေတဲ့ တူမီးသေနတ်။ Photo: Kanpetlet Time Newsချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် CDF တွေ မေ ၂၈ ရက် မနေ့ကတည်းက တိုက်ပွဲဖြစ်နေတာ ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပါတယ်။စစ်ကောင်စီတပ်တွေဟာ မနေ့က မင်းတပ်မြို့ကနေ ကန်ပက်လက်မြို့ထဲကို ဝင်လာတာကြောင့်

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ မကြာခဏ ဝင်ဖမ်းတာကြောင့် ရွာသားတွေ တောထဲ အကြိမ်ကြိမ် တိမ်းရှောင်နေရ

Posted: 29 May 2021 08:18 AM PDT

သတင်း နှင့် ဓါတ်ပုံ - သံလွင်ခက်29 May 2021 - Kachinwaves စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို ဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ကား ၆စီးအပါအဝင် အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့လို့ ရွာသား​တွေ တောထဲထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။အိမ်ခြေ ၈၀၀နီးပါးရှိတဲ့ ကပေါင်းကျကျေးရွာတစ်ရွာလုံးနီးပါး ထွက်ပြေးကြရတာဖြစ်ပြီး မပြေးနိုင်သူတွေ၊ လေဖြတ်နေသူတွေနဲ့ သက်ကြီး

စစ်​ကောင်စီတပ်နှင့် ​ကေအိုင်​အေ ​ယ​နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်​ကောင်စီဘက် ထိခိုက်မှုရှိ

Posted: 29 May 2021 08:13 AM PDT

ဓါတ်ပုံ - ပုံ​ဟောင်းဖြစ်သည်။29 May 2021 - Kachinwavesပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအနီးတွင် ကေအိုင်အေ တပ်မဟာ (၁)​အောက် တပ်ရင်း (၇)နှင့် စစ်​ကောင်စီတပ်ကြား မေ ၂၉ရက်နေ့နံနက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ကားနှစ်စီး ပစ်ခတ်ခံရပြီး သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သတင်းရရှိသည်။"ကားထဲကို ပစ်ထည့်ပေးလိုက်တယ် ကားထဲကလူတွေ သေတဲ့သူတွေလည်းရှိတယ်။ ထိခိုက်တဲ့သူတွေလည်းရှိတယ်

အကြမ်းဖက်စစ်အုပ်စုမှ ရိက္ခာတင်ပို့သောကြောင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

Posted: 29 May 2021 08:11 AM PDT

၂၉ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်၂၀၂၁ခုနှစ် မေလ ၂၈ ရက်နေ့ မနက် ၈း၄၀ မိနစ်ခန့်အချိန်တွင် အကြမ်းဖက်စစ်အုပ်စုတို့သည် မူတြော်ခရိုင် လူသောမြို့နယ် ခေးပူဒေသအတွင်းရှိတပ်စခန်းများကို ရိက္ခာထောက်ပံ့ရန်အတွက် မူကေထာ နှင့် ကာ်ထယ်ဒဲ ၌ ချောင်းဖြတ်ကူးစဥ် ကရင်အမျိုးသားကာကွယ်ရေးတပ် တပ်ရင်း ၁ နှင့် ထိတွေ့ကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ဤ ပစ်ခတ်မှုတွင် အကြမ်းဖက်ဘက်မှ ၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ မ

အကြမ်းဖက်စစ်အုပ်စုမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဉီး ထိခိုတ်ဒဏ်ရာရရှိ

Posted: 29 May 2021 08:09 AM PDT

မေလ(၂၈)၊၂၀၂၁ခုနှစ်မေ လ(၂၈)ရက်  မနက် (၁၁)နာရီခွဲ အချိန်ခန့်တွင် ခလရ(၇၅)မှ အကြမ်းဖက်စစ်အုပ်စုများ သည် ဆောမီးလူကျေးရွာ ထီးယားလိုကလိုးနေရာတွင် ရှိသော ဒူးရင်းခြံတဲကို အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ် မဲ့ပြည်သူနှစ်ဉီး ထိခိုက်ခဲ့ပါသည်။ထိုပစ်ခတ်မှုကြောင့် ဒူးရင်းခြံအတွင်းရှိ တဲပေါ်တွင် နေသော စောသန်းထူးနှင့် စောအယ်တမွီစိုး ဆိုသူဒေသခံနှစ်ဉီး  ထိခိုတ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါသည်။ ယင်းနှောက် ထိခိုတ်ဒဏ်ရာရ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.