Tuesday, June 1, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဒေါ်သက်သက်ခိုင်ပါတီဝင် သတင်းပေးဒလန် ပစ်ခတ်ခံရ။

Posted: 01 Jun 2021 08:11 AM PDT

(၁/၆/၂၀၂၁)ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၁၁) ရပ်ကွက်နေ (PPP ပါတီဝင်) ဦးစိုင်းလင်းဇော်(ခ)လင်းလင်း သည် ယနေ့ ဇွန်လ (၁) ရက်နေ့ နံနက် (၈:၀၀) ဝန်းကျင်ခန့်က ခိုင်ရွှေဝါလမ်းနှင့် အနော်ရထာလမ်းထောင့်တွင်  သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရကြောင်း HTY သတင်းမှာ ဖေါ်ပြပါတယ်။ဦးစိုင်းလင်းဇော်ဟာ စစ်ကောင်စီသတင်းပေးဒလန်အကြီးစားအဖြစ် နာမည်ဆိုးရထားသူလို့ဆိုပါတယ်။ သေနတ်ဒဏ်ရာရရှိမှုအခြေအနေအသေးစိတ်မသိရသေးမဲ့

ပူတာအို လေယာဉ်ကွင်း ပစ်ခတ်ခံရသော်လည်း ထိခိုက်မှု မရှိဟုဆို

Posted: 01 Jun 2021 08:08 AM PDT

June 1, 2021/ Kachin News Groupပူတာအိုမြို့ လေယာဉ်ကွင်းကို ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ထိခိုက်မှု မရှိကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၄နာရီဝန်းကျင်တွင် KIA တပ်မဟာ (၁)အောက်တွင်ရှိသော တပ်ရင်း (၇) က လေယာဉ်ကွင်းအတွင်းသို့ အဝေးပစ်ဒုံးကျည်ဖြင့် ၃ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။"အဝေးပစ်ရှော့တိုက်ဒုံးကျည်နဲ့ ၃ကြိမ်ပစ်တာ ၁ကြိမ်ဘဲ

ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (kalay)မှ စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဖြစ်၍ စစ်ကောင်စီဖွဲ့အနီးနား မနေရန် သတိပေး ထုတ်ပြန်ထားကြောင်း သိရ

Posted: 01 Jun 2021 07:57 AM PDT

ကလေးမြို့ပြည်သူများအပေါ် အကြမ်းဖက်မှု ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီအဖွဲ့ဝင်များကို  PDF (Kalay) မှ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မည်ဖြစ်၍ စစ်ကောင်စီဖွဲ့များ နေရာယူထားသည့် နေရာတွင် ဝင်ထွတ်သွားလာခြင်း လုံးဝမပြုလုပ်ရန်   မေလ ၃၁ ရက်နေ့က PDF (Kalay)က ထုတ်ပြန်ထားသည်။အဆိုပါထုတ်ပြန်ချက်ထဲတွင် မေလ ၃၁ ရက်နေ့ ယမန်နေ့က နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်အင်အား ၅၀ - ၁၀၀ ခန့်သည် ကလေးမြို့နယ်တောင်

လွိုင်လင်မြို့ မူလတန်းကျောင်း မီးလောင်မှုဖြစ်၊ ဆုံးရှုံးမှုများ

Posted: 01 Jun 2021 07:55 AM PDT

ဇွန် ၁ရက် ၂၀၂၁သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ အမှတ်(၂) မူလတန်းကျောင်းတွင်  ယမန့်နေ့ (မေ ၃၁)ရက်  ည ၁၁ နာရီဝန်းကျင်၌  မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်သွားသည့် ကျောင်းဆောင်သည် ကျောင်းဆောင်ဟောင်းဖြစ်ကြောင်း၊ ဆုံးရှုံးမှုများလည်း ရှိနေကြောင်း သိရသည်။ " ဘာကြောင့်မီးလောင်လည်းဆိုတာတော့ ကျနော်တို့မသိဘူးရသေးဘူး။ ကျောင်းဆောင်ဟောင်းလောင်သွားတာပါ။ အဲထဲမှာတော ခုံတွေရှိတယ်။ ဘယ်လောက်

ဆီဆိုင်မြို့ တွင် တဖက်သတ် သေနတ်ပစ်သံကြားရ

Posted: 01 Jun 2021 07:26 AM PDT

သျှမ်းသံတော်ဆင့်၊ ဇွန်လ ၁သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့တွင် ယမန်နေ့ (မေ ၃၁)ရက် ည ၁၀နာရီ တွင် တဖက်သတ် သေနတ်ပစ်သံများ ကြားနေရကြောင်း စုံစမ်းသိရသည်။ထိုသေနတ်ပစ်သံသည် ဆီဆိုင်မြို့ တောင်ဘက်တွင် တဖက်သတ် ပစ်ခတ်နေသည့်အသံဖြစ်ကြောင်း၊ သေနတ်သံ (၁၀)ချက် နှင့် လက်နက်ကြီးသံ(၃)ချက် ကြားရကြောင်း အမည် မဖော်လိုတဲ့ ဆီဆိုင်မြို့ ဒေသခံ ပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါသည်။ "မနေ့က ည ၁၀ နာရီ ဝန်းကျင် အချိန်

ယ​နေ့တစ်ရက်တည်း၌ စစ်​ကောင်စီ စစ်အင်အား ၁၀၀၀ နီးပါးခန့် ကသာမြို့နယ်ဘက်ဦးတည်သွား​နေ

Posted: 01 Jun 2021 07:20 AM PDT

ပုံ - ကသာမြို့ပုံ၊ wikipedia website မှ ယူသုံးထားသည်။1 June 2021 - Kachinwavesစစ်​ကောင်စီစစ်သား ၂၀၀ကျော်ကို စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကျေးရွာနှင့် ၅မိုင်ခန့်​ဝေးသည့်​နေရာတွင် သံခွန်​ရေယာဉ်‌ကြီး ၁စီးဖြင့် ယ​နေ့ လာ​ရောက်ချထားခဲ့သည်ဟု ​ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ထို့အပြင် ရွှေပြည်သစ်ရွာအနီး မြစ်ကမ်း၌လည်း တစ်စီးကပ်ကာ အင်အား၂၀၀ကျော်ချထားခဲ့သည်ဟုဆိုသည်။ ယင်းတစ်စီး၌ အကျဥ်းသားများလည်းပါဝင်

ဖာပွန်တွင် တိုက်ပွဲဖြစ် အာဏာသိမ်းအကြမ်းဖက်အဖွဲမှ ငါးဦးသေ

Posted: 01 Jun 2021 07:17 AM PDT

ဇွန်လ ၁၊ ၂၀၂၁။ သူးလေသတင်းစဥ်ကရင်ပြည်နယ် မူတြော်ခရိုင် (ဖာပွန်) ကူးဆိပ်နဲ့ မထောရွာကြားမှာ သည်နေ့မနက်ပိုင်းက KNLA တပ်မဟာ ၅ နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ မီးနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။သည်နေ့တိုက်ပွဲမှာ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဘက်က ၅ ဦး သေဆုံး ခဲ့တယ်လို့ ရှေ့တန်း စစ်မြေပြင် သတင်းပေးပို့ချက်အရ သိရပါတယ်။Thoolei News - KNU -Department Of Informationhttps://www.facebook.com/KNUDOIHQ/

ဖလူးတိုက်ပွဲတွင် BGF နှင့်အတူပါဝင်သည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု မှ သုံးဦးသေ၊ လေးယောက်ဒါဏ်ရာရ

Posted: 01 Jun 2021 07:15 AM PDT

ဇွန်လ ၁၊ ၂၀၂၁။ သူးလေသတင်းစဥ်ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာ သည်ကနေ့နေ့လည် ၁ နာရီအချိန်က နယ်ခြားစောင့်တပ်နဲ့ ခွဲထွက်ဒီကေဘီအေတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ ပြီးနောက်ပိုင်း နယ်ခြားစောင့်တပ်နဲ့ အတူပါလာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှသုံးဦးသေဆုံးခဲ့ပြီး  လေးယောက်ဒါဏ်ရာရ ရှိခဲ့ပါတယ်။ဒါဏ်ရာရရှိတဲ့သူတွေကို သင်္ဃန်းညီနောင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့  ရှေ့တန်း စစ်မြေပြင် သတင်းပေးပို့ချက်အရ သိ

ဒေါက်တာဇော်မြင့်မောင် အာမခံ မရ

Posted: 31 May 2021 09:17 AM PDT

 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ(၂) ဒေါက်တာ ဇော်မြင့်မောင်မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ကျန်းမာရေး အာမခံလျှောက်ထားတာကို မေလ ၃၁ ရက်နေ့က ခရိုင်တရားရုံးကနေ ပယ်ချလိုက်တဲ့ အမိန့်ချခဲ့တယ်လို့ အမှု့ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကနေ သိရပါတယ်။ကင်ဆာရောဂါဝေဒနာခံစားရလို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အတွက် ကျန်းမာရေးအာမခံရဖို့ လျှောက်ထားရာမှာ ဒီကနေ့ ခရိုင်တရားရုံးက အာမခံ

မင်းကင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် မုံရွာမှာ အဖမ်းခံရ

Posted: 31 May 2021 09:15 AM PDT

စစ်ကိုင်းတိုင်း မင်းကင်းမြို့ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်အဖြစ်ယှဥ်ပြိုင်အနိုင်ရခဲ့တဲ့ ဒေါ်ခင်မွှေးလွင်မုံရွာမှာ အဖမ်းခံခဲ့ရတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။မေလ၃၀ရက်နေ့ညပိုင်းက မုံရွာချင်းတွင်းတံ တားအနောက်ဘက်ရွှေတောင်ဦးမှာ အဖမ်း ခံခဲ့ရတာဖြစ်တယ်လို့ လည်းသူ့ရဲ့ မိတ်ဆွေ တွေက ပြောပါတယ်။ချင်းတွင်းတံတားအနီး ရွှေတောင်ဦးက အိမ်တစ်အိမ်မှာ တည်းခိုနေစဥ် အဖမ်းခံရတာ

ဗိုလ်ချုပ်အောင်ဆန်းတံတားကို စစ်ကောင်စီက နာမည်ပြန်ပြောင်း

Posted: 31 May 2021 09:12 AM PDT

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နဲ့မော်လမြိုင်ကို ဆက်သွယ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို သံလွင်တံတား-ချောင်းဆုံ အဖြစ် မနက်ဖြန် ဇွန်လ ၁ ရက်မှာ အခမ်းအနားနဲ့ ပြောင်းဖို့ စစ်ကောင်စီဘက်ကစီစဥ်နေပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ပေးခဲ့တဲ့ တံတားအမည်ပြောင်းပွဲ အတွက် နိုင်ငံရေးပါတီတွေနဲ့ မြို့မိမြို့ဖတွေကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘက်က ဖိတ်ကြားမှုတွေပြုလုပ်နေပါတယ်။ဒီတံတားအမည်ပေးမှု

ရန်ကုန်လမ်းမတွေပေါ် စာဖြန့်ကြဲဆန္ဒပြ

Posted: 31 May 2021 09:10 AM PDT

ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကလေးမြို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ Paper Strike သပိတ် မြင်ကွင်း။ (ဧပြီ ၂၅၊ ၂၀၂၁)စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေက နိုင်ငံတဝန်းမှာ ဆက်ရှိနေပါတယ်။ ရန်ကုန်မှာတော့ လုံခြုံရေးအခြေအနေကြောင့် ဆန္ဒပြစစ်ကြောင်းကြီးတွေ မထွက်နိုင်ကြပေမဲ့ လမ်းပေါ်မှာ စာရွက်တွေ ဖြန့်ကြဲဆန္ဒပြတဲ့ Paper Strike လှုပ်ရှားမှုအပါအဝင် ရနဲ့နည်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ရှမ်းပြည်နယ် ကျောက်မဲမြို့

ဒီးမော့ဆို-ဖရူဆိုလမ်း တံတားနှစ်စင်း မိုင်းခွဲ ဖျက်ဆီးခံရ

Posted: 31 May 2021 09:08 AM PDT

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဒီနေ့ မေလ ၃၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့တာမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ လွိုင်ကော်၊ ဒီးမော့ဆို စတဲ့မြို့ တွေအတွက် သွားလာရေးမှာ အရေးပါတဲ့ တံတား ၂ စင်းလည်း မိုင်းခွဲဖျက်စီးခံရပါတယ်။ စစ်တပ်နဲ့ PDF တပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးကတည်းက ကယားပြည်နယ်ထဲ မော်တော်ယာဉ် အဝင်အထွက်ကို စစ်

နမ့်ဖတ်ကာ စစ်ကောင်စီစခန်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဝင်တိုက်

Posted: 31 May 2021 09:05 AM PDT

နမ့်ဖတ်ကာ စစ်ကောင်စီစခန်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဝင်တိုက် နမ့်ဖတ်ကာရွာမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်အချို့ကို တွေ့ရစဉ် / Photo: Northern Alliance (Burma)ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင်လမ်းမပေါ် နမ့်ဖတ်ကာကျေးရွာက စစ်ကောင်စီ ခလရ (၁၂၃) တပ်နဲ့ရွာထဲက ကင်းပုန်းစခန်းတွေကို မြောက်ပိုင်းညီနောင် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA၊ ရက္ခိုင့်တပ်တော် AA နဲ့

ကလေးမြို့ သာစည်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က သုံးဦးကျဆုံး

Posted: 31 May 2021 09:03 AM PDT

စစ်ကိုင်းတိုင်း ကလေးမြို့နားက သာစည်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက် ခြောက်နာရီ အချိန်လောက်မှာ လူငယ်ကျောင်းသားတွေနဲ့ CDM မှာပါတဲ့ဝန်ထမ်းတွေကို ဝင်ဖမ်းလို့ ကလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က သုံးယောက် သေဆုံးတယ်လို့ သတင်း ရရှိပါတယ်။လူတွေဝင်ဖမ်းလို့ ကာကွယ်တဲ့အနေနဲ့ မနက် ၈ နာရီကစပြီး တိုက်ပွဲဖြစ်တာလို့ အမည်မဖော်လိုတဲ့ ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါ

အကြမ်းဖက်သမားတွေက CDM ဆရာမရဲ့ အိမ်ဝင်မွှေကာ ပိုက်ဆံ ၂၂ သိန်းကျော်ခိုးယူ

Posted: 31 May 2021 09:00 AM PDT

ကလေးမြို့အနီး သာစည်ကျေးရွာက CDM ဆရာမတစ်ဦးရဲနေအိမ်ကို ဒီနေ့(မေ ၃၁)ရက်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီးပိုက်ဆံ(၂၂)သိန်းကျော်ခိုးယူသွားခံရတယ်လို့သိရတယ်။ဒီပိုက်ဆံဟာ ညီမ​ဖြစ်သူက အိမ်မှာခဏသိမ်းထိန်းထားခိုင်းတာကြောင့် ထိန်းသိမ်းထားတာဖြစ်တယ်လို့ဆရာမက ငိုရင်းပြောဆိုပါတယ်။ဆရာမလည်း အိမ်မှာမနေရဲဘဲ အခုထွက်ပြေးတိမ်းရှောင်နေရတယ်။သာစည်ရွာမှာ ဒီမနက်ကနေ ခုချိန်ထိ အကြမ်းဖက်သမားတွေနဲ့ ပြည်သူ့တပ်ဖွဲ့တွေ

ဒီမော့ဆိုတိုက်ပွဲမှာ စစ်ကောင်စီဖက်က ရဟတ်ယာဥ်သုံးပြီး ပစ်ခတ်နေ

Posted: 31 May 2021 08:55 AM PDT

ဓာတ်ပုံ - CJဒီကနေ့ မေလ၃၁ရက်နေ့၊ ဒီမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ နေ့ခင်းကစပြီး တိုက်ပွဲဖြစ်ပွားနေပြီး ခုချိန်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်သုံးပြီး ပစ်ခတ်နေပြီလို့ သိရပါတယ်။"ကျတော်တို့တိုက်ပွဲစနေတာက ၁နာရီခွဲကတည်းက ခုထိမပြီးသေးဘူး။ ရဟတ်ယာဥ်နဲ့လာပစ်လို့ ကျတော်တို့ဆုတ်နေပြီ။ ၂စီးလာတယ် ကုန်းသာအကျော်လယ်ကွင်းထဲမှာပစ်နေတယ်။လက်နက်ကြီးကြောင့် ကျတော်တို့ဖက်ကတော့ ထိခိုက်ဒဏ်ရာရသူ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.