Wednesday, June 2, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဆီဆိုင်တွင် PNO အင်အားဖြည့်တင်းမှုရှိလာ

Posted: 02 Jun 2021 07:40 AM PDT

သျှမ်းသံတော်ဆင့်၊ ဇွန် ၁ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ဖွဲ့စည်းကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဆီဆိုင်မြို့ အနီးတစ်ဝိုက်တွင် ပအိုဝ်းအမျိုးသား အစည်းအရုံး( PNO) အင်အားဖြည့်တင်းလာကြောင်း စုံစမ်းသိရသည်။ မေလ ၂၉ ရက်နေ့တွင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်အပြီးတွင် ဆီဆိုင်မြို့အနီးတဝှိက်တွင်  ပြည်သူ့စစ် အဖြစ် ရပ်တည်နေသော (PNO) အင်အားဖြည့်တင်း

ဒီးမော့ဆိုမြို့တွင် စစ်ကောင်စီ အလောင်းများကို လာရောက်ကောက်ယူခြင်းမရှိသဖြင့် ယနေ့ (ဇွန် ၂)ရက် တွင် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF)က မီးရှို့ပေးခဲ့ရ

Posted: 02 Jun 2021 07:38 AM PDT

Photo by  CJကရင်နီ (ကယားပြည်) ဒီးမော့ဆိုမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် သေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အလောင်းများကို လာရောက်ကောက်ယူခြင်းမရှိသဖြင့် ယနေ့ (ဇွန် ၂)ရက် တွင် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF)က မီးရှို့ပေးခဲ့ရကြောင်း သတင်းရရှိသည်။ထိုသေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မေ (၃၁)ရက် ဒီးမော့ဆိုမြို့ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီ မှ လေကြောင်းမှ ပစ်ခတ်

သျှမ်းရှေ့ ကျောင်းလုံးခြုံရေးအတွက် ပြည်သူများအလှည့်ကျ ကင်းစောင့်ရ

Posted: 02 Jun 2021 07:34 AM PDT

ဇွန် ၂ရက် ၂၀၂၁သျှမ်းပြည် အရှေ့ပိုင်းရှိ ကျောင်းလုံခြုံရေးအတွက် ဟုဆိုပြီး  စစ်ကောင်စီမှ ပြည်သူများကို အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ကျောင်းလုံခြုံရေး မစောင့်နိုင်ပါက တရက်လျှင် ကျပ်ငွေ (၈၀၀၀) ပေးဆောင်ရပြီး၊ လူအစားထိုးသွားစောင့်ရမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီ က အမိန့်ထုတ်ပြန်ထားကြောင်း သျှမ်းရှေ့ ပြည်သူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။ " သူတို့ကျောင်းတွေကို သွားစောင့်ခိုင်းနေတာ။

မြဝတီခရိုင် ဝေါလေရဲစခန်း တိုက်ခိုက်ခံရပြီး(GE)တပ် လုပ်ငန်းခွင် နေအိမ်တဲများ မီးရှို့ခံရ

Posted: 02 Jun 2021 07:30 AM PDT

ဇွန်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့၏ တောင်ဘက် မိုင် ၅၀ ခန့် အကွာရှိ ဝေါလေမြို့ရဲစခန်းကို ယနေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သလို စစ်ကောင်စီ၏ စစ်မြေပြင်အင်ဂျင်နီယာ (GE)တပ်၏ နေအိမ်တဲများကိုလည်း မီးရှို့သွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယနေ့ ဇွန်လ ၂ ရက် နံနက် ၄ နာရီခွဲဝန်းကျင်ခန့်က ဝေါလေမြို့ရှိ  ရဲစခန်းကို

စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်းစစ်ရှောင်စခန်းသို့ ကျပြီး ထိုင်းစစ်သား ၁ ဦးနှင့် စစ်ရှောင်ပြည်သူ(၂)ဦး ဒဏ်ရာရ

Posted: 02 Jun 2021 07:28 AM PDT

ဇွန်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီယနေ့ ဖြစ်ပွားလျက်ရှိသည့် မြဝတီမြို့၏ တောင်ဘက် ဖလူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပစ်လိုက်သော လက်နက်ကြီးကျည် ၁ လုံး ဖလူးကျေးရွာ တဖက်ကမ်း ထိုင်းဘက်ခြမ်း မဲ့ခို ကင်းရွာရှိ ယာယီစစ်ရှောင်စခန်းအတွင်း ကျရောက်ခဲ့ပြီး ထိုင်းစစ်သား ၁ ဦး နှင့် စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့က မွန်းလွဲ ၁ ဝန်းကျင်ခန့်မှစ၍ ယနေ့ ဇွန်လ ၂ ရက် မွန်းလွဲပိုင်းအထိ စစ်

ထိုင်းမှာ ဖမ်းဆီးခံထားရတဲ့ DVB သတင်းသမား ၃ ဦး ထောင်ဒဏ် ၇ လစီ ပြစ်ဒဏ် ချမှတ်ခံရ

Posted: 02 Jun 2021 07:23 AM PDT

 DVB နဲ့ FCCT ထုတ်ပြန်ချက်။ ချင်းမိုင်မြို့မှာ DVB သတင်းသမားတွေ ဖမ်းဆီးခံရစဉ်။ဘန်ကောက်၊ ဇွန် ၂၊ ၂၀၂၁ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ DVB သတင်းဌာနက သတင်းသမား ၃ ဦးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂ ဦးကို မေလ ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၇ လနဲ့ ထိုင်းဘတ်ငွေ ၂ ထောင်စီ (သတင်း တချို့မှာ ဘတ် ၄ ထောင်လို့ ပါရှိ) ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ ဇွန်လ ၁ ရက်နေ့က ထိုင်း အခြေစိုက် Prachatai သတင်းမှာ ဖော်ပြပါတယ်။ သူတို့ ၅

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် သံဃာတော်တွေ မေတ္တာသုတ် ပရိတ်ရွတ်နေချိန် ပစ်ခတ်ခံရမှု ဖြစ်ပွား

Posted: 02 Jun 2021 07:20 AM PDT

မစိုးရိမ်တိုက်သစ် သံဃာတော်များ ဧပြီလ အတွင်းက မေတ္တာသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်နေတာ တွေ့မြင်ရစဉ်။ မန္တလေး၊ ဇွန် ၂၊ ၂၀၂၁မန္တလေးမြို့ မစိုးရိမ်တိုက်သစ် သံဃာတော်တွေ ဇွန်လ ၁ ရက်နေ့ည ၈ နာရီ ခွဲခန့်က ဆီမီး ဖယောင်းတိုင်များ ထွန်းပြီး မေတ္တာသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်နေချိန်မှာ စစ်တပ်က ရောက်ရှိလာပြီး ပစ်ခတ်မှုတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။ အရင်ဆုံး ဆဲဆိုပြီး သေနတ် တချက် ဖောက်ကြောင်း၊

သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အမည်မသိ နေရာပြောင်းရွှေ့ထားမှု စိုးရိမ်မှုများ ရှိနေ

Posted: 02 Jun 2021 07:18 AM PDT

ဓာတ်ပုံ - Straits Times ၊ မြန်မာ့ အလင်း၊ အင်တာနက် စာမျက်နှာများနေပြည်တော်၊ ဇွန် ၂၊ ၂၀၂၁သမ္မတဟောင်း ဦးမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ သူတို့နေအိမ်တွေကနေ အမည်မသိ နေရာ ကို ရွှေ့ပြောင်းလိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုပ်ဖော်ကိုင်ဖက်က ပြောကြောင်း Straits Times သတင်းက ဇွန်လ ၁ ရက်မှာ ဖော်ပြပါတယ်။သူတို့ ၂ ဦးကို ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန် ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်း

ကသာတိုက်ပွဲတွင် ၂ဖက်စလုံး ထိခိုက်မှုများရှိခဲ့ကြောင်း ကသာ PDF ထုတ်ပြန်။

Posted: 02 Jun 2021 07:15 AM PDT

 "30/5/2021ရက်နေ့  ကသာတိုက်ပွဲတွင် ကသာPDFမှ ရဲဘော်(5)ဉီးကျဆုံးခဲ့၍အထူးဝမ်းနည်းရပါကြောင်း။သို့သော် စစ်ခွေးအကောင် (8)ကောင်ထက်မနည်းကို မြေသြဇာလုပ်နိုင်ခဲ့ပြီးဒဏ်ရာရရှိသွားသော(10)ကောင်ရဲ့အထက်တွင် 31/5/2021ရက်နေ့တွင် (3)ကောင်ရဲ့အထက်ထပ်မံသေဆုံးကြောင်းသိရှိရပါသည်။ သေဆုံးသောစစ်ခွေးများတွင် ရဲတပ်ဖွဲ့ဝင်များအများဆုံးပါဝင်နေပါသည်။၎င်းနေ့တိုက်ပွဲ၌လည်းစစ်ခွေးများမှအနောက်ကနေ၍ ရဲတပ်ဖွဲ့ဝင်များအားအရှေ့သို့တက်

စစ်မှုထမ်းဟောင်းများ တပ်တာဝန် ပြန်လည်ထမ်းဆောင်ရန် ပူတာအို အာဏာသိမ်းစစ်တပ်က ခေါ်ယူ

Posted: 02 Jun 2021 07:12 AM PDT

June 2, 2021/ Kachin News Groupပူတာအို ခရိုင်တွင် လျှော့နည်းသွားသော စစ်အင်အား ဖြည့်တင်းရန်အတွက် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူနေသည်ဟု သိရသည်။ပြီးခဲ့သည့် မေလမှစတင်ကာ ပူတာအိုခရိုင် မချမ့်ဘော့၊ နောင်မွန်နှင့် ခေါင်လန်ဖူးဒေသတို့တွင် စစ်သားဟောင်းများအားလုံး တပ်ထဲပြန်ဝင်ရန် USDP ပါတီက ဦးဆောင်ပြီး လိုက်လံပြောဆိုနေသည်ဟု ပူတာအိုမြို့ခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။"ကျ

ရွှေကူမြို့အနီး မြစ်ကမ်းဘက်သို့ အာဏာသိမ်းစစ်တပ်က သင်္ဘောပေါ်မှ ရမ်းသမ်းပစ်ခတ်နေ

Posted: 02 Jun 2021 07:10 AM PDT

June 2, 2021/ Kachin News Groupကသာမှ ရွှေကူမြို့သို့ ဆန်တက်လာသော အာဏာသိမ်းစစ်တပ်၏ သင်္ဘောတစ်စီးသည် ရွှေကူမြို့ ကျောက်ကြီးနှင့် သာယာကုန်းကျေးရွာကြားရောက်ချိန် မြစ်ကမ်းဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။KIA က သွားရောက်ပစ်ခတ်ခြင်းမဟုတ်နိုင်ကြောင်းနှင့် စစ်တပ်ဘက်ကသာ ကမ်းဘက်သို့ ပစ်ခတ်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက အကြောင်းကြားလာသည်။"အခုပစ်နေတုန်း... အခု ပစ်နေတုန်....သေနတ်

မင်းတပ်မှာ နှစ်ဘက်လက်နက်မကိုင်ရနယ်မြေ သတ်မှတ်ဖို့ ဒုက္ခသည်တွေ လိုလား

Posted: 01 Jun 2021 08:25 AM PDT

မင်းတပ်မြို့မှ စစ်ဘေးရှောင်များ။ (ဓာတ်ပုံ - Chin World)ချင်းပြည်နယ် မင်းတပ်မြို့က ဧရွာ စစ်ဘေးရှောင်စခန်းအနီးကို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်လာပြီးတဲ့နောက် စစ်ပြေးဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရာတာကြောင့် နှစ်ဘက်လက်နက်မကိုင်ရနယ်မြေ Safe Zone မျိုး သတ်မှတ်ပေးဖို့ လိုလားနေကြပါတယ်။ မင်းတပ်က စစ်ပြေးဒုက္ခသည်တွေအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။ပြီးခဲ့တဲ့ မေ ၃၀

အာဆီယံကိုယ်စားလှယ်အဖွဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသွားဖို့ စီစဉ်ထား

Posted: 01 Jun 2021 08:23 AM PDT

အင်ဒိုနီးရှားနိုင်ငံ Jakarta မြို့ရှိ ASEAN အထွေထွေအတွင်းရေးမှူးဌာနရုံး အဆောက်အအုံ။ (ဧပြီ ၂၃၊ ၂၀၂၁)အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတယ်လို့ သံတမန်သတင်းရင်းမြစ်လေးခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Erywan Yusof နဲ့ ဘရူ

NCA မပျက်ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လုပ်မှာမဟုတ်

Posted: 01 Jun 2021 08:21 AM PDT

နိုင်ငံတကာရှေ့မှောက်မှာ လက်မှတ်ထိုးပြီး အမြင့်ဆုံးဥပဒေပြုလွှတ်တော်က အသိအမှတ်ပြုထားတဲ့အတွက် NCA အပစ်ရပ်စာချုပ် မပျက်ပြယ်ပေမဲ့၊ အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်မှာ မဟုတ်ဘူးလို့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောလိုက်ပါတယ်။ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို အရပ်သားအစိုးရခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတဦးဝငးမြင့် တို့ လက်ထက်မှာ

ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ရှိလာ

Posted: 01 Jun 2021 08:19 AM PDT

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေလ ၃၁ ရက် မနေ့က စစ်ကောင်စီနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDF တို့ ဖြစ်ကြတဲ့တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်က တိုက်လေယာဉ်တွေသုံးပြီး ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ထွက်ပြေးရတဲ့ဒေသခံပြည်သူ သုံးသောင်းကျော်ရှိတယ်လို့ သတင်းရရှိပါတယ်။ဒီမနက်မှာလည်း စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။"မနက်

ကန်ပက်လက် မြို့ပေါ်နေထိုင်သူတွေ တောထဲပြေးရှောင်နေရ

Posted: 01 Jun 2021 08:16 AM PDT

ကန်ပက်လက် မြို့ပေါ်နေထိုင်သူတွေ တောထဲပြေးရှောင်နေရကန်ပလက်မြို့ပေါ် အနောက်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကန်ပက်လက်CDF အဖွဲ့တွေကြား မနေ့ ညနေ ၇ နာရီ ဝန်းကျင်က စပြီးပစ်ခတ်မှုတွေ ရှိခဲ့ရာက ဒီကနေ့မနက်မှာ သေနတ်ဖောက်သံ အနည်းငယ်ကြားရပြီး ကန်ပန်လက်မြို့ ပေါ်က ဒေသခံတွေဟာ တောတောင်တွေထဲ ပြောင်းပြေးနေရတယ်လို့ ကန်ပလက်ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ကန်ပက်လက် မြို့ပေါ်မှာ လူဦးရေ အနည်းငယ်ပဲကျန်တော့ပြီး တောရွာတွေကို

ဒီနေ့ ရန်ကုန်တချို့နေရာတွေမှာအစစ်အဆေးတွေတင်းကျပ်

Posted: 01 Jun 2021 08:15 AM PDT

အကျီအနက်ရောင်ဝတ်ထားတဲ့လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံတွေလည်းလူမူကွန်ယက်ပေါ်မှာ ထွက်ပေါ်လာဒီနေ့ ရန်ကုန်တချို့နေရာတွေမှာအစစ်အဆေးတွေတင်းကျပ်ဒီနေ့ ဇွန် ၁ ရက်မှာ ရန်ကုန်မြို့က နေရာတချို့မှာ လမ်းလာလမ်းလာပြည်သူတွေကို အသွားအလာ စစ်ဆေးတင်းကျပ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ လူသွားလူလာများတဲ့ မြေနီကုန်းမီးပွိုင့်လိုနေရာမျိုးမှာ ကားတွေကို နှစ်ဖက်ပိတ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.