Friday, September 25, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မွန်ပြည်သစ်ပါတီနယ်မြေတချို့ ရောဂါကူးစက်မှုကြောင့် မဲဆွယ်စည်းရုံးခွင့်ကန့်သတ်ထား

Posted: 25 Sep 2020 07:35 AM PDT

 မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေထဲက မွန်ပြည်နယ် ရေးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်နဲ့ ကရင် ပြည်နယ် ဘုရားသုံးဆူမြို့တွေက စုစုပေါင်း ကျေးရွာ ၄၀ ဝန်းကျင်မှာ ကပ်ဘေးကာလအတွင်း အသွားအလာ ကန့်သတ်ထားတာကြောင့် ကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်စည်းရုံးဖို့ အခက်ကြုံနေပါတယ်။မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတွေထဲက မွန်ပြည်နယ် ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသ၊ တနင်္သာရီတိုင်း ရေဖြူ

ဘားအံမဲဆွယ်ပွဲမှာ ပိုးတွေ့လူနာပါဝင်ခဲ့လို့ စောင့်ကြည့်ခံနေရသူ ၅၀ နီးပါးရှိ

Posted: 25 Sep 2020 07:26 AM PDT

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို တွေ့ရစဉ်Photo: Kndp Hpa-an Kndp Hpa-an/Facebookကရင်ပြည်နယ် ဘားအံမြို့နယ် ကော့လိုက်ကျေးရွာအုပ်စု ကော့ဒါန်းမယ်ကျေးရွာသားတစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့တာကြောင့် မဲဆွယ်ပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) က ကိုယ်စားလှယ်လောင်းသုံးဦးနဲ့ ပါတီမဲဆွယ်ပွဲတက်ရောက်တဲ့သူ ၅၀ နီးပါးဟာ ကန့်သတ်စောင့်ကြည့် ခံနေရပါတယ်။

ကိုဗစ်ကူးသူများလာနေတဲ့ ရန်ကုန်တိုင်းမှာ နေရာအခက်အခဲဖြစ်လာ

Posted: 25 Sep 2020 07:22 AM PDT

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာတွေ့ရတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၄၊ ၂၀၂၀)ကိုဗစ်ရောဂါပိုးတွေ့လူနာ များလာတဲ့ ရန်ကုန်တိုင်းမှာ အသွားအလာ ကန့်သတ်ရမယ့်သူတွေ တိုးလာတာနဲ့အမျှ သီးသန့်ထားစရာ နေရာအခက်အခဲ ရှိလာနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုဖြစ်နေတဲ့အကြောင်းပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။ပိုးတွေ့လူနာ ၄,၇၀၀ ကျော်အထိ ရှိနေ

ရန်ကုန်မှာ ကိုဗစ်ကာလ အရေးပေါ်အကူအညီပေးဖို့ စာရင်းကောက်ယူ

Posted: 25 Sep 2020 07:20 AM PDT

အိမ်တိုင်ယာရောက် ကျန်းမာရေးစစ်ဆေးပေးဖို့ စောင့်ဆိုင်းနေကြတဲ့ လူတချို့ကို ရန်ကုန်မြို့ရှိ ရပ်ကွက်တခုမှာ တွေ့ရ။ (မေ ၁၇၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အိမ်မှာပဲ နေကြဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း လိုအပ်လာရင် အကူအညီ အထောက်အပံ့တွေ ပေးနိုင်အောင် အာဏာပိုင်တွေ စတင်စာရင်းကောက်ယူနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။ကပ်ရောဂါ ကူး

အင်းစိန်ရွာမကျောင်းက သံဃာတွေ သီးသန့်ကုဖို့ ယာယီဆေးရုံပြင်၊ ဆရာတော်ကြီး ကျန်းမာတယ်လို့ပြော

Posted: 25 Sep 2020 07:18 AM PDT

ဓာတ်ပုံ ရင်းမြစ်, ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က သံဃာတွေ ရာချီပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ့ရှိခဲ့ရပြီးနောက် သံဃာတွေ သီးသန့်ကုနိုင်ဖို့အတွက် အင်းစိန် မင်းဓမ္မကုန်း သာသနာ့ဗိမာန်ကို ဆေးရုံအဖြစ် ပြောင်းလဲထားတယ်လို့ တပ်မတော် ပြောခွင့်ရသူ ထံက သိရပါတယ်။မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ နေ့စဥ်ရာချီတွေ့နေရပြီး အများစုက ရန်ကုန်မြို့မှာ တွေ့နေချိန်မှာ

စစ်တွေမှာ ရဲဝန်ထမ်း ၂၀ ကျော်နဲ့ အချုပ်သားတွေ ကိုဗစ်ကူးစက်

Posted: 25 Sep 2020 07:16 AM PDT

အမှတ် ၁ ရဲစခန်းက ရဲဝန်ထမ်းတွေနဲ့ အချုပ်သားတွေမှာ ထပ်မံတွေ့ရှိတာဖြစ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ရဲဝန်ထမ်း ၂၀ ဦးနဲ့ အချုပ်သား ၂၀ နီးပါးတို့မှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း ရခိုင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့နဲ့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။စစ်တွေမြို့ မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ရဲအရာရှိနှစ်ဦးတို့မှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရကြောင်း

(၂၅-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၉၈) ဦး တွေ့ရှိ

Posted: 25 Sep 2020 07:14 AM PDT

၁။ ယနေ့ COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအရ -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)မှဓာတ်ခွဲနမူနာ (၇၃၁)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ (၃၅၈) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၄၆၅) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ  ဓာတ်ခွဲ

ထိုင်းရဲ ဖမ်းထားချိန် ထွက်ပြေးတဲ့ မြန်မာနိုင်ငံသားတစ်ဦး သေဆုံး

Posted: 25 Sep 2020 07:11 AM PDT

ရဲကားပေါ်က နေခုန်ချရင်းသေဆုံးသွားတဲ့ မြန်မာနိုင်ငံသား။ (၀၉၊ ၂၄၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးနေပြီး၊ မနေ့တုန်းကတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် မြန်မာနိုင်ငံသားတဦး သေဆုံးသွားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။ထိုင်းနိုင်ငံမှာ စမုဆာခွန်း ခရိုင် ခုပ်

ကိုဗစ်အထောက်အကူပစ္စည်းတွေ မြန်မာကို ထိုင်းနဲ့ တူရကီလှူ

Posted: 25 Sep 2020 07:08 AM PDT

စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်ကွာရန်တင်းစင်တာ တခုရှိ ကျန်းမာရေးဝန်ထမ်းတဦးကို တွေ့ရစဉ်မြန်မာနိုင်ငံမှာ တိကျ မြန်ဆန်တဲ့ ကိုဗစ်ရောဂါ စစ်ဆေးရေးတွေပြုလုပ်နိုင်ဖို့ အတွက် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာန တို့က ပူးပေါင်းပြီး ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေထောက်ပံ့ ကူညီပေးသွားဖို့ စီစဉ်နေတယ်လို့ ထိုင်း ကူးစက်ရောဂါ ဌာနအကြီးအကဲ Sophon Iamsirithavorn က ပြောပါတယ်။ ထိုင်းဆေးဘက် ကျွမ်းကျင်

ရွှေပြည်သာမြို့နယ်တွင်ဖြစ်ပွားသည့် လူသတ်မှုမှကျူးလွန်သူကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

Posted: 25 Sep 2020 07:05 AM PDT

ရန်ကုန်   စက်တင်ဘာ   ၂၄ရွှေပြည်သာ မြို့နယ် ဇီးကုန်းကျေးရွာ ဗဟိုရ်လမ်းသွယ် အမှတ်(၂၉၈)နေ တရားလို ဒေါ်-----သည် စက်တင်ဘာ  ၂၃ ရက် ညနေ ၅ နာရီခန့်က နေအိမ်၌ရှိနေစဉ်   နေအိမ် ခေါင်းရင်းရှိ   အမှတ်-၂၉၈  (က)နေ   အစ်မဖြစ်သူ ဒေါ်တင်တင်မိုးကို   မတွေ့ရှိသဖြင့် သွားရောက်ကြည့်ရှုရာ  ဒဏ်ရာများဖြင့် ခြင်ထောင်အတွင်း သေဆုံးနေသည်ကို တွေ့ရှိရ၍   ပြစ်မှုကျူးလွန်သူအား   စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ရွှေပြည်သာမြို့မ

ဆိုင်ကယ်နှင့်ဖုန်းရယူလို၍ သူငယ်ချင်းဖြစ်သူအားသတ်မှုဖြစ်ပွား

Posted: 25 Sep 2020 07:03 AM PDT

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်  အမှတ်(၅)ရပ်ကွက်တွင် စက်တင်ဘာလ၂၃ ရက်နေ့ က သူငယ်ချင်းဖြစ်သူ၏ ဆိုင်ကယ် နှင့် လက်ကိုင်ဖုန်း အားရယူလို၍ လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာ နမ့်စန်မြို့ အမှတ်(၅)ကျေးရွာအုပ်စု ၊ အမှတ်(၆) ကျေးရွာနေ မောင်ပြည့်ဖြိုးသိန်း (၁၆ နှစ်) သည် စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ဆိုင်ကယ် တစ်စီးဖြင့် နေအိမ်မှထွက်သွားခဲ့ပြီး ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေ

ရခိုင်အရေး မန္တလေးမှာ ဆန္ဒပြတဲ့ကျောင်းသားနှစ်ဦး ချက်ချင်းအဖမ်းခံရ

Posted: 25 Sep 2020 07:01 AM PDT

မန္တလေးမြို့ ဈေးချိုနာရီစင်အနီးမှာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေရပ်ဖို့ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် နှစ်ယောက်ကို ၂၀၂၀ စက်တင်ဘာ ၂၅ ရက်နေ့က ရဲကဖမ်းဆီးစဉ်။ Photo: Khaymani Win/RFAရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ မြန်နှုန်းမြင့်အင်တာနက်လိုင်းရဖို့ ဒီနေ့ မန္တလေးမြို့ ဈေးချိုနာရီစင်အနီး မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့က

ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားမဖြန့်အောင် Facebook က စိစစ်မယ်လို့ ကြေညာ

Posted: 25 Sep 2020 05:08 AM PDT

မြန်မာနိုင်ငံရဲ့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် ကူညီမယ်လို့ Facebook ကုမ္ပဏီက ပြောဆို လိုက်သလို၊ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲဟာ  နိုင်ငံတကာ စံချိန်မီ အဆင့်ကို ရောက်ရှိမှာ မဟုတ်ဘူးလို့  ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲ ချောချောမောမော ဆောင်ရွက်နိုင်အောင် လိုအပ်သလို ကူညီဆောင်ရွက်မယ်လို့ Facebook ကုမ္ပဏီက ‌

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၉-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ

Posted: 25 Sep 2020 05:06 AM PDT

၁။ (၂၄-၉-၂၀၂၀) ရက်နေ့တွင်ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၆၈၇) ဦးအား မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေများအား ဖော်ပြအပ်ပါသည်။Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmara

(၂၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇၁) ဦးတွေ့ရှိ

Posted: 25 Sep 2020 05:02 AM PDT

၁။     (၂၄-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၁,၂၀၀) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၄၅၇) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ  ဓာတ်ခွဲနမူနာ (၅၅၃) ခု၊- ပြည်သူ့

ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး တောင်ကိုရီးယားဝန်ထမ်းကို မြောက်ကိုရီးယား သတ်ဖြတ် မီးရှို့

Posted: 24 Sep 2020 09:55 AM PDT

မြောက်နဲ့တောင် နယ်စပ်နားက ယုံပြောင်ကျွန်းတောင်ကိုရီးယား အစိုးရ ဝန်ထမ်းတစ်ယောက်ကို မြောက်ကိုရီးယား တပ်ဖွဲ့တွေက သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပြီး လူမဆန်တဲ့ လုပ်ရပ်လို့ ရှုတ်ချလိုက်ပါတယ်။ငါးလုပ်ငန်းဌာနက ဝန်ထမ်း အမျိုးသားတစ်ဦး နယ်စပ်နားက ကင်းလှည့်ရေယာဥ်ကနေ ပျောက်သွားပြီးနောက် မြောက်ဘက်က ရေပြင်မှာ ပြန်တွေ့ရတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။မြောက်ကိုရီးယား စစ်သား

နိုင်ငံရေးပါတီကြီးတချို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ LGBT အရေးဖော်ပြ

Posted: 24 Sep 2020 09:52 AM PDT

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရင် LGBT လို့ခေါ်တဲ့ လိင်တူချစ်သူတွေအပေါ်  ခွဲခြားဆက်ဆံတာတွေ ကင်းအောင် အကာအကွယ်ပေးမယ်လို့ နိုင်ငံရေးပါတီကြီးတချို့က သူတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွေမှာ ထည့်သွင်းဖော်ပြလာကြပါတယ်။ မြန်မာ့ LGBT အသိုင်းအဝိုင်းကလည်း ခွဲခြားဆက်ဆံခံနေရမှုတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေ၊ လွှတ်တော်တွင်းမှာ ပြဌာန်းနိုင်ဖို့ မျှော်လင့်နေကြတာပါ။လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေ

ဖားကန့်၌ တစ်ရက်အတွင်း ကျောက်ခဲထိမှန်မှုနှင့် ကမ်းပါးပြိုကျမှု တို့ကြောင့် ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံး

Posted: 24 Sep 2020 09:48 AM PDT

ဖားကန့် စက်တင်ဘာ ၂၄ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ စက်တင်ဘာ ၂၃ ရက်က တစ်ရက် အတွင်း ကျောက်ခဲထိမှန်မှုဖြစ်စဉ်နှင့် ကမ်းပါးပြိုကျမှုတို့ကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံးခဲ့ရကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။စက်တင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီတွင် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်ရှိ တစ်သုံးလုံး ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ၌ မျောတိုက်ပြီး ရေမဆေးကျောက်ရှာဖွေနေသူ မောင်ဒါးပဲ(၂၃)နှစ်သည် အမြင့်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.