သစ္ထူးလြင္ |
- သံတောင်ကြီးမြို့မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ
- ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီးရဲအောင် ကို အငြိမ်းစားပေး
- ဟားခါးမြို့ CDM ကျောင်းဆရာမ ၂ဦးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံး ၀န်ထမ်းတစ်ဦး ဖမ်းဆီးခံရ
- ဆူဒန် ပြန်လည်သင့်မြတ်ရေး သဘောတူညီချက်ကို ပြည်သူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ
- ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မကျင့်ပြီး သတ်ဖြတ်ခံရ
- မြန်မာပလာဇာက ဆိုင်ခန်းအများအပြား ယာယီပိတ်သိမ်းကြောင်း ကြေညာ
- မင်းကင်း ပန်းဆက်ရွာသားတွေကို စစ်ကောင်စီ လက်နက်တပ်ဆင် ပေးထားတယ်လို့ပြော
- မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်၊ ၇ဦး သေဆုံးပြီး ၇ဦး ခန့်ဒဏ်ရာရနိုင်
- မတ္တရာတွင် စစ်ကောင်စီယာဉ်တန်းကို PDF က ဗုံးခွဲတိုက်ခိုက်၊ တစ်စီးပျက်စီး
သံတောင်ကြီးမြို့မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ Posted: 25 Nov 2021 07:16 PM PST မော်လမြိုင်၊ နိုဝင်ဘာ၂၅ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့ ၁၃ မိုင်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။သံတောင် ပျားစခန်းလမ်း ၁၁ မိုင်ကုန်အဆင်းနားမှာ စစ်ကောင်စီယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ |
ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီးရဲအောင် ကို အငြိမ်းစားပေး Posted: 25 Nov 2021 07:11 PM PST NLD အစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကို စစ်တပ်က အငြိမ်းစားပေးလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ အာဏာသိမ်းစစ်ကောင်စီမှာ မပါလာဘဲ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြောင်းရွှေ့ခံထားရတာ ဖြစ်ပါတယ်။အငြိမ်းစားယူပြီးတဲ့နောက် ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းဟာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရဲ့ ဥက္ကဋ္ဌ |
ဟားခါးမြို့ CDM ကျောင်းဆရာမ ၂ဦးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံး ၀န်ထမ်းတစ်ဦး ဖမ်းဆီးခံရ Posted: 25 Nov 2021 05:31 PM PST နို၀င်ဘာ ၂၅ ရက်နေ့ ညနေပိုင်း ၅နာရီခွဲခန့်က ဟားခါးမြို့တွင် နေထိုင်ကြသော CMD ကျောင်းဆရာမ ၂ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံး၀န်ထမ်းတစ်ဦးတို့အား စကစရဲသားများက ၎င်းတို့ရဲ့ နေအိမ်များတွင် လာရောက် ဖမ်းဆီးသွားကြကြောင်း သိရသည်။ ဖမ်းဆီးခံရသူများမှာ ဆရာမ ဒေါ်သင်ဖာမ်၊ ဆရာမ ရွန်အီယာန်နှင့် ရွေးကောက်ပွဲကော်မရှင်ရုံး၀န်ထမ်း ဦးထန်ဘွေတို့ ဖြစ်ပါတယ်။ CDM လှုပ်ရှားမှုတွင်ပါ၀င်မှုကြောင့် စကစရဲသားတွေက လာဖမ်းသွားကြတယ် |
ဆူဒန် ပြန်လည်သင့်မြတ်ရေး သဘောတူညီချက်ကို ပြည်သူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ Posted: 25 Nov 2021 05:14 PM PST ဆူဒန်မှာ စစ်တပ်က ပြီးခဲ့တဲ့လထဲ သူတို့ အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ အရပ်သားဝန်ကြီးချုပ် Abdalla Hamdok ကို ပြန်ခန့်အပ်ဖို့ သဘောတူညီခဲ့တဲ့နောက် စစ်ခေါင်းဆောင်တွေကို ဖိအားပေးတဲ့အနေနဲ့ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ မြို့တော် Khartoum နဲ့ တခြားမြို့ကြီးတွေမှာ ကြာသပတေးနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။စစ်တပ်နဲ့ သဘောတူညီချက် အတွက် ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် ထင်ရှားတဲ့ နိုင်ငံရေးပါတီ |
ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မကျင့်ပြီး သတ်ဖြတ်ခံရ Posted: 25 Nov 2021 05:08 PM PST ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မကျင့်ပြီး သတ်ဖြတ်ခံရ သေဆုံးသူ အသက် ၂၁ နှစ်အရွယ် မမြင့်မြင့်ခိုင်။ Photo: CJထိုင်းနိုင်ငံမှာ ငါးရက်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် အလောင်းကို ပြန်တွေ့ခဲ့တဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ပစ်လိုက်တယ်လို့ ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသားတစ်ဦးက ဝန်ခံခဲ့ပါတယ်။ပြစ်မှုကျူးလွန်ပြီး ပုန်းရှောင်နေချိန်မှာ သေဆုံးသူရဲ့ ဝိညာဉ်က ခြောက်လှန့်တာ |
မြန်မာပလာဇာက ဆိုင်ခန်းအများအပြား ယာယီပိတ်သိမ်းကြောင်း ကြေညာ Posted: 25 Nov 2021 05:04 PM PST ရန်ကုန်မြို့မှာရှိတဲ့ မြန်မာပလာဇာ ဈေးဝယ်စင်တာမှာ စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့ ပါရမီလိုင်းကားကိုမစီးဖို့ မနေ့ညနေက စာတန်းကိုင် ဆန္ဒပြခဲ့တဲ့ လူငယ်တွေကို အဲဒီစင်တာက လုံခြုံရေးဝန်ထမ်းတချို့က ရိုက်နှက်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။အဲဒီဖြစ်စဉ်အပြီးမှာပဲ မြန်မာပလာဇာထဲမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းအများအပြားက ဆိုင်တွေကို ယာယီပိတ်သိမ်းကြောင်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ ကြေညာ |
မင်းကင်း ပန်းဆက်ရွာသားတွေကို စစ်ကောင်စီ လက်နက်တပ်ဆင် ပေးထားတယ်လို့ပြော Posted: 25 Nov 2021 04:53 PM PST စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားပြီး စစ်တပ်အရံအင်အားဟုဆိုကာ တရားဝင် လက်နက်ကိုင်ဆောင်ထားခိုင်းတယ်လို့ မင်းကင်း PDF က ဘီဘီစီကိုပြောပါတယ်။မင်းကင်းမြို့နယ်ထဲက ပန်းဆက်ကျေးရွာမှာ အဲ့ဒီလက်နက်ကိုင် ထားတဲ့ ဒေသခံတွေဟာ စာသင်ကျောင်းတွေရှေ့မှာ လုံခြုံရေးစောင့်ပေးနေတာတွေ့ရတယ်လို့ သူတို့ကပြောပါတယ်။စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသလက်နက်ကိုင်အဖွဲ့ |
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်၊ ၇ဦး သေဆုံးပြီး ၇ဦး ခန့်ဒဏ်ရာရနိုင် Posted: 25 Nov 2021 04:43 PM PST နိုဝင်ဘာ ၂၆၊ SGGစစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။နိဝင်ဘာလ ၂၅ ရက်၊ ညနေ ၂နာရီ ၅၀မိနစ် ဝန်ကျင်ခန့် နဘတ်ကျေးရွာနှင့် ဆွဲလဲအိုကျေးရွာကြား ခြေလျင်ဖြန့်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ဦးသေဆုံးခဲ့ပြီး ၃ဦး အပြင်းအထန် ဒဏ်ရာရရှိနိုင်တယ်လို့သိရပါတယ်။ညနေ ၅ နာရီ |
မတ္တရာတွင် စစ်ကောင်စီယာဉ်တန်းကို PDF က ဗုံးခွဲတိုက်ခိုက်၊ တစ်စီးပျက်စီး Posted: 25 Nov 2021 02:39 PM PST MFP ၊ နိုဝင်ဘာ - ၂၅ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကျွန်းပင်ရွာ နှင့် သဖန်းကိုင်းရွာကြားတွင် စစ်ကောင်စီအဖွဲ့ဝင်များ တင်ဆောင်လာသည့် နှစ်စီးပါ ယာဉ်တန်းကို ယနေ့ နိုဝင်ဘာလ (၂၅)ရက် နံနက် (၁၀)နာရီကျော်အချိန်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီအဖွဲ့ဝင်များသည် မတ္တရာမြို့နယ် အုန်းလွတ်ရွာရှိ ဒေသခံတစ်ဦးကို ရိုက်နှက်စစ်ဆေးပြီးအပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းပြီး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.