Friday, November 26, 2021

သစ်ထူးလွင်

သစ်ထူးလွင်


Myanmar Plaza ရှိ ဆိုင်ခွဲအချို့ ယာယီပိတ်သိမ်းသွားမည်ဟု ကြေညာချက်များထွက်ပေါ်

Posted: 25 Nov 2021 08:42 AM PST

(နိုဝင်ဘာလ ၂၅ ရက်)ဒီနေ့ဖြစ်ပွားခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြလူငယ်များကို ကိုယ်ထိလက်ရောက် ကျူးလွန်၍ ဝိုင်းဝန်ရိုက်နှက်ဖမ်းဆီးပေးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ကိုအပ်ခဲ့သော မြန်မာပလာဇာအား Social Punishment ပြုလုပ်ပေးကြဖို့ တောင်ဆိုချက်များထွက်ပေါ်လာခဲ့ပြီးနောက် မြန်မာပလာအတွင်းရှိ ဆိုင်အချို့ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင့် ၎င်းတို့၏ ကိုယ်ပိုင် Facebook စာမျက်နှာများမှတစ်ဆင့် ကြေညာချက်များ

မိုးညှင်းအနီး KIA တပ်ရင်း စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲ

Posted: 25 Nov 2021 08:39 AM PST

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအနောက်ပိုင်းက ကချင်လက်နက်ကိုင် KIA တပ်ရင်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အင်းတော်ကြီးဒေသမှာ အခုရက်ပိုင်းအတွင်း နှစ်ဘက်ကြား တိုက်ပွဲဖြစ် တာမရှိဘဲ အခုလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာပါ။ KIA တပ်စခန်းမှာ PDFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တာကြောင့်လို့ယူဆပြီး တိုက်ခိုက်တာလို့ သုံးသပ်တာ

လက်နက် တပ်ဆင်မှုမပေးနိုင်သည့်အတွက် ကရင်နီတပ်များ ယနေ့တိုက်ပွဲတွင် အထိနာ

Posted: 25 Nov 2021 06:31 AM PST

Photo - KNDFအကြမ်းဖက် စ.က.စကို ခုခံတော်လှန်တိုက်ခိုက်ရန် ကရင်နီပြည် တော်လှန်ရေးအင်အားစုအတွင်း တစ်နေ့ထက်တစ်နေ့ လူငယ်လူရွယ်အင်အားစုအများအပြား ဝင်ရောက်လာသော်လည်း လက်နက်တပ်ဆင်ပေးမှုအားနည်းနေသည့်အတွက် ယနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ ဒီးမော့ဆိုမြို့မှာ ဖြစ်ပွားခဲ့သည့် အာရုံဦးတိုက်ပွဲ၌ အထိနာခဲ့ကြရသည်ဟု မြေပြင်တွင်တိုက်ပွဲဆင်နွဲနေသည့် ကရင်နီတပ်မတော် သတင်းအရင်းအမြစ်ကဆိုသည်။ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် စံပြ

CDF-Matupi က ခမရ ၃၀၄ တပ်ရှေ့ ကင်းစခန်းကို သွားရောက်ပစ်ခတ်ရာ စကစဘက်က ၂ ယောက်သေဆုံး

Posted: 25 Nov 2021 06:29 AM PST

ချင်းပြည်နယ်၊ မတူပီမြို့မှာအခြေစိုက်တဲ့ ခမရ ၃၀၄ တပ်ရှေ့ကင်းချထားတဲ့စခန်းကို ဒီကနေ နေ့လည်ပိုင်းတွင် CDF-Matupi က သွားရောက်ပစ်ခတ်ရာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက်ဒဏ်ရာရရှိထားတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။ CDF-Matupi တပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။Zalen 

ဒီးမော့ဆိုတိုက်ပွဲအပြီး ဟိုဖိတ်ရွာသား ၇ ဦးကို စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွှတ်ပေးခဲ့

Posted: 25 Nov 2021 06:27 AM PST

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ကျေးရွာအတွင်းမှာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ ကရင်နီတပ်မတော် KA ၊  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့  စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအပြီးမှာ ဟိုဖိတ်ရွာသား ၇ ဦးကို စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ " ဒီမနက်တိုက်ပွဲက ဟိုဖိတ်

လွိုင်ကော်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်ကြီး နှစ်ခု ဖျက်ဆီးခံရ

Posted: 25 Nov 2021 06:26 AM PST

ဖျက်ဆီးခံရသော လျှပ်စစ်ဓတ်အားပေး တာဝါတိုင်ကြီး နှစ်ခုအားမြင်ရစဉ် (ဓာတ်ပုံ-CJ)ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ဆော်ခီးဒေါနဲ့ ဒေါလိုရှေးကျေးရွာအကြားက လျှပ်စစ်ဓတ်အားပေး တာဝါတိုင်ကြီး နှစ်ခု ဖျက်ဆီးခံရမှုကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ " ဓတ်တိုင်လဲသွားတာတော့ သိရတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စက ဘာမှ သေချာတော့ မသိရဘူး။ ဖျက်ဆီးခံရလို့ လဲသွားတာတော့ သေချာတယ်။"

စစ်အာဏာရှင်လက်အောက်မှာ လုံခြုံမှုကင်းမဲ့နေတဲ့ အမျိုးသမီးများ

Posted: 25 Nov 2021 06:19 AM PST

November 25, 2021"စိုးရိမ်တာပေါ့။ ကျမတို့ ဒေသမှာ အသက် (၆၂)နှစ်အရွယ် အမျိုးသမီး အဓ္မပြုကျင့်ခံရတာ တစ်ခါမှ မကြားဖူးဘူး" လို့ ဒေါ်လွမ်းရယ်က စိတ်မကောင်းစွာနဲ့ ပြန်ပြောပြနေပါတယ်။နိုဝင်ဘာ ၇ ရက် နေ့က သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာ အုပ်စု၊ ဖားခတ်ကျေးရွာမှာ အသက် ၆၂ နှစ်အရွယ် အဘွားအိုတစ်‌ယောက်ကို စစ်ကောင်စီ တပ်သားတစ်ယောက်က မုဒိမ်းပြုကျင့်ခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်လွမ်းရယ်က ပြောတာပါ

မိုးညှင်းမြို့နယ် KIA တပ်ရင်း ၂၆ နယ်မြေကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

Posted: 25 Nov 2021 06:14 AM PST

November 25, 2021မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ သုန်ပြင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်ရင်း (၂၆) နယ်မြေတွင် နိုဝင်ဘာလ ၂၅ရက် ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီမှ ဂျက်လေယာဉ် ၂စီးဖြင့် ၅ကြိမ် ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယနေ့ နံနက်ပိုင်း မိုးမလင်းမှီ ၁ နာရီ နှင့် ၂ နာရီကြားတွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA တပ်ရင်း (၂၆) ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်

Posted: 25 Nov 2021 06:13 AM PST

Nov 25,2021ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းကာ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ယနေ့ နေ့လည် ၁၂နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။စစ်ကောင်စီတပ်ဖွဲ့က ရွှေကူမြို့အထက်ဘက် ၁၀ မိုင်ကျော်ခန့်ရှိသော ကချင်သေကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကချင်ခန့်က တက်လာခဲ့ရာ KIA နှင့် ရွှေကူ

မြန်မာပလာဇာကို သပိတ်မှောက်ဖို့ လူငယ်တွေတောင်းဆို

Posted: 25 Nov 2021 06:06 AM PST

နိုဝင်ဘာ ၂၅၊ ရန်ကုန်ဒီနေ့ မြန်မာပလာဇာအတွင်းဝင်ရောက်ဆန္ဒပြနေတဲ့ လူငယ်တွေကို မြန်မာပလာဇာဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အတွက် မြန်မာပလာဇာကို သပိတ်မှောက်ဖို့ လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။YRF အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက " တကယ်ဆိုရင် စစ်ကောင်စီက ဖမ်းရမှာလေ၊ ပလာဇာဝန်ထမ်း တွေက ဘာကြောင့်မှ ဖမ်းပြီး စစ်တာမေးတာ လုပ်ဖို့မလိုဘူး။ အခုတော့ သူတို့က စစ်ကောင်စီထက်ပို တက်ကြွနေတယ်၊ ပလာဇာရဲ့ လုပ်ရပ်ကို လုံးဝရှုံချ

ပုလဲမြို့နယ် တွင်ဗိုလ်နဂါးဦးဆောင်တဲ့ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က က်စစ်ကောင်စီတပ်များကိုတိုက်ခိုက် စကစတပ်သား ၂ ဦးသေ

Posted: 25 Nov 2021 05:52 AM PST

နိုဝင်ဘာ ၂၅နိုဝင်ဘာလ ‌၂၅ရက်နေ့ ယနေ့ နေ့လည်၁နာရီခန့်အချိန်တွင်ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များသည် ကန့်ဒေါင့်ကျေးရွာမြောက်ဘက် ကြောင်ဝင်ဒူးကျေးရွာသို့ သွားရောက်ခြိမ်းခြောက်မှုများပြုလုပ်ခဲ့တယ်လို့သိရသည်။ထိုသိုပြုလုပ်ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များကိုဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)ဆရာဇော်ဂျီ၏

မိုးကုတ် စူပါကော်ဖီမစ်ရုံးကို သေနတ်သမားများ စီးနင်း၊ မန်နေဂျာကို သတ်ပြီး ငွေများ လုယက်သွားဟုဆို

Posted: 25 Nov 2021 05:48 AM PST

နိုဝင်ဘာ - ၂၅ မန္တလေးတိုင်း မိုးကုတ်မြို့ရှိ စူပါကော်ဖီမစ်ရုံးကို ယနေ့ နိုဝင်ဘာ(၂၅)ရက် နံနက်ပိုင်းတွင် လက်နက်ကိုင် သေနတ်သမားများ ဝင်ရောက်စီးနင်းခဲ့ပြီး မန်နေဂျာကို ပစ်သတ်ကာ ငွေများ လုယက်သွားကြောင်း ဒေသခံများက MFP သို့ ပြောသည်။ မိုးကုတ်မြို့ မင်းတံတားရပ်ကွက် ခါတော်မှီကျောင်းအနီးရှိ စူပါကော်ဖီမစ်ရုံးသို့ သေနတ်သမားများက စီးနင်းပစ်ခတ်ခဲ့သဖြင့် မန်နေဂျာ သေဆုံးကာ ရုံးရှိ ငွေများကိုလည်း ယူဆောင်သွားသည်ဟု

ရန်ကုန်တောင်မြောက်လမ်းဆုံအနီးရှိ ရဲစခန်းကို အမည်မသိ အဖွဲ့တစ်ခုက လက်နက်ဖြင့် ပစ်ခတ်မှု ရဲတစ်ဦး သေဆုံး၊ ဗုံးပေါက်ကွဲသံများလည်း ထွက်ပေါ်

Posted: 25 Nov 2021 05:45 AM PST

ဓာတ်ပုံ- တောင်ဒဂုံရဲစခန်း (ပုံအဟောင်းဖြစ်ပါသည်)  Photo - CJရန်ကုန်၊နိုဝင်ဘာ ၂၅ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တောင်မြောက်လမ်းဆုံးအနီးရှိ ရဲစခန်းကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် အမည်မသိ အဖွဲ့တစ်ခုက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားပြီး ရဲတစ်ဦး သေဆုံးသွားကြောင်း  ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများ၏ ပြောဆိုချက် အရသိရှိရသည်။ "ရဲစခန်းကို လမ်းပေါ်ကနေ ပစ်သွားတာ။

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ တင်ဒါလျှောက်ထားသူ ၅၀ ရာခိုင်နှုန်းရှိဟုဆို

Posted: 25 Nov 2021 05:38 AM PST

နိုဝင်ဘာ ၂၅၊အာဏာသိမ်းစစ်ကောင်စီတက်လာပြီး ပထမဆုံးအကြိမ်ခေါ်ယူတဲ့ ၂၀၂၁-၂၀၂၂ ကြားကာလ ဘဏ္ဍာရေးမှာ ချင်းပြည်နယ်တွင် တင်ဒါလျှောက်သူ ၅၀ ရာခိုင်နှုန်းလောက်ရရှိပြီး တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဒေသတွေက လုပ်ငန်းအားလုံးနီးပါးလျှောက်ထားကြတယ်လို့ ချင်းပြည်နယ် ဝန်ထမ်းတစ်ဦးထံကနေ သတင်းရရှိထားပါတယ်။ကြားကာလ ဘဏ္ဍာရေးနှစ်ဆိုတာ ၂၀၂၁ အောက်တိုဘာလ ကနေ ၂၀၂၂ ခုနှစ် မတ်လကုန်အထိဖြစ်ပါမယ်။ NLD အစိုးရလက်ထက်က ပြင်ဆင်ထားတဲ့ ဘာဏ္

ကန့်ဘလူ၌ CDM ကျောင်းဆရာနှင့် NLD ပါတီဝင်တို့ကို လာရှာစဉ်မတွေ့သဖြင့် ကားတစ်စီး ယူဆောင်သွား

Posted: 25 Nov 2021 05:36 AM PST

နိုဝင်ဘာ - ၂၅ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာသို့ စစ်ကောင်စီအဖွဲ့ဝင်များက CDM ကျောင်းဆရာတစ်ဦးနှင့် NLD ပါတီဝင်တစ်ဦးတို့ကို နိုဝင်ဘာလ (၂၃)ရက်နေ့က လာရောက်ရှာဖွေရာ မတွေ့သဖြင့် ကားတစ်စီး ယူဆောင်သွားကြာင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းအကျဉ်းချုပ်၌ ဖော်ပြထားသည်။ CDM ကျောင်းဆရာ ဦးရာဇာထွန်းနှင့် NLD ပါတီဝင် ဦးမြင့်စိုးတို့ကို စစ်ကောင်စီအင်အား (၂၅)ဦးဖြင့် လာရောက်ရှာဖွေခဲ့ခြင်းဖြစ်

အရာတော်၌ ရဲကင်း သန့်ရှင်းရေးလုပ်ရန် ဖမ်းဆီးခေါ်ဆောင်ခံရသူကို ထွက်ပြေးသည်ဟုဆိုပြီး ပစ်သတ်

Posted: 25 Nov 2021 05:34 AM PST

နိုဝင်ဘာ - ၂၅ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာကျေးရွာ၌ ရဲကင်းသန့်ရှင်းရေးလုပ်ရန် ဖမ်းဆီးခေါ်ဆောင်ခံရသူကို ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။ ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ ကိုမင်းနိုင်နှင့် အခြားရွာသားတစ်ဦးကို NLD ပါတီ မဲဆွယ်စည်းရုံးစဉ်က ထောက်ခံပါဝင်သည်ဟုဆိုကာ စကစနှင့် ပျူစောထီးတို့က နိုဝင်ဘာလ (၂၃)ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အရာတော် သတင်းမှန်

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို MNDAA က ကြားဖြတ်တိုက်ခိုက်ရာ ၃ ဦး သေဆုံး

Posted: 25 Nov 2021 05:31 AM PST

နိုဝင်ဘာ ၂၅ ရက်၊ မုံးကိုးရှမ်းမြောက် မူဆယ်ခရိုင် မုံးကိုးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၂၃ ရက် မနက် ၁၁ နာရီခွဲကျော်မှာ MNDAA ရဲ့ နမ်လောဒေသအနောက်ဘက် တောင်ကုန်းကို ထိုးစစ်ဆင် ချဉ်းကပ်လာတဲ့ စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁၁ နာရီခွဲကျော်မှာလည်း ချင်ချိုင့်ထန်တောင်ကုန်းမှာ တိုက်ပွဲ

ကျောက်ထုဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေဆုံး

Posted: 25 Nov 2021 05:29 AM PST

ရွှေဖီမြေ၊ နိုဝင်ဘာ ၂၅ ရက်၊ ဆောမကွေးတိုင်း ကျောက်ထုဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြားက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၉ ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး နိုဝင်ဘာ ၁၇ ရက် တိုက်ပွဲမှာလည်း ၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်ထု PDF က ဒီနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။ရွာနှစ်ရွာမှ ပြည်သူတွေကို စစ်ကောင်စီက စုဝေးစေပြီး PDF

မော်လမြိုင်သို့ ပိုက်ဆံထုပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီရဲကားနှစ်စီး တိုက်ခိုက်ခံရ

Posted: 25 Nov 2021 05:26 AM PST

photo- ဝင်းရေးမြို့နယ်တွင် သွားလာလှုပ်ရှားနေသော အာဏာသိမ်းစစ်ကောင်စီတပ်၂၅ ၊နိုဝင်ဘာလ၊၂၀၂၁ ခုနှစ်။  ။ဒူးပလာယာခရိုင်ယမန်နေ့ နိုဝင်ဘာလ  (၂၄) ရက်နေ့ ညနေ (၄) နာရီဝန်းကျင် အချိန်တွင် အာဏာသိမ်းစစ်ကောင်စီ ရဲကား(၂)စီးအား ဝင်းရေးမြို့နယ် တောင်နောက်ခြမ်းရှိ အောင်သာယာကျေးရွာနှင့် ကနင်ကမော့ကျေးရွာကြားတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်တာ ခံရကြောင်း သိရသည်။" မော်လမြိုင်သို့ ပိုက်ဆံထုပ်ပြီး ပြန်လာတဲ့

မြန်မာပလာဇာတွင်ဆန္ဒပြ​သောလူငယ်များကိုလုံခြုံရေးဝန်ထမ်းများကထိုးကြိတ်ဖမ်းဆီး ၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကိုအကြမ်းဖက်ဖမ်းဆီးခြင်းအ​ပေါ် YRFပြင်းထန်စွာရှုတ်ချ

Posted: 25 Nov 2021 05:20 AM PST

ရန်ကုန်မြို့ မြန်မာပလာဇာတွင် ယနေ့ (နိုဝင်ဘာ ၂၉ ရက်) ညနေပိုင်း၌ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်နေစဥ် ဆန္ဒပြလူငယ်များကို ပလာဇာလုံခြုံရေးဝန်ထမ်းများက ထိုးကြိတ်ဖမ်းဆီးခဲ့သည်။ Myanmar Plaza ၏ Promotion Area ၌ အကြမ်းမဖက် တပါးသူကိုလည်း မထိခိုက်စေဘဲ Soft Strike Campaign တစ်ခုကို  LGBT ကွန်ယက်ဝင်များမှ လုပ်ဆောင်နေချိန် Plaza ၏လုံခြုံရေးဝန်ထမ်းအချို့က ထိုးကြိတ်ဖမ်းဆီးသည့်ဖြစ်စဉ် ဖြစ်ပွား

ဒေသခံများကို ခြိမ်း​ခြောက်ပြန်လာ​သည့် အကြမ်းဖက်စစ်​ကောင်စီအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ ရဲနှစ်​ဦး​သေ

Posted: 25 Nov 2021 05:16 AM PST

ဒေသခံများကို ခြိမ်းခြောက်ပြီးပြန်လာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်ဝင်တိုက်ရာ ရဲနှစ်ဦးသေဆုံးကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ထုတ်ပြန်သည်။နိုဝင်ဘာ ၂၅ ရက် နေ့လည် ၁နာရီခန့်က စစ်ကိုင်းတိုင်းပုလဲမြို့နယ် ကန်ဒေါ့ကျေးရွာ၏ မြောက်ဘက် ကြောင်ဝင်ဒူးကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က သွား ရောက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်ဟု ပုလဲ PDF ကဆိုသည်။ထို့ကြောင့် အကြမ်းဖက်

ခြေဆေး‌ရွာမှ ဒလန် ၂ ဦးအား မြင်းခြံ PDF ၃ ဖွဲ့ က သေနတ်နဲ့ပစ်သတ်ရှင်းလင်း

Posted: 25 Nov 2021 04:49 AM PST

မြင်းခြံ၊ နိုဝင်ဘာ ၂၅၊  ၂၀၂၁။မြင်းခြံမြို့နယ် ခြေဆေးရွာ စစ်ကောင်စီကျေးကျွန် ဒလန် ဝင်းမြင့် နှင့် တင်အောင်တို့အား မြင်းခြံ PDF ၃ ဖွဲ့မှသေနတ်ဖြင့်ပစ်သတ်ရှင်းလင်းခဲ့ကြောင်း 27 Revolution Forces (မြင်းခြံ) မှ တာဝန်ရှိသူက မြေလတ်အသံသို့ပြောပါတယ်။"ကျနော်တို့ နှစ်ဆယ့်ခုနှစ် အဖွဲ့ကဦးဆောင်ပြီးတော့ မြင်းခြံမြို့နယ် ခြေဆေးရွာက ဒလန်နှစ်ကောင်ကိုသေနတ်နဲ့ပစ်သတ်ပြီးသုတ်သင်ရှင်းလင်းခဲ့တာပါ၊ ဒီနေ့မနက်ပိုင်းကသုတ်သင်

ခင်ဦးနယ် ရွာသစ်ကုန်းရွာရှိ ပျူများကို PDF က ဝင်တိုက်

Posted: 25 Nov 2021 04:29 AM PST

MFP ၊ နိုဝင်ဘာ - ၂၅ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ ပျူများကို PDF တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ရွာသစ်ကုန်းကျေးရွာတွင် စစ်ကောင်စီလက်နက်ကိုင်များက အောက်တိုဘာလနှောင်းပိုင်းကတည်းက စတင်ကာ တစ်လကျော်ကြာ တပ်စွဲခဲ့ပြီး ယမန်နေ့ နိုဝင်ဘာ (၂၄) ရက်က ပြန်လည်ထွက်ခွာသွားရာ ကျန်ရှိခဲ့သော ပျူများကို ယနေ့ နိုဝင်ဘာ (၂၅၀

မုံးကိုးမှာ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ကိုးကန့် MNDAA တို့ နေရာအနှံ့ နာရီနဲ့ချီတိုက်ပွဲဖြစ်

Posted: 25 Nov 2021 04:25 AM PST

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကတပ်ဖွဲ့တွေနဲ့ ကိုးကန့်တပ် MNDAA တို့ကြား မနေ့ နိုဝင်ဘာလ ၂၄ ရက်မှာ ၆ နာရီနီးပါးကြာတဲ့အထိ နေရာအနှံ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီရဲ့ ၄၁ တပ်ရင်းက MNDAA ရဲ့တပ်စခန်းအနီးကို ချဉ်းကပ်လာလို့ သာရှောက်ဒေသမှာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကိုးကန့်ဒေသတွင်း သတင်းမှာဖော်ပြပါတယ်။ဒါ့အပြင် န

မန္တလေး လမ်း၃၀ စုပေါင်းရုံးအတွင်း ပေါက်ကွဲမှု စကစခန့် ခရိုင်ကောင်စီဝင်နှင့် ရှေ့နေတစ်ဦး ဒဏ်ရာရ၊ ခရိုင်ထွေအုပ်ရုံး အဆောက်အဦနှင့် ကားတစ်စီးလည်း ထိခိုက်ပျက်စီးမှုရှိ

Posted: 25 Nov 2021 04:22 AM PST

MFP ၊ နိုဝင်ဘာ - ၂၅မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ပေါ်ရှိ ရုံးပေါင်းစုံဝင်းအတွင်း ယနေ့ နေ့လည်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီခန့် ခရိုင်ကောင်စီဝင် တစ်ဦးနှင့် ရှေ့နေ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ခရိုင် ထွေအုပ်ရုံး အဆောက်အဦးနှင့် တိုင်းစစ်ရင်းစစ်ချုပ်ရုံး ဝန်ထမ်းတစ်ဦး၏ကား ပျက်စီးမှု ရှိခဲ့ကြောင်း MFP ၏ သတင်းရင်းမြစ်များက ပြောသည်။ယနေ့ နိုဝင်ဘာ(၂၅)ရက် နေ့လည်(၁)နာရီ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.