Wednesday, August 26, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကိုဗစ်ကာလ စစ်တွေမြို့မှ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုသုံးသောင်းကို တစ်စုလျှင် ငွေကျပ်နှစ်သောင်းစီ ပြည်နယ်အစိုးရထောက်ပံ့

Posted: 26 Aug 2020 06:07 AM PDT

နိရဥ္စရာ၊ သြဂုတ် ၂၆ /၂ဝ၂ဝCovid 19 ရောဂါ ဖြစ်ပွားမှုကြောင့် စစ်တွေမြို့နယ်အား Stay at Home သတ်မှတ်ထားသဖြင့် ပုံမှန်ဝင်ငွေ မရှိဘဲ နေထိုင်နေကြသော အခြေခံ ပြည်သူ အိမ်ထောင်စု ၂၉၉ဝ၇ စု အတွက် တစ်အိမ်ထောင်လျှင် ကျပ် ၂ဝဝဝဝ နူန်းဖြင့် ရခိုင်ပြည်နယ် အစိုးရမှ ထောက်ပံ့သွားမည်ဟု သတင်းရရှိသည်။စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက " ကိုဗစ်ကာလ stay at home ကာလ မှာ စစ်တွေမြို့နယ် မှာရှိတဲ့ အခြေခံလူတန်းစားတွေ

ကိုဗစ်ဒုတိယလှိုင်းအစ မြန်မာလူထု အထူးသတိထားကြဖို့ နှိုးဆော်

Posted: 26 Aug 2020 06:05 AM PDT

ရန်ကုန်မြို့ရှိ စျေးတခုမှာ တွေ့ရတဲ့ မြင်ကွင်း။ (မေ ၂၉၊ ၂၀၂၀)ရခိုင်ပြည်နယ်မှာ အများစုအပါအဝင် မြန်မာနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၀ အထိ အတည်ပြုခဲ့တာကြောင့် အများပြည်သူကြား သတိထားဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ညနဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်အရ လူပေါင်း ၁၀၀ အထိ စံချိန်တင်

ကိုဗစ်တကျော့ပြန် ဖြစ်ပွားနိုင်ခြေနည်းကြောင်း WHO ပြော

Posted: 26 Aug 2020 06:03 AM PDT

ဟောင်ကောင်မှာ ကိုဗစ် ၁၉ ရောဂါ နောက်တချီ ပြန်ဖြစ်ပွွါးသူ အတည်ပြုလူနာ တဦးကို တွေ့ရှိခဲ့တာဟာ လူပေါင်း ၂၃ သန်း ကျော် ထဲက တဦးဖြစ်နေတာ ကြောင့် အခုလို တကျော့ပြန်ဖြစ်ပွားနိုင်ခြေဟာ သိပ်ကို နည်းပါးတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။ဒီရောဂါအကူးစက်ခံခဲ့ရသူ တဦးဟာ နောက် ၄ လ ကျော် ကြာသွားချိန်မှာ ထပ်မံ ဖြစ်ပွါးခဲ့ပြီး အခု တွေ့ရတဲ့ ဗိုင်းရပ်စ်ဟာ ပထမအကူးစက်ခံရချိန်က ဗိုင်းရပ်စ် နဲ့ မတူကြောင်း

ရခိုင်မှာ ဆယ်ရက်အတွင်း အတည်ပြုလူနာ ၁၇၄ ဦး ရှိလာ

Posted: 26 Aug 2020 06:00 AM PDT

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၁၆) ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ရာကနေ အခုဆိုရင် ရခိုင်ပြည်နယ်က မြို့နယ် (၁၀) မြို့နယ်အထိ ပျံ့နှံ့သွားပြီး ဆယ်ရက်အတွင်း ကူးစက်ခံရသူ (၁၇၄) ဦးအထိ ရှိလာနေပါတယ်။သြဂုတ် ၂၆ ရက် ဒီနေ့ မနက်ပိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာစာရင်းအရ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရသူ (၆၉) ဦး

တစ်ပြည်လုံးမှာ ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေ ယာယီပိတ်

Posted: 26 Aug 2020 05:54 AM PDT

ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ပြင်ဆင်ထားတဲ့ ရန်ကုန်မြို့၊ အလုံမြို့နယ် အ.ထ.က (၄) ကျောင်းကို ၂ဝ၂ဝ ဇူလိုင် ၂၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့စဉ် / ဓာတ်ပုံ - သန့်ဇင်ဦး/ RFAတစ်နိုင်ငံလုံးမှာ လက်ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်ကျောင်းတွေအားလုံးကို မနက်ဖြန် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ပိုး ပြည်တွင်းကူးစက်မှုတွေ တိုးလာနေတဲ့

မြန်မာ ကိုဗစ်ကူးစက်သူ ၇၀ တိုး၊ တရက်အတွင်း အများဆုံးဖြစ်

Posted: 25 Aug 2020 07:59 PM PDT

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် အယောက် ၇၀ ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒါဟာ အင်္ဂါနေ့ အတွက် ဒုတိယအသုတ် ဓါတ်ခွဲနမူနာ စုစုပေါင်း ၈၂၅ ကို စစ်ဆေးရာကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။၂၅ ရက် အင်္ဂါနေ့အတွက် ပထမ ဓါတ်ခွဲနမူနာစမ်းသပ်မှု ၁၄၇၅ ခု မှာလည်း အတည်ပြု လူနာ ၃၀ ရှိနေတာကြောင့် အင်္ဂါနေ့ တရက်ထည်းမှာ အကူးစက်

ထန်းတပင်မှာ လယ်မြေတရားမဝင်ရောင်းဝယ်မှုကို အရေးယူဖို့ ပြင်ဆင်နေ

Posted: 25 Aug 2020 07:54 PM PDT

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ လူနေထိုင်ခွင့်မရှိတဲ့ စိုက်ပျိုးမြေကို အကွက်ရိုက်ရောင်းချနေတဲ့ စျေးကွက်ရှိနေပါတယ်။ လယ်ယာမြေတွေကို တရားမဝင်နည်းနဲ့ ရောင်းသူ၊ ဝယ်သူ အားလုံးကို ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။ထန်းတပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ် အနားရန်ကုန် - ပုသိမ် ကားလမ်းမနဲ့ နီး တဲ့ လယ်ကွက်တွေကို ၊ လူနေအိမ်ကွက်တွေအဖြစ် ရောင်း ထားတာတွေ တော်တော်များများ ရှိနေ

COVID-19 ရောဂါ ကိုင်တွယ်ဖြေရှင်းမှု သမ္မတထရမ့်ပ် ကာကွယ်ပြောဆို

Posted: 25 Aug 2020 08:12 AM PDT

တနင်္လာနေ့ညက စတင်လိုက်တဲ့ ရီပတ်ဘလီကန်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံမှာ သမ္မတ Donald Trump က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ စီးပွားရေးအကျပ်အတည်းဆိုင်ရာ သူ့ရဲ့ကိုင်တွယ်ဆောင်ရွက်ပုံ တွေကို ကာကွယ်ပြောဆိုတာဟာ ဒုတိယသက်တမ်းအနိုင်ရေး အဓိကကိစ္စတွေဖြစ်နေတဲ့သဘောမျိုး ပြောဆိုသွွားပါတယ်။"Biden ကတော့ စီးပါွးရေးလုပ်ငန်းတွေ ရပ်မယ်လို့ ပြောနေပါတယ်။ ကျနော့်လက်ထက်မှာတော့ အလုပ်အကိုင်သစ်တွေ စံချိန်တင်တိုးလာပါ

Oxford နဲ့ AstraZeneca ပူးပေါင်းစမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး အလားအလာကောင်းနေ

Posted: 25 Aug 2020 07:57 AM PDT

"ကိုဗစ်ကာကွယ်ဆေး" လို့ တံဆိပ်ကပ်ထားတဲ့ ဆေးပုလင်းတခု။ (ဧပြီ ၁၀၊ ၂၀၂၀)ဗြိတိန် Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးပေါင်းစမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အချက်အလက်တွေ အလုံအလောက်ရမယ်ဆိုရင် ကာကွယ်ဆေးထုတ်လုပ်ခွင့်ရဖို့ ခွင့်ပြုချက်ကို ဒီနှစ်ထဲလျှောက်ထားနိုင်လိမ့်မယ်လို့ Oxford တက္ကသိုလ် COVID-19 ကာကွယ်ဆေး စမ်းသပ်ရေးအဖွဲ့ ဒါရိုက်တာ Andrew Pollard က ဒီကနေ့ BBC သတင်း

ကမ္ဘာ့လူဦးရေ သန်း ၇၀ဝ၀ အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဘယ်လိုပေးကြမလဲ

Posted: 25 Aug 2020 07:53 AM PDT

ကာကွယ်ဆေးရှာရာမှာ အဆင့်မြင့် နည်းပညာသုံးတဲ့ သိပ္ပံပညာသာမက ဒါကို ကမ္ဘာ့ လူဦးရေ သန်း ၇၀ဝ၀ ကျော်ဆီ အရောက်ဖြန့်နိုင်ဖို့ကလည်း အရေးကြီးကိုဗစ်-၁၉ ရောဂါပိုးကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးထုတ်ဖို့အတွက် ကမ္ဘာတဝန်းမှာ သိပ္ပံပညာရှင် အစုအဖွဲ့အသီးသီးက ဆက်လက် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေး ရှာဖွေတွေ့ရှိရေးဟာ လက်ရှိ သက်တမ်းမှာ လူသားအားလုံးအတွက် အရေးတကြီး အဖြစ်ဆုံး တောင့်တနေကြတဲ့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.