သစ္ထူးလြင္ |
- (၂၈-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦး တွေ့ရှိ
- "ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး" - ဒေါ်အောင်ဆန်းစုကြည်
- ကိုဗစ်ရှိသူနဲ့ ထိတွေ့သူတွေ ရောဂါလက္ခဏာမပြပေမဲ့ စမ်းသပ် စစ်ဆေးဖို့လို (WHO)
- ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရာထူးကနားတော့မယ်
- ဒုက္ခသည်စခန်းတွေ ကပ်ဆိုက်မှာ စိုးရိမ်ကြောင်း ရခိုင်ဝန်ကြီးချုပ် ပြော
- အတည်ပြုလူနာ ရဲအုပ်နဲ့အတူ သင်တန်းတက်နေသူ ၁၀၀ ကျော်ကို ပိုးရှိ မရှိ စစ်ဆေးမည်
- ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စက်ချွတ်ယွင်း၍ ရပ်တန့်ထားသော ရွှေမန်းသူခရီးသည်တင် ယာဉ်အား ခြောက်ဘီးယာဉ်မှ အရှိန်လွန်ဝင်တိုက်မိ နှစ်ဦးသေဆုံး
- (၂၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိ
- ကျယ်ဂေါင်က မြန်မာပိုင် ကုန်စည်ပို့ဆောင်ရေးဂိတ်တွေ တရုတ်ပိတ်မည်
- Microsoft နဲ့ Walmart ပေါင်းပြီး TikTok ကိုဝယ်မည်
- အခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးအောင် ရှောင်ရှားနိုင်မယ့်နည်း ၅ ခု
- (၂၇-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိ
(၂၈-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦး တွေ့ရှိ Posted: 28 Aug 2020 07:04 AM PDT ၁။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၇၀)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၂၁) ခု- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၆၁) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၈၈) ခုနှင့်- ရန်ကုန်မြို့၊ အမှတ် (၁) |
"ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး" - ဒေါ်အောင်ဆန်းစုကြည် Posted: 28 Aug 2020 06:22 AM PDT နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - သြဂုတ် ၂၈၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက်တိုးလာနေတဲ့ ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်သွားမယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိပြုလိုက်တာကို ပြောပြပါမယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကူးစက်မှု |
ကိုဗစ်ရှိသူနဲ့ ထိတွေ့သူတွေ ရောဂါလက္ခဏာမပြပေမဲ့ စမ်းသပ် စစ်ဆေးဖို့လို (WHO) Posted: 28 Aug 2020 06:21 AM PDT COVID-19 ရောဂါရှင်တွေနဲ့ ထိတွေ့ဆက်ဆံမိသူတွေ အနေနဲ့ ရောဂါအကူးစက်ခံရတဲ့ လက္ခဏာ ပြပြ မပြပြ ဒီရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးဖို့ အရေးကြီးကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Maria Van Kerkhove က ကြာသပတေးနေ့ WHO သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။"ဒီရောဂါအတွက် စမ်းသပ်စစ်ဆေးမှုတွေကို ရောဂါကူးစက်တဲ့ လက္ခဏာ မသိမသာ ပြနေတဲ့ သူတွေ ဒါမှမဟုတ် လက္ခဏာမတွေ့ရတဲ့ သူတွေမှာပါ စမ်းသပ်မှု |
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရာထူးကနားတော့မယ် Posted: 28 Aug 2020 06:19 AM PDT ဆေးရုံတွေသွားနေရတဲ့ သတင်းကြောင့် ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေ ရှိဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး ကျန်းမာရေးကြောင့် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဂျပန်သတင်းတွေက ဆိုပါတယ်။မစ္စတာ ရှင်ဇို အာဘေးဟာ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားနေရတာ နှစ်အတော်ကြာနေပြီဖြစ်ပြီး လတ်တလောမှာ အခြေအနေ ဆိုးလာတယ်လို့ ယူဆရပါတယ်။အသက် ၆၅ နှစ်အရွယ် မစ္စတာ ရှင်ဇို အာဘေးဟာ သူ့ကျန်းမာရေးကြောင့် အစိုးရအဖွဲ့ ထိခိုက်လာ |
ဒုက္ခသည်စခန်းတွေ ကပ်ဆိုက်မှာ စိုးရိမ်ကြောင်း ရခိုင်ဝန်ကြီးချုပ် ပြော Posted: 28 Aug 2020 06:15 AM PDT ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သိသိသာသာ ကြီးထွားလာတာကြောင့် ဒုက္ခသည်စခန်းတွေ အတွက်ပါ စိုးရိမ်စရာဖြစ်လာနေပြီး နိုင်နင်းအောင်လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ ပြောလိုက်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့သြဂုတ် ၂၈ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၂၁၇ ဦးအထိ ရှိလာပါတယ်။ဒီမနက် အသစ်ထပ်မံစစ်ဆေးတွေ့ရှိတဲ့ အတည်ပြုလူနာ ၂၆ |
အတည်ပြုလူနာ ရဲအုပ်နဲ့အတူ သင်တန်းတက်နေသူ ၁၀၀ ကျော်ကို ပိုးရှိ မရှိ စစ်ဆေးမည် Posted: 28 Aug 2020 06:12 AM PDT မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ရဲအရာရှိ သင်တန်းကျောင်းကို တွေ့ရစဉ်Photo: Khaymani Win/RFAရခိုင်ပြည်နယ်ကနေ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ရဲအရာရှိသင်တန်းကျောင်းရောက် ရဲအရာရှိတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သင်တန်းအတူတက်နေသူ ၁၁၉ ယောက်ကို ဒီကနေ့ ထပ်မံစစ်ဆေးသွားမယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်းက ပြောပါတယ်။" |
Posted: 28 Aug 2020 06:10 AM PDT တောင်ငူ ၂၈ သြဂုတ် ရန်ကုန်-မန္တလေး အမြန်လမ်းကြီး တောင်ငူမြို့နယ် မိုင်တိုင် ၁၅၃/၅ အနီးတွင် သြဂုတ် ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဇီးပင်သာအမြန်လမ်းရဲစခန်းမှ စခန်းမှူးရဲအုပ်မင်းနိုင် ဦးစီးအဖွဲ့သည် အမြန်လမ်း မီးသတ်အဖွဲ့နှင့် အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ အမြန်လမ်းမကြီး အစုန်လမ်းအတိုင်း မြောက်မှတောင်သို့ သူရဝတီအောင် ၂၇ နှစ်၊ သရက်ပင် |
(၂၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိ Posted: 28 Aug 2020 06:06 AM PDT ၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၅၆၄) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၂၅)ခုနှင့်- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၃၂) ခုတို့တွင်-• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိခဲ့ရ |
ကျယ်ဂေါင်က မြန်မာပိုင် ကုန်စည်ပို့ဆောင်ရေးဂိတ်တွေ တရုတ်ပိတ်မည် Posted: 27 Aug 2020 05:23 PM PDT တရုတ်-မြန်မာ နယ်စပ် မူဆယ်ဂိတ် တနေရာတရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ခေါင်မြို့ ထဲက မြန်မာလူမျိုးပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို တရုတ်နိုင်ငံသားနဲ့ အစုစပ်လုပ်မှသာ လုပ်ငန်းလုပ်ခွင့်ပြုတော့မယ်လို့ တရုတ်ဘက်က ညွှန်ကြားချက်ထုတ်လိုက်တဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြထားပါတယ်။တရုတ် ကျယ်ခေါင်မြို့ထဲက မြန်မာလူမျိုးပိုင်တဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ပိတ်သိမ်းပေး |
Microsoft နဲ့ Walmart ပေါင်းပြီး TikTok ကိုဝယ်မည် Posted: 27 Aug 2020 05:21 PM PDT အမေရိကန် လက်လီအရောင်းဆိုင်လုပ်ငန်းကြီး Walmart က Microsoft နည်းပညာ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး TikTok ဗွီဒီယို application ကို စျေးပြိုင်ဝယ်ယူသွားမယ်လို့ ပြောပါတယ်။ကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန် သမ္မတ Donald Trump က အမျိုးသား လုံခြုံရေး အကြောင်းပြချက်နဲ့ အမေရိကန် ကုမ္ပဏီ တွေ ၄၅ ရက်အတွင်း TikTok ရဲ့ မိခင် |
အခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးအောင် ရှောင်ရှားနိုင်မယ့်နည်း ၅ ခု Posted: 27 Aug 2020 05:19 PM PDT နှာခေါင်းစည်းတပ်ထားသူအဆောက်အအုံတွင်း၊ အခန်းတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ရေးမှာ အခန်းတွင်း လေဝင်လေထွက် ကောင်းဖို့က အဓိက အရေးပါဆုံးပါ။ဗိုင်းရပ်စ် ကူးစက်မခံရအောင် လက်ဆေးကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေကြဖို့ ပြောလာတာ လအတော်ကြာခဲ့ပါပြီ။ဒါပေမဲ့ ကိုယ်နေ့စဉ် ရှူနေတဲ့ လေနဲ့ ပတ်သက်လို့လည်း ဂရုစိုက်ဖို့ လိုတယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေပါတယ်။လေကောင်းလေသ |
(၂၇-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိ Posted: 27 Aug 2020 05:14 PM PDT ၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၃) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၂၆) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၈၇) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.