သစ္ထူးလြင္ |
- ၂၀၂၀ ရွေးကောက်ပွဲ-NLD ပါတီရဲ့အမာခံ ဒေါ်ဝင်းမြမြရဲ့ နိုင်ငံရေးဖြတ်သန်းမှု
- မြောက်ဦးအနီးတိုက်ပွဲ အပြင်းထန်ဖြစ် ၊အဝေးပြေးလမ်းမမှာ ကားတွေ ပိတ်မိနေ
- နဂိုကအားနည်းတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု ကိုဗစ်ကြောင့် ပိုအခက်တွေ့
- လူငယ်နဲ့ အမျိုးသမီးတွေရဲ့ အမြင်သစ်တွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးနိုင်မယ်လို့ ယူဆ
- တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို အွန်လိုင်းက အရင်ထုတ်ပြန်မယ်
- အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ဒီကနေ့ NASA လွှတ်တင်မယ်
- TikTok ကို အမေရိကန် အရေးယူတော့မလား
- ဟောင်ကောင်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားလာလို့ စိုးရိမ်နေရ
- မွန်ဘိုင်းက ဆင်းရဲသား ထက်ဝက်ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ
- လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းရေးကိစ္စ သဘောတူညီမှု မရနိုင်သေး
- လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းပါတီနှစ်ခု ကိုယ်စားလှယ်လောင်း ၂၂၀ ကျော်ယှဉ်ပြိုင်မည်
- ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှမ်း၊ မွန်၊ ကရင်၊ ကယားနဲ့ ပဲခူးတိုင်းတို့မှာ ဝင်ပြိုင်မယ်
၂၀၂၀ ရွေးကောက်ပွဲ-NLD ပါတီရဲ့အမာခံ ဒေါ်ဝင်းမြမြရဲ့ နိုင်ငံရေးဖြတ်သန်းမှု Posted: 30 Jul 2020 06:07 AM PDT ဒေါ်ဝင်းမြမြဟာ ထောင်ခဏခဏကျခံရပေမဲ့ တွန့်ဆုတ်မှုမရှိဘဲ NLD ပါတီတာဝန်တွေကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ်။ ဒေါ်ဝင်းမြမြကို မန္တလေးတိုင်းမှာ NLD ပါတီရဲ့ အမာခံ သစ္စာရှိသူတစ်ဦးလို့ လူသိများသလို စစ်အစိုးရ လက်ထက် နိုင်ငံရေးဖိနှိပ်မှုတွေအောက် တစ်မိသားစုလုံး အကျဉ်းကျခံရသူ၊ နိုင်ငံရေးလုပ်လို့ ပိုင်ဆိုင်တဲ့စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ခံခဲ့သူအဖြစ်လည်း သိကြပါတယ်။ NLD ပါတီက နိုဝင်ဘာရွေးကောက်ပွဲ ဝင်ပြိုင် |
မြောက်ဦးအနီးတိုက်ပွဲ အပြင်းထန်ဖြစ် ၊အဝေးပြေးလမ်းမမှာ ကားတွေ ပိတ်မိနေ Posted: 30 Jul 2020 06:06 AM PDT မြောက်ဦးမြို့နဲ့ တစ်မိုင်ခွဲ အကွာမှာတိုက်ပွဲဖြစ်နေ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မြောက်ဦးမြို့နယ်အတွင်းမှာ ဇူလိုင် ၃၀ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရန်ကုန် စစ်တွေ အဝေးပြေးကားလမ်းမ မြောက်ဦး ကျောက်တော် လမ်းပိုင်းကို ပိတ်ထားရတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲက ပိုပြင်းထန်လာပြီး တပ်မတော်ဘက်က လေယာဉ် နှစ်စီးနဲ့ နာရီဝက်နီးပါး လာရောက် ပစ်ခတ်တာတွေလည်း ရှိ |
နဂိုကအားနည်းတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု ကိုဗစ်ကြောင့် ပိုအခက်တွေ့ Posted: 30 Jul 2020 06:06 AM PDT ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ လုပ်အားပေး လုပ်ကိုင်နေသော စေတနာ့ ဆရာဝန်တချို့။ (မေ ၀၈၊ ၂၀၂၀) မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ် ကျန်းမာရေးဝန်ထမ်းတွေရဲ့ သဘောထားတုံ့ပြန်ချက်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။ "အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID- 19 ကြောင့် သက်ရောက်မှု" |
လူငယ်နဲ့ အမျိုးသမီးတွေရဲ့ အမြင်သစ်တွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးနိုင်မယ်လို့ ယူဆ Posted: 30 Jul 2020 06:06 AM PDT အင်အားကြီးနိုင်ငံရေးပါတီကြီးတွေ အပါအဝင် နိုင်ငံရေးပါတီ အများအပြားရဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့ထဲမှာ လူငယ်နဲ့ အမျိုးသမီးတွေကို ရွေးချယ်ထားမှုဟာ ရာခိုင်နှုန်းအားဖြင့် အရင် ၂၀၁၅ ရွေးကောက်ပွဲ နဲ့ယှဉ်ရင် ဒီနှစ်မှာ ပိုများလာတာတွေ့ရပါတယ်။ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီး ၁၃ ရာခိုင်နှုန်းပဲ ပါဝင်ပေမယ့် ဒီတခါတော့ ၂၀ ရာခိုင်နှုန်းအထိ တိုးပြီး |
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို အွန်လိုင်းက အရင်ထုတ်ပြန်မယ် Posted: 30 Jul 2020 06:06 AM PDT ၂၀၁၉ ဇွန် ၈ရက်နေ့ မနက်အစောပိုင်းက အောင်စာရင်းကြည့်ရှုနေသူများ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို သြဂုတ် ၉ ရက်နေ့ မနက်အစောပိုင်းမှာ ပညာရေး ဝန်ကြီးဌာနရဲ့ဝဘ်ဆိုဒ်ကနေ ကြေညာပေးသွားမယ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို အကြောင်းကြားထားကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ပုံမှန် ဇွန်လကုန်မှာ ထုတ်ပြန်လေ့ရှိပေမဲ့ ကိုဗစ်ကပ်ရောဂါ ကြောင့် အဖြေလွှာတွေ |
အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ဒီကနေ့ NASA လွှတ်တင်မယ် Posted: 30 Jul 2020 06:05 AM PDT ဘီး ခြောက် ဘီးပါတဲ့ Perseverance အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို ဖလော်ရီဒါပြည်နယ် Cape Canaveral မှာ တွေ့ရ။ (ဇူလိုင် ၂၉၊ ၂၀၂၀) အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ မျိုးဆက်သစ် အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေးယာဉ် Perseverance ကို ဒီကနေ့ ကြာသပတေးနေ့မှာ ဖလော်ရီဒါပြည်နယ် Cape Canaveral ကနေလွှတ်တင်မှာ ဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိ သတ္တဝါတွေ ရှိခဲ့သလားဆိုတာကို ဒီယာဉ်ကို အသုံးပြု |
TikTok ကို အမေရိကန် အရေးယူတော့မလား Posted: 30 Jul 2020 06:05 AM PDT တရုတ်ပိုင် အက်ပလီကေးရှင်း APP TikTok ကို နိုင်ငံလုံခြုံရေး ကိစ္စအောက်မှာ အမေရိကန်အစိုးရက သုံးသပ်စစ်ဆေးနေပြီး ဒါနဲ့ ပတ်သက်လို့ သမ္မတ Donald Trump ကို လာမယ့် သီတင်းပတ်အတွင်း အကြံပြုတင်ပြဖို့ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ကပြောပါတယ်။ TikTok နဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စဉ်းစားနေကြောင်း Trump ကလည်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဗွီဒီယိုဖိုင်တွေ တင်ပြလို့ရတဲ့ ဆိုရှယ်မီဒီယာ |
ဟောင်ကောင်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားလာလို့ စိုးရိမ်နေရ Posted: 29 Jul 2020 04:16 PM PDT လူအုပ်စုလိုက် ကူးစက်မှုတွေများလာနိုင်တဲ့ အတွက် အိမ်ထဲမှာပဲ နေကြဖို့ကိုလည်း ကယ်ရီလမ်းတိုက်တွန်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားလာရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲသွားနိုင်တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက သတိပေး ပြောကြားပါတယ်။ လူအုပ်စုလိုက် ကူးစက်မှုတွေများလာနိုင်တဲ့ အတွက် အိမ်ထဲမှာပဲ နေကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ကနေစပြီး |
မွန်ဘိုင်းက ဆင်းရဲသား ထက်ဝက်ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ Posted: 29 Jul 2020 04:10 PM PDT မွန်ဘိုင်းမြို့က ဆင်းရဲသား ရပ်ကွက် အိန္ဒိယ စီးပွားရေးမြို့ တော် မွန်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်ကြီး ၃ ခုမှာ နေထိုင်ကြသူတွေရဲ့ ထက်ဝက်ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေ ရှိကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (သို့မဟုတ်) ကူးစက်ခံဖူးတဲ့သူတွေဖြစ်ပါတယ်။ ဒီဧရိယာအတွင်းမှာပဲ ဆင်းရဲသားရပ်ကွက်ပြင်ပမှာ နေသူ |
လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းရေးကိစ္စ သဘောတူညီမှု မရနိုင်သေး Posted: 29 Jul 2020 04:07 PM PDT ဇူလိုင် ၂၈ ရက်နေ့က " EAO ကိုယ်စားလှယ်များ + အစိုးရ ကိုယ်စားလှယ်များနှုင့် UPDJC နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ဆွေးနွေးပွဲ '' (ဓါတ်ပုံ- Hla Maung Shwe fb) မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေး ဗုဒ္ဓဟူးနေ့က အဆုံးသတ်ခဲ့ရာမှာ အရေးကြီးတဲ့ အချက်တွေ ဆွေးနွေးဖို့ ကျန်နေတာကြောင့် လာမယ့် စနေနေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်း |
လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းပါတီနှစ်ခု ကိုယ်စားလှယ်လောင်း ၂၂၀ ကျော်ယှဉ်ပြိုင်မည် Posted: 29 Jul 2020 04:11 PM PDT ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရှမ်းတိုင်းရင်းသူ မဲဆန္ဒရှင်တဦး ရန်ကုန်မြို့ရှိ မဲရုံတခုမှာ မဲပေးနေတဲ့ မြင်ကွင်း။ (မေ ၁၅၊ ၂၀၁၅) လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသား အဓိကနိုင်ငံရေးပါတီ နှစ် ခုက လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၀၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် |
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှမ်း၊ မွန်၊ ကရင်၊ ကယားနဲ့ ပဲခူးတိုင်းတို့မှာ ဝင်ပြိုင်မယ် Posted: 29 Jul 2020 04:11 PM PDT ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပြင်ပ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းက မဲဆန္ဒနယ်တချို့က ပအိုဝ်းတိုင်းရင်းသားအများစုရှိတဲ့ ဒေသတွေမှာပါ ရွေးကောက်ပွဲ ဝင်ပြိုင်တော့မယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကပြောခွင့်ရ ခွန်သိန်းဖေက ပြောပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၅ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.