Friday, December 18, 2020

သစ်ထူးလွင်

သစ်ထူးလွင်


COVID-19 ဆေးထိုးတာမှာ ရွှေ့ပြောင်းအခြေချသူတွေ ချန်မထားဖို့ IOM အကြီးအကဲတိုက်တွန်း

Posted: 18 Dec 2020 08:25 AM PST

COVID-19 ဆေးထိုးတာမှာ ရွှေ့ပြောင်းအခြေချသူတွေ ချန်မထားဖို့ IOM အကြီးအကဲတိုက်တွန်း(ZAWGYI/UNICODE) COVID-19 ရောဂါကာကွယ်ဆေး ထိုးပေးတဲ့သူတွေထဲမှာ ရွှေ့ပြောင်းအခြေချသူတွေကိုလည်း ထည်သွင်းဖို့လိုတယ်လို့ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ (IOM) အကြီးအကဲကပြောလိုက်ပါတယ်။"ရွွှေ့ပြောင်းအခြေချသူတွေ နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ရဲ့ တရားဝင်ဖြစ်မှုအနေအထား ကို မကြည့်ဘဲ ကိုဗစ်

ဥရောပမှာ ကိုဗစ်ကာကွယ်ဆေး ဒီဇင်ဘာ ၂၇ ရက်နေ့ စထိုးပေးနိုင်ဖို့ စီစဉ်နေ

Posted: 18 Dec 2020 08:23 AM PST

German Chancellor Angela Merkel wears a protective face mask as she arrives for the continuation of an EU summit meeting in Brussels, Belgium, July 20, 2020.Covid 19 ကာကွယ်ဆေးကို အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က စပြီး ထိုးပေးဖို့ စီစဉ်နေပါပြီ။ကာကွယ်ဆေးကို အတည်ပြုပေးဖို့ နှေးကွေးနေတာအတွက် အဝေဖန်ခံနေရတဲ့ အီးယူဟာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေကို အမှီလိုက်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး

ဟုမ္မလင်းတွင် အချုပ်သားနှစ်ဦး ပိုးတွေ့

Posted: 18 Dec 2020 08:21 AM PST

ဟုမ္မလင်း၊ ဒီဇင်ဘာ -၁၈ဟုမ္မလင်းမြို့ရှိ မြို့မ ရဲစခန်းအချုပ်တွင် အချုပ်သားနှစ်ဦး ဗိုင်းရပ်စ်ပိုးတွေ့ရှိထားသည်။ဒီဇင်ဘာ ၁၆ ရက်နေ့က အသက် ၃၂ နှစ်အရွယ်အချုပ်သား အမျိုးသားတစ်ဦးပိုးတွေ့ရှိပြီးနောက် အချုပ်သား ၄၀ ကျော်အား ဧည့်တွေ့ခြင်း ကန့်သတ်ခဲ့သည်။ယနေ့နံနက်ပိုင်းတွင် အချုပ်သားသုံးဦး ၊ ရဲဝန်ထမ်းသုံးဦး ၊ ကွာရတင်းဝင်နေသူ ၄ ဦးအား ရောဂါပိုးစစ်ဆေးရာ အသက် ၄၉ နှစ်အရွယ်အချုပ်သားတစ်ဦး ထပ်မံပိုးတွေ့ခြင်းဖြစ်သည်။"

ဝန်းသိုတွင် အချုပ်သားတစ်ဦးနှင့်မန္တလေးပြန်တစ်ဦး ပိုးတွေ့

Posted: 18 Dec 2020 08:20 AM PST

ပင်လည်ဘူး - ဒီဇင်ဘာ ၁၇ကောလင်းခရိုင် ဝန်းသိုမြို့တွင် ကိုဗစ်လူနာ နှစ်ဦး ယနေ့တွေ့ရှိကြောင်း  မြို့နယ်ထွေအုပ်မှ သတင်းရရှိသည်။ယနေ့ နံနက်ပိုင်းက လူ ၅၃ဦးကို Test kit ဖြင့် စစ်ရာ ခပ်ချိုကျေးရွာနေ မန္တလေးပြန် အမျိုးသား တစ်ဦးနှင့်  အချုပ်ကျခံနေရသူ အမျိုးသား တစ်ဦးတို့ ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။မန္တလေးပြန် ပိုးတွေလူနာသည် ကျေးရွာအနီးရှိ တဲအိမ်တွင် စောင့်ကြည့်အဖြစ်ထားရှိပြီး ထိစပ်မှု မရှိဟုဆိုသည်။ပိုးတွေ့

ရန်ကုန်ရဲ့ ကပ်ဘေးထိန်းချုပ်မှု အားနည်းတယ်လို့ ဝေဖန်ခံနေရ

Posted: 18 Dec 2020 08:15 AM PST

ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်မှာနေထိုင်ရေး (Stay at home) အစီအစဉ်ကို ၁၅ ရက်တစ်ကြိမ် ထပ်တိုးသတ်မှတ်နေပေမယ့် ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက လူစုလူဝေးဖြစ်ပေါ်နေတာတွေ အားနည်းတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။ရန်ကုန်တိုင်းက မြို့နယ် ၄၄ မြို့နယ်ကို (Stay at home) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလလောက်က စတင်ကြေညာပြီးနောက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနက ၁၅ ရက်

မြန်မာ COVID-19 ကူးစက်သူ ၁၁၄,၁၉၈ ဦး၊ သေဆုံးသူ ၂,၃၉၈ ဦးရှိပြီ

Posted: 18 Dec 2020 08:12 AM PST

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် အသက်ဆုံးရသူကို သဂြိုဟ် ( နိုဝင်ဘာ ၂၅-၂၀၂၀)(ZAWGYI/UNICODE) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၁၆ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၁ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ၅ ယောက်က ရောဂါအခံမရှိသူတွေဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။ဓာတ်ခွဲနမူနာပေါင်း

သတင်းတု သတင်းမှား ဖယ်ရှားရေး YouTube လုပ်ဆောင်ချက်သစ်ထဲ မြန်မာမပါ

Posted: 18 Dec 2020 08:10 AM PST

သတင်းတု သတင်းမှား ဖယ်ရှားရေး YouTube လုပ်ဆောင်ချက်သစ်ထဲ မြန်မာမပါအမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် သတင်းတုသတင်းမှားတွေကို လုံလောက်အောင်မဖယ်ရှားခဲ့ဘူးဆိုပြီး ဝေဖန်ခံနေရတဲ့ YouTube ကုမ္ပဏီက သတင်းမှားတွေဆိုပြီး စွပ်စွဲခံထားရတဲ့ ဗွီဒီယိုတွေကို ဖြုတ်ချမယ်လို့ ပြီးခဲ့တဲ့တပတ်မှာကြေငြာခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ ၅ ရက်သာခြားပြီးရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြန်မာနိုင်ငံနဲ့တော့ အခု လုပ်ဆောင်ချက် က အ

ကိုဗစ်ကာကွယ်ဆေး အိန္ဒိယမှာ ဇန်နဝါရီလအတွင်း စထိုးဖို့ ပြင်ဆင်

Posted: 18 Dec 2020 08:07 AM PST

အိန္ဒိယမှာ ကာကွယ်ဆေးကုမ္ပဏီ ၆ ခု လက်တွေ့ စမ်းသပ်နေအိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို လာမယ့် ဇန်နဝါရီလမှာ ပြည်သူတွေကို စတင်ထိုးနှံပေးဖွယ် ရှိတယ်လို့ ဗဟိုအစိုးရ ကျန်းမာရေး တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။ကာကွယ်ဆေး ကုမ္ပဏီ အနည်းငယ်ကို လာမယ့် သီတင်းပတ်တွေအတွင်းမှာ ဆေးဝါး စီမံကွပ်ကဲရေး တာဝန်ရှိသူတွေက အရေးပေါ် အသုံးပြုဖို့ ခွင့်ပြုပေးဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ဆို

အမတ်တချို့ နေပြည်တော်ကို ခွဲခွာ နှုတ်ဆက်

Posted: 18 Dec 2020 08:02 AM PST

လက်ရှိ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကုန်ဆုံးဖို့ တစ်လခွဲလိုပါသေးတယ်။တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ မပါဝင်တော့မယ့် လက်ရှိ ပြည်ထောင်စုလွှတ်တော်အမတ်တွေကို ပစ္စည်းတွေသိမ်းပြီး စည်ပင်ဧည့်ရိပ်သာက အခန်းကိုပြန်အပ်ဖို့ လွှတ်တော်က ညွှန်ကြားလိုက်တယ်လို့ အမတ်တွေဆီက သိရပါတယ်။ဒီဇင်ဘာ ၁၇ ရက်ကနေ ၂၂ ရက်အတွင်း လာသိမ်းဖို့ညွှန်ကြားတဲ့အတွက် အမတ်တချို့ နေ ပြည်တော်ကိုတက်သွားကြပါပြီ။NLD ပါတီကနေ ၂၀၁၅ မှာ နိုင်ထားပေမယ့်

အင်းဒင်ရွာ အသတ်ခံရသူတစ်ဦးရဲ့ဇနီး ဒေါ်လာ နှစ်သန်း နစ်နာကြေးတောင်း

Posted: 18 Dec 2020 08:00 AM PST

ဆဲသာရာဘေဂမ် (Setara Begum ) ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၂၃ နှစ်အရွယ် ရှော်ကတ်အုလ္လာ (Shoket Ullah) ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလက အင်းဒင်ကျေးရွာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုခံရပြီး မြေမြှုပ်ခံလိုက်ရတဲ့ အမျိုးသား ၁၀ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရှော်ကတ်အုလ္လာ အပါအဝင် အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ကို တရားစွဲထားတဲ့ ကိုအောင်ကြီးရဲ့ နစ်နာမှု တရားရုံးက လက်ခံ

Posted: 18 Dec 2020 07:58 AM PST

နေပြည်တော်က Victoria ကလေးငယ် လိင်အကြမ်းဖက်မှုမှာ မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက သူရဲ့ နစ်နာမှုအတွက် ကျပ်သိန်း ၅,၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲထားတဲ့ " အမှုဖွင့် အဆိုလွှာကို" ဒက္ခိဏခရိုင်တရားရုံးက ဒီနေ့ လက်ခံလိုက်ပါတယ်။လူအများစိတ်ဝင်စားတဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria သက်ငယ်မုဒိမ်းမှုမှာ သံသယတရားခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်ကြီး( ခေါ် ) အောင်ကျော်

Moderna ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့် ကန် FDA အကြံပေးအဖွဲ့ အတည်ပြု

Posted: 17 Dec 2020 06:20 PM PST

Moderna ဆေးကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးအမေရိကန် ဆေးကုမ္ပဏီ Moderna က ထုတ်တဲ့ Covid 19 ကာကွယ်ဆေးကို အရေးပေါ် အခြေနေ အသုံးပြုဖို့ FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနရဲ့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ Pfizer – BioNTech ထုတ် ဒီရောဂါ ကာကွယ်ဆေးကို FDA က ပထမဆုံးအဖြစ် အရေးပေါ် အခြေနေသုံးခွင့် အတည်ပြုပေး

မြန်မာကို UNHCR က ကိုဗစ် စမ်းသပ်ကိရိယာ ငါးသောင်းလှူ

Posted: 17 Dec 2020 06:18 PM PST

UNHCR က ကိုဗစ္ကုသေရးအတြက္ကူညီမြန်မာနိုင်ငံရဲ့COVID 19ကပ်ရောဂါ တုန့်ပြန်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က COVID19 စမ်းသပ်ကိရိယာ PCR ၅၀,၀၀၀ ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို လှူဒါန်းပါတယ်။မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ ဘဝတွေအပေါ် COVID 19ကပ်ရောဂါရဲ့ သက်ရောက်မှုတွေ ဆက်လက်ရှိနေတာကြောင့် အခုလိုလှူဒါန်းရတာ ဖြစ်ကြောင်းနဲ့

ပြင်သစ်သမ္မတ မက်ခရွန်မှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း ဓာတ်ခွဲအတည်ပြုသိရ

Posted: 17 Dec 2020 06:15 PM PST

ပြင်သစ်သမ္မတ မက်ခရွန်ပြင်သစ်သမ္မတ အီမန်နျူဝဲလ် မက်ခရွန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း ဓာတ်ခွဲ အတည်ပြု တွေ့ရှိခဲ့တယ်လို့ ပြင်သစ်သမ္မတအိမ်တော်ရုံးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အသက် ၄၂ နှစ်အရွယ် သမ္မတ မက်ခရွန်ဟာ ရောဂါလက္ခဏာတွေ ပြခဲ့တဲ့အတွက် ဆေးစစ်ကြည့်ခဲ့တာ ဖြစ်ပြီး အခုအခါ ၇ ရက် တစ်ဦးတည်း သီးသန့်ခွဲနေမှာ ဖြစ်တယ်လို့ သမ္မတအိမ်တော်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။မစ္စတာ မက်ခရွန် ဟာ နိုင်ငံ

မန္တလေးမှာ ကိုဗစ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာနေ

Posted: 17 Dec 2020 06:13 PM PST

Stay Home နေထိုင်ကြဖို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က အမိန့်ထုတ်ထားမန္တလေးတိုင်းဒေသကြီး အတွင်းမှာ ကိုဗစ် အတည်ပြုလူနာ တွေ့ရှိမှု အရေအတွက် တစ်သောင်း ကျော်လာပြီ ဖြစ်ပါတယ်၊ဒီဇင်ဘာလ ၁၅ ရက်နေ့ တစ်ရက်တည်းမှာ ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာအသစ် ၃၆၉ ယောက် ထပ်တွေ့ခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက် နေ့မှာတော့ ၃၃၅ ယောက် တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။မန္တလေးမြိုမှာ ကိုဗစ်ကြောင့် သေဆုံးသူ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖားကန့်ကျောက်တူးဖော်ရေး နောက်နှစ်အထိရပ်ဆိုင်းထား

Posted: 17 Dec 2020 06:09 PM PST

ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်တူးဖော်ရေးလုပ်ငန်းကြီးတွေကို ကျောက်တူးဖော်ထုတ်လုပ်ခွင့် နောက်နှစ်အထိ ပြည်နယ်အစိုးရက ရပ်နားလိုက်ပါတယ်။ကချင်ပြည်နယ်မှာ ဖားကန့်ဒေသ ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေတဲ့အတွက် ပိတ်ပင်ရတာလို့ ဆိုပါတယ်။ဖားကန့်ဒေသမှာ အခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စုစုပေါင်း ၃ဝ၂ ဦး၊ ဆေးကုသခံယူနေသူ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ၁၂၇ ဦးရှိနေပြီး

ကူးစက်မှုများတဲ့ မန္တလေးမှာ ဆိုင်ထိုင်စားစနစ် ပြန်ခွင့်ပြု

Posted: 17 Dec 2020 06:07 PM PST

မန္တလေးတိုင်းထဲက ကျန်းမာရေးဝန်ကြီးဌာနက စိစစ်ထားပြီးသား စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက် လို့ရတဲ့စနစ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့နောက်ပိုင်း စတင်ဖွင့်လှစ်ခွင့်ရတော့မှာဖြစ်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနက လိုက်လံစစ်ဆေးပြီး A အဆင့်ဆိုပြီး သတ်မှတ်ပေးလိုက်တဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ က သိရပါတယ်။မန္တလေးခရိုင်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.