သစ္ထူးလြင္ |
- NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နဲ့ ဆက်သွယ်မေးမြန်းချက်
- စစ်အာဏာသိမ်းမှုကို တခဲနက်ဆန့်ကျင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
- လေယာဉ်ကွင်းအားလုံး ဒီကနေ့ကစပြီး အတက်အဆင်းရပ်တန့်ထား
- အာဏာသိမ်းထောက်ခံဆန္ဒပြပွဲ သတင်းယူသူ သတင်းသမားနှစ်ဦး ရိုက်နှက်ခံရ
- ကျန်းမာရေးဝန်ကြီး နုတ်ထွက်ကြောင်း ကြေညာချက် ဖေ့စ်ဘွတ်ကနေပြန်ဖြုတ်
- တပ်မတော် အာဏာ ဘယ်လိုသိမ်းခဲ့သလဲ
- စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီး သုံးဦး နေအိမ်ပြန်ရောက်
- စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်ချက်
- စစ်အာဏာသိမ်းခြင်းကို ဂျပန်ရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ
- ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့်
- တပ်က အပစ်ရပ် တစ်လကြေညာ၊ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး ၇ ဦးနဲ့ ကော်မတီ အသစ်ဖွဲ့
- အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားအဖွဲ့တွေ တုံ့ပြန်မှု
- လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေပြည်တော် စည်ပင်ဝင်းကို စစ်တပ်၊ ရဲနဲ့ ပိတ်ထား
- ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွှဲမယ်လို့ တပ်မတော်ပြော
- ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့တဲ့စာ
- ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးအများစု အဆက်သွယ်ပြတ်နေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်များ ဖမ်းဆီးခံရမှု ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ် ပြင်းပြင်းထန်ထန် ရှုတ်ချ
- နိုင်ငံတော်အာဏာ တစ်နှစ် သိမ်းလိုက်ကြောင်း တပ်မတော်ကြေညာ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony J. Blinken ရဲ့ ကြေညာချက်
- အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ရဲ့ မြန်မာ့အရေး သဘောထား ကြေညာချက်
- တပ်မတော် မှ အာဏာသိမ်းကြောင်း ထုတ်ပြန်ကြေညာ
- NLD ပြောခွင့်ရကို စစ်တပ်ဖမ်းဆီး
- ပြည်နယ်တိုင်းအသီးသီး NLD ပါတီတာဝန်ရှိသူတွေကိုပါ ဖမ်းဆီး
- အာဏာသိမ်းမှုလို့ မကြေညာသေး
- မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနကို တပ်ဘက်က ဝန်းရံထား
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နဲ့ ဆက်သွယ်မေးမြန်းချက် Posted: 01 Feb 2021 07:53 AM PST NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်။ (ဓာတ်ပုံ - ဒေါ်ဇင်မာအောင် (Facebook) - အောက်တိုဘာ ၂၅၊ ၂၀၂၀)စစ်တပ်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပြီးနောက် တနင်္လာနေ့ နံနက်အစောပိုင်းကတည်းက နေပြည်တော် စည်ပင်ရိပ်သာမှာ ရှိနေတဲ့ လွှတ်တော်အမတ်တွေကို ရဲတပ်ဖွဲ့နဲ့စစ်တပ်ကနေ ပိတ်ဆို့ထားသလို၊ ဒီလုပ်ရပ်ဟာ သူတို့ကို ပြန်ပေးဆွဲထားသလိုဖြစ်နေကြောင်း NLD ပြည်သူ့လွှတ်တော်အမတ် မဇင်မာအောင်က ဗွီအိုအေကို ပြောပါ |
စစ်အာဏာသိမ်းမှုကို တခဲနက်ဆန့်ကျင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း Posted: 01 Feb 2021 07:48 AM PST နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖမ်းမခံရခင်မှာ တပ်မတော်က အာဏာသိမ်းနိုင်တယ်ဆိုတာ ကြိုတင်ခန့်မှန်းမိတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တချို့နဲ့ တိုင်ပင်ပြီး ပြည်သူသို့ ပန်ကြားချက်တစောင် ရေးသားခဲ့တယ်လို့ သိရပါတယ်။အဲဒီစာမှာ NLD အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်မခံပေမယ့် လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်ခဲ့ချိန်ကစပြီး အဲဒီ ဖွဲ့စည်းပုံကို လိုက်နာခဲ့ကြောင်းနဲ့ ဒီဖွဲ့စည်းပုံကိုပြင်ဖို့လည်း ဥပဒေ |
လေယာဉ်ကွင်းအားလုံး ဒီကနေ့ကစပြီး အတက်အဆင်းရပ်တန့်ထား Posted: 01 Feb 2021 07:45 AM PST ရန်ကုန်လေဆိပ်အပါအ၀င် လေယာဉ်ကွင်းအားလုံးကို ဒီကနေ့ကစပြီး လေယာဉ်အတက် အဆင်း အားလုံးကို ရပ်တန့်ထားဖို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ ညွှန်ကြားစာထားတယ်လို့ ရန်ကုန်လေဆိပ်က တာ၀န်ကျ၀န်ထမ်းအချို့ထံက စုံစမ်းသိရှိရပါတယ်။ ' ' လေယာဉ်ကွင်းအားလုံးအတက်အဆင်းမလုပ်ရဘူးလို့ ထုတ်ထားပါတယ်။ ဒီနေ့ကစပြီးတော့ ၅ လပိုင်း အကုန်ထိ။ အင်တာနေရှင်နယ်အဲလိုင်းတွေရော ပြည်တွင်းရောအကုန်ပါတယ်။ ကွင်းအားလုံးပိတ်တာ။ |
အာဏာသိမ်းထောက်ခံဆန္ဒပြပွဲ သတင်းယူသူ သတင်းသမားနှစ်ဦး ရိုက်နှက်ခံရ Posted: 01 Feb 2021 07:42 AM PST အာဏာသိမ်းထောက်ခံသူများ ကားများနဲ့ စီတန်းသွားလာတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ထောက်ခံကြောင်း ရန်ကုန်မြို့မှာ ဆန္ဒပြလှုပ်ရှားမှုတွေကို သတင်းယူနေရင်း တိုက်ခိုက်ခံရတာကြောင့် သတင်းသမားတချို့ ဒဏ်ရာရခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက တပ်မတော်ကို ထောက်ခံ |
ကျန်းမာရေးဝန်ကြီး နုတ်ထွက်ကြောင်း ကြေညာချက် ဖေ့စ်ဘွတ်ကနေပြန်ဖြုတ် Posted: 01 Feb 2021 07:40 AM PST ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ရာထူးကနုတ်ထွက်ကြောင်း ကြေညာချက်ကို ဖေ့်စ်ဘွတ်လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပြီး နာရီပိုင်း အတွင်းမှာပဲ ပြန်လည်ဖယ်ရှားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်တရက်မှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေး ရာထူးနုတ်ထွက်ကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်နေ ကြေညာခဲ့တာပါ။ဒါပေမဲ့ |
တပ်မတော် အာဏာ ဘယ်လိုသိမ်းခဲ့သလဲ Posted: 01 Feb 2021 07:39 AM PST အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ဆိုဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွေ ကုန်ဆုံးပြီး တတိယအကြိမ် လွှတ်တော်သက်တမ်းတွေ မစတင်မီ ဇန်နဝါရီ ၃၁ ရက် သန်းခေါင်ယံအကျော်မှာပဲ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ထိန်းသိမ်းလိုက်ပြီ ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ |
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီး သုံးဦး နေအိမ်ပြန်ရောက် Posted: 01 Feb 2021 07:35 AM PST မုံရွာ၊ဖေဖော်ဝါရီ-၁ယနေ့မနက်ပိုင်းက ထိန်းသိမ်းခံရသော စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးများထဲမှာ ဝန်ကြီးသုံးဦး ညနေ ၃ နာရီခန့်က အစိုးရအဖွဲ့နေအိမ်သို့ ပြန်ရောက်ပြီဖြစ်သည်။မုံရွာမြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံးအတွင်း ဝန်ကြီးများအိမ်ရာသို့ ပြန်ရောက်သော ဝန်ကြီးသုံးဦးမှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ လျှပ်စစ်၊စက်မှုနှင့် |
စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်ချက် Posted: 01 Feb 2021 07:29 AM PST နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်ဘက်အရာရှိတွေကို ဖမ်းဆီးတာအပါအဝင် နိုင်ငံဒီမိုကရေစီအသွင် ကူးပြောင်းရေး ပျက်ပြားစေဖို့ မြန်မာစစ်တပ်က လုပ်ဆောင်နေတဲ့ သတင်းတွေ ကြားသိရတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရ Jen Psaki ဂျန်ဆာကီက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။မြန်မာစစ်တပ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သမ္မတ ဂျိုး |
စစ်အာဏာသိမ်းခြင်းကို ဂျပန်ရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ Posted: 01 Feb 2021 07:27 AM PST တပ်မတော်အာဏာသိမ်းတဲ့ လုပ်ရပ်ကို နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူကန့်ကွက် ရှုတ်ချကြဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ဂျပန်နိုင်ငံ တိုကျိုမြို့က ကုလသမဂ္ဂဌာနရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြတာပါ။ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖမ်းဆီးခံထားရသူအားလုံးကို အမြန်မြန် |
ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့် Posted: 01 Feb 2021 07:18 AM PST သတင်း တိုက်ရိုက် ပေးပို့ချက် အာဏာသိမ်း တပ်မတော်ဟာ ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့်အပ်လိုက်ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ကို ခန့်အပ်ခဲ့ပြီးတော့ ဝန်ကြီးအသစ်တွေကို ခန့်အပ်တာလည်း့ရ့ရပါတယ်။ ဒီနေ့ ည |
Posted: 01 Feb 2021 07:15 AM PST တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဒုတိယ ဗိုလ်ချုပ်ကြီး ၇ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ဒီကော်မတီ ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။ဒါအပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုတွေ |
အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားအဖွဲ့တွေ တုံ့ပြန်မှု Posted: 01 Feb 2021 07:14 AM PST နေပြည်တော်ရှိ လမ်းတွေကို စစ်တပ်က လုံခြုံရေးယူထားတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်တဲ့ သဘောထားတွေ ထွက်ပေါ်နေတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။၂၀၂၀ ပြည့် ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် |
လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေပြည်တော် စည်ပင်ဝင်းကို စစ်တပ်၊ ရဲနဲ့ ပိတ်ထား Posted: 01 Feb 2021 07:12 AM PST မှတ်တမ်းရုပ်ပုံ။လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နေပြည်တော် စည်ပင်ဝင်း နောက်ဆုံး အခြေအနေတွေကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းနဲ့ ဆက်သွယ်မေးမြန်းချက်။မေခ။ ။ ဦးဘမျိုးသိန်း အခြေအနေ ဘယ်လို ရှိပါလဲ။ဦးဘမျိုးသိန်း။ ။ ဒီကနေ့ မနက် ၃ နာရီခွဲ ကတည်းက စည်ပင် အပြင်ဝန်းကို ပိတ်ထားလိုက်တယ်။ ရဲရော တပ်ရော လာချထားတယ်။ အဲဒီက စလို့ အပြင်ထွက်လို့ မရတော့ဘူး။ နောက်ပြီးတော့ အင်တာနက် လိုင်းလည်း ပိတ်ထားတယ်။ |
ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွှဲမယ်လို့ တပ်မတော်ပြော Posted: 01 Feb 2021 07:09 AM PST ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွှဲမယ်လို့ တပ်မတော်ပြော "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ " အစည်းအဝေးကို နိုင်ငံတော်သမ္မတအိမ်တော်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ ကပြုလုပ်စဉ် / ဓါတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး တစ်နှစ်တိတိ နိုင်ငံတော်အာဏာကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်လိုက်တယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းဌာနက ဒီမနက် ၈ နာရီသတင်းမှာ ကြေညာလိုက် ပါတယ်။ |
ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့တဲ့စာ Posted: 01 Feb 2021 07:08 AM PST ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့တဲ့စာ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့တဲ့စာဒီစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သူ့ရဲ့ကိုယ်စားလှယ်တစ်ဦးနဲ့ ပေးပို့ခဲ့တယ်လို့ ခိုင်လုံတဲ့ အစိုးရသတင်းရပ်ကွက်က RFA ကို အတည်ပြုပြောကြားပါတယ် |
ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးအများစု အဆက်သွယ်ပြတ်နေ Posted: 31 Jan 2021 09:52 PM PST မြန်မာနိုင်ငံမှာ တပ်မတော်က လက်ရှိ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ထိမ်းသိန်းလိုက်တဲ့ နေ့မှာပဲ ရန်ကုန် အပါအဝင် နေပြည်တော်နဲ့ နယ်မြို့အတော်များများမှာ ဖုန်းနဲ့ အင်တာနက်တွေ ပြတ်တောက်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။ရန်ကုန်မြို့မှာ တယ်လီနော၊ အော်ရီဒူးနဲ့ မြန်မာဆက်သွယ်ရေး အပါအဝင် ဖုန်းလိုင်းအတော်များများ ခေါ်လို့မရကြောင်းနဲ့ မြန်မာတပ်မတော်နဲ့ ဖက်စပ်ပြီး |
Posted: 31 Jan 2021 09:44 PM PST မြန်မာ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးဝင်းမြင့်နဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်တော်သစ် မခေါ်ယူခင် အချိန်ပိုင်းကလေးမှာပဲ ဖမ်းဆီးလိုက်တာ အတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း နယူးရောက် စံတော်ချိန် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ဒါဟာ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေးနဲ့ တရားရေး ဆိုင်ရာ အာဏာ |
နိုင်ငံတော်အာဏာ တစ်နှစ် သိမ်းလိုက်ကြောင်း တပ်မတော်ကြေညာ Posted: 31 Jan 2021 08:31 PM PST နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံကို တစ်နှစ်တိတိ လွှဲအပ်လိုက်တယ်လို့ တပ်မတော်ပိုင် သတင်းဌာနဖြစ်တဲ့ မြဝတီသတင်းဌာနက ဖေဖော်ဝါရီလ ၁ ရက် ဒီကနေ့မနက် ၈ နာရီ သတင်းအစီအစဉ်မှာ ကြေညာလိုက်ပါတယ်။နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီးလိုက်ပြီးနောက် ဒီအာဏာသိမ်းအမိန့်ကို ယာယီသမ္မတ ဦးမြင့်ဆွေက လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်လိုက်တာလို့ |
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony J. Blinken ရဲ့ ကြေညာချက် Posted: 31 Jan 2021 08:27 PM PST ဇန်နဝါရီလ ၃၁၊ ၂၀၂၁။အရပ်သား အစိုးရ ခေါင်းဆောင်များကို မြန်မာ စစ်တပ်မှ ဖမ်းဆီးခြင်း။မြန်မာ စစ်တပ်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင် အများအပြားကို ဖမ်းဆီးမှု သတင်းများကြောင့် အမေရိကန် အနေဖြင့် အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်ရပါသည်။ မြန်မာ စစ်တပ် ခေါင်းဆောင်များက ဖမ်းဆီးထားတဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ |
အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ရဲ့ မြန်မာ့အရေး သဘောထား ကြေညာချက် Posted: 31 Jan 2021 06:52 PM PST ဇန်နဝါရီ ၃၁၊ ၂၀၂၁။မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို နှောင့်နှေးသွားစေမည့် အခြေအနေကို ဦးတည်စေသော တပ်မတော်၏လုပ်ရပ်များနှင့် ပတ်သက်၍ သတင်းများ အပေါ် အမေရိကန် ပြည်ထောင်စုမှ စိုးရိမ်မကင်း ဖြစ်မိပါသည်။ သတင်းများ အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်ဘက် အရာရှိများအားလည်း ဖမ်းဆီးထားကြောင်း သိရပါသည်။ဤအခြေအနေနှင့် ပတ်သက်၍သမ္မတ Joe Biden အား အမျိုးသား |
တပ်မတော် မှ အာဏာသိမ်းကြောင်း ထုတ်ပြန်ကြေညာ Posted: 31 Jan 2021 06:16 PM PST နိုင်ငံတော် အာဏာကို ကာကွယ်ရေးဦးစီးချုပ်က ထိန်းသိမ်းလိုက်ကြောင်း တပ်ပိုင် မြဝတီ သတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။ရွေးကောက်ပွဲအတွင်း မဲစာရင်း မှားယွင်းမှုများကြောင့် နိုင်ငံရေး တည်ငြိမ်မှု ပျက်ပြားတဲ့ အတွက်ကြောင့် ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ဒါ့အပြင် နိုင်ငံတော် တစ်ဝန်း အရေးပေါ် အခြေအနေ တစ်နှစ်ကြေညာ ခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတ အဖြစ် ခန့်အပ် တာဝန်ပေးထားကြောင်း သတင်းထုတ် |
NLD ပြောခွင့်ရကို စစ်တပ်ဖမ်းဆီး Posted: 31 Jan 2021 06:12 PM PST အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းချိန် တနင်္လာနေ့ နံနက် (၇)နာရီကျော်လောက်မှာ စစ်တပ် က သူ့အိမ်ကို လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ နောက်ဆုံး ဗွီအိုအေကို ပြောနေတဲ့ အချိန်မှာ အိမ်ရှေ့ကို စစ်ကားရောက်လာပြီလို့ ဒေါက်တာမျိုးညွန့်က အခုလိုပြောပါတယ်။" စစ်ကားရောက်လာပြီလို့ ပြောတယ်။ အဖွဲ့ချုပ်အနေနဲ့ ပြည်သူနဲ့ တသားတည်းနေကြပါလို့ ပြော |
ပြည်နယ်တိုင်းအသီးသီး NLD ပါတီတာဝန်ရှိသူတွေကိုပါ ဖမ်းဆီး Posted: 31 Jan 2021 05:39 PM PST ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် အားလုံးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဗွီအိုအေက နောက်ထပ်စုံစမ်း သိရှိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရတဖွဲ့လုံးကို တနင်္လာနေ့ မနက်လင်းအားကြီးအချိန်မှာ နေအိမ်အသီးသီးကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်း တနင်္သာရီတိုင်း အစိုးရ စီမံဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချို ရဲ့ သားဖြစ်သူ ကိုကောင်းထက်က ဗွီအိုအေကို အခုလို အတည်ပြုပြောပါတယ်။"တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကနေ စပြီး |
Posted: 31 Jan 2021 05:01 PM PST NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို တပ်ဘက်က ဖမ်းဆီး ထိန်းသိမ်းထားပေမယ့် အခုချိန်အထိ ဘာကြောင့်လဲဆိုတာကို ထုတ်ပြန်ကြေညာခြင်းတော့ မရှိသေးပါဘူး။အာဏာ သိမ်းယူတာလား၊ ရွေးကောက်ပွဲ အငြင်းပွားမှုတွေကြောင့် လွှတ်တော်ကိုယ် စားလှယ်တွေကို ထိန်းသိမ်းတာလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။အာဏာသိမ်းမှုလို့ မကြေညာဘဲ ရွေးကောက်ပွဲအနိုင် ရရှိခဲ့တဲ့ NLD ပါတီ ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာဟာ လွှတ်တော် |
မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနကို တပ်ဘက်က ဝန်းရံထား Posted: 31 Jan 2021 04:24 PM PST ရန်ကုန်မြို့မှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အသံလွှင့်ဌာနကို တပ်မတော်က လာရောက် ဝိုင်းထားကြောင်း MRTV တာဝန်ရှိသူတွေက လူမှုကွန်ရက်မှာရေးသားကြပါတယ်။စစ်ကားတွေနဲ့ လာရောက်ဝိုင်းရံထားတာဖြစ်ပြီး ဘယ်တပ်ဖွဲ့ကလည်း ဆိုတာကိုတော့ မသိရသေးဘူး လို့ ဖော်ပြပါတယ်။MRTV ဝန်ထမ်း တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားရာမှာတော့ စစ်ကားအများအပြားနဲ့ လာရောက်တာလို့ ဆိုပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ဖို့ ဘီဘီစီက ဆက်လက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.