သစ္ထူးလြင္ |
- ပြည်နယ်အစိုးရအဖွဲ့ဝင်နဲ့ လွှတ်တော်တာဝန်ရှိသူတွေ ပြန်လွတ်မြောက်
- ဖမ်းဆီးခံ NLD ဝန်ကြီးတချို့ ပြန်လွတ်မြောက်
- မြန်မာစစ်အာဏာသိမ်းမှု လုံခြုံရေးကောင်စီမှာ အရေးပေါ်ဆွေးနွေးမည်
- တပ်မတော် အာဏာသိမ်းတာဟာ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ သမိုင်းကို ညစ်နွမ်းစေတဲ့ ဆောင်ရွက်မှု ဖြစ်တယ်လို့ NLD ကြေညာချက်ထုတ်ပြန်
- ဖမ်းခံထားရသည့် သျှမ်းပြည် ဝန်ကြီး ၂ ဦး တပ်မှ ပြန်မလွှတ်ပေးသေး
- ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးနှစ်ဦး ပြန်လွတ်လာ
- စစ်အာဏာသိမ်းမှုကြောင့် ကန် မြန်မာကုန်သွယ်ရေး ထိခိုက်နိုင်
- စစ်အာဏာသိမ်းမှု အခြေခံဥပဒေ ရှုထောင့် နှင့် နိုင်ငံတကာ ဝင်စွက်နိုင်ခြေ
- လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်က ပြန်လွှတ်
- ပိတ်ဆို့ခံနေရတဲ့ NLD အမတ်တွေ ဘာဆက်လုပ်ကြမလဲ
- ရသေ့တောင်အမတ်ဟောင်း ဒေါ်ခင်စောဝေလည်း ပြန်လွတ်လာ
- ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို နေအိမ်အကျယ်ချုပ်ဆက်ထား
- မန္တလေးတိုင်းဝန်ကြီးချုပ်အိမ်ပြန်ရောက်ပြီ ၊ နေအိမ်အကျယ်ချုပ်ဆက်ထားမယ်လို့ ဆို
- ပြည်တွင်း သတင်းရုပ်သံလိုင်းတချို့ ပြသခွင့်မရသေး
- ထိန်းသိမ်းခံထားရတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ပြန်လွတ်မည်
- အာဏာသိမ်းပြီး COVID ကာကွယ်ဆေးထိုးနှံမှုအခြေအနေ
- မြန်မာစစ်အာဏာသိမ်းမှု အပေါ် အမေရိကန် လွှတ်တော်အမတ်များ တုံ့ပြန်ချက်
- ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့အတူရပ်မယ်လို့ KNU ထုတ်ပြန်
- စစ်အာဏာသိမ်းမှုအပေါ် ပြည်သူတွေ့ရဲ့ တုံ့ပြန်မှုများ
- စစ်အာဏာသိမ်းမှုကို တခဲနက်ဆန့်ကျင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
- မလေးရောက်မြန်မာတွေကို ဌာနေပြန်ခေါ်မယ့် လေယာဉ်ရောက်မလာ ခရီးစဉ်ဖျက်သိမ်း
- အာဏာသိမ်း စစ်အစိုးရသစ် ဖွဲ့စည်းမှု
- ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တပ်ရင်းတခုမှာ ထိန်းသိမ်းခံထားရ
- စစ်တပ်အာဏာသိမ်းတဲ့ မြန်မာကို ဒဏ်ခတ်ဖို့ သမ္မတ Biden စဉ်းစားမည်
- မြန်မာ့အခြေအနေ နိုင်ငံတကာက ပူးပေါင်းဖိအားပေးဖို့ သမ္မတဂျိုးဘိုင်ဒင် တိုက်တွန်း
ပြည်နယ်အစိုးရအဖွဲ့ဝင်နဲ့ လွှတ်တော်တာဝန်ရှိသူတွေ ပြန်လွတ်မြောက် Posted: 02 Feb 2021 06:24 AM PST ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့က နေပြည်တော်မှာ လုပ်တဲ့ လွှတ်တော်အစည်းအဝေးကို လာတက်ကြတဲ့ NLD လွှတ်တော်အမတ်တချို့။ (ဇွန် ၀၁၊ ၂၀၂၀)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းထားတဲ့ တိုင်းနဲ့ပြည်နယ်က အစိုးရအဖွဲ့ဝင်တွေကို ဒီကနေ့ပဲ ပြန်လွှတ်ပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။တပ်မတော်က အာဏာသိမ်းပြီးနောက် ထိန်းသိမ်းထားတဲ့ တိုင်းနဲ့ပြည်နယ် |
ဖမ်းဆီးခံ NLD ဝန်ကြီးတချို့ ပြန်လွတ်မြောက် Posted: 02 Feb 2021 06:20 AM PST ရန်ကုန်မြို့ရှိ NLD ပါတီ ဌာနချုပ်။ ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းထားတဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ဆက်လက် ထိန်းသိမ်းခံထားရသူ တချို့လည်း ရှိနေဆဲဖြစ်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံအဝန်းက အစိုးရတာဝန်ရှိသူတွေနဲ့ |
မြန်မာစစ်အာဏာသိမ်းမှု လုံခြုံရေးကောင်စီမှာ အရေးပေါ်ဆွေးနွေးမည် Posted: 02 Feb 2021 06:17 AM PST မြန်မာစစ်အာဏာသိမ်းမှု လုံခြုံရေးကောင်စီမှာ အရေးပေါ်ဆွေးနွေးမည် မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားများ ဆန္ဒပြစဉ်။ (Photo: Reuters)မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ဒုတိယမြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့မှာ မကြာခင် နာရီပိုင်းအတွင်း ဒီပြဿနာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် တံခါးပိတ်ဆွေးနွေးကြ |
Posted: 02 Feb 2021 06:12 AM PST ဆန္ဒမဲပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တပ်မတော်က နိုင်ငံတော် အာဏာ သိမ်းလိုက်အပြီး တစ်ရက်အကြာ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက် ထွက်လာပါတယ်။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ဆောင်ရွက်လိုက်တာ ဖြစ်ပြီး နိုင်ငံသားတွေရဲ့ အချုပ်အခြာ အာဏာကို မျက်ကွယ်ပြုလိုက်တာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ဒီ |
ဖမ်းခံထားရသည့် သျှမ်းပြည် ဝန်ကြီး ၂ ဦး တပ်မှ ပြန်မလွှတ်ပေးသေး Posted: 02 Feb 2021 04:14 AM PST ဖေဖော်ဝါရီ ၂ ရက်၂၀၂၁တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် သျှမ်းပြည် အစိုးရအဖွဲ့ဝင်အချို့ ပြန်လွှတ်မြောက်လာ သော်လည်း ၂ ဦး ကျန်သေးကြောင်း စုံစမ်းသိရသည်။ယမန်နေ့ (ဖေဖော်ဝါရီ ၁) ရက် မနက်တွင် နိုင်ငံတော်၏ အာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တနှစ်တိတိ လွှဲအပ်သိမ်းယူလိုက်ကြောင်း က ကြေညာထားသည်။ထို့နောက် သျှမ်းပြည် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ နှင့် တောင်ကြီး အမျိုး သားဒီမိုကရေစီ |
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးနှစ်ဦး ပြန်လွတ်လာ Posted: 02 Feb 2021 04:12 AM PST နိရဉ်စရာ၊ ဖဖေောျဝါရီ ၂/ ၂ဝ၂၁ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီးနှစ်ဦးဖြစ်သည့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာတို့သည် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ပြန်လွတ်လာပြီဟု သတင်းရရှိသည်။ယမန်နေ့ ဖဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းချိန် ဂွမြို့အခြေစိုက်အမှတ် (၅၆၂)တပ်ရင်းက ၎င်းတို့သုံးဦးအား ခေါ် |
စစ်အာဏာသိမ်းမှုကြောင့် ကန် မြန်မာကုန်သွယ်ရေး ထိခိုက်နိုင် Posted: 02 Feb 2021 04:04 AM PST ရန်ကုန်မြို့ ဟိန္ဒူဘုရားကျောင်းရှေ့အနီးမှာ တွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တဦး။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် အမေရိကန်နဲ့မြန်မာ့ ကုန်သွယ်ရေး သိသိသာသာကျဆင်းသွားမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ မြန်မာစစ်တပ်က နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ထားတဲ့ အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှု |
စစ်အာဏာသိမ်းမှု အခြေခံဥပဒေ ရှုထောင့် နှင့် နိုင်ငံတကာ ဝင်စွက်နိုင်ခြေ Posted: 02 Feb 2021 04:02 AM PST နေပြည်တော်ရှိ လမ်းတခုတွင် စစ်ကားများနဲ့ လုံခြုံရေးယူထားတဲ့ မြင်ကွင်း။ (ဖဖော်ဝါရီ ၀၁၊ ၂၀၂၁)ထိုင်းနိုင်ငံမှာ စစ်အစိုးရတိုင်းဟာ သူတို့အာဏာသိမ်းပြီးတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲခဲ့တာကြောင့် ဖွဲ့စည်းပုံ စုစုပေါင်း အခု ၂၀ ထိ ရှိခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကိုကြည့်ရင် ထိုင်း စစ်တပ်က ရေးဆွဲခဲ့တဲ့ |
လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်က ပြန်လွှတ် Posted: 02 Feb 2021 03:48 AM PST လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်က ပြန်လွှတ် နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှေ့မှာ လုံခြုံရေးယူထားတဲ့ ရဲတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့ညနေက တွေ့ရစဉ် / Photo: RFAနေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ စစ်တပ်က ပိတ်ဆို့ပြီး ထိန်းသိမ်းခံထားရတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို ဒီကနေ့ ညနေ ၅ နာရီခွဲလောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်တွေကို နေအိမ်တွေကို ပြန်ကြဖို့ တပ်တာဝန်ရှိသူတွေက လာပြောခဲ့ |
ပိတ်ဆို့ခံနေရတဲ့ NLD အမတ်တွေ ဘာဆက်လုပ်ကြမလဲ Posted: 02 Feb 2021 03:46 AM PST မြန်မာ စစ်တပ် အာဏာရယူမှုကို ဂျပန်မှာ ဆန္ဒပြ။ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင်ပိုင်းကို စစ်တပ်က ဖမ်းဆီးထားချိန် အမှုဆောင် အဖွဲ့ဝင် တချို့က ရွေးကောက်ခံ လွှတ်တော် အမတ်တွေကို ဆက်လက် ဦးဆောင်နေပါတယ်။ ရွေးကောက်ခံ လွှတ်တော် အမတ်တွေရဲ့ ကျမ်းကျိန်ခွင့်က ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ အကျုံးဝင်တာကြောင့် ဒီအချိန်ထိ စစ်တပ်က ဝိုင်းရံ ထိန်းသိမ်းထားနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။ |
ရသေ့တောင်အမတ်ဟောင်း ဒေါ်ခင်စောဝေလည်း ပြန်လွတ်လာ Posted: 02 Feb 2021 03:43 AM PST ထိန်းသိမ်းခံလိုက်ရတဲ့ ရခိုင်ဝန်ကြီးချုပ်ရဲ့ မိသားစုဝင်တွေပြန်လွတ်ဖမ်းဆီးခံလိုက်ရတဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပု မိသားစုဝင်တွေဖြစ်တဲ့ ဇနီးနဲ့ သမီးတို့ကို မနေ့ ဖေဖော်ဝါရီ ၁ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရခိုင်ပြည်နယ် ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးက အတည်ပြုပြောဆိုပါတယ်။ ဝန်ကြီးချုပ်ဦးညီပုကိုတော့ ဂွမြို့နယ်အတွင်းက ခလရ ၅၆၂ တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့သိရပြီး ပြည်နယ် |
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို နေအိမ်အကျယ်ချုပ်ဆက်ထား Posted: 02 Feb 2021 03:41 AM PST မနေ့မနက်ပိုင်းက ဖမ်းဆီးခံရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ပြည်နယ်ဝန်ကြီး ၂ ဦးကို အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေက ဘားအံ မြို့ တပ်မ ၂၂ခြေမြန်ဌာနချုပ်သို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၂ ရက်မနက် ပိုင်း မနက်ပိုင်းမှာတာ့ နေအိမ်ကို ပြန်လည် ပို့ ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ဟာ နေအိမ် အကျယ်ချုပ် ဆက်လက် နေထိုင် ရမယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။ |
မန္တလေးတိုင်းဝန်ကြီးချုပ်အိမ်ပြန်ရောက်ပြီ ၊ နေအိမ်အကျယ်ချုပ်ဆက်ထားမယ်လို့ ဆို Posted: 02 Feb 2021 03:39 AM PST စစ်တပ်ကအာဏာသိမ်းပြီးနောက် မနေ့ကဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ ဒီကနေ့မနက် ၉ နာရီလောက်က နေအိမ်သို့ပြန်လည် ရောက်ရှိလာပြီလို့မန္တလေးတိုင်းဒေသကြီး NLD ပါတီက တာဝန်ရှိသူတွေက ပြောပါတယ်။နေအိမ်သို့ပြန်လည်ရောက်ရှိလာသော်လည်းသူကို နေအိမ်အကျယ်ချုပ်အဖြစ်ဆက်လက်ထားရှိမယ်လို့လဲသိရပါတယ်။ BBC Burmesehttps://www.bbc.com/burmese/live/burma-55882493 |
ပြည်တွင်း သတင်းရုပ်သံလိုင်းတချို့ ပြသခွင့်မရသေး Posted: 02 Feb 2021 03:35 AM PST ပြည်တွင်း သတင်းရုပ်သံလိုင်းတချို့ ပြသခွင့်မရသေး တပ်မတော် တပ်ထိန်းတစ်ဦးကို တွေ့ရစဉ်Reuters Photoစစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ၂၄ နာရီ ထုတ်လွှင့်နေတဲ့ ပုဂ္ဂလိ ကရုပ်သံလိုင်းတွေ အကုန်လုံးကို ယာယီပိတ်သိမ်းခံခဲ့ရပြီး ည ၉ နာရီဝန်းကျင်မှာ ရုပ်သံလိုင်းတချို့ကို ပြန်ဖွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ သတင်းဌာနလိုင်းတွေဖြစ်တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ မဇ္စျိမဌာနတို့ကတော့ အခုထိ |
ထိန်းသိမ်းခံထားရတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ပြန်လွတ်မည် Posted: 02 Feb 2021 03:33 AM PST ထိန်းသိမ်းခံထားရတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ပြန်လွတ်မည် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အစိုးရနေအိမ်ရှေ့မှာ လုံခြုံရေးယူနေတဲ့ ရဲတွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ် / Photo: RFAစစ်တပ်က အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တိုင်းနဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ ပြန်လွှတ်ပေး |
အာဏာသိမ်းပြီး COVID ကာကွယ်ဆေးထိုးနှံမှုအခြေအနေ Posted: 02 Feb 2021 03:31 AM PST ရန်ကုန်မြို့ ဧရာဝတီကိုဗစ်စင်တာတခုမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပေမဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး စီစဉ်ထားတဲ့အတိုင်း ဆက်လက် ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေတဲ့အကြောင်း မစုစုပြောပြပါမယ်။တပ်မတော်က အာဏာသိမ်းကြောင်း ကြေညာလိုက်တာကြောင့် အုပ်ချုပ်ရေးမှာ အပြောင်းအလဲတွေ ရှိနေပေမဲ့ ကာကွယ်ဆေး ထိုးနှံတဲ့ |
မြန်မာစစ်အာဏာသိမ်းမှု အပေါ် အမေရိကန် လွှတ်တော်အမတ်များ တုံ့ပြန်ချက် Posted: 02 Feb 2021 02:50 AM PST မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer ကစိုးရိမ်တကြီးစောင့်ကြည့်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ သူတို့ဟာ သမ္မတ Biden အစိုးရနဲ့ ဒီအရေးမှာ တန်းတူ ရပ်တည်နေတယ်၊ ရီပါပလီကန် ခေါင်းဆောင် မစ်ချ်မက်ကော်နယ်လ် အနေနဲ့လည်း မြန်မာ့ နိုင်ငံရေးရဲ့ အခြေအနေ အပေါ် စိုးရိမ်မှုတွေရှိနေတဲ့အတွက် ပါတီနှစ်ရပ် ပူးပေါင်းဆောင်ရွက်နိုင်မှာ |
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့အတူရပ်မယ်လို့ KNU ထုတ်ပြန် Posted: 02 Feb 2021 02:44 AM PST ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့အတူရပ်မယ်လို့ KNU ထုတ်ပြန်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးပြီး နိုင်ငံရေးပြဥနာအရပ်ရပ်ကို ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ကရင်အမျိုးသားအစည်းအရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်တိုက်တွန်းပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-55882493?fbclid= |
စစ်အာဏာသိမ်းမှုအပေါ် ပြည်သူတွေ့ရဲ့ တုံ့ပြန်မှုများ Posted: 02 Feb 2021 02:38 AM PST စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေရှိလာသလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကလည်း ဝေဖန်ပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေရဲ့ အမြင်သဘောထားတွေကို ကိုရဲစည်သူကာ က တင်ပြပါလိမ့်မယ်။အစိုးရ အဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော် အာဏာသိမ်းတဲ့ ၂ ရက်မြောက်နေ့ |
စစ်အာဏာသိမ်းမှုကို တခဲနက်ဆန့်ကျင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Posted: 02 Feb 2021 02:29 AM PST နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖမ်းမခံရခင်မှာ တပ်မတော်က အာဏာသိမ်းနိုင်တယ်ဆိုတာ ကြိုတင်ခန့်မှန်းမိတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တချို့နဲ့ တိုင်ပင်ပြီး ပြည်သူသို့ ပန်ကြားချက်တစောင် ရေးသားခဲ့တယ်လို့ သိရပါတယ်။အဲဒီစာမှာ NLD အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်မခံပေမယ့် လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်ခဲ့ချိန်ကစပြီး အဲဒီ ဖွဲ့စည်းပုံကို လိုက်နာခဲ့ကြောင်းနဲ့ ဒီဖွဲ့စည်းပုံကိုပြင်ဖို့လည်း ဥပဒေ |
မလေးရောက်မြန်မာတွေကို ဌာနေပြန်ခေါ်မယ့် လေယာဉ်ရောက်မလာ ခရီးစဉ်ဖျက်သိမ်း Posted: 01 Feb 2021 05:09 PM PST ဖေ ဖေါ်ဝါရီလ ၁ရက်မှာ ကယ်ဆယ်ရေးလေယာဉ်ဖျက်သိမ်းလိုက်တဲ့အတွက် အကျဉ်းစခန်းတွေဆီကိုပြန်ပို့ခံရတဲ့မြန်မာအကျဉ်းသားများ( မြန်မာလူမူ့ကူညီရေးအသင်း (မလေးရှား)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ ပိတ်မိနေသူတွေနဲ့ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် လိုက်ပါမယ့် လေယာဉ်ခရီးစဉ် ဖျက်ခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း |
အာဏာသိမ်း စစ်အစိုးရသစ် ဖွဲ့စည်းမှု Posted: 01 Feb 2021 05:07 PM PST မြန်မာနိုင်ငံမှာ တနှစ်တာ ကာလ အရေးပေါ် အခြေအနေ ကြေညာချက်နဲ့ နိုင်ငံ အာဏာကို ထိန်းချုပ်ကြောင်း တနလာင်္နေ့မှာ စစ်တပ်က ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီးထားပါတယ်။ယာယီ သမ္မတ အဖြစ်နဲ့ ဦးမြင့်ဆွေက နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ် |
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တပ်ရင်းတခုမှာ ထိန်းသိမ်းခံထားရ Posted: 01 Feb 2021 04:59 PM PST ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့ဟာ ဂွမြို့နယ်က တပ်ရင်းတစ်ခုမှာ ထိန်းသိမ်းခံထားရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီက တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က RFA ကိုပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ သမီးကိုပါ မနေ့ မနက် ၅ နာရီလောက်မှာ တပ်က အလားတူခေါ်သွားပေမယ့် ပြန်လွှတ်ပေးလိုက်တာကို ၁၀ နာရီလောက်မှာ သိရတယ်လို့ ဦးမင်းအောင်ကပြောပါ |
စစ်တပ်အာဏာသိမ်းတဲ့ မြန်မာကို ဒဏ်ခတ်ဖို့ သမ္မတ Biden စဉ်းစားမည် Posted: 01 Feb 2021 01:33 PM PST မြန်မာ စစ်တပ်က နိုင်ငံအာဏာကို လွှဲပြောင်းရယူပြီး နောက်မှာတော့ အမေရိကန်ဘက်က မြန်မာ အပေါ် ထိုက်သင့်တဲ့ အရေးယူ လုပ်ဆောင်ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေတွေကို ပြန်လည် သုံးသပ်မယ်လို့ သမ္မတ Joe Biden က တနလာင်္နေ့မှာ ပြောဆိုပါတယ်။၁၀ နှစ်နီးပါးကာလအတွင်း မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ အရပ်သားအုပ်ချုပ်မှုစနစ် ထူထောင်ရေးနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် မရပ်မနား ဆောင်ရွက်ခဲ့ကြ |
မြန်မာ့အခြေအနေ နိုင်ငံတကာက ပူးပေါင်းဖိအားပေးဖို့ သမ္မတဂျိုးဘိုင်ဒင် တိုက်တွန်း Posted: 01 Feb 2021 01:31 PM PST သမ္မတ ဂျိုးဘိုင်ဒင်"မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာလိုက်တာဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက် တိုက်ခိုက်တာဖြစ်ပါတယ်။ဒီမိုကရေစီနိုင်ငံတနိုင်ငံမှာ၊ ပြည်သူ့ဆန္ဒကို ပြောင်းလဲပြစ်ဖို့ ကြံစည်တာ သို့မဟုတ် ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.