သစ္ထူးလြင္ |
- ကုလလုံခြုံရေးကောင်စီမှာ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ဖို့ သဘောမတူနိုင်ခဲ့
- ရုရှားလုပ် ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုရှိ
- မြန်မာစစ်တပ်ကို ကန်ကြည်းတပ်ဦးစီးချုပ် ဆက်သွယ်ဖို့ကြိုးပမ်းမှု မအောင်မြင်
- စစ်တပ် အာဏာသိမ်းမှုအတွင်း ထိန်းသိမ်းခံခဲ့ရသူ ရာနဲ့ချီ ရှိ
- ဆရာဝန်တွေ ဖဲကြိုးနီ လှုပ်ရှားမှု စတင်
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
- တိုင်းနှင့်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများထုတ်ပြန်
- စစ်အစိုးရကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် သုံးသပ်နေ
- စစ်တပ်အာဏာသိမ်းမှု ရွှေဝါရောင်သံဃာ့ကွန်ရက် ကန့်ကွက်
- မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲ
- စစ်အာဏာသိမ်းမှုကို အနုနည်းအာဏာဖီဆန်မှု တချို့ရှိလာခြင်း
- ပေါင် ၃၂ သန်းကျော် ရန်ပုံငွေ ရှာပေးခဲ့တဲ့ စစ်ပြန် ဖိုးဖိုးကြီး တွမ်မိုး ကွယ်လွန်
- ကုလမှာ မြန်မာအရေးဆွေးနွေးနေစဉ် အမေရိကန်ရောက် မြန်မာတွေဆန္ဒပြ
- မြန်မာ့အပြောင်းအလဲ ကို “စစ်အာဏာသိမ်းခြင်း” အဖြစ် အမေရိကန် သတ်မှတ်လိုက်ပြီ
- စစ်တပ်ပိုင် မြဝတီ သတင်းစာမျက်နှာကို Facebook ကဖယ်ရှား
- မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး
- ရွေးကောက်ပွဲကော်မရှင် နဲ့ ရဲချုပ် အသစ်ခန့်
- နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း
- မန္တလေးတိုင်းဝန်ကြီးချုပ် ပြန်လွတ်ပေမဲ့ နေအိမ်အကျယ်ချုပ်ထား
- စစ်အာဏာသိမ်းမှု NCA ၁၀ ဖွဲ့ ကန့်ကွက်
- အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်ကြားရေးထုတ်ပြန်
- စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း civil disobedience လှုပ်ရှားမှု စတင်
ကုလလုံခြုံရေးကောင်စီမှာ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ဖို့ သဘောမတူနိုင်ခဲ့ Posted: 02 Feb 2021 05:11 PM PST မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချတဲ့ ပူးပေါင်းကြေညာချက် ထုတ်ဖို့ တောင်းဆိုတာကို တရုတ်ရဲ့ ကြားဝင်ကန့်ကွက်မှုကြောင့် သဘောမတူနိုင် ဖြစ်ခဲ့ပါတယ်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတီးနား ရှရာနာ ဘူဂနာက စစ်တပ်ရဲ့လုပ်ဆောင်မှုတွေကို ရှုတ်ချပြီး ဒီမိုကရေစီဖြစ်စဥ်ကို ထောက်ခံဖို့ တိုက်တွန်းထားခဲ့ပါတယ်။မြန်မာ စစ်တပ်ရဲ့ |
ရုရှားလုပ် ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုရှိ Posted: 02 Feb 2021 05:08 PM PST ရုရှားလုပ် ကိုဗစ်ကာကွယ်ဆေး Sputnik Vရုရှားနိုင်ငံက ထုတ်လုပ်တဲ့ COVID 19 ကာကွယ်ဆေး Sputnik-V က ဘေးကင်း လုံခြုံပြီး ထိရောက်ပုံရကြောင်း ရုရှားသိပ္ပံရှင်တွေရဲ့ကနဦး တွေ့ရှိချက်ကို ကိုးကားပြီး ဗြိတိန်နိုင်ငံထုတ် ဆေးဂျာနယ် ဖြစ်တဲ့ The Lancet မှာ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ဆောင်းဦးရာသီကစပြီး ရုရှားနိုင်ငံက လူပေါင်း ၂ သောင်းကို စမ်းသပ်ခဲ့တာမှာ COVID 19 ကို ကာကွယ်နိုင်တဲ့စွမ်းရည် ၉၁ ရာခိုင်နှုန်း ထိရောက်မှု |
မြန်မာစစ်တပ်ကို ကန်ကြည်းတပ်ဦးစီးချုပ် ဆက်သွယ်ဖို့ကြိုးပမ်းမှု မအောင်မြင် Posted: 02 Feb 2021 05:06 PM PST အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milleyအမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ပြောဆိုချက် အရ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley က အာဏာသိမ်းတဲ့ မြန်မာ စစ်တပ်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ကြောင်း အမည်မဖော်တဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတဦးက ရိုက်တာ သတင်းအေဂျင်စီကို ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်းက |
စစ်တပ် အာဏာသိမ်းမှုအတွင်း ထိန်းသိမ်းခံခဲ့ရသူ ရာနဲ့ချီ ရှိ Posted: 02 Feb 2021 05:02 PM PST စစ်တပ် အာဏာသိမ်းမှုအတွင်း ထိန်းသိမ်းခံခဲ့ရသူ ရာနဲ့ချီ ရှိဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုအတွင်း ထိန်းသိမ်း ခံခဲ့ရတဲ့သူပေါင်း ရာနဲ့ချီ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသီသနအဖွဲ့ အတွင်းရေးမှူးက စာရင်းပြုစုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေထားပါတယ်။မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ် |
ဆရာဝန်တွေ ဖဲကြိုးနီ လှုပ်ရှားမှု စတင် Posted: 02 Feb 2021 04:58 PM PST မြန်မာနိုင်ငံတဝန်းက ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်ဆရာမ ကျန်းမာရေး ဝန်ထမ်းတွေက ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က စတင်ပြီး အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အနေနဲ့ ဖဲကြိုးနီ လှုပ်ရှားမှုကို ပြုလုပ်မယ်လို့ သိရပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြမယ်ဆိုတာတော့ မသိရသေးပါဘူး။ဒီကနေ့ စတင်မယ့် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှုမှာ မြန်မာနိုင်ငံတဝန်းလုံးက ကျန်းမာရေးကဏ္ဍ |
Posted: 02 Feb 2021 03:47 PM PST SHAN News (Burmese Version)https://www.facebook.com/shannewsburmese |
တိုင်းနှင့်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများထုတ်ပြန် Posted: 02 Feb 2021 03:45 PM PST မုံရွာ၊ဖေဖော်ဝါရီ-၂ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်(၁၀/၂၀၂၁) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးကြောင်း ထုတ်ပြန်သည်။Monywa Gazettehttps://www.facebook.com/monywagazette/ |
စစ်အစိုးရကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် သုံးသပ်နေ Posted: 02 Feb 2021 03:36 PM PST စစ်အာဏာသိမ်းအစိုးရကို ပိတ်ဆို့အရေးယူဖို့ သုံးသပ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့က ပြောကြားလိုက်ပါတယ်။ ခုလို အာဏာသိမ်းလိုက်တာကို အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရပြီး ဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ဆက်လက် တိုက်တွန်းပါတယ်။ အရေးယူပိတ်ဆို့ဖို့ ဆွေးနွေးနေတဲ့အကြောင်း၊ ရိုဟင်ဂျာအရေးနဲ့ ဆက်နွယ်ပြီး တပ်ထိပ်တန်းတာဝန်ရှိသူ လေးဦးကို အမေရိကန်က အရေးယူပိတ်ဆို့ထားတဲ့ အကြောင်းလည်း |
စစ်တပ်အာဏာသိမ်းမှု ရွှေဝါရောင်သံဃာ့ကွန်ရက် ကန့်ကွက် Posted: 02 Feb 2021 03:35 PM PST စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း ရွှေဝါရောင်သံဃာ့ကွန်ရက်က ကြေညာလိုက်ပါတယ်။ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်ကို ဥပက္ခာပြုပြီး စစ်တပ် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာ့ကွန်ရက်က တနင်္လာနေ့က |
မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲ Posted: 02 Feb 2021 02:14 PM PST မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ ဧပြီတုန်းက မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးတခုကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ ဘက်က မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံကြောင်း ရှင်းလင်း ပြတ်သားတဲ့ သတင်းစကားပါးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener က အင်္ဂါနေ့ မြန်မာ့ အရေး လုံခြံုရေး ကောင်စီ တံခါးပိတ် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ |
စစ်အာဏာသိမ်းမှုကို အနုနည်းအာဏာဖီဆန်မှု တချို့ရှိလာခြင်း Posted: 02 Feb 2021 02:11 PM PST စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ရပ်ကွက်တစ်ချို့မှာ ၁၅ မိနစ်ကြာ ကားဟွန်းတွေတီး ၊ အိုးတွေ ခေါက်ပြီး ဆန္ဒပြခဲ့နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေ အနေနဲ့ civil disobedience လို့ ခေါ်တဲ့ ပြည်သူ တစ်ရပ်လုံးက ဆန့်ကျင်ခြင်း လှုပ်ရှားမှုမှာ ပါဝင် ဆင်နွှဲကြဖို့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က တိုက်တွန်း လိုက်ပါတယ်။NLD ပါတီ |
ပေါင် ၃၂ သန်းကျော် ရန်ပုံငွေ ရှာပေးခဲ့တဲ့ စစ်ပြန် ဖိုးဖိုးကြီး တွမ်မိုး ကွယ်လွန် Posted: 02 Feb 2021 02:09 PM PST အိန္ဒိယနဲ့ မြန်မာပြည်မှာ စစ်မှုထမ်းခဲ့တဲ့ အသက် ၁၀၀ နှစ်အရွယ် ဗြိတိသျှ စစ်ပြန်ကြီး ဗိုလ်ကြီးဟောင်း တွမ်မိုး ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားပါပြီ။အဆုတ်အအေးမိ ရောဂါ ခံစားနေရတဲ့ ဖိုးဖိုး တွမ် ဟာ အသက်ရှူကြပ်လာတဲ့အတွက် တနင်္ဂနွေနေ့က ဆေးရုံတင်ခဲ့ရပါတယ်။ သူ့မှာ ကိုဗစ် ရောဂါ ကူးစက်ခံထားရတယ်ဆိုတာ စမ်းသပ် တွေ့ခဲ့အပြီး ဒီကနေ့ အင်္ဂါနေ့ ညနေပိုင်းမှာ ကွယ်လွန်သွားခဲ့တာပါ။ဖိုးဖိုးကြီး တွမ် ဟာ ကိုရိုနာဗိုင်းရပ်စ် |
ကုလမှာ မြန်မာအရေးဆွေးနွေးနေစဉ် အမေရိကန်ရောက် မြန်မာတွေဆန္ဒပြ Posted: 02 Feb 2021 02:06 PM PST စစ်တပ်အာဏာသိမ်းတဲ့ လုပ်ရပ်ကိုရှုံချကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ရုံးရှေ့မှာ ဒီကနေ့ ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံအရေးကို ကုလ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေ အရေးပေါ် တံခါးပိတ် အစည်းအဝေး ကျင်းပနေတဲ့တချိန်တည်းမှာပဲ အခုလို ဆန္ဒပြနေကြတာပါ။ လတ်တလော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကနေ့တံခါးပိတ် |
မြန်မာ့အပြောင်းအလဲ ကို “စစ်အာဏာသိမ်းခြင်း” အဖြစ် အမေရိကန် သတ်မှတ်လိုက်ပြီ Posted: 02 Feb 2021 11:14 AM PST အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တံဆိပ်မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါပြီ။အချက်အလက် အခြေအနေတွေကို အသေအချာ ဆန်းစစ် သုံးသပ်ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး အာဏာရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နောက် ရွေးကောက်ခံ အစိုးရ အကြီးအကဲ ဦးဝင်းမြင့်တို့ကို ဖြုတ်ချမှုလို့ သတ်မှတ်ကြောင်း အမေရိကန် |
စစ်တပ်ပိုင် မြဝတီ သတင်းစာမျက်နှာကို Facebook ကဖယ်ရှား Posted: 02 Feb 2021 10:45 AM PST စစ်တပ်ပိုင် မြဝတီ သတင်းစာမျက်နှာကို Facebook ကဖယ်ရှား / Photo- AFPမြန်မာစစ်တပ်ပိုင် မြဝတီသတင်းဌာနကို ဖေ့ဘွတ်စ် လူမှုကွန်ရက်စာမျက်နှာကနေ ဖယ်ရှားလိုက်တယ်လို့ Facebook ကုမ္ပဏီက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီး စစ်အာဏာသိမ်းပြီး ၄၈ နာရီအတွင်းမှာ မြဝတီသတင်းဌာနကိုလည်း Facebook ကနေ ဖယ်ရှားလိုက်တာပါ။၂၀၂၀ ပြည့်နှစ် |
မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး Posted: 02 Feb 2021 10:43 AM PST မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေ / Photo: RFAစစ်အစိုးရက ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ အသစ်ဖွဲ့စည်းလိုက်တဲ့ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ" မှာ အရပ်သားသုံးဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေ တို့ကို အဖွဲ့ဝင်တွေအဖြစ် ထည့်သွင်းလိုက်ပါတယ်။ဖဒိုမန်းငြိမ်းမောင်ဟာ ကရင်အမျိုးသားအစည်းအရုံး ( |
ရွေးကောက်ပွဲကော်မရှင် နဲ့ ရဲချုပ် အသစ်ခန့် Posted: 02 Feb 2021 08:12 AM PST ရွေးကောက်ပွဲကော်မရှင် ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ကြောင်းကြေညာလိုက်ပြီးတော့ဦးသိန်းစိုးကို ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ပြီး အဖွဲ့ဝင် ၄ ဦးကို လည်းတာဝန်ပေးလိုက်တာတွေ့ရပါတယ်။အာဏာသိမ်း တပ်မတော် အစိုးရ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးရာထူးနဲ့ ရဲချုပ် ရာထူးကို ပူးတွဲ တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာ |
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း Posted: 02 Feb 2021 08:11 AM PST တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခေါင်းဆောင်ပြီး ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး တော့ ဖဒိုမန်းငြိမ်းမောင် ဦးခင်မောင်ဆွေ ဦးသိန်းညွှန့်စတဲ့ အရပ်သားတွေပါဝင်တာတွေ့ရပါတယ်။ကောင်စီထဲမှာ ဗိုလ်ချုပ်ကြီး ၆ ဦး နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ၂ ဦးတို့ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၄၁၉အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး |
မန္တလေးတိုင်းဝန်ကြီးချုပ် ပြန်လွတ်ပေမဲ့ နေအိမ်အကျယ်ချုပ်ထား Posted: 02 Feb 2021 08:07 AM PST မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ (ဓာတ်ပုံ - Dr Zaw Myint Maung's facebook - ဒီဇင်ဘာ ၀၄၊ ၂၀၂၀)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းခံခဲ့ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်း |
စစ်အာဏာသိမ်းမှု NCA ၁၀ ဖွဲ့ ကန့်ကွက် Posted: 02 Feb 2021 08:04 AM PST ကချင်ပြည်နယ် မြစ်ကြီးနားမြို့လမ်းတနေရာမှာ လှည့်လည်သွားလာနေတဲ့ စစ်တပ် တင့်ကားတစီး။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းလိုက်တာဟာ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းတဲ့ လုပ်ရပ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကန့်ကွက်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သား |
အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်ကြားရေးထုတ်ပြန် Posted: 02 Feb 2021 08:02 AM PST လူမှုကွန်ရက်မှာ ကြေညာချက်တွေထုတ်နေတာကို မလုပ်ကြဖို့နဲ့အခု အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ အဲဒီလိုဆက်လုပ်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။သတင်းမီဒီယာတချို့နဲ့ ပြည်သူတွေက လူမှုကွန်ရက်ပေါ်မှာ ကောလဟလ သတင်းတွေ ထုတ်ပြန်တာ၊ ဆူပူမှုတွေ ဖြစ်အောင် စည်းရုံးလှုံ့ဆော်တာ၊ မငြိမ်မသက်ဖြစ်အောင် ကြေညာချက် ထုတ်ပြန်တာတွေ မလုပ်ကြဖို့နဲ့ တည်ဆဲဥပဒေနဲ့အညီ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် |
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း civil disobedience လှုပ်ရှားမှု စတင် Posted: 02 Feb 2021 07:59 AM PST စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ အလုပ်မဆင်းဘဲ ကန့်ကွယ်မယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေပြောမြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ civil disobedience (ပြည်သူ့အာခံမှု) နည်းလမ်းနဲ့ တုံ့ပြန်သွားမယ်လို့ ရန်ကုန် လူငယ်ကွန်ရက်က ကြေညာပြီး မကြာခင်မှာပဲ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့ကြီးတချို့က ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတချို့ ဒီ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.