Thursday, February 4, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ရွေးကောက်ခံအစိုးရထံ အာဏာပြန်အပ်ဖို့ G-7 တောင်းဆို

Posted: 03 Feb 2021 06:48 PM PST

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားအပြီး နိုင်ငံရေး ခေါင်းဆောင်တွေ ထိန်းသိမ်းခံနေရတာကို အထူးစိုးရိမ် ပူပန်နေတဲ့ G-7 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို ချက်ချင်းရပ်ဆိုင်းပစ်ဖို့နဲ့ ဒီမိုကရေစီနည်းအရ ရွေးချယ်ခံ အစိုးရကို ပြန်လည် အာဏာ ပေးအပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံနဲ့အတူ ဥရောပ သမဂ္ဂ EU က

စစ်အာဏာရှင်ဆန့်ကျင်ရေး ဂျပန်၊ အမေရိကန်နဲ့ ထိုင်းမှာ ဆန္ဒပြ

Posted: 03 Feb 2021 06:45 PM PST

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ဂျပန်၊ အမေရိကန်နဲ့ ထိုင်းနိုင်ငံတွေမှာ ပြုလုပ်ခဲ့ကြပါတယ်။ဂျပန်နိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံး ရှေ့မှာ အာဏာသိမ်း မြန်မာစစ်တပ်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က ဆက်လက်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ပြုလုပ်

မန္တလေး ဧရာဝတီစင်တာမှာ ကိုဗစ်လူနာသစ်လက်မခံနိုင်တော့

Posted: 03 Feb 2021 06:43 PM PST

မန္တလေး ဧရာဝတီကုသရေးစင်တာမှာ အနံ့မရလူနာတွေ စစ်ဆေးပေးဖို့ ဆရာဝန်မရှိလို့ လူနာသစ် ထပ်မံလက်ခံ ပို့ပေးလို့ မရဘူးလို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆေးရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။အနံ့မရလူနာတွေကို သီးသန့်ကုသ စစ်ဆေးပေးတာ မန္တလေးဆေးရုံကြီးနဲ့ ဧရာဝတီကုသရေးစင်တာသာ ရှိပါတယ်။လက်ရှိမှာ မန္တလေးမြို့က ဖျားနာကုသရေး ဒေသန္တရ ဆေးခန်းတချို့တွေကိုလဲ ပိတ်သိမ်းလိုက်ပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေတွေကို လက်မခံလို့

မြန်မာစစ်အာဏာသိမ်းမှုကို ထောက်ခံတယ်လို့ပြောတာ တရုတ်ငြင်းဆန်

Posted: 03 Feb 2021 06:40 PM PST

မြန်မာစစ်တပ် အာဏာသိမ်းမှုကို တရုတ်နိုင်ငံက ထောက်ခံတယ် ဒါမှမဟုတ် တိတ်တဆိတ် သဘောတူညီမှု ပေးခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေကို တရုတ်အစိုးရက ငြင်းဆို လိုက်ပါတယ်။ဆက်စပ်ပြောကြားနေတဲ့ သီအိုရီတွေက မှန်ကန်မှု မရှိပါဘူး။ မြန်မာနိုင်ငံက အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်လို့ ဘက်အားလုံးက သဘောထား ကွဲလွဲတာတွေကို သင့်မြတ်စွာနဲ့ ဖြေရှင်းနိုင်ဖို့ နဲ့ နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်မှု ရှိဖို့ ဆန္ဒပြုပါတယ်လို့ တရုတ်

ဝါရှင်တန် မြန်မာသံရုံးအတွင်းဝန် နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပြီ

Posted: 03 Feb 2021 06:38 PM PST

ဝါရှင်တန် ဒီစီမှာရှိတဲ့ မြန်မာသံရုံးမှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးမောင်မောင်လတ်ဟာ အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံပြီး ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်ခဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို မကျေနပ်တဲ့အတွက် ပထမဆုံး မြန်မာသံတမန်အရာရှိတဦးအနေနဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် ဦးမောင်

စစ်အာဏာသိမ်းမှု မြန်မာ့အမျိုးသမီးသမဂ္ဂ ပြင်းပြင်းထန်ထန် ရှုတ်ချ

Posted: 03 Feb 2021 06:35 PM PST

နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က မတရားသိမ်းယူတာကို မြန်မာ့အမျိုးသမီးသမဂ္ဂက အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။  မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားတာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။စစ်အာဏာသိမ်းတာဟာ ကိုဗစ်ကာလအခက်အခဲတွေကြားက မဲပေးရွေးချယ်ခဲ့တဲ့ လူထုတွေရဲ့ သဘောထား

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို တရားစွဲခွင့်မရှိဘူးလို့ ရှေ့နေတွေပြော

Posted: 03 Feb 2021 06:32 PM PST

နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ အမှုဖွင့်ထားပြီး သူတို့ကို သတင်းနှစ်ပတ် ချုပ်ရက် ရမန် ပေးဖို့ ဇဗ္ဗူသီရိမြို့နယ်တရားရုံးကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၃ရက်နေ့က တောင်းခံတဲ့စာနှစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး NLD

Facebook ပိတ်ခဲ့ရင်

Posted: 03 Feb 2021 06:33 PM PST

Facebook ပိတ်ခဲ့ရင်....... အောက်က ပြထားတဲ့ Application ကို အရင်ဒေါင်းပါ။ #Andoid ပြီးရင် Application ကိုဖွင့်ပြီး connect ဆိုတာလေးကို ညာဘက်ရွှေ့လိုက်။ Connected ဖြစ်သွားရင် Facebook ဖွင့်ပြီး သုံးလို့ရပြီ။ဖြစ်နိုင်ရင် #Ultrasurf (beta) ကို အရင်သာ download ဆွဲထားကြပါ။ #Facebook ပိတ်ခဲ့ရင်....... အောက်က ပြထားတဲ့ Application ကို အရင်ဒေါင်းပါ။ #iOSပြီးရင် Application ကိုဖွင့်ပြီး country ရွေးStart

မြန်မာပြည်တွင်းမှာ ဖေ့စ်ဘွတ်ခ်သုံးဖို့ခက်

Posted: 03 Feb 2021 01:25 PM PST

မြန်မာနိုင်ငံတွင်းက ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေဟာ စစ်အာဏာသိမ်းပြီးနောက် ကြာသပတေးနေ့မှာ ဖေ့စ်ဘွတ်ခ် သုံးလို့မရတော့ဘူးလို့ ရိုက်တာ သတင်းအရ သိရပါတယ်။ဒီအချက်အလက်နဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်က ပြောခွင့်ရသူကို မေးမြန်းပေမဲ့ အခုထိ မတုံ့ပြန်သေးဘူးလို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။မိုဘိုင်းဖုန်းဒေတာကနေ အင်တာနက် အသုံးပြုသူတချို့ ဖေ့စ်ဘွတ်ခ်သုံးလို့ မရဘဲ ဖြစ်နေပြီး ဝိုင်ဖိုင်တပ်ဆင်ထားသူတချို့ကတော့ ကြာသပတေး မနက်

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ သံပုံးတီးလှုပ်ရှားမှု ဆက်လုပ်မည်

Posted: 03 Feb 2021 09:39 AM PST

 စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့နည်းလမ်းသုံးပြီး ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သံပုံးတီးတဲ့ လှုပ်ရှားမှုကို မနေ့က ည ၈ နာရီက ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ စတင်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုဆောင်ရွက်ဖို့ တကသ လို့ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားဟောင်းများအင်အားစု အပါအဝင် အဖွဲ့ ၁၇ ဖွဲ့က အွန်လိုင်းလူမှုကွန်ယက်စာမျက်နှာကတဆင့် နှိုးဆော်မှုတွေ လုပ်ခဲ့ကြတာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီး ဒုတိယရက်မှာ ဒီ

အာဏာသိမ်းမှု လက်မခံကြောင်း ကျန်းမာရေးဝန်ထမ်းတွေ လှုပ်ရှားမှုစတင်

Posted: 03 Feb 2021 09:36 AM PST

စစ်တပ်ကနေ ဖွဲ့စည်းပေးလိုက်တဲ့ စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ချင်ဘဲ မဲပေးရွေးချယ်ထားတဲ့ NLD အစိုးရ လက်အောက်မှာ အလုပ်လုပ်ချင်တဲ့အကြောင်း နည်းလမ်းမျိုးစုံနဲ့ ဆန္ဒပြတာတွေ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ရှိလာနေပါတယ်။ အဲဒီထဲမှာ ကျန်းမာရေး ဝန်ထမ်းတွေ အများစု ပါဝင်နေပါတယ်။Civil Disobedience (အာဏာဖီဆန်ရေး) ဆိုပြီး မတရားမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်နေကြတာပါ။ အဲဒီမှာ တချို့ ဆရာဝန်တွေနဲ့ ကျန်းမာရေး

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မှာ တိုင်းရင်းသားတွေနဲ့ ဖြည့်စွက်

Posted: 03 Feb 2021 09:34 AM PST

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှာ အရပ်သားအဖွဲ့ဝင် နောက်ထပ် ငါးဦးကို ဖြည့်စွက် ဖွဲ့စည်းလိုက်ပါတယ်။ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဖြည့်စွက်လိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေထဲမှာ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်နဲ့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအဖြစ် လွှတ်တော်သက်တမ်း ၂ ကြိမ်

အစိုးရသစ်က ပြည်ထောင်စု ဝန်ကြီးတွေရဲ့ အမည်စာရင်း ထုတ်ပြန်

Posted: 03 Feb 2021 09:32 AM PST

အာဏာသိမ်း အစိုးရသစ်ရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ပြည်ထောင်စု ဝန်ကြီးသစ်တွေ ၄ ဦးကို ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးတင်ထွဋ်ဦး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာ ပွင့်ဆန်း၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို တရားစွဲတာ နိုင်ငံတော်လုပ်ကြံမှုလို့ ကရင်ဝန်ကြီးချုပ်ပြေ

Posted: 03 Feb 2021 09:30 AM PST

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို တရားစွဲတာ နိုင်ငံတော်လုပ်ကြံမှုလို့ ကရင်ဝန်ကြီးချုပ်ပြော ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။  Photo: RFAနေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အစိုးရက တရားစွဲဆိုခဲ့တာဟာ နိုင်ငံတော်လုပ်ကြံမှုဖြစ်တယ်လို့ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့်

Posted: 03 Feb 2021 09:29 AM PST

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သမ္မတဦးဝင်းမြင့် ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အမှုဖွင့်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်က RFA ကို အတည်ပြု ပြောလိုက်ပါတယ်။အမှုစတင် စစ်ဆေးဖို့အတွက် ဒက္ခိဏခရိုင်တရားရုံးက သတင်းနှစ်ပတ် ချုပ်ရက်ရမန် ဒီကနေ့ ပေးလိုက်တယ်လို့ NLD

သမ္မတ နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အမှုဖွင့်ရမန်ယူ

Posted: 03 Feb 2021 09:26 AM PST

ReutersCopyright: Reutersသမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုဖွင့်ပြီး ၁၄ ရက် ချုပ်ရမန် ယနေ့ (ဖေဖော်ဝါရီ ၃)ရက်မှာ ရယူကြောင်း NLD ဗဟိုပြန်ကြားရေးအဖွဲ့ ရုံးအဖွဲ့မှူး ဦးကြည်တိုးက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား အတည်ပြုထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေနဲ့ တရားစွဲဆိုထားပြီး ဦးဝင်းမြင့်ကို သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု

NLD အမတ်တွေက သူတို့ရဲ့ ရာထူးတာဝန်ကို ဘယ်သူမှ ရုပ်သိမ်းခွင့် မရှိဘူးလို့ ထုတ်ပြန်

Posted: 03 Feb 2021 09:24 AM PST

လွှတ်တော်အမတ်တွေ နေထိုင်နေတဲ့နေပြည်တော်စည်ပင်ရိပ်သာImage caption: လွှတ်တော်အမတ်တွေ နေထိုင်နေတဲ့နေပြည်တော်စည်ပင်ရိပ်သာပြည်သူ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖျက်သိမ်းခဲ့တာကို ဆန့်ကျင်ကြောင်းနဲ့ ဦးဝင်းမြင့်ကိုသာ တရားဝင် နိုင်ငံတော်သမ္မတ အဖြစ် အခိုင်အမာ လက်ခံထားကြောင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ရှိနေကြတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေက

မြန်မာ့ငွေကြေးနဲ့ ရွှေစျေးကွက် လှုပ်ခတ်

Posted: 03 Feb 2021 09:22 AM PST

ရန်ကုန်မြို့ရှိ ရွှေဆိုင်တခုမှာ တွေ့ရတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၀၁၊ ၂၀၁၀)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စိုးရိမ်မှုတွေနဲ့အတူ ကုန်စျေးနှုန်းတွ မတည်မငြိမ်ဖြစ်လာနေရာမှာ အမေရိကန်ဒေါ်လာနဲ့ ရွှေစျေးဟာလည်း စံချိန်တင်မြင့်တက်လာနေပါတယ်။ အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေးမှာ ရိုက်ခတ်လာတဲ့ အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် အဂ္ဂနွန်က တင်ပြပေးပါမယ်။အရပ်သားအစိုးရ ထိပ်တန်းခေါင်းဆောင်

စစ်အာဏာသိမ်းမှုကြောင့် IDP အခြေအနေစိုးရိမ်

Posted: 03 Feb 2021 09:20 AM PST

ကချင်စစ်ရှောင်ဒုက္ခသည်များ။ (မတ် ၂၈၊ ၂၀၁၇)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တိုင်းရင်းသားဒေသတွေက စစ်ရှောင်ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ အုပ်ချုပ်မှု အပြောင်းအလဲတွေကြောင့် နေရပ်ပြန်ရေး အစီအစဉ်တွေမှာပါ ရိုက်ခတ်လာမှာကို အကူအညီပေးနေသူတွေ စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြ

ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်ခေါ်ဖို့ ကိုယ်စားလှယ်တွေ တောင်းဆို

Posted: 03 Feb 2021 09:18 AM PST

ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်ခေါ်ဖို့ ကိုယ်စားလှယ်တွေ တောင်းဆို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ နေထိုင်တဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) ကို ၂၀၂၁၊ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ် / Photo: RFAနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည် အပါအဝင် ဖမ်းဆီးသူတွေကို အမြန်ဆုံးချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်အစည်းအဝေး ခေါ်ယူဖို့

စည်ပင်သာယာရေးကော်မတီဝင်တချို့ နုတ်ထွက်မှုတွေရှိလာ

Posted: 03 Feb 2021 09:16 AM PST

စည်ပင်သာယာရေးကော်မတီဝင်တချို့ နုတ်ထွက်မှုတွေရှိလာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ် / Photo: RFAမန္တလေးတိုင်းစည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် ခြောက်ဦးဟာ တာဝန်ကနေ နုတ်ထွက်စာတင်လိုက်ပြီဖြစ်ပါတယ်။နုတ်ထွက်စာတင်ထားသူတွေကို စစ်တိုင်းမှူးနဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက စည်ပင်လည်ပတ်ဖို့ အရေးကြီးတဲ့အတွက် ဝိုင်းဝန်းဆောင်ရွက်ဖို့ ဒီနေ့ မနက်က

ဖဒိုမန်းငြိမ်းမောင်နဲ့ မပတ်သက်ကြောင်း KNU ထုတ်ပြန်

Posted: 03 Feb 2021 09:10 AM PST

ဖဒိုမန်းငြိမ်းမောင်Copyright: ဖဒိုမန်းငြိမ်းမောင်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်နေတဲ့ ဖဒိုမန်းငြိမ်းမောင်နဲ့ မပတ်သက်ကြောင်း KNU ထုတ်ပြန်ပါတယ်။KNU ကရင်အမျိုးသား အစည်းအရုံးဟာ တပ်မတော်ရဲ့ နိုင်ငံတော် အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ အဖွဲ့ဖြစ်ကြောင်းနဲ့ အာဏာသိမ်းအစိုးရက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ အမည်ပါဝင်နေတဲ့ ဖဒို မန်းငြိမ်းမောင်နဲ့ KNU လုံးဝ မပတ်သက်

မြန်မာပြည်သူတွေကို အခိုင်အမာ ထောက်ခံတယ်လို့ ယူကေပြော

Posted: 03 Feb 2021 09:08 AM PST

အာရှဒေသဆိုင်ရာ ယူကေနိုင်ငံ ၀န်ကြီး နိုင်ဂျယ် အဒမ်စ်Image caption: အာရှဒေသဆိုင်ရာ ယူကေနိုင်ငံ ၀န်ကြီး နိုင်ဂျယ် အဒမ်စ်မြန်မာပြည်သူလူထုအပေါ် ယူကေအစိုးရက အခိုင်အမာ ထောက်ခံအားပေးကြောင်း အာရှဒေသဆိုင်ရာ ယူကေနိုင်ငံ ၀န်ကြီး နိုင်ဂျယ် အဒမ်စ် က ယူကေလွှတ်တော်မှာ မနေ့က တင်သွင်းဖတ်ကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ထုတ်ပြန်ပါတယ်။"မြန်မာနိုင်ငံမှာ တပ်မတော်မှ အာဏာသိမ်းတာ၊ အရေးပေါ်အခြေအနေ ကြေညာ

မြန်မာစစ်အာဏာသိမ်းမှု နိုင်ငံတကာတုံ့ပြန်မှု မတူညီ

Posted: 03 Feb 2021 09:07 AM PST

လုံခြုံရေးယူနေတဲ့ စစ်သားနှစ်ဦးကို နေပြည်တော်မှာ တွေ့ရ။ (ဖေဖော်ဝါရီ ၂၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူလိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေ မတူညီတာတွေရှိပါတယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံအများစုက ပြင်းပြင်းထန်ထန်ဝေဖန်ပေမဲ့ တရုတ်၊ ဂျပန် စတဲ့ အာရှနိုင်ငံတွေကတော့ သတိနဲ့ ချဉ်းကပ်တုံ့ပြန်နေကြပါတယ်။ နန်းလောင်ဝ်

စစ်အစိုးရနဲ့ မပူးပေါင်းရေး ဆန့်ကျင်လှုပ်ရှားမှုအရှိန် မြင့်လာ

Posted: 03 Feb 2021 09:05 AM PST

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြတဲ့ ကျန်းမာရေးဝန်ထမ်းများကို မန္တလေးမြို့ ကိုဗစ်စင်တာ တခုမှာတွေ့ရ။ (ဓာတ်ပုံ - PROF CHO MAR LWIN - ဖေဖော်ဝါရီ ၀၃၊ ၂၀၂၁)မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းအုပ်ချုပ်တာကို ဆန့်ကျင်လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။ အစိုးရဝန်ထမ်းတွေ၊ လူမှုအဖွဲ့အစည်းတွေက စစ်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရား ရပ်တန့်သွားစေဖို့အတွက် ငြိမ်းချမ်းတဲ့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.