သစ္ထူးလြင္ |
- NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း
- စစ်အစိုးရကို အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာ
- မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ အမေရိကန် သမ္မတ ပြော
- စစ်အစိုးရဆန့်ကျင်တဲ့ ဖမ်းဆီးခံ ကျောင်းသား လေးဦးကို ရုံးထုတ်
- သံပုံးတီးဆန့်ကျင်တဲ့ ဆင်းရဲသားပြည်သူတချို့ ထောင် ၇ ရက် ချမှတ်ခံရ
- မြန်မာစစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲတွေ ပြည်ပနိုင်ငံတွေမှာလည်း ဆက်လုပ်နေကြ
- ရန်ကုန်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေ ထပ်ဖြစ်
- စစ်ကိုင်းက ကြေးနီစီမံကိန်းဝန်ထမ်းတွေလည်း ဖဲကြိုးနီလှုပ်ရှားမှုမှာပါဝင်လာ
- ပညာရေးဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှု
- စစ်အစိုးရရဲ့ ကမ်းလှမ်းမှုအပေါ် အရှိုချင်းအမျိုးသားပါတီ ငြင်းပယ်
- ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးစိုးထက် အပါအဝင် လေးဦး ပြန်မလွှတ်သေး
- မြန်မာ့အရေး အာဆီယံသဘောတူညီချက်ထွက်ဖို့ မလေးရှား တိုက်တွန်း
- ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်းတွေ Kirin အဖျော်ယမကာကုမ္ပဏီ ရပ်ဆိုင်းတော့မည်
- အစိုးရဝန်ထမ်းတွေ အာဏာရှင် ဖီဆန်ရေးလှုပ်ရှားမှု အရှိန်မြှင့်
- မန္တလေးမှာ သံပုံးတီးတဲ့လူ ခြောက်ယောက် အဖမ်းခံရ
- မန္တလေးက ကုန်သည်တချို့ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပါဝင်
- ANP က ပြည်သူကို အစီရင်ခံစာ ထုတ်ပြန်
- သမ္မတ Biden ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မြန်မာ့အရေး အာဆီယံ သံအမတ်တွေနဲ့ ဆွေးနွေး
- မြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့ အသိအမှတ်ပြုရေး IMF မဆုံးဖြတ်ရသေး
- မြန်မာမှာ စစ်အာဏာသိမ်းမှု ပြည်တွင်းပြည်ပ ရှုတ်ချ
- မြန်မာ့အရေး ပြည်တွင်း ပြည်ပ လှုပ်ရှားမှု အရှိန်တက်လာနေ
- မြန်မာစစ်အာဏာသိမ်းမှုအတွက် ပစ်မှတ်ထားဒဏ်ခတ်ဖို့ အမေရိကန် ပြင်ဆင်နေပြီ
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆို
- ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီး
- ✔ အကောင်းဆုံး VPN ဆော့ဝဲလ် (၅) မျိုး ✔
NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း Posted: 05 Feb 2021 08:05 AM PST ရှမ်းပြည်နယ် NLD ရုံးရှိ NLD ပါတီအလံ။ (National League for Democracy - Shan State - ဇန်နဝါရီ ၁၄၊ ၂၀၂၁)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီကနေ့ကြေညာပါတယ်။ကုလသမဂ္ဂ၊ နိုင်ငံတကာပါလီမန်တွေအပြင် နိုင်ငံတကာသံတမန်တွေအနေနဲ့ အခုဖွဲ့စည်းလိုက်တဲ့ ကိုယ်စားပြု |
စစ်အစိုးရကို အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာ Posted: 05 Feb 2021 08:01 AM PST ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဆေးရုံ မှာပြုလုပ်ခဲ့တဲ့ CDM လှုပ်ရှားမှုမြန်မာနိုင်ငံက အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုအာဏာဖီဆန်မှုလို့ အမည်ပေးထားတဲ့ Civil Disobedience Myanmar CDM လှုပ်ရှားမှု ၄ ရက်မြောက်နေ့မှာတော့ ပညာရေးကဏ္ဍက ဆရာဆရာမတွေဝန်ထမ်းတွေအပြင် ဝန်ကြီးဌာနတွေက အစိုးရဝန်ထမ်းတွေနဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ၊ ကုန်သည်တွေစတဲ့ ကဏ္ဍစုံကပါဝင်လာကြပါတယ်။ဒါအပြင် စစ်အာဏာသိမ်း |
Posted: 05 Feb 2021 07:58 AM PST "အမေရိကန် နိုင်ငံခြားရေးရုံးမှာ ပြောကြားခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့မိန့်ခွန်းထဲမှ ကောက်နုတ်ချက်""မြန်မာစစ်တပ်အနေနဲ့ သူတို့သိမ်းယူထားတဲ့အာဏာကို ချက်ချင်း စွန့်လွှတ်ရပါမယ်၊ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဦးဆောင်စည်းရုံးသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေကို ပြန်လွှတ်ပေးရပါမယ်၊ ဆက်သွယ်ရေး ကန့်သတ်ချက် အကုန်လုံးကို ပြန်ပြီးရုပ်သိမ်းပေးရပါမယ်၊ လူထုအပေါ်အကြမ်းဖက်ခြင်းကနေ ရှောင်ကြဉ်ရပါမယ်""ဒီမိုကရေစီ |
စစ်အစိုးရဆန့်ကျင်တဲ့ ဖမ်းဆီးခံ ကျောင်းသား လေးဦးကို ရုံးထုတ် Posted: 05 Feb 2021 07:56 AM PST စစ်အစိုးရဆန့်ကျင်တဲ့ ဖမ်းဆီးခံ ကျောင်းသား လေးဦးကို ရုံးထုတ် အာဏာသိမ်း စစ်အစိုးရ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့လို့ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသား လေးဦးကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၅ ရက်နေ့က ရုံးထုတ်စဉ် / Photo: RFAအာဏာသိမ်း စစ်အစိုးရ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသား လေးဦးကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ |
သံပုံးတီးဆန့်ကျင်တဲ့ ဆင်းရဲသားပြည်သူတချို့ ထောင် ၇ ရက် ချမှတ်ခံရ Posted: 05 Feb 2021 07:55 AM PST စစ်အစိုးရဆန့်ကျင်တဲ့ သံပုံးတီးတဲ့ပြည်သူတွေထဲမှာ အောက်ခြေဆင်းရဲသားပြည်သူတချို့ကို ရဲတပ်ဖွဲ့ ကစပြီး ဖမ်းဆီး ထောင်ချတာတွေရှိလာနေပါတယ်။မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မနေ့ည ၈ နာရီက သံပုံးတီးခဲ့တဲ့ လူ ခြောက်ယောက်ကို ရဲတပ်ဖွဲ့ က ရဲအက်ဥပဒေ ၄၇ နဲ့ ဖမ်းဆီးခဲ့ပြီးနောက် ဒီနေ့မနက်က ချမ်းမြသာစည် မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ နေ့လယ် ၃ ခွဲမှာတော့ ဖမ်းဆီးခံထားရသူတွေထဲက နှစ်ယောက်ကို ထောင်ဒဏ် |
မြန်မာစစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲတွေ ပြည်ပနိုင်ငံတွေမှာလည်း ဆက်လုပ်နေကြ Posted: 05 Feb 2021 07:53 AM PST တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စစ်အာဏာဆန့်ကျင်မှု ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၀၅၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေမှာ ဒီကနေ့ ဆန္ဒပြပွဲတွေနဲ့တောင်းဆိုခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ လုပ်ခဲ့တဲ့ |
ရန်ကုန်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေ ထပ်ဖြစ် Posted: 05 Feb 2021 07:52 AM PST စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့က ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၅၊ ၂၀၂၁)မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို မကျေနပ်တာကြောင့် လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြသူတွေ ရှိနေပါတယ်။ ရန်ကုန်မြို့မှာ ဆိုရင်လည်း ဒီရက်ထဲမှာပဲ တက်ကြွလှုပ်ရှားသူ လူငယ်တချို့ ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပေးမှာပါ။တပ်မတော်က |
စစ်ကိုင်းက ကြေးနီစီမံကိန်းဝန်ထမ်းတွေလည်း ဖဲကြိုးနီလှုပ်ရှားမှုမှာပါဝင်လာ Posted: 05 Feb 2021 07:49 AM PST မြန်မာယန်စီကြေးနီမိုင်း စီမံကိန်းဝန်ထမ်းတွေလှုပ်ရှားမှုစစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာရှိတဲ့ကြေးစင်တောင် မြန်မာယန်စီ Myanmar Yang Tse (MYTCM) ကြေးနီမိုင်း စီမံကိန်းက စက်ကြီး၊ ယာဉ်သေးဌာနခွဲ၊ ပြုပြင်ရေးဌာနနဲ့ ထောက်ပံ့ရေးဌာနတို့က ဝန်ထမ်း ၉၀ နီးပါးဟာ civil disobedience လှုပ်ရှားမှုကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာပဲ ပါဝင်လာပါတယ်။ဒါ့ပြင် ထုတ်လုပ်မှုစက်ရုံ( process |
ပညာရေးဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှု Posted: 05 Feb 2021 07:48 AM PST ပညာရေးဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှုမြစ်ကြီးနားမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့က မြစ်ကြီးနားတက္ကသိုလ်က ဘာသာရပ်ပေါင်းစုံးဆရာ ဆရာမ တွေက ဖဲကြိုးနီလှုပ်ရှားမှု ကို မနက်၁၁နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မိုးညင်းတက္ကသိုလ်ဆရာဆရာမများကလည်း စစ်အာဏာရှင်အလိုမရှိ ၊ ဖမ်းဆီးခခံထားရသောနိူင်ငံတော်သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို စတဲ့ ကြွေးကြော်သံတွေနဲ့အတူ |
စစ်အစိုးရရဲ့ ကမ်းလှမ်းမှုအပေါ် အရှိုချင်းအမျိုးသားပါတီ ငြင်းပယ် Posted: 05 Feb 2021 07:42 AM PST စစ်အစိုးရရဲ့ ကမ်းလှမ်းမှုအပေါ် အရှိုချင်းအမျိုးသားပါတီ ငြင်းပယ် အရှိုချင်းအမျိုးသားပါတီအဖွဲ့ဝင်တွေကို ၂၀၁၅၊ ဇန်နဝါရီလက မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လင်းတဲရွာမှာ ကျင်းပတဲ့ ပါတီညီလာခံမှာ တွေ့ရစဉ် / Photo: Asho Chin National Partyအာဏာသိမ်းစစ်အစိုးရက ဖွဲ့စည်းနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ နေရာတစ်နေရာ ပါဝင်ဖို့ တပ်မတော်ဘက်က အရှိုချင်း အမျိုးသားပါတီကို ကမ်းလှမ်းခဲ့ပေမယ့် ပါတီက လက်မခံဘဲ |
ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးစိုးထက် အပါအဝင် လေးဦး ပြန်မလွှတ်သေး Posted: 05 Feb 2021 07:41 AM PST ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးစိုးထက် အပါအဝင် လေးဦး ပြန်မလွှတ်သေး ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ ဦးစိုးထက် (အလယ်လူ)ကို တွေ့ရစဉ် Photo: Soe Htet - facebookဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက တပ်မတော်က စစ်အာဏာသိမ်းပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထားရာမှာ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် အပါအဝင် အစိုးရအဖွဲ့ဝင် လေးဦး |
မြန်မာ့အရေး အာဆီယံသဘောတူညီချက်ထွက်ဖို့ မလေးရှား တိုက်တွန်း Posted: 05 Feb 2021 07:12 AM PST မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin(ဝဲ) နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo(ညာ)တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ တွေ့ဆုံတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Biro Pers - ဖေဖော်ဝါရီ ၅၊ ၂၀၂၁)မြန်မာ့အရေးကိစ္စကို အာဆီယံအဖွဲ့အနေနဲ့ အထူးစည်းဝေးပြီး သဘောတူညီချက်တရပ်ထွက်ဖို့ လိုအပ်တယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ အင်ဒိုနီးရှားသမ္မတနဲ့တွေ့ဆုံ |
ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်းတွေ Kirin အဖျော်ယမကာကုမ္ပဏီ ရပ်ဆိုင်းတော့မည် Posted: 05 Feb 2021 07:09 AM PST Kirin အဖျော်ယမကာများမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ စီးပွားလုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Kirin အဖျော်ယမကာလုပ်ငန်းကုမ္ပဏီက ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။မကြာသေးခင်ရက်ပိုင်းအတွင်း မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ခဲ့မှုတွေအပေါ် ကုမ္ပဏီအနေနဲ့ အထူးစိုးရိမ် ပူပန်မိကြောင်း၊ ဒီလုပ်ဟာ |
အစိုးရဝန်ထမ်းတွေ အာဏာရှင် ဖီဆန်ရေးလှုပ်ရှားမှု အရှိန်မြှင့် Posted: 05 Feb 2021 07:04 AM PST စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက်မှာ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေ အပါအဝင် နယ်ပယ်အသီးသီးက ဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း Civil Disobedience ( အာဏာရှင် ဖီဆန်ရေး ) ဆိုပြီး မတရားမှုကို ဆန့်ကျင်တာတွေ အရှိန်အဟုန် မြှင့်လာကြပါတယ်။စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ကြောင်းနဲ့ ပြည်သူ့ဆန္ဒကိုအလေးထားဖို့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် က ဆရာ၊ ဆရာမ ၃၀၀ ကျော်နဲ့ |
မန္တလေးမှာ သံပုံးတီးတဲ့လူ ခြောက်ယောက် အဖမ်းခံရ Posted: 05 Feb 2021 06:57 AM PST မန္တလေးမှာ သံပုံးတီးတဲ့လူ ခြောက်ယောက် အဖမ်းခံရ မန္တလေးမြို့ နေအိမ်တွေကနေ သံပုံးတီးခဲ့လို့ ဖမ်းဆီးထားသူများကို ၂၀၂၀ ဖေဖော်ဝါရီ ၅ရက်နေ့က ချမ်းမြသာစည်မြို့နယ် တရားရုံးကို ခေါ်ဆောင်လာစဉ် / Photo: RFAနေအိမ်တွေကနေ သံပုံးတီးခဲ့လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသား၊ အမျိုးသမီး ခြောက်ယောက် ကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မနေ့ညက ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့မနက် ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးထုတ် |
မန္တလေးက ကုန်သည်တချို့ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပါဝင် Posted: 05 Feb 2021 06:37 AM PST စစ်အာဏာသိမ်း အစိုးရ အလိုမရှိတာ၊ ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဖမ်းဆီခံလူအားလုံးကို လွှတ်ပေးဖို့ မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းက တတ်ကြွလှုပ်ရှားသူ လူငယ်တွေ ပူးပေါင်းပြီး ဖဲကြိုးနီလှုပ်ရှားမှု ကို ဒီမနက်မှာပြုလုပ်ခဲ့ပါတယ်။ပဲနှမ်းကုန်သည် လူငယ်တွေ သုံးရာကျော် ပါဝင်လှုပ်ရှားပြီး သူတို့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်တွေကနေ civil disobedience လှုပ်ရှားမှု |
ANP က ပြည်သူကို အစီရင်ခံစာ ထုတ်ပြန် Posted: 05 Feb 2021 06:33 AM PST ရခိုင်အမျိုးသားပါတီ ANPရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် တပ်မတော်က အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ခန့်အပ်ခံရပြီးတဲ့နောက် ပြည်သူများသို့ အစီရင်ခံစာတင်ပြခြင်းလို့ အမည်တပ်ထားတဲ့ ရှင်းလင်းကြေညာချက်တစ်စောင် ANP ကထုတ်ပြန်လိုက်ပါတယ်။အဲဒီစာမှာ ရခိုင်အကျပ်အတည်း ကိစ္စရပ်တွေ အပါအဝင် တခြားသော ရခိုင်အမျိုးသား အကျိုးစီးပွားတွေ ရင်ဆိုင်ကျော်လွှားဖို့ |
သမ္မတ Biden ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မြန်မာ့အရေး အာဆီယံ သံအမတ်တွေနဲ့ ဆွေးနွေး Posted: 05 Feb 2021 06:28 AM PST သမ္မတ Biden ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivanအမေရိကန် သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Jake Sullivan က မနေ့ ညနေပိုင်းက အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)အဖွဲ့ နိုင်ငံတွေရဲ့ ဝါရှင်တန် အခြေစိုက် သံအမတ်ကြီးတွေနဲ့ တယ်လီဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့တယ်လို့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောခွင့်ရ Emily Horne က ပြောပါတယ်။ အဲဒီလို တယ်လီဖုန်း နဲ့ ဆက်သွယ် စကားပြောစဉ်မှာ Mr. |
မြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့ အသိအမှတ်ပြုရေး IMF မဆုံးဖြတ်ရသေး Posted: 05 Feb 2021 06:23 AM PST မြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့ အသိအမှတ်ပြုရေး IMF မဆုံးဖြတ်ရသေး မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်အုပ်ချုပ်ရေးအဖွဲ့ကို တရားဝင်အစိုးရတရပ်အဖြစ် အသိမှတ်ပြု မပြု ဆုံးဖြတ်ရာမှာ IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံများ ဆိုင်ရာလမ်းညွှန်ချက် နဲ့ အညီ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အဖွဲ့ ပြောခွင့်ရ Gerry Rice က ကြာသပတေးနေ့မှာ ပြောပါတယ်။မြန်မာနိုင်ငံက အခြေနေတွေကို IMF က အနီးကပ်စောင့်ကြည့်နေကြောင်း |
မြန်မာမှာ စစ်အာဏာသိမ်းမှု ပြည်တွင်းပြည်ပ ရှုတ်ချ Posted: 05 Feb 2021 06:13 AM PST မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေကို ပြည်တွင်းရော ပြည်ပမှာပါ ဆက်လက်လုပ်ဆောင်နေကြပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့ထိ နေပြည်တော် စည်ပင် ဧည့်ရိပ်သာကနေ မပြန်ဘဲ ကျန်ရှိနေတဲ့ NLD လွှတ်တော်အမတ် ၇၀ စုပေါင်းပြီး လွှတ်တော် ခေါ်ယူလိုက်တဲ့အပေါ် ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ရပ်ကို လက်ခုပ်တီး ထောက်ခံတဲ့ လှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာပါ |
မြန်မာ့အရေး ပြည်တွင်း ပြည်ပ လှုပ်ရှားမှု အရှိန်တက်လာနေ Posted: 05 Feb 2021 06:11 AM PST မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေက ကျန်းသစ္စာကျိန်ဆိုခဲ့ကြပြီး ဒီမိုကရေစီပြန်လည်ရရှိရေး လူထုလှုပ်ရှားမှုတွေလည်း အရှိန်မြင့်မားလာနေပါတယ်။ ဒီအတောအတွင်း တောင်ကိုရီးယား လွှတ်တော်အမတ်တွေက မြန်မာစစ်အစိုးရကို ရှုတ်ချကြောင်း ကြေညာလိုက်ပါတယ်။နေပြည်တော်ရှိ လွှတ်တော်အမတ် ၇ဝ က ကတိသစ္စာတွေ မနေ့က ကျိန်ဆိုခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမျိုးမြင့်ညိမ်းက ဒါဟာ လွှတ်တော်မှာ ပထမနေ့ လုပ် |
မြန်မာစစ်အာဏာသိမ်းမှုအတွက် ပစ်မှတ်ထားဒဏ်ခတ်ဖို့ အမေရိကန် ပြင်ဆင်နေပြီ Posted: 04 Feb 2021 02:07 PM PST အမေရိကန် သမ္မတ Biden ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivanမြန်မာနိုင်ငံကအာဏာသိမ်းမှုအပေါ် ဒဏ်ခတ်အရေးယူဖို့အတွက် အမေရိကန် သမ္မတရဲ့ အမိန့်အာဏာတစ်ရပ် ထုတ်ပြန်ဖို့ စဉ်းစား ဆောင် ရွက် နေတယ်လို့ အမေရိကန် သမ္မတရဲ့ အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က ပြောပါတယ်။"သမ္မတ အမိန်သစ် တစ်ရပ် ထုတ်ပြန်ဖို့အတွက် ဖြစ်နိုင်ချေတွေကို ကျွန်တော်တို့ ပြန်လှန် သုံးသပ်နေပါတယ်။ တိတိကျကျ ပစ်မှတ်ထားတဲ့ လူ |
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆို Posted: 04 Feb 2021 02:05 PM PST ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆိုဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ပြန်လည် ကျင်းသုံးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့က တညီတညွတ်တည်း တောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာတာ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ |
ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီး Posted: 04 Feb 2021 01:59 PM PST အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်ကို ဒီကနေ့ညပိုင်းမှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၁၂၄) နဲ့ ဒီကနေ့ညက သူနေထိုင်တဲ့ ရန်ကုန်၊ မြောက်ဥက္ကလာပ နေအိမ်မှာ လာဖမ်းသွားတာဖြစ်ပြီး နေပြည်တော်ကို ခေါ်ဆောင်သွားတာပါ။''ဘာမှ နိုင်ငံတော်အကြည်ညိုပျက်တာမဟုတ်ဘူး၊ မင်းအောင်လှိုင်နဲ့ အုပ်စုကို အကြည်ညိုပျက်တာ နိုင်ငံတော်သပ်သပ် |
✔ အကောင်းဆုံး VPN ဆော့ဝဲလ် (၅) မျိုး ✔ Posted: 04 Feb 2021 12:01 PM PST ✔ အကောင်းဆုံး VPN ဆော့ဝဲလ် (၅) မျိုး ✔မြန်မာပြည်မှာ Facebook အသုံးပြုခွင့် မရတော့ဘူးဆိုရင် တစ်ခြားနိုင်ငံတစ်ခုခုရဲ့ Location နဲ့ VPN ကျော်ခွပြီး အသုံးပြုနိုင်ဖို့ အကောင်းဆုံး ဆော့ဝဲ (၅)မျိုးကို စုစည်းပြီးမျှဝေလိုက်ပါတယ်။အကောင်းဆုံးတွေကို 1 ကနေ 5 ထိ အစဉ်လိုက်လင့်ချပေးထားပါတယ်။အောက်ပါ လင့်များမှ နှစ်သက်ရာ ဆော့ဝဲလ်တစ်ခုကို Download ဆွဲပြီး VPN ကျော်ခွပြီးအသုံးပြုနိုင်ပါတယ်။ 1 Lion |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.