Saturday, February 6, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဒေါက်တာအောင်မိုးညို၏ ဗီဒီယိုမက်ဆေ့

Posted: 06 Feb 2021 06:56 AM PST

 နေအိမ်အကျယ်ချုပ် ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညို၏ ဗီဒီယိုမက်ဆေ့။

ဒေါ်နန်းခင်ထွေးမြင့်၏ ဗီဒီယိုမက်ဆေ့

Posted: 06 Feb 2021 06:53 AM PST

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဒေါ်နန်းခင်ထွေးမြင့်၏ Civil Disobedience Movement သို့ပေးပို့သော ဗီဒီယိုမက်ဆေ့။

ရန်ကုန်ဆန္ဒပြမှုဖြစ်ပွား၊ တနိုင်ငံလုံးအင်တာနက်လိုင်းဖြတ်တောက်

Posted: 06 Feb 2021 06:34 AM PST

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကောင်စီက အင်တာနက်ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။စစ်အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကဆိုရင် အကြီးမားဆုံးဆန္ဒပြကန့်ကွက်ပွဲတစ်ခု ဒီကနေ့ ရန်ကုန်မြို့မှာ ဖြစ်ခဲ့ပြီးတဲ့နောက် အင်တာနက်ကို ဖြတ်လိုက်တာပါ။ပြီးခဲ့တဲ့ရက်တွေက Facebook ကို စပိတ်ခဲ့ပြီး အဲဒီနောက် Twitter ၊ Instgram အစရှိတဲ့ လူမှုဆက်သွယ်ရေးမီဒီယာတွေကို ဆက်တိုက်လို ပိတ်ခဲ့ပေမယ့်လည်း စစ်အာဏာသိမ်း

ငြိမ်းချမ်းစွာဆန္ဒပြမှုကို အရေးမယူဖို့ ကုလတိုက်တွန်း

Posted: 06 Feb 2021 06:31 AM PST

မြန်မာစစ်ဘက်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အပြည့်အဝ လေးစားလိုက်နာပြီး ဆန္ဒပြသူတွေကို အရေးမယူဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်ုအလက် ရယူပိုင်ခွင့်တို့အတွက် အင်တာနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အပြည့်အဝ ပြန်ဖွင့်ပေးဖို့လည်း တောင်းဆိုပါတယ်။နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခုချိန်မှာ မြန်မာလူထုနဲ့အတူ ရပ်တည်ကြဖို့နဲ့ မြန်မာနိုင်ငံ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောန် တန်နယ်လ် ထိန်းသိမ်းခံရ

Posted: 06 Feb 2021 06:28 AM PST

သူ့ကို စွပ်စွဲချက် တစ်ခုခုနဲ့ အမှုဖွင့်ခံထားရပြီး ဘာအမှုနဲ့လဲဆိုတာကိုတော့ သူမသိဘူး၊ သူ့မှာ ဘာအပြစ်မှ မရှိဘူး လို့ ရှောန် တန်နယ်လ်က ရိုက်တာစ် သတင်းဌာနကို မက်ဆေ့ဂျ် ပေးပို့ အသိပေးခဲ့ကြောင်း ရိုက်တာစ်သတင်းမှာ ဖော်ပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်အတွက် စီးပွားရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ပေးနေတဲ့ သြစတြေးလျလူမျိုး စီးပွားရေး ပညာရှင် ရှောန် တန်နယ်လ်ဟာ သြစတြေးလျနိုင်ငံ မက်ကွိုင်းယား တက္ကသိုလ်က

ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို နောက်ရက်တွေမှာ ဆက်လုပ်ဖို့ ရှိ

Posted: 06 Feb 2021 06:25 AM PST

ရန်ကုန်မြို့ လှည်းတန်းစင်တာ အနီးက ဆန္ဒပြမှုတွေကို မကြာခင်မှာ လူစုခွဲမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ရေရှည် ဆန္ဒပြမှုတွေ ပြုလုပ်ရမှာ ဖြစ်တဲ့ အတွက် အင်အားကို ချွေတာဖို့ လိုအပ်တယ်လို့ သူတို့က ပြောပါတယ်။လမ်းတွေကို ပိတ်ပြီး တားဆီးဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေက ရေဘူးတွေ၊ စားစရာတွေပေးနေတာကို တွေ့ရပါတယ်။ပြည်သူတွေရဲ့ မနာခံမှုကို ပြတဲ့အနေနဲ့ ည ၈ နာရီတိုင်းမှာ သံပုံးတွေ ဆက်တီးကြဖို့ ကိုလည်း

မန္တလေးမြို့ နောက်ဆုံးရ အခြေအနေ

Posted: 06 Feb 2021 06:18 AM PST

RFA က နောက်ဆုံးရတဲ့သတင်းတွေအရ မန္တလေးမြို့ လမ်း ၃၀၊၃၆ လမ်းဘက်က လူအယောက် သုံးဆယ်လောက်နဲ့ စတင်လိုက်တဲ့ ဆန္ဒပြမှုဟာ ညနေပိုင်း လေးနာရီလောက်မှာတော့ လူသောင်းဂဏန်းလောက်အထိ ဖြစ်သွားပါတယ်။စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ကြွေးကြော်ဆန္ဒပြနေကြတာဖြစ်ပြီးတော့ လမ်းဘေးဝဲယာက ပြည်သူတွေ ပူးပေါင်း ပါဝင်လာတာလည်း တွေ့ရပါတယ်။အဲဒီလူအုပ်ကြီးဟာ ၈၄ လမ်းအတိုင်းဆင်းလာပြီးနောက် (၂၈) လမ်း

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးတွေမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး လူအများဆန္ဒပြနေ

Posted: 06 Feb 2021 06:16 AM PST

စစ်အာဏာသိမ်း ခြောက်ရက်မြောက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာ လမ်းမပေါ်ထွက် စတင်ဆန္ဒပြကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။လက်ရှိ တစ်နိုင်ငံလုံး အနှံက မြို့ကြီးတော်တော်များများမှာ ဆန္ဒပြနေကြပါတယ်။RFA က နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မန္တလေးမြို့ လမ်း (၈၀) မှာ လူတစ်သောင်းနီးပါး ဆန္ဒပြနေကြပါတယ်။ရန်ကုန်မြို့ ဆူးလေဘုရားတဝိုက်မှာလည်း လူအင်အားတထောင်ကျော်လောက် ဆန္ဒပြဖို့ စုဝေးနေပြီးတော့ ရဲလုံခြုံတွေလည်း တင်းတင်းကြပ်ကြပ်

ကန် နိုင်ငံခြားရေးဝန်ကြီး မဟာမိတ်တွေနဲ့ မြန်မာ့အရေး ဆွေးနွေးမည်

Posted: 05 Feb 2021 10:19 PM PST

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinkenအမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ဥရောပ မဟာမိတ်နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အွန်လိုင်းက ဆွေးနွေးပွဲမှာ မြန်မာ အရေးကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက သောကြာနေ့က ပြောပါတယ်။ အမေရိကန် အီရန်၊ ရုရှားနဲ့ တရုတ်ကိစ္စတွေ အပါအဝင် မြန်မာကိစ္စကိုလည်း ဆွေးနွေးဖို့ရှိတာ

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ရခြင်း အကြောင်းရင်

Posted: 05 Feb 2021 10:18 PM PST

ဖမ်းဆီးခံနေရတဲ့ မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရဲတပ်ဖွဲ့က အမှုဖွင့် စွဲချက်တင်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့က NLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ စွဲဆိုချက်နဲ့ ဥပဒေအရ စစ်တပ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အနည်းဆုံး ဖေဖော်ဝါရီ လလယ်အထိ ဆက်ပြီး ဖမ်းဆီးထားနိုင်မှာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုရဲမင်းထွန်းက ပြောပြမှာပါ။ဒေါ်အောင်ဆန်းစုကြည်အပေါ် တင်လိုက်တဲ့ စွဲဆိုချက်က တရားမဝင် တင်သွင်းလာတဲ့

ရန်ကုန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတွေ ပေါ်ပေါက်

Posted: 05 Feb 2021 10:10 PM PST

ရန်ကုန်မြို့၊ လှည်းတန်းမှာ  ရာနဲ့ချီတဲ့ လူတွေဟာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး၊  အမေစုကျန်းမာပါစေ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ ဒီဆန္ဒပြမှုကို ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားမြစ်ထားပါတယ်။ရန်ကုန်မှာ ဒီနေ့ မနက်ပိုင်းက ရာနဲ့ချီတဲ့ လူတွေဟာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ အမေစုကျန်းမာပါစေ စတဲ့

စစ်ကိုင်းဆေးရုံကြီးကျန်းမာရေးဝန်ထမ်းအားလုံး အာဏာသိမ်းအစိုးရလက်အောက် အလုပ်လုပ်ကိုင်ခြင်းမပြုကြောင်း ထုတ်ပြန်

Posted: 05 Feb 2021 10:00 PM PST

စစ်ကိုင်းဆေးရုံကြီးကကျန်းမာရေးဝန်ထမ်းအားလုံး Civil Disobedience လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ဖေဖော်ဝါရီ ၆ ရက်ကစလို့ အာဏာသိမ်းအစိုးရလက်အောက်မှာ အလုပ်လုပ်ကိုင်ခြင်းမပြုတော့လို့ ထုတ်ပြန်လာခဲ့ပါတယ်။ လက်ရှိ ဆေးရုံမှာ ကျန်ရှိလူနာတွေကို ဆက်လက်ကုသပေးမှာဖြစ်ပြီးနောက်ထပ် လူနာသစ်လက်ခံတော့မှာမဟုတ်ဘဲ နီးစပ်ရာ တပ်မတော်ဆေးရုံကြီးတွေကို သွားရောက်ပြသဖို့ လေးစားစွာတောင်းပန်အပ်ကြောင်း လူနာတွေကို ပန်ကြားထားပါတယ်

သုံးခွမြို့နယ်မှ ဆရာ ဆရာမ များ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

Posted: 05 Feb 2021 09:57 PM PST

 ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ ဆရာ ဆရာမ များ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ကောလင်းမြို့နယ် ဥက္ကံ အထက ကျောင်းမှ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

Posted: 05 Feb 2021 09:49 PM PST

 စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ဥက္ကံ အထက ကျောင်းမှ ဆရာ ဆရာမ များ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

စစ်အာဏာသိမ်း အကြမ်းမဖက်ဆန့်ကျင်မှုမှာ နာမည်ကြီး အနုပညာရှင်တွေပါဝင်လာ

Posted: 05 Feb 2021 08:12 PM PST

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို ဆန့်ကျင်ပြီး၊ ကိုဗစ်ကာလရှေ.တန်းက ဆေးဝန်းထမ်တွေ စတင်ခဲ့တဲ့၊ CDM လို့အတိုခေါက်ခေါ်တဲ့ Civil Disobedience Movement အကြမ်းမဖက် မပူးပေါင်းမဆောင်ရွက်ရေးလှုပ်ရှားမူမှာ၊ အနုပညာရှင်တွေကလည်း ဝန်းရံပါဝင်လာပါပြီ။ အခုလို ပူးပေါင်းပါဝင်ရခြင်းက အာဏာသိမ်းတဲ့ လုပ်ရပ်က မတရားမှု ဖြစ်တဲ့အပြင် ရေရှည် ဆိုးကျိုးဖြစ်မှာ စိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက ပြော

အာဏာသိမ်း စစ်အစိုးရကို အနောက်အုပ်စုဖိအားပေးတာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်း ကြိုဆို

Posted: 05 Feb 2021 08:08 PM PST

မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးပြောဆိုလိုက်တဲ့အပေါ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း အမေရိကန်သမ္မတ နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကပါ တခဲနက် တောင်းဆိုလိုက်တဲ့အပေါ် နိုင်ငံရေး အသိုင်းအဝန်းနဲ့ အကဲခတ်တွေရဲ့ အမြင်တွေကိုတော့ ဗွီအိုအေသတင်းထောက်

ကမ္ဘာ့ကုလသမဂ္ဂ နှင့် ကမ္ဘာ့နိုင်ငံများသို့ တောင်းဆိုတိုက်တွန်းချက်

Posted: 05 Feb 2021 08:04 PM PST

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှူဆောင်အဖွဲ့၏ ကမ္ဘာ့ကုလသမဂ္ဂ နှင့် ကမ္ဘာ့နိုင်ငံများသို့ တောင်းဆိုတိုက်တွန်းချက်-----------------------------------------------------ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၁ ခုနှစ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ပြည်သူသို့ ပန်ကြားချက်

Posted: 05 Feb 2021 08:00 PM PST

အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၊ အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့--------------------------------------- ရက်စွဲ - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်။"ပြည်သူသို့ပန်ကြားချက်" ၁။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တပ်မတော် ခေါင်းဆောင်အနည်းစုသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား စစ်အာဏာသိမ်း၍ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဖွဲ့စည်းပုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - Committee Representing Pyidaungsu Hluttaw(CRPH)” ဖွဲ့စည်း

Posted: 05 Feb 2021 07:56 PM PST

ရန်ကုန်၊ ၀၅ ဖေဖော်ဝါရီလ ၂၀၂၁၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ ၀၅ ဖေဖော်ဝါရီလ ၂၀၂၀ နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအရေးပေါ်အစည်းအဝေးကို Online Conferencing System ဖြင့် ကျင်းပခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားထုတ်ပြန်ကြေညာချက် (၂/၂၀၂၁) ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်တွင်

သမ္မတဦးဝင်းမြင့်ကို သမ္မတအိမ်တော်က ရွှေ့ပြောင်း

Posted: 05 Feb 2021 05:53 PM PST

သမ္မတဦးဝင်းမြင့်ကို သမ္မတအိမ်တော်က ရွှေ့ပြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော် သမ္မတအိမ်တော်တွင် ၂ဝ၁၈ ခုနှစ်က တွေ့ရစဉ်။ Photo: AFPနေပြည်တော်မှာ စစ်အစိုးရရဲ့ ထိန်းသိမ်းခံနေရတဲ့ သမ္မတဦးဝင်းမြင့်ကို နေရာပြောင်းရွှေ့လိုက်ပါတယ်။ သမ္မတအိမ်တော်ကနေ၊ နေပြည်တော် လွှတ်တော်ဂိတ်ဝအနီးက အိမ်တအိမ်ကို ပြောင်းရွှေ့လိုက်တာပါ။အခြေခံဥပဒေအရ သမ္မတ၊ ဒု-သမ္မတနှစ်ဦးနဲ့ လွှတ်တော်သဘာပတိတွေဟာ သူတို့ရဲ့နေရာတွေကို

မြန်မာ့အရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အရေးပါတဲ့ခြေလှမ်းဖြစ် (ကုလအတွင်းရေးမှူးချုပ်)

Posted: 05 Feb 2021 05:51 PM PST

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterresမြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး တညီတညွတ်တည်း တောင်းဆို ဆောင်ရွက်လာတာဟာ သိပ်အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ

မြန်မာမှာ Twitter နဲ့ Instagram အသုံးပြုခွင့်တွေပါ စစ်အုပ်ချုပ်ရေးအဖွဲ့ ကန့်သတ်လာ

Posted: 05 Feb 2021 05:51 PM PST

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် Facebook အပါအဝင် အင်တာနက်အသုံးပြုမှုတွေကို ကန့်သတ်ပိတ်ပင်လာတဲ့ မြန်မာနိုင်ငံမှာ သောကြာနေ့ ညပိုင်းကစလို့ တွစ်တာနဲ့ instagram လူမှုကွန်ယက်တွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။နောက်ထပ် ညွှန်ကြားချက် မရမချင်း အဲဒီ လူမှုကွန်ယက်တွေကို ပိတ်ဆို့ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ တယ်လီနော ကုမ္ပဏီက Reuters သတင်းကို ပြောပါတယ်။ဗုဒ္ဓဟူးနေ့တုန်းက အာဏာပိုင်တွေက Facebook ကိုပိတ်ပင်

တွစ်တာနဲ့ အင်စထာဂရမ်ပါ မြန်မာမှာပိတ်

Posted: 05 Feb 2021 05:50 PM PST

ဖေ့စ်ဘွတ်ခ်ကို မြန်မာနိုင်ငံထဲမှာ ပိတ်ထားဖို့ ညွှန်ကြားလိုက်ပြီး နှစ်ရက်အကြာမှာ တွစ်တာနဲ့ အင်စထာဂရမ် ဆိုရှယ်မီဒီယာတွေကိုပါ ပိတ်ထားဖို့ အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီတွေကို အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။မြန်မာနိုင်ငံက တွစ်တာ သုံးစွဲသူတွေ သောကြာနေ့ ညပိုင်းမှာ သုံးစွဲလို့မရတော့ဘူးလို့ သိရပါတယ်။အာဏာသိမ်းပြီး သုံးရက်အကြာမှာ ပြည်တွင်းမှာ အသုံးပြုသူ အများဆုံးရှိတဲ့ ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်လိုက်ပြီးနောက်

လွှတ်တော်တွေ ရပ်ထားမယ်၊ မဲမသမာမှုတွေ စစစ်နေပြီလို့ ရွေးကောက်ပွဲ ကော်မရှင်သစ် ကြေညာ

Posted: 05 Feb 2021 05:47 PM PST

တပ်မတော်ကို အာဏာလွှဲပြောင်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် ကစပြီးလွှတ်တော်တွေနဲ့ ဆက်စပ်ကော်မတီတွေရဲ့ ဥပဒေပြုရေး လုပ်ငန်းတွေရပ်ဆိုင်းလိုက်တယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ဖေဖော်ဝါရီ ၅ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်မှာရွေးကောက်ပွဲ မဲမသမာမှုတွေကို စတင်စုံစမ်းစစ်ဆေးနေပြီလို့လည်းဖော်ပြထားပါတယ်။အဲဒါကြောင့် အဲဒီစုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေကို

မြန်မာ့အရေး တွန်းအားပေးမယ်လို့ ဂျပန်လွှတ်တော်အမတ်တွေ ကတိပေး

Posted: 05 Feb 2021 05:44 PM PST

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ ဂျပန်ဒိုက်ယက်လွှတ်တော်က မြန်မာပြည်ဒီမိုကရေစီ ထောက်ခံအားပေးသော လွှတ်တော်အမတ်များအဖွဲ့ ခေါင်းဆောင်တွေနဲ့ မနေ့က သွားရောက်တွေ့ဆုံခဲ့ရာမှာ ဂျပန်အမတ်တွေကလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။တိုကျိုမြို့အခြေစိုက် We Love Myanmar (Japan) အဖွဲ့တာဝန်ခံ ကိုမျိူးကြီးနဲ့ အဖွဲ့ဝင်တချို့ဟာ ဒိုက်ယက် လွှတ်တော်ရှိ မြန်မာ့ဒီ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.