သစ္ထူးလြင္ |
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ပြောကြားချက်
- မြန်မာ့အရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ခေါ်ဖို့ ဗြိတိန်နဲ့ အီးယူ တင်ပြ
- ရခိုင်ပြည်နယ်က ဆန္ဒပြမှုနဲ့ တန်ပြန်ဆန္ဒပြမှုများ
- ပြည်သူလက်ခံတဲ့အစိုးရပေါ်ရေး သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးများ ထုတ်ပြန်
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွား
- လူ၅ ဦးထက် ပိုမစုရနဲ့ ညမထွက်ရ အမိန့်တွေ ဆက်ထုတ်
- တစ်နိုင်ငံလုံး အင်တာနက် ဖြတ်တောက်မှု ကြောင့် ကဏ္ဍပေါင်းစုံ အခက်အခဲဖြစ်
- စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ထပ်မံဖမ်းဆီးခံရ
- တန်ပြန်ဆန္ဒပြမှုတချို့ ရန်ကုန်မှာဖြစ်ပွား
- လူငယ်အများစုတတ်တတ်ကြွကြွပါဝင်
- ထားဝယ်မြို့မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဆွေမျိုးအချို့ကို နေရာရွှေ့ပြောင်းထားတယ်လို့ သတင်းတွေထွက်ပေါ်
- မုံရွာမှာ CDM လှုပ်ရှားမှုစ၊ ဘဏ်တွေနဲ့ ရုံးအများစုပိတ်၊ လက်ပံတောင်းစီမံကိန်း ရပ်နေ
- မုံရွာတွင် ညမထွက်ရအမိန်နှင့် ငါးဦးထက်မစုဝေးရအမိန့်ထုတ်
- စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မြန်မာမွတ်စလင်အဖွဲ့ ပါဝင်လာ
- ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မလိုလားလို့ အာဏာသိမ်းတာလို့ RCSS ပြော
- စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီ:
- ဟိမဝန္တာ ရေခဲစိုင်ပြိုလို့ အိန္ဒိယ ရေကာတာကျိုးပေါက်မှု လူပေါင်း ၁၅၀ ခန့် ပျောက်ဆုံး
- မြန်မာ့လက်ရွေးစင်ဘောလုံး သမားတွေ ဆန္ဒပြပွဲပါဝင်လာ
- CDM လှုပ်ရှားမှုမှာ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းတွေ ပါဝင်လာ
- ဆန္ဒပြသူတွေကို တပ်ဘက်က သတိပေးချက်ထုတ်
- ဆူးလေ ဘုရားအနီး ရခိုင်တိုင်းရင်းသား လူငယ်တွေ ဆန္ဒပြမြင်ကွင်း
- ရှမ်းပြည်နယ်၊ လားရှိုးမြို့ ဆန္ဒပြပွဲ (ဖေဖော်ဝါရီ ၈)
- မွန်နဲ့ ချင်းပြည်နယ်က စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲများ
- ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြန်လည်ထိန်းသိမ်းခံရ
- ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ပြောကြားချက် Posted: 08 Feb 2021 08:25 AM PST စစ်အစိုးရရဲ့ ခြိမ်းခြောက်မှုကို မကြောက်ဘဲ ဆန္ဒပြလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ဆက်လက်လုပ်ဆောင်ကြဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ဆန္ဒပြပွဲတွေကို နှိမ်နင်းမယ်ဆိုတဲ့ စစ်အစိုးရရဲ့ သတိပေးချက်နဲ့ ဒီကနေ့ ထွက်ပေါ်လာအပြီးမှာ ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာ အကြမ်းမဖက်ဖို့နဲ့ အတုအယောင် ဆန္ဒပြသူတွေ ပါဝင်လာနိုင်တာကိုလည်း |
မြန်မာ့အရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ခေါ်ဖို့ ဗြိတိန်နဲ့ အီးယူ တင်ပြ Posted: 08 Feb 2021 08:03 AM PST မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အထူးအစည်းအဝေး ခေါ်ယူ ကျင်းပပေးဖို့ ဗြိတိန်နဲ့ အီးယူ ဥရောပသမဂ္ဂက ဒီကနေ့ တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကနေ ဆက်နွှယ်ပေါ်ပေါက်လာတဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အထူးအစည်းအဝေး တစ်ရပ် ခေါ်ယူကျင်းပပေးဖို့ ဥရောပသမဂ္ဂနဲ့ |
ရခိုင်ပြည်နယ်က ဆန္ဒပြမှုနဲ့ တန်ပြန်ဆန္ဒပြမှုများ Posted: 08 Feb 2021 08:01 AM PST ရခိုင်ပြည်နယ်က စစ်အာဏာရှင် ဆန္ဒပြပွဲမြင်ကွင်း။ (ဓာတ်ပုံ - Hsu Yati Tun- ဖေဖော်ဝါရီ ၈၊ ၂၀၂၁)မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ပျံ့နှံ့ လာရာမှာ ရခိုင်ပြည်နယ်က မြို့နယ်တချို့လည်း ပါဝင်လာပါတယ်။ ရခိုင်ပြည်နယ်မှာပဲ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကို ထောက်ခံတဲ့ လှုပ်ရှားမှုတချို့လည်း ရှိနေတာပါ။ ရခိုင်ပြည်နယ်က ဆန္ဒပြပွဲတွေ နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း |
ပြည်သူလက်ခံတဲ့အစိုးရပေါ်ရေး သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးများ ထုတ်ပြန် Posted: 08 Feb 2021 07:58 AM PST သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ ထုတ်ပြန်ကြေညာချက်။ (ဓာတ်ပုံ - သီတဂူဆရာတော်နဲ့ သီတဂူသတင်းများ (Facebook) - ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒနဲ့ မဆန့်ကျင်တဲ့ အစိုးရ တရပ်အမြန်ဆုံးပေါ်လာရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်း၊ ဓမ္မနဲ့ ညီတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ကြဖို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများက သံဃာတော်တွေက အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီးများရဲ့ သဘောထား |
Posted: 08 Feb 2021 07:56 AM PST ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေကို ပြန်ခေါ်ဖို့ ဆက်ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ ပြောသွားအာဏာသိမ်း စစ်ခေါင်းဆောင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကို ပထမဆုံး အကြိမ် ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ရှေ့ဆက် လုပ်ဆောင်သွားမယ့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးမူဝါဒတွေ အကြောင်းနဲ့အတူ ဘင်္ဂ |
လူ၅ ဦးထက် ပိုမစုရနဲ့ ညမထွက်ရ အမိန့်တွေ ဆက်ထုတ် Posted: 08 Feb 2021 07:55 AM PST ရန်ကုန်တိုင်းအတွင်း မြို့နယ် အချို့မှာ လူ ၅ ဦးထက်ပို မစုရနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ချက်တွေကို လက်ခံရရှိထားကြောင်း ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကနေတစ်ဆင့် သိရပါတယ်။ရန်ကုန်တစ်ဖက်ကမ်း ဒလ မြို့နယ်မှာလည်း လူ ၅ ဦးထက် ပိုမစုဖို့နဲ့ ည ၈နာရီကနေ မနက် ၄နာရီ ထိ ညမထွက်ဖို့ အသံချဲ့စက်နဲ့ လိုက်လံ ကြေညာနေတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။ရန်ကုန်တိုင်းအတွင်းက တခြားမြို့နယ်တွေမှာတော့ အမိန့်စာ မဝင်သေး |
တစ်နိုင်ငံလုံး အင်တာနက် ဖြတ်တောက်မှု ကြောင့် ကဏ္ဍပေါင်းစုံ အခက်အခဲဖြစ် Posted: 08 Feb 2021 07:31 AM PST အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်မြင့်တက်လာချိန်မှာ အာဏာသိမ်း စစ်အစိုးရက ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးလုံး တစ်နိုင်ငံလုံးမှာ အင်တာနက်ဖြတ်တောက်ခဲ့ပြီး၊ အခုပြန်ဖွင့်ပေးချိန်မှာ နှေးကွေးလွန်းတဲ့အတွက် ဘဏ်လုပ်ငန်း၊ သတင်းလုပ်ငန်းနဲ့ အွန်လိုင်းစာသင်ကျောင်းတွေ အပါအဝင် ကဏ္ဍပေါင်းစုံမှာ အခက်အခဲ ဖြစ်နေပါတယ်။ပို့ဆောင်ဆက်သွယ်ရေး၀န်ကြီးဌာန၊ စီမံရေးနဲ့ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ကတော့ အင်တာနက်ဖြတ် |
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ထပ်မံဖမ်းဆီးခံရ Posted: 08 Feb 2021 07:28 AM PST စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ထပ်မံဖမ်းဆီးခံရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်Myint Naing/FBစစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဒီကနေ့နေ့လယ်ပိုင်းမှာ စစ်တပ်က ဖမ်းဆီးသွားပါတယ်။စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို ထောက်ခံကြောင်းနဲ့ အကြမ်းမဖက်ဘဲ ဆက်လက်လှုပ်ရှားကြဖို့ ဒေါက်တာမြင့်နိုင် လူမှုကွန်ရက်စာမျက်နှာပေါ်ကဆင့် တိုက်တွန်းခဲ့ပြီးနောက် အခုလို |
တန်ပြန်ဆန္ဒပြမှုတချို့ ရန်ကုန်မှာဖြစ်ပွား Posted: 08 Feb 2021 04:29 AM PST နိုင်ငံတော်အလံတွေ လွှင့်ထူထားတဲ့ ကားတွေနဲ့ လှည့်လည်ဆန္ဒပြတဲ့ စစ်တပ်ထောက်ခံသူများကို ရန်ကုန်မြို့မှာ တွေ့ရ။ (ဓာတ်ပုံ - Ommar Khin - ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁)ဒီနေ့ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့သလို စစ်တပ်ကိုထောက်ခံတဲ့ ဆန္ဒပြပွဲတချို့ ရန်ကုန်မြို့မှာ ရှိခဲ့ပါတယ်။ နိုင်ငံတော်အလံတွေ လွှင့်ထူထားတဲ့ ကားတွေနဲ့ လှည့်လည်ဆန္ဒပြတာ၊ လမ်းဘေးကနေ ဖြတ်သွားတဲ့ကားတွေကို တောင်းဆို |
Posted: 08 Feb 2021 04:27 AM PST ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင်ဆန္ဒပြပွဲမြင်ကွင်း။ (ဖေဖော်ဝါရီ ၈၊ ၂၀၂၁)မြန်မာနိုင်ငံ နေရာအနှံ့ ပျံ့နှံ့လာနေတဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လာနေတာ တွေ့ရပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေ အဓိက ပေါ်ပေါက်နေတဲ့ ရန်ကုန်မြို့က အချက်အချာနေရာ တချို့က လူငယ်တွေကတော့ အနာဂတ်အတွက် ရည်ရွယ်ပြီး ပါဝင်လာကြတာလို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေက လူငယ်တချို့ရဲ့ အသံတွေကိုတော့ ဗွီအိုအေ |
Posted: 08 Feb 2021 04:18 AM PST ဆန္ဒပြသူတွေအနေနဲ့ အကြမ်းဖက်လုပ်ဆောင်မှာမဟုတ်လို့ ဆိုတနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာရှိတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆွေမျိုးအချို့ကို နေရာရွှေ့ပြောင်းထားတယ်လို့ ဖေဖော်ဝါရီ ၇ရက်ကစပြီး ဒေသခံတွေအကြား သတင်းတွေပျံ့နှံ့နေပါတယ်။" နဂိုက ထားဝယ်မြို့ထဲမှာ နေတဲ့ သူ့ဘက်က အမျိုးတွေကို စစ်တပ်ထဲရွှေ့လိုက်တာပါ။ ဒီသတင်းက ၅ရက်နေ့ထဲက ကြားရပေမယ့် မနေ့ကမှ သတင်းသေချာသိရတာပါ။ |
မုံရွာမှာ CDM လှုပ်ရှားမှုစ၊ ဘဏ်တွေနဲ့ ရုံးအများစုပိတ်၊ လက်ပံတောင်းစီမံကိန်း ရပ်နေ Posted: 08 Feb 2021 04:14 AM PST မုံရွာမြို့ ဖေဖော်ဝါရီ ၈ ရက်ဆန္ဒပြပွဲစစ်ကိုင်းတိုင်း အစိုးရရုံးစိုက်ရာ မုံရွာမြို့မှာ အရပ်သား အာဏာဖီဆန်မှု (Civil Disobedience Movement ) လှုပ်ရှားမှုတွေ အရှိန်မြှင့်လာကြပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ မုံရွာမြို့ပေါ်က ဘဏ်တွေနဲ့ ရုံးအများစု ပိတ်ထားလိုက်ကြောင်း မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ဒီနေ့စတင်တဲ့ CDM လှုပ်ရှားမှုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၂၀ ကျော်နဲ့ အတူ ဘဏ်ဝန်ထမ်း |
မုံရွာတွင် ညမထွက်ရအမိန်နှင့် ငါးဦးထက်မစုဝေးရအမိန့်ထုတ် Posted: 08 Feb 2021 04:21 AM PST မုံရွာ၊ဖေဖော်ဝါရီ - ၈မုံရွာမြို့နယ်အတွင်း လူငါးဦးထက်ပို၍ မြို့တွင်းလမ်းမကြီးများနှင့် လမ်းသွယ်များအပြင် အများပြည်သူနှင့်ဆိုင်သော နေရာများတွင်စုဝေးခြင်းမပြုကြရန်နှင့် ည ၈နာရီမှ နံနက် ၄နာရီအတွင်း မထွက်ရန် ပုဒ်မ ၁၄၄ ဒေသန္တရအမိန့် ယနေ့ထုတ်ပြန်သည်။လူတစ်ချို့သည် အများပြည်သူ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်အပြုအမူများကို ဆောင်ရွက်နေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်စာ |
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မြန်မာမွတ်စလင်အဖွဲ့ ပါဝင်လာ Posted: 08 Feb 2021 04:09 AM PST မန္တလေးမြို့၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ မြန်မာမွတ်စလင်အဖွဲ့တွေလည်း ပါ၀င်လာတာ တွေ့ရပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese |
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မလိုလားလို့ အာဏာသိမ်းတာလို့ RCSS ပြော Posted: 08 Feb 2021 04:06 AM PST ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မလိုလားလို့ အာဏာသိမ်းတာလို့ RCSS ပြော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တွေ့ရစဉ် / Photo: RFAဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မလိုလားသလို သယံဇာတပေါတဲ့ ရှမ်းပြည်က ပြည်ထောင်စုကနေ ခွဲထွက်မှာ ကို ကြောက်လို့ စစ်တပ်က အာဏာသိမ်းတာလို့ ၇၄ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောလိုက်ပါတယ်။မနေ့က RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ |
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီ: Posted: 08 Feb 2021 03:56 AM PST ဒီကနေ့မနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လူတစ်သောင်းကျော်ခန့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးကို ရပ်ကွက်၊ကျေးရွာနေပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ကို အမြန်ဆုံးလွှတ်ပေးရေး၊ သပိတ် သပိတ် မှောက်မှောက်၊ အာဏာသိမ်းမှု အလိုမရှိ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ဒို့အရေး၊ စစ်အာဏာရှင် စနစ်ပြုတ်ကျရေး |
ဟိမဝန္တာ ရေခဲစိုင်ပြိုလို့ အိန္ဒိယ ရေကာတာကျိုးပေါက်မှု လူပေါင်း ၁၅၀ ခန့် ပျောက်ဆုံး Posted: 08 Feb 2021 03:45 AM PST ဟိမဝန္တာဒေသအိန္ဒိယနိုင်ငံမြောက်ပိုင်း Uttarakhand ဒေသမှာ တနင်္ဂနွေနေ့က ဟိမဝန္တာရေခဲပြင်က ကြီးမားတဲ့ရေခဲစိုင်ပြိုကျတဲ့အတွက် ရေကာတာ ကျိုးပေါက်ပြီး အင်္ဂါမြစ်မကြီးထဲ စီးဝင်တဲ့ Dhauli Ganga မြစ်ရေကြီးမှုကနေ လူပေါင်း ၁၄၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ရေကာတာအောက်ပိုင်း မြစ်ကြောင်းတလေ ျှာက်က ကျေးရွာနေ ရွာသားတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းခဲ့ရပါတယ်။ အခုအချိန်အထိတော့ အလောင်း ၉ |
မြန်မာ့လက်ရွေးစင်ဘောလုံး သမားတွေ ဆန္ဒပြပွဲပါဝင်လာ Posted: 08 Feb 2021 03:43 AM PST ဆန္ဒပြပွဲမှာ ပါဝင်လာတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားများမြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေ ဖြစ်တဲ့ မောင်မောင်လွင်၊ ကျော်ဇင်ထက်၊ သီဟစည်သူတို့ အပါအဝင် လက်ရွေးစင်ဘောလုံးသမားတွေ ဒီနေ့ ဖေဖော်ဝါရီ(၈)ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာပါဝင်လာကြပါတယ်။မြန်မာ့လက်ရွေးစင် အသင်းသားတွေ ပါဝင်လာBBC Burmesehttps://www.bbc.com/burmese/live/burma-55882493 |
CDM လှုပ်ရှားမှုမှာ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းတွေ ပါဝင်လာ Posted: 08 Feb 2021 03:41 AM PST စစ်အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့မှာ အရပ်သား အာဏာဖီဆန်မှု (Civil Disobedience Movement ) လှုပ်ရှားမှုတွေ ပိုမို အရှိန်မြင့်လာနေချိန်မှာပဲ ဒီကနေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာ အလုပ်လုပ်ကိုင်ကြသူတွေ ပါဝင်လာပြီ ဖြစ်ပါတယ်။ရွေးကောက်ခံ ပြည်သူ့အစိုးရ လက်အောက်မှာသာ အလုပ်လုပ်ကိုင်ချင်တာကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းရတာ ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပြီး |
ဆန္ဒပြသူတွေကို တပ်ဘက်က သတိပေးချက်ထုတ် Posted: 08 Feb 2021 03:39 AM PST နေပြည်တော်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကတားဆီးနေစဉ်နေပြည်တော်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မီးသတ်ပိုက်နဲ့ ပက် လူစုခွဲတာတွေ ရှိလာပြီးနောက် အာဏာသိမ်းတပ်မတော်က ဆန္ဒပြသူတွေကို ရည်ညွှန်းတဲ့ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။အဲဒီထုတ်ပြန်ချက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်းအမျိုးမျိုးပြပြီး တခြားသူတွေကို အုပ်စုဖွဲ့ အတင်းအကြပ်ပြုခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းတွေ |
ဆူးလေ ဘုရားအနီး ရခိုင်တိုင်းရင်းသား လူငယ်တွေ ဆန္ဒပြမြင်ကွင်း Posted: 08 Feb 2021 03:21 AM PST ဒီနေ့ ဖေဖော်ဝါရီ ၈ ရက် ရန်ကုန် ဆူးလေ ဘုရားအနီးမှာ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ရေး ဆန္ဒပြကန့်ကွက်ပွဲမှာ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသား လူငယ်တွေလည်း ပါဝင်လာကြပါတယ်။ ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ ကျိန္တလီ စတဲ့ မြို့တွေမှာလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အာဏာသိမ်းအစိုးရက ခန့်အပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်ရာထူးကို ရခိုင်အမျိုးသားပါတီ ANP က ထိပ်ပိုင်းခေါင်းဆောင် |
ရှမ်းပြည်နယ်၊ လားရှိုးမြို့ ဆန္ဒပြပွဲ (ဖေဖော်ဝါရီ ၈) Posted: 08 Feb 2021 03:18 AM PST စစ်အာဏာသိမ်းတာ ရှစ်ရက်မြောက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်နေ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ လမ်းမပေါ်ထွက် ဆန္ဒပြနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese |
မွန်နဲ့ ချင်းပြည်နယ်က စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲများ Posted: 08 Feb 2021 03:13 AM PST မွန်ပြည်နယ်မှာတွေ့ရတဲ့ စစ်အာဏာဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ (ဓါတ်ပုံ - BB - ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁)စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို မြန်မာနိုင်ငံနေရာတော်တော်များများမှာ ဆန့်ကျင်ဆန္ဒပြနေကြတဲ့အထဲ တိုင်းရင်းသား ဒေသတွေဖြစ်ကြတဲ့ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာလည်း ဒီကနေ့ လူပေါင်းထောင်သောင်းချီ ပါဝင်ခဲ့ကြပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖမ်းဆီးထားသူ |
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြန်လည်ထိန်းသိမ်းခံရ Posted: 08 Feb 2021 03:11 AM PST ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်။ (ဓာတ်ပုံ - Daw Nan Khin Htwe Myint's Facebook)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဒုတိယအကြိမ်အဖြစ် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ဒေါ်နန်းခင်ထွေးမြင့်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ အကျယ်ချုပ်ချခံထားရတဲ့ အိမ်ကနေ လာခေါ်သွားတယ်လို့ ကရင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး |
ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေး Posted: 08 Feb 2021 03:01 AM PST ရန်ကုန်မြို့လယ် ဆူးလေ ဘုရားအနီးမှာ တတိယနေ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ရောက်ရှိနေပြီး မြို့တော်ခန်းမရှေ့ လမ်းမပေါ်ကို ဆန္ဒပြသူတွေ မဝင်နိုင်အောင် ရဲတပ်ဖွဲ့က လေးဖက်လေးတန်က ပိတ်ဆို့ထားပါတယ်။ဆက်သွယ်ရေးရုံးရှေ့၊ ဧရာဝတီဘဏ်ရှေ့၊ အနော်ရထာလမ်း တို့မှာ လူတွေ အများအပြားစုဝေးနေပါတယ်။ဒီဆန္ဒပြပွဲတွေကို ဦးဆောင်သူအဖွဲ့တွေနဲ့ လာသူတွေ၊ အစုအဖွဲ့အလိုက်လာသူတွေ နဲ့ တစ်ဦးချင်းလာသူတွေ စုဝေးရောက်လာကြတာပါ။အဲဒီထဲက အများစုက |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.