Tuesday, February 9, 2021

သစ်ထူးလွင်

သစ်ထူးလွင်


NLD ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို တပ်က ဝင်စီး

Posted: 09 Feb 2021 08:35 AM PST

NLD ရွှေဂုံတိုင်ရုံးချုပ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို ည ၁၀ နာရီ ဝန်းကျင်ခန့်က တပ်က ဝင်ရောက်စီးနင်း ရှာ‌ဖွေနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီ းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ ရုံးချုပ်အနီးမျက်မြင်တွေ့ရှိသူတွေက ဘီဘီစီကိုပြောပါတယ်။NLD ရုံးချုပ်ကို စီးနင်းချိန်မှာ ရုံးမှာ တစ်ဦးတစ်ယောက်မှ မရှိကြောင်းနဲ့ ဖမ်းဆီးခံရသူ မရှိကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူ

ဆန္ဒပြသူတွေကို အင်အားသုံးမှု လက်မခံနိုင် - ကုလဌာနညှိုနှိှုင်းရေးမှုး

Posted: 09 Feb 2021 07:06 AM PST

Ola Almgren (UN Philippines)လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဆန္ဒပြသူတွေအပေါ် မမျှတတဲ့အင်အား အသုံးပြုတာကို လက်မခံနိုင်ဘူးလို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren ကပြောပါတယ်။ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေအပါအဝင် အခြေခံ လွတ်လပ်ခွင့်တွေနဲ့ လူ့အခွင့်အရေးတွေကို လေးစားဖို့လည်း ဒီကနေ့ညနေပိုင်း ထုတ်ပြန်ချက်တခု

စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ရဲတပ်သား ဖမ်းဆီးခံရ

Posted: 09 Feb 2021 06:13 AM PST

စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုမှာ လူထုဘက်ကနေ ရပ်တည်သွားမယ်လို့တနင်္သာရီတိုင်း မြိတ်မြို့မှာ ဟောပြောခဲ့တဲ့ ရဲတပ်သားတစ်ဦး ဒီကနေ့ညပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ဒီဖမ်းဆီးခံလိုက်ရတဲ့ ရဲတပ်သားကို မိသားစုနဲ့ပေးတွေ့ဖို့ ဒီကနေ့ညပိုင်းမှာ မြိတ်မြို့ရဲစခန်းရှေ့မှာ ဆန္ဒပြသူတွေ စုရုံးပြီး တောင်းဆိုခဲ့ကြတာပါ။ရဲစခန်းကို တဝိုက်ဆန္ဒပြတဲ့သူတွေ များများလာတာကြောင့် နောက်ဆုံးမှာ ရဲတပ်သားရဲ့ ဇနီးဖြစ်သူနဲ့ တာဝန်ရှိသူ

ထိုင်းနယ်စပ်မြန်မာအလုပ်သမားများ စစ်အာဏာသိမ်းမှုဆန့်ကျင်

Posted: 09 Feb 2021 06:09 AM PST

ထိုင်းနယ်စပ်မြန်မာအလုပ်သမားများ စစ်အာဏာသိမ်းမှုဆန့်ကျင်မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်ကြတဲ့အထဲ ထိုင်းနိုင်ငံနယ်စပ်က မြန်မာအလုပ်သမားတွေလည်း ပါဝင်လာပါတယ်။ မြန်မာနိုင်ငံနဲ့နယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာအလုပ်သမားတွေ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ဘယ်လိုပါဝင် ဆင်နွှဲနေသလဲဆိုတာကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး တိုင်းရင်းလူငယ်တွေတောင်းဆိုဆန္ဒပြ

Posted: 09 Feb 2021 06:08 AM PST

တိုင်းရင်းသား လူငယ်တွေ အမေရိကန်သံရုံးရှေ့ ချီတက်ဆန္ဒပြတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၉၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ၄ ရက်မြောက် နေ့မှာတော့ ထောင်ဂဏန်းရှိတဲ့ တိုင်းရင်းသား လူငယ်တွေလည်း ပူးပေါင်းပါဝင်လာပါတယ်။ ရန်ကုန်မြို့က အမေရိကန်သံရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြတဲ့ လှုပ်ရှားမှုမှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးကိုပါ

နေပြည်တော်မှာ ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရ

Posted: 09 Feb 2021 05:37 AM PST

ပုဒ်မ ၁၄၄ ထုတ်ပြီးနောက် ဆန္ဒပြပွဲတွေအများစု တားဆီးပိတ်ပင်ခံနေရနေပြည်တော်မှာ ဒီနေ့ဖေဖော်ဝါရီ ၉ ရက်မနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေကို လုံခြုံရေးတွေက ရေပိုက်တွေနဲ့ထိုးပက်ခဲ့လို့ ဒဏ်ရာရသူတချို့ရှိနေပါတယ်။မနေ့ကလည်း နေပြည်တော် သပြေကုန်းအဝိုင်းအနီးမှာ ပိတ်ဆို့ ဆန္ဒဖော်ထုတ်နေသူတွေကို ရဲတပ်ဖွဲ့တွေက ရေပိုက်နဲ့ထိုးပက်တာကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင် ကုသနေရတယ်လို့ ပြောပါ

နေပြည်တော် ပစ်ခတ်လူစုခွဲမှု နောက်ဆုံးအခြေအနေ

Posted: 09 Feb 2021 05:32 AM PST

သေနတ်ဒဏ်ရာရသူတစ်ဦးကို ပြုစုနေစဉ်နေပြည်တော် သပြေကုန်းအဝိုင်းအနီးက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့သူတွေကို ရဲတပ်ဖွဲ့က ဒီနေ့ မွန်းလွဲ ၁ နာရီခန့်မှာ သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲလိုက်ပါတယ်။ရဲတပ်ဖွဲ့ဟာ အစပိုင်းက ရာဘာကျည်တွေနဲ့ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းမှာ ကျည်အစစ်နဲ့ ပစ်ခတ်တာလည်း ရှိနိုင်တယ်လို့ ဒဏ်ရာရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက ဘီဘီစီကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်လူစုခွဲမှုကြောင့်

ပင်လည်ဘူးမြို့ ဆန္ဒပြ မြင်ကွင်း

Posted: 09 Feb 2021 05:30 AM PST

ပင်လည်ဘူး၊ဖေဖော်ဝါရီ- ၉အာဏာသိမ်းမှု ဆန့်ကျင်သော ပင်လည်ဘူးမြို့ဆန္ဒပြမှုတွင်  မြို့နယ်ကျန်းမာရေးဝန်းထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ (ကတူး)ကဒူးတိုင်းရင်းသားများနှင့် ဒေသခံ လူသောင်းချီ ပါဝင်သည်။Monywa Gazettehttps://www.facebook.com/monywagazette/

ဟုမ္မလင်းတွင် ဆန္ဒပြမှု တတိယနေ့မြင်ကွင်း

Posted: 09 Feb 2021 05:27 AM PST

ဟုမ္မလင်း၊ဖေဖော်ဝါရီ-၉စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းတွင် ဆန္ဒပြမှု တတိယနေ့ မြင်ကွင်းဖြစ်သည်။လမ်းလျှောက်ဆန္ဒပြသူများသည်အား စစ်အာဏာရှင်စနစ်ကျရူံးရေး ၊ အရပ်သားအစိုးရအား အာဏာပြန်အပ်ရေး ၊စသည့်အချက်များ ဟစ်ကြွေးခဲ့ကြသည်။Monywa Gazettehttps://www.facebook.com/monywagazette/

နေပြည်တော်မှာ ရဲအရာရှိတစ်ဦး ဆန္ဒပြသူများနဲ့ ပူးပေါင်း

Posted: 09 Feb 2021 05:23 AM PST

နေပြည်တော်မှာ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြနေသူတွေနဲ့အတူ ရဲအရာရှိတစ်ဦး ပူးပေါင်း ပါဝင်လာပါတယ်။ စစ်တပ်ရုံးချုပ် ရှိတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေ တောက်လျှောက်ရှိနေပြီး ဒီနေ့မနက်ပိုင်းမှာ ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့က ရေပိုက်တွေနဲ့ထိုးပက်ပြီး လူစုခွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ မွန်းလွဲပိုင်းအထိ လူအုပ်က ပိုများလာနေပြီး အခုအခါ ဆန္ဒပြသူတွေနဲ့အတူ ရဲတပ်ဖွဲ့

ဆန္ဒပြမှုတွေကို အင်အားသုံး တုံ့ပြန်ခဲ့တာအပေါ် အကြီးအကျယ် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ပြော

Posted: 09 Feb 2021 05:21 AM PST

မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် ဆန္ဒပြသူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး တချို့ ဒဏ်ရာစိုးရိမ်ရကြောင်းကို နေပြည်တော်၊ မန္တလေးနဲ့တခြား မြို့ကြီးတွေက ရတဲ့ သတင်းတွေအရ သိခဲ့ရတယ်လို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.

ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်း

Posted: 09 Feb 2021 05:19 AM PST

ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်း တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၈ ရက်နေ့က အွန်လိုင်းက ကျင်းပစဉ် / ဓာတ်ပုံ - ဦးသိမ်းဆွေ - facebookတတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ဖေဖော်ဝါရီလ ၈ ရက်နေ့ မနေ့က အွန်လိုင်း ကနေ ကျင်းပခဲ့ပြီး ဧရာဝတီတိုင်း

အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုကြောင့် ကျန်းမာရေးဝန်ဆောင်မှုယန္တရား ထိခိုက်မှုတွေရှိလာ

Posted: 09 Feb 2021 05:18 AM PST

အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုကြောင့် ကျန်းမာရေးဝန်ဆောင်မှုယန္တရား ထိခိုက်မှုတွေရှိလာ တပ်မ​တော် အာဏာသိမ်းယူတာကို မန္တ​လေးမြို့ အရိုးအထူးကုဆေးရုံက ​ဆေးဝန်ထမ်း​တွေ ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်နေ့က ဆန့်ကျင်ကန့်ကွက်စဉ် / Photo: RFAစစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေး ဝန်ထမ်းအတော်များများ အာဏာရှင် ဖီဆန်ရေး လှုပ်ရှားမှု (Civil

CDM လုပ်ထားသော လေယာဉ်ဝန်ထမ်းအိမ် ရှာဖွေခံရ

Posted: 09 Feb 2021 05:00 AM PST

ဟုမ္မလင်း၊ဖေဖော်ဝါရီ-၉ဟုမ္မလင်းမြို့တွင်  CDM လုပ်သော လေကြောင်းပို့ဆောင်ရေးနှင့်ညွန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးဥက္ကာစံ၏ အိမ်သို့ ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေကြောင်း ၎င်း၏ဇနီးကပြောသည်။ဦးဥက္ကာကျော်၏ ဝန်ထမ်းအိမ်ရာနေအိမ်သို့ ယနေ့နံနက် ၂ နာရီအချိန်တွင် ရဲတပ်ဖွဲ့ အင်အား ၂၀ ဝန်းကျင်ခန့်မှ ဝဝင်ရောက်ရှာဖွေကြောင်း ဇနီးဖြစ်သူ ဒေါ်ဟန်နှောင်းထွေးကပြောသည်။"ဘာ့ကြောင့်လာဖမ်းတာလဲလို့မေးတယ်၊မဖြေဘူး စခန်း

မုံရွာ လူငယ်စင်တာရုံးသို့ တပ်နှင့်ရဲများ ဝင်ရောက်ရှာဖွေ

Posted: 09 Feb 2021 04:57 AM PST

မုံရွာ လူငယ်စင်တာရုံးသို့ တပ်နှင့်ရဲများ ဝင်ရောက်ရှာဖွေမုံရွာ၊ဖေဖော်ဝါရီ-၉မုံရွာမြို့ အထက၂ကျောင်းအနီး စစ်ကိုင်းတိုင်းလူငယ်ရေးရာကော်မတီရုံး (လူငယ်စင်တာ)သို့ ယနေ့နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့၊စစ်တပ်နှင့် အရပ်ဝတ် လူအချို့မှ ဝင်ရောက်ရှာဖွေကြောင်း သတင်းရရှိသည်။လူငယ်ရေးရာကော်မတီဝင်အချို့သည် ယမန်နေ့ကဆန္ဒပြလှုပ်ရှားမှု၌ ပါဝင်ပြီးနောက် ၎င်းတို့နေထိုင်ရာရုံးသို့ ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။"ခြံ

လူမစုရအမိန့် ထုတ်ပြန်ခဲ့ပေမယ့် တစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေ အရှိန်မလျော့ခဲ့

Posted: 09 Feb 2021 04:44 AM PST

လူမစုရအမိန့် ထုတ်ပြန်ခဲ့ပေမယ့် တစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေ အရှိန်မလျော့ခဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရန်ကုန်မြို့၊ ပြည်လမ်းနဲ့ တက္ကသိုပ်ရိပ်သာလမ်းဆုံမှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၉ ရက်နေ့က မြင်တွေ့ရစဉ် / Photo: RFAလူ ငါးဦးထက်ပိုပြီး လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြားတွေမှာ မစုဝေးဖို့နဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အာဏာသိမ်းစစ်အစိုးရက ထုတ်ပြန်လိုက်ပြီးနောက် ဒီနေ့ လူထုဆန္ဒပြပွဲ

မျက်ရည်ယိုဗုံးသုံးပြီး မန္တလေးဆန္ဒပြသူတွေ ဖြိုခွင်းခံရ

Posted: 09 Feb 2021 04:42 AM PST

မန္တလေးမြို့ ၇၃ လမ်းနဲ့ ၃၈ လမ်းကြားမှာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့က အသင့်ယူလာတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရေဖြန်းတဲ့ကားတွေနဲ့ ရေဖြန်းပြီး မျက်ရည်ယိုဗုံးသုံး လူစုခွဲခဲ့တာဖြစ်ပါတယ်။ဒီလိုလူစုခွဲဖြိုခွင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြပြည်သူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။ ဖြိုခွင်းခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် တဦး ဒဏ်ရာရရှိသွားပြီး ဆန္ဒပြသူတွေ ဘယ်နှယောက်ဒဏ်ရာရ သွားလဲဆိုတာ မသိရသေးပါဘူး။

မန္တလေး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲ

Posted: 09 Feb 2021 04:37 AM PST

မျက်ရည်ယို ဗုံးနဲ့ ဖြိုခွင်းသစ်တော ဦးစီးဌာန ဝန်ထမ်းတွေ မန္တလေးဆန္ဒပြမှုမှာ ပါဝင်လာမန္တလေးမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေး ရဲတပ်ဖွဲ့က ဒီကနေ့ နေ့လယ်ပိုင်းမှာ ၃၈ လမ်းပေါ်မှာ စတင် ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။ဆိုင်းဘုတ် ကိုင်ဆောင်ဆန္ဒပြသူတချို့ စတင်ဖမ်းဆီးခံခဲ့ရပြီးနောက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုကြရာက ရဲတပ်ဖွဲ့က ရေပိုက်နဲ့ ထိုးပက် လူစုခွဲခဲ့

ရခိုင်ပြည်နယ် ဆန္ဒပြမှုတွေမှာ ဌာနဆိုင်ရာနဲ့ နိုင်ငံရေးပါတီတွေ ပါဝင်လာ

Posted: 09 Feb 2021 04:35 AM PST

လုံခြုံရေးတပ်ဖွဲ့တွေ စည်းတားထားImage caption: လုံခြုံရေးတပ်ဖွဲ့တွေ စည်းတားထားရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်၊ ဂွ၊ မာန်အောင် စတဲ့မြို့နယ်တွေမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှု ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၉ ရက် ဒီကနေ့မနက်ပိုင်း ၈ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့ကြပါတယ်။တောင်ကုတ်မြို့ပေါ်မှာ သောင်းချီတဲ့လူတွေ ပူးပေါင်း ပါဝင်ခဲ့ကြပြီး ဂွမြို့မှာ လူဦးရေ သုံးထောင်လောက်၊ မာန်အောင်မြို့မှာ လူဦးရေ ငါးရာလောက် ပါဝင်

မြန်မာနဲ့ အဆင့်မြင့်နိုင်ငံရေးနဲ့ စစ်ရေးဆက်ဆံမှု နယူးဇီလန်ရပ်ဆိုင်း

Posted: 09 Feb 2021 04:32 AM PST

နယူးဇီလန်ဝန်ကြီးချုပ် Jacinda Arden။နယူးဇီလန်အစိုးရနဲ့ မြန်မာနိုင်ငံကြားက ရှိထားတဲ့ အဆင့်မြင့် နိုင်ငံရေးနဲ့ စစ်ဆေးအဆက်အသွယ်အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Arden က ဖေော်ဝါရီလ ၉ ရက်၊ အင်္ဂါနေ့မှာ ကြေငြာလိုက်ပါတယ်။"မြန်မာနိုင်ငံနဲ့ ရှိထားတဲ့ အဆင့်မြင့်နိုင်ငံရေးနဲ့ စစ်ရေးဆက်သွယ်ဆောင်ရွက်မှုအားလုံးကို နယူးဇီလန်နိုင်ငံက ရပ်ဆိုင်းလိုက်ပါပြီ။ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့

နေပြည်တော်ဆန္ဒပြပွဲ ပစ်ခတ်မှုကြောင့် နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ

Posted: 09 Feb 2021 04:30 AM PST

နေပြည်တော် ဆန္ဒပြပွဲမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁)နေပြည်တော်ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်နှိမ်နင်းတာကြောင့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတဦးနဲ့ ၂၃ နှစ်အရွယ် အမျိုးသားတဦးတို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရရသူပေါင်း ၂၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။ ဒဏ်ရာရ လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တဦးကို ဗွီအိုအေ မြန်မာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၂၀၂၁ကိုပြဌာန်း

Posted: 09 Feb 2021 04:27 AM PST

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ငါးနှစ်တာဝန်ထပ်မံထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၂၀၂၁ကိုပြဌာန်းလိုက်သည်။National League for Democracyhttps://www.facebook.com/nldparty

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ‌ကြေညာချက်အမှတ် ၁/၂၀၂၁

Posted: 09 Feb 2021 04:25 AM PST

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ‌ကြေညာချက်အမှတ် ၁/၂၀၂၁National League for Democracyhttps://www.facebook.com/nldparty

ဒေါ်အောင်ဆန်းစုကြည်ကို ၅ နှစ် ထပ်မံ တာဝန် ပေးတဲ့ အတိုင်ပင်ခံ ဥပဒေ ၂၀၂၁ ပြဋ္ဌာန်း

Posted: 09 Feb 2021 04:22 AM PST

နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေ ကို ၂၀၁၆ ခုနှစ်က စတင်ပြဌာန်းခဲ့၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ၅ နှစ် ထပ်မံ တာဝန်ထမ်းဆောင်နိုင်စေဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြဋ္ဌာန်း လိုက်ကြောင်း

ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးရဲ့ ထုတ်ပြန်ချက်

Posted: 09 Feb 2021 04:20 AM PST

"မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး တစ်ရပ်ကို လာမယ့် ကြာသပတေးနေ့ (မြန်မာစံတော်ချိန် သောကြာနေ့) ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ခေါ်ယူ ကျင်းပပေးဖို့ ယူကေနဲ့ အီးယူတို့က မနေ့က ပန်ကြားလိုက်ပါတယ်။ မြန်မာတပ်မတော်ရဲ့ အာဏာသိမ်းမှု၊ ရွေးချယ်တင်မြှောက်ခံ နိုင်ငံရေးသမားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တချို့ကို မတရားဖမ်းဆီးခဲ့မှုတွေအပေါ် ကျွန်တော်တို့ ယူကေအစိုးရ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.