Wednesday, February 10, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ငြိမ်းချမ်းရေးကိစ္စ တပ်မတော်နဲ့သာ ဆွေးနွေးရမယ်လို့ တိုင်းရင်းသားအဖွဲ့တချို့ကို အကြောင်းကြား

Posted: 10 Feb 2021 07:28 AM PST

တပ်မတော်က အာဏာသိမ်းလိုက်ပြီဖြစ်တာကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ NRPC မရှိတော့ဘဲ တပ်မတော်က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ပဲ ဆက်ဆွေးနွေးရမယ်လို့ တိုင်းရင်းသားအဖွဲ့တချို့ကို တပ်မတော်က အသိပေးပြောကြားထားပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်စောပိုင်းက

ဆန္ဒပြပွဲဒဏ်ရာရသူတွေကို ကူညီနေတဲ့ ဆရာဝန်အဖွဲ့ ဖိအားပေးခံရ

Posted: 10 Feb 2021 07:25 AM PST

နေပြည်တော်က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ထိခိုက်ဒဏ်ရာရသူတွေကို အခမဲ့ ကုသပေးနေတဲ့ ဆေးဝန်ထမ်းအဖွဲ့ကို ဖေဖော်ဝါရီ ၉ ရက် မနေ့ညကစလို့ စစ်တပ်က ဖိအားပေးနေတယ်လို့ ဆေးဝန်ထမ်း အဖွဲ့ဝင်တွေက ပြောပါတယ်။တစ်ချိန်တည်းမှာပဲ နေပြည်တော်မြို့လယ် လူစည်ကားရာ မြို့မဈေးအနီးမှာ ဒီကနေ့ ဌာနပေါင်းစုံက ဝန်ထမ်းအင်အား ငါးရာခန့် အာဏာရှင်ဖီဆန်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။နေပြည်တော်မြို့လယ် သပြေကုန်းအဝိုင်း လူထု

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ ဦးထွန်းထွန်းဟိန်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ထိန်းသိမ်းခေါ်ဆောင်သွား

Posted: 10 Feb 2021 07:15 AM PST

ဦးထွန်းထွန်းဟိန်းနောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်တို့ကို နေအိမ်တွေကနေ ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ ညနေပိုင်းမှာ စစ်တပ်က လာရောက်ခေါ်ဆောင်သွားတယ်လို့ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူးဦးကျော်ဝဏ္ဏက ဘီဘီစီကို ပြောပါတယ်။တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပြီးခဲ့တဲ့ မိနစ်ပိုင်းက

CRPH ကို ကယားနဲ့ တအာင်းပါတီ ကိုယ်စားလှယ်တွေပူးပေါင်း

Posted: 10 Feb 2021 07:13 AM PST

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာ ကိုယ်စားလှယ် နှစ်ဦး ထပ်မံ ခန့်ထားလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။ထပ်မံ ပါဝင်လာသူ နှစ်ဦးကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ်နဲ့ တအာင်းအမျိုးသားပါတီက နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမင်းထွန်းတို့ ဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို

စစ်အစိုးရ ဆန့်ကျင်ကြောင်း သတို့သမီးတွေ လမ်းမထွက်ဆန္ဒပြ

Posted: 10 Feb 2021 04:56 AM PST

 စစ်အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့မှာ သတို့သမီးဝတ်စုံတွေဝတ်ပြီး အမျိုးသမီးတွေ လမ်းမပေါ်ထွက် ဆန္ဒပြနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီလိုဆန္ဒပြနည်း အသစ်အဆန်းတွေထွင်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို ကမ္ဘာကသိအောင် မီးမောင်းထိုးပြကြတာလို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

ဆန္ဒပြနည်းအသစ်အဆန်းတွေနဲ့ စစ်အစိုးရ ဆန့်ကျင်ကြောင်း ဆယ်ကျော်သက်လူငယ်တွေ ဆန္ဒပြနေ

Posted: 10 Feb 2021 04:53 AM PST

 စစ်အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှာ သရုပ်ဖော်အကတွေနဲ့ ဆန္ဒပြနေကြတဲ့ မျိုးဆက်သစ် ဆယ်ကျော်သက် လူငယ်တချို့ကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ ကိုးရီးယားနဲ့ အနောက်တိုင်း တေးသီချင်းတွေဖွင့်ပြီး ဆန္ဒပြနေကြတဲ့ ဒီလူငယ်အများစုဟာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းမှာ မွေးဖွေးတဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို သူတို့ရဲ့မျိုးဆက်မှာ မရှိစေချင်တော့တာကြောင့် ဒီလိုဆန္ဒပြ

ရန်ကုန် ဖေဖော်ဝါရီ ၁၀ ရက်နေ့ခင်းပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမြင်ကွင်းများ

Posted: 10 Feb 2021 04:49 AM PST

ရန်ကုန်လှည်းတန်း ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ခင်းပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမြင်ကွင်းများBBC Burmesehttps://www.bbc.com/burmese/live/burma-55990515

ဒီနေ့ ဆန္ဒပြပွဲက ဆန်းသစ်တဲ့ဆန္ဒပြကွက်များ

Posted: 10 Feb 2021 04:47 AM PST

 ဒီနေ့ ဆန္ဒပြပွဲက ဆန်းသစ်တဲ့ဆန္ဒပြကွက်များBBC Burmesehttps://www.bbc.com/burmese/live/burma-55990515

မြန်မာစစ်အာဏာသိမ်းမှု ထိုင်းဝန်ကြီးချုပ်တုံ့ပြန်ချက်

Posted: 10 Feb 2021 04:44 AM PST

ထိုင်းဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုသ် ချန်-အိုချာ။မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးပါလို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပန်ကြားထားတဲ့ စာတစ်စောင်ကို သူ လက်ခံရရှိခဲ့တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုသ် ချန်-အိုချာက ဒီကနေ့ပြောပါတယ်။ဝန်ကြီးချုပ် ပရာယုသ်က သူ့အနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို အမြဲ ထောက်ခံ အားပေးပါ

၀န်ထမ်းတွေအပေါ် ဖိအားပေးခြိမ်းခြောက်နေသူတွေကို အရေးယူမယ်လို့ စစ်အစိုးရ ကြေညာ

Posted: 10 Feb 2021 04:42 AM PST

တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်နေသူတွေကို ဥပဒေနဲ့အညီ ပြင်းထန်စွာအရေးယူသွားမယ်လို့ အာဏာသိမ်းစစ်အစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ရုံးတက်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မသမာသူတွေက နည်းအမျိုးမျိုးနဲ့ဖိအားပေးတာ ၊ ခြိမ်းခြောက်တာတွေလုပ်ဆောင်နေကြောင်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တိုင်ကြားဖို့ဆိုပြီး ထုတ်ပြန်လိုက်တာပါ။အာဏာရှင်စနစ် ဖြုတ်ချရေး

အာဏာရှင်စနစ်ကို ဆက်ပြီးတော်လှန်သွားမယ်လို့ မမြသွဲ့သွဲ့ခိုင်မိသားစုတွေပြော

Posted: 10 Feb 2021 04:40 AM PST

ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အသက်ရှင်သန်ခွင့်က ၅ ရာခိုင်နှုန်းလောက်ပဲမျှော်လင့်ချက်ရှိတော့တယ်လို့ သူ့ရဲ့အမ မမြသတိုးနွယ်က ပြီးခဲ့တဲ့နာရီပိုင်းက သတင်းမီဒီယာတွေကို ရှင်းလင်းပြောဆိုလိုက်ပါတယ်။ဒါကြောင့် အာဏာရှင်စနစ်ကို ဆက်ပြီးတော်လှန်သွားမယ်လို့ မမြသတိုးနွယ်ကပြောပါတယ်။မမြသွဲ့သွဲ့ခိုင်ဟာ ဆယ်တန်းဖြေမယ့်

မန္တလေးမြို့ အမရပူရမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြည်သူများနှင့်အတူ ဆန္ဒဖော်ထုတ်

Posted: 10 Feb 2021 04:37 AM PST

(၁၀-၂-၂၀၂၁)မန္တလေးမြို့ အမရပူရမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြည်သူများနှင့်အတူ ဆန္ဒဖော်ထုတ်နေကြသည်။ဓာတ်ပုံ-ဇော်ဖြိုးနောင်The Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal

Posted: 10 Feb 2021 04:34 AM PST

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လက်အောက်ရှိ ဝန်ထမ်းများအား အစိုးရသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း ကြေညာချက်ကို ယနေ့(၁၀-၂-၂၀၂၁)တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်စား ဝန်ကြီး ဦးမျိုးသစ်က ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။The Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal

UMFCCI ရုံးပိတ်ထားလိုက်

Posted: 10 Feb 2021 04:28 AM PST

UMFCCI မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး အသင်းအဖွဲ့ကြီးဖြစ်တဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး ရန်ကုန်မြို့က ရုံးကို ပိတ်ထားလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ဆိုရှယ်လူမှုကွန်ရက်ပေါ်မှာ ကုန်သည် စက်မှုအသင်းချုပ်အဖွဲ့ဝင်တွေဟာ အသင်းချုပ် ဝန်ထမ်းတွေကို အတင်းအကျပ် အလုပ်တက်ဖို့ ဖိအားပေး ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုအားလုံး ရပ်ဖို့ အာရှဒေသဆိုင်ရာ ယူကေဝန်ကြီး တောင်းဆိုလိုက်

Posted: 10 Feb 2021 04:26 AM PST

အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး နိုင်ဂျယ်အက်ဒမ်စ်"ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို လက်နက်သုံး ပစ်ခတ်တာတွေအပါအ၀င် အကြမ်းဖက် နှိမ်နင်းဖြိုခွဲတဲ့ သတင်းတွေက ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အခြေအနေပဲ ဖြစ်ပါတယ်။ မြန်မာတပ်မတော်အနေနဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းခံ ပုဂ္ဂိုလ်တွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားရမည် ဖြစ်ကြောင်း

ဆန္ဒပြမှုများ စနစ်တကျဖြစ်စေဖို့ ပြင်ဆင်ကြိုးစားလာ

Posted: 10 Feb 2021 04:25 AM PST

နေပြည်တော်မှာတွေ့ရတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ ဒီနေ့ဆိုရင် ၅ ရက် ရှိလာပါပြီ။ ဆန္ဒပြလှုပ်ရှားမှုတွေ ရက်ကြာလာတာနဲ့အမျှ စနစ်တကျထိန်းထားနိုင်အောင် ဆန္ဒပြလှုပ်ရှားသူတွေ ကြိုးပမ်းနေကြတဲ့အကြောင်းကို ရန်ကုန်မှာ ကိုယ်တိုင်သတင်းယူထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက

စစ်အာဏာသိမ်းဆန့်ကျင်မှု ၅ ရက်မြောက်လူထုဆန္ဒပြပွဲ

Posted: 10 Feb 2021 04:23 AM PST

ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရှေ့ စစ်အာဏာဆန့်ကျင်ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁)စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲ ၅ ရက်မြောက်နေ့မှာတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်က ဝန်ကြီးဌာနပေါင်းစုံ ဆန္ဒပြတဲ့ထဲ ပါဝင်လာပါတယ်။ အင်္ဂါနေ့က နေပြည်တော်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့အတွက် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရသွားပြီးတဲ့ နောက်တရက်မှာပဲ အခုလို ဝန်ကြီးဌာနပေါင်းစုံ ဆန္ဒပြတဲ့ထဲ

မြို့ကြီးတွေမှာ ဆန္ဒပြသူအင်အား ဆက်လက်အားကောင်းနေဆဲ

Posted: 10 Feb 2021 04:12 AM PST

မြို့ကြီးတွေမှာ ဆန္ဒပြသူအင်အား ဆက်လက်အားကောင်းနေဆဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြနေသူတွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းလမ်းဆုံမှာ တွေ့ရစဉ် / Photo: RFAအာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြမှု ၅ ရက်မြောက်နေ့ ဒီနေ့မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ ဆန္ဒပြသူ အင်အားတွေ လျော့ကျမသွားဘဲ ဆက်ပြီး အားကောင်းနေ

မန္တလေးမှာ ဆန္ဒပြလို့ ဖမ်းခံရသူ ၈၀ ကျော်ပြန်လွတ်လာ

Posted: 10 Feb 2021 04:10 AM PST

မန္တလေးမှာ ဆန္ဒပြလို့ ဖမ်းခံရသူ ၈၀ ကျော်ပြန်လွတ်လာ မန္တလေးမြို့ ပုသိမ်ကြီး ရဲစခန်းကို တွေ့ရစဉ် / Photo: RFAမန္တလေးမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ လူ ၈၀ ကျော်ကို ကိုယ်တိုင်ခံဝန်ပေးပြီး ဒီနေ့နေ့လယ်မှာ ပုသိမ်ကြီး ရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။နောက်ထပ် ဆန္ဒပြတာတွေမလုပ်ဖို့နဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို မသိရှိကြောင်းဆိုတဲ့

လွိုင်ကော်မြို့က ဆန္ဒပြရဲတွေ အဖမ်းမခံရ၊ ရဲ ၉ ဦး ထပ်ပူးပေါင်းလာ

Posted: 10 Feb 2021 04:08 AM PST

လွိုင်ကော် ဆန္ဒပြပွဲ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်များဖေဖော်ဝါရီလ ၉ ရက် မနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်‌ကော်မြို့ သပိတ်စစ်ကြောင်းမှာ ပူးပေါင်း ပါဝင်လာတဲ့ ရဲတွေကို ဖမ်းဆီးဖို့ လုပ်ခဲ့ပေမယ့် ဒေသခံ ၅၀၀၀ ကျော်က ဝန်းရံခဲ့ကြအပြီးမှာ ဝန်ထမ်းတွေ ရုံးမတက်ဘဲ ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှု နဂိုမူလစစ်ကြောင်းမှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ အပြင် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၉ ဦးထပ်မံ ပါဝင်လာတယ်လို့ဆိုပါတယ်။တပ်မတော်သတင်းမှန်

ဖမ်းထားသူတွေကို လွှတ်ပေးဖို့ တောင်ကုတ်ရဲစခန်းရှေ့မှာ ဆန္ဒပြ

Posted: 10 Feb 2021 04:06 AM PST

တောင်ကုတ် ဆန္ဒပြပွဲစစ်အာဏာသိမ်း ဆန့်ကျင်မှုနဲ့ ပတ်သက်ပြီးဖမ်းထားသူတွေ လွှတ်ပေး ဖို့ ဆန္ဒပြတွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တောင်ကုတ်မြို့နယ်ရဲစခန်းရှေ့မှာ ဆန္ဒပြ နေကြပါတယ်။တပ်မတော်က စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ တစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်နေကြတဲ့အချိန်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ဆန္ဒပြပွဲဦးဆောင်သူတွေဖြစ်တဲ့ ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့လယ်ပိုင်း မှာ

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ သရုပ်ဆောင်ဒေါင်းနဲ့ VOA ဆက်သွယ်မေးမြန်းမှု

Posted: 10 Feb 2021 04:04 AM PST

သရုပ်ဆောင်ဒေါင်းမြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အဆုံးရှုံးမခံနိုင်တဲ့အတွက် စစ်အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်နေရတာဖြစ်တယ်လို့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက ပြောကြားလိုက်ပါတယ်။ လူငယ်တွေသူတို့ အနာဂတ်ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ လက်တွေ့မြင်နေရတာမို့ စစ်အာဏာသိမ်းမှု အဆုံးသတ်သွားတဲ့အထိ ဆက်ပြီး တတ်နိုင်တဲ့ဘက်က ကြိုးစားသွားမယ်လို့ ပြောပါတယ်။ CDM လှုပ်ရှားမှုမှာပါဝင်လို့ ဒုက္ခရောက်

ဆန္ဒပြမှုလူထုကို KIO အကာအကွယ်ပေးမည်

Posted: 10 Feb 2021 04:01 AM PST

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အင်အားသုံး နှိမ်နင်းလာမယ်ဆိုရင် လူထုဘက်က ကာကွယ်ပေးမှာဖြစ်ကြောင်း ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ KIO ကပြောလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။အရပ်သား

တောင်ကုတ်က NLD အမတ်နဲ့ ပါတီဝင်တစ်ဦး ဘေးစီမံဥပဒေနဲ့ အမှုဖွင့်ခံရ

Posted: 10 Feb 2021 03:59 AM PST

တောင်ကုတ်က NLD အမတ်နဲ့ ပါတီဝင်တစ်ဦး ဘေးစီမံဥပဒေနဲ့ အမှုဖွင့်ခံရ စစ်အစိုးရဆန့်ကျင်ရေး ရခိုင်ပြည်နယ်က ဆန္ဒပြပွဲ တစ်ခုကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ် / Photo: WTOရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ အာဏာသိမ်းအစိုးရကို အလိုမရှိကြောင်း ဆန့် ကျင်ဆန္ဒပြခဲ့တဲ့ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ NLD ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု

အမ်းမှာ စစ်အာဏာသိမ်းအစိုးရကို ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံထားရ

Posted: 10 Feb 2021 03:57 AM PST

အမ်းမှာ စစ်အာဏာသိမ်းအစိုးရကို ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံထားရ စစ်အာဏာရှင်စနစ်ကျရှုံးရေး ရခိုင်ပြည်နယ် အမ်းမြို့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆန္ဒပြခဲ့စဉ် / Photo: RFAရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနေ့က နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံထားရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မမိုင်ခင်ရတနာမျိုးလှိုင် က RFA ကိုပြောပါတယ်။ဖမ်းဆီးခံရတဲ့ သူတွေဟာ မရတနာအောင်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.