သစ္ထူးလြင္ |
- ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ရှိဝန်ထမ်းများနှင့် ပြည်သူများ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် မြင်ကွင်းများ
- အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ အနုပညာရှင်တွေပူးပေါင်း
- နိုင်ငံတဝန်းစစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲ ငါးရက်မြောက်နေ့ မြင်ကွင်းများ
- ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ် ကော့မှူးက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ဝန်ထမ်းတွေလည်း ပါဝင်
- ကရင်ပြည်နယ် ဝန်ကြီးချုပ် ဘားအံ့တောင်ကလေး အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရ
- ရွေးကောက်ပွဲတာဝန်ရှိသူများနဲ့ ဆန္ဒပြပွဲပါဝင်သူ နိုင်ငံရေးပါတီဝင်တွေကို ဖမ်း
- ဆန္ဒပြဝန်ထမ်းတွေကို ဥပဒေ နဲ့ကာကွယ်ပေးမယ်လို့ ( CRPH)ထုတ်ပြန်
- အခြေခံဥပဒေတစ်ခု ထပ်ရေးမယ်လို့ စစ်အစိုးရထုတ်ပြန်
- ပြည်နယ် တိုင်း ဝန်ကြီးချုပ်တွေနဲ့ NLD တာဝန်ရှိသူတွေ ပြန်လည် ဖမ်းဆီးခံနေရ
- ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီး သုံးယောက်ကို ဆက်သွယ်မရသေး
- ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကွယ်လွန်
- ပုသိမ်ကြီးမြို့နယ်တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းချီတက်ဆန္ဒပြ
- မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒပြ ဓာတ်ပုံများ
- မုံရွာ ဆန္ဒပြမှုခြောက်ရက်မြောက်နေ့
- ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကြေညာချက် အမှတ် ၅/၀၂/၂၀၂၁
- မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်သူ့ဝန်ထမ်းများအား ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ အစိုးရအသစ်ဖွဲ့စည်းတာဝန်ယူသည့်အချိန်အထိ အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း ဒီနေ့နေ့စွဲဖြင့်ထုတ်ပြန်
- ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကြေညာချက်အမှတ် (၃/၂၀၂၁) ထုတ်ပြန်
- CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းများ၏ မူလတာဝန်နှင့်ရာထူးများကို ဥပဒေပြဌာန်းပြီးကာကွယ်ပေးမည်
- အမ်းမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲ လိုက်ဖ်လွှင့်တဲ့ အမျိုးသမီးကို ရဲက ဖမ်း
- မြန်မာပြည်တွင်း အခြေအနေ အနီးကပ် စောင့်ကြည့်ခွင့် လူ့အခွင့်အရေး ကောင်စီ တောင်းဆိုလာဖွယ်ရှိ
- အာဏာသိမ်းမှု ဆန္ဒပြပွဲ ကယားပြည်နယ် ရဲတချို့ပူးပေါင်း
- အာဏာသိမ်း စစ်ကောင်စီက အပူတပြင်း ပြဌာန်းမယ့် ဆိုက်ဘာဥပဒေ ဘာရည်ရွယ်ချက်လဲ
- နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဧကတစ်ထောင်အဝိုင်းမှာ ဝန်ထမ်းပေါင်းစုံ ဆန္ဒပြနေတဲ့မြင်ကွင်းပါ
- ချုပ်ရက်ရမန်စေ့ရင် ခေါင်းဆောင်တွေ လွတ်လာနိုင်လား
- စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်တားဆီးရေး အခက်ကြုံရဖွယ် ရှိနေခြင်း
Posted: 11 Feb 2021 07:54 AM PST (၁၁.၂.၂၀၂၁)ရက်နေ့ နံနက် (၉)နာရီ အချိန်ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ရှိဝန်ထမ်းများနှင့် ပြည်သူများ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် မြင်ကွင်းများphotos - Min Min's Facebook / Koheinlay Koheinlay's facebook |
အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ အနုပညာရှင်တွေပူးပေါင်း Posted: 11 Feb 2021 04:06 AM PST အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ အနုပညာရှင်တွေပူးပေါင်းစစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ပွဲမှာ အနုပညာရှင်တွေ အများအပြား ပူပေါင်းပါဝင်လာနေကြပါတယ်။VOA Burmesehttps://burmese.voanews.com/a/burmese-celebrities-protest-against-military-coup/5774192.html |
နိုင်ငံတဝန်းစစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲ ငါးရက်မြောက်နေ့ မြင်ကွင်းများ Posted: 11 Feb 2021 04:03 AM PST စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်ပွားနေတာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်ဆို ခြောက်ရက်မြောက်ရှိနေပါပြီ။ ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့ Civil Disobedience Movement လှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အရှိန်ကောင်းလာသလို ဆန္ဒပြပွဲတွေမှာ လူငယ်တွေရဲ့ ထူးခြားဆန်းသစ်တဲ့ ဆန္ဒဖော်ထုတ်မှုပြကွက်တွေကလည်း တစ်နေ့နဲ့တစ်နေ့ ပိုပိုပြီး စုံလင်လာတာကိုတွေ့ရပါတယ်။ မန္တလေးမှာ |
ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ် ကော့မှူးက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ဝန်ထမ်းတွေလည်း ပါဝင် Posted: 11 Feb 2021 03:58 AM PST ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ် ကော့မှူးမှာ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲကို ဒီမနက်မှာ ပြုလုပ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေး၊ စာရင်းအင်းဌာန၊ ဆက်သွယ်ရေး စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တာကိုတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ အနိုင်ရရှိထားပါတယ်။ ဒီမဲဆန္ဒနယ်ကနေ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ကြားဖြတ် |
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဘားအံ့တောင်ကလေး အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရ Posted: 11 Feb 2021 03:54 AM PST ကရင်ပြည်နယ် ဝန်ကြီးချုပ် ဘားအံ့တောင်ကလေး အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရ ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၂၀၂၀ အောက်တိုဘာလ ၃၀ ရက်နေ့က မဲစာရင်း စစ်ဆေးနေစဉ်Photo: RFAနေအိမ်အကျယ်ချုပ်ခံထားရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်တို့ နှစ်ဦးကို ကရင်ပြည်နယ်၊ ဘားအံ့တောင်ကလေး အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောပါတယ်။ |
ရွေးကောက်ပွဲတာဝန်ရှိသူများနဲ့ ဆန္ဒပြပွဲပါဝင်သူ နိုင်ငံရေးပါတီဝင်တွေကို ဖမ်း Posted: 11 Feb 2021 03:52 AM PST ရွေးကောက်ပွဲတာဝန်ရှိသူများနဲ့ ဆန္ဒပြပွဲပါဝင်သူ နိုင်ငံရေးပါတီဝင်တွေကို ဖမ်း မန္တလေးမှာ ကင်းလှည့်နေတဲ့ စစ်ကားတန်းကို ၂၀၂၀ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ် / Photo: RFAစစ်တပ်က အာဏာသိမ်းပြီး ၁၁ ရက်မြောက်နေ့မှာပဲ တိုင်းနဲ့ပြည်နယ်တွေ၊ ခရိုင်နဲ့ မြို့နယ်အဆင့် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေကို တပ်မတော်က ဖမ်းဆီးနေပါတယ်။ အလားတူ ဆန္ဒပြပွဲ ဦးဆောင်သူတွေ တက်ကြွလှုပ်ရှားသူတချို့ကိုပါ ဖမ်းဆီးနေ |
ဆန္ဒပြဝန်ထမ်းတွေကို ဥပဒေ နဲ့ကာကွယ်ပေးမယ်လို့ ( CRPH)ထုတ်ပြန် Posted: 11 Feb 2021 03:49 AM PST ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့ Civil Disobedience Movementလှုပ်ရှားမှုစစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ကြတဲ့ ဝန်ထမ်းတွေရဲ့ အလုပ်တာဝန်ရာထူးနေရာများကို အပြည့်အဝ အာမခံချက်ပေးကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ( CRPH) က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ မူလတာဝန်နဲ့ ရာထူးတွေကို ဥပဒေပြဌာန်းပြီး ကာကွယ်ပေးမယ်လို့လည်း |
အခြေခံဥပဒေတစ်ခု ထပ်ရေးမယ်လို့ စစ်အစိုးရထုတ်ပြန် Posted: 11 Feb 2021 03:47 AM PST ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ်အာဏာသိမ်းအစိုးရရဲ့ နိုင်ငံပိုင်သတင်းစာ မှာ ၂၀၂၁ ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ ဖော်ပြရာမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနဲ့လျော်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ပေါ်ပေါက်ရေး ဆိုပြီး နံပတ် ၃ အချက်မှာ ဖော်ပြတာကို တွေ့ရပါတယ်။ဒီလို ဖော်ပြတာဟာ အာဏာသိမ်းအစိုးရ ဟာ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအစား ဥပဒေသစ် ရေးဆွဲဖို့ရှိလာနိုင်တယ်လို့နိုင်ပြောဆိုမှုတွေရှိပါတယ်။BBC |
ပြည်နယ် တိုင်း ဝန်ကြီးချုပ်တွေနဲ့ NLD တာဝန်ရှိသူတွေ ပြန်လည် ဖမ်းဆီးခံနေရ Posted: 11 Feb 2021 03:45 AM PST တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် (ဓါတ်ပုံ- Tanintharyi Region Facebook)ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်က မနေ့က တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တချို့ကို ထပ်မံ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ဖမ်းသွားတဲ့သတင်းနဲ့ ပတ်သက်လို့ တင်္သာရီတိုင်း မဲဆန္ဒနယ်မြေ အမှတ် (၂) ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကို ဗွီအိုအေ သတင်းထောက် မမေခက မေးမြန်းထား |
ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီး သုံးယောက်ကို ဆက်သွယ်မရသေး Posted: 11 Feb 2021 03:42 AM PST ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီး သုံးယောက်ကို ဆက်သွယ်မရသေး တနင်္သာရီတိုင်း လူမှုရေးနဲ့ စည်ပင်ဝန်ကြီး ဦးဟိုပင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီး ဦးကျော်မင်း၊ စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို တို့ကို တွေ့ရစဉ် (ဝဲ မှ ယာ)တနင်္သာရီတိုင်း လူမှုရေးနဲ့ စည်ပင်ဝန်ကြီး ဦးဟိုပင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီး ဦးကျော်မင်း နဲ့ စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုတို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက |
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကွယ်လွန် Posted: 11 Feb 2021 03:41 AM PST ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကွယ်လွန် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဥက္ကဋ္ဌ ဦးတဲရန့်စန်မွေးနီခွဲ ၂၀၂၁၊ ဖေဖော်ဝါရီ ၉ ရက်နေ့ နေပြည်တော်မှာ အစည်းအဝေးတက်ရောက်နေစဉ် / ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တပ်မတော်က အာဏာသိမ်းပြီး အသစ်ဖွဲ့စည်းခန့်အပ်ထားတဲ့ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဥက္ကဋ္ဌ ဦးတဲရန့်စန်မွေးနီခွဲဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒီနေ့ မနက်အစောပိုင်း |
ပုသိမ်ကြီးမြို့နယ်တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းချီတက်ဆန္ဒပြ Posted: 11 Feb 2021 03:24 AM PST (၁၁-၂-၂၀၂၁)ပုသိမ်ကြီးမြို့နယ်တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေး ချီတက်ဆန္ဒပြနေကြသည်။ဓာတ်ပုံ-ဝေဖြိုးအောင်The Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal |
မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒပြ ဓာတ်ပုံများ Posted: 11 Feb 2021 03:19 AM PST (၁၁-၂-၂၀၂၁)မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ချီတက်ဆန္ဒပြနေကြသည်။The Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal |
မုံရွာ ဆန္ဒပြမှုခြောက်ရက်မြောက်နေ့ Posted: 11 Feb 2021 03:00 AM PST မုံရွာ၊ဖေဖော်ဝါရီ-၁၁မုံရွာတွင် အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြသော ခြောက်ရက်မြောက် မြင်ကွင်းဖြစ်သည်။CDMလုပ်ဆောင်နေသော ဝန်ထမ်းများ လူထုအား ဟောပြောသည်။Monywa Gazettehttps://www.facebook.com/monywagazette/ |
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကြေညာချက် အမှတ် ၅/၀၂/၂၀၂၁ Posted: 11 Feb 2021 02:49 AM PST ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကြေညာချက် အမှတ် ၅/၀၂/၂၀၂၁National League for Democracyhttps://www.facebook.com/nldparty |
Posted: 11 Feb 2021 02:48 AM PST ၁၁ ဖေဖော်ဝါရီ ၂၀၂၁မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်သူ့ဝန်ထမ်းများအား ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ အစိုးရအသစ်ဖွဲ့စည်းတာဝန်ယူသည့်အချိန်အထိ အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း ဒီနေ့နေ့စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။National League for Democracyhttps://www.facebook.com/nldparty |
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကြေညာချက်အမှတ် (၃/၂၀၂၁) ထုတ်ပြန် Posted: 11 Feb 2021 02:46 AM PST ၁၁ ဖေဖော်ဝါရီ၊ ၂၀၂၁ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးလက်ရှိအစိုးရအဖွဲ့နှင့် လွှတ်တော်အကြီးအကဲတာဝန်ယူခဲ့သူများကို ၁၀ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွင် ပါဝင်သူများအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကြေညာချက်အမှတ်(၃)ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။National League for Democracyhttps://www.facebook.com/nldparty |
CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းများ၏ မူလတာဝန်နှင့်ရာထူးများကို ဥပဒေပြဌာန်းပြီးကာကွယ်ပေးမည် Posted: 11 Feb 2021 02:44 AM PST တရားမဝင်အာဏာသိမ်းအဖွဲ့မှထုတ်ပြန်သော ဥပဒေများ၊ အမိန့် ညွှန်ကြားချက်များသည် တရားဝင်မှုမရှိပေကြေညာချက် အမှတ် ( ၃၊၂၀၂၁ )ဖေဖော်ဝါရီလ (၁၁)ရက်၊ ၂၀၂၁ခုနှစ်။၁။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်လုံး၌ တည်သည် ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေသဘောတရားအရ နိုင်ငံ၏ အချုပ်အခြာအာဏာကို လူတစ်စုက လက်နက် အားကိုးပြုလျက် အဓမ္မ သိမ်းပိုက်ထားချိန်တွင် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ် |
အမ်းမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲ လိုက်ဖ်လွှင့်တဲ့ အမျိုးသမီးကို ရဲက ဖမ်း Posted: 10 Feb 2021 07:33 PM PST အမ်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို လူမှုကွန်ရက်ကနေ လိုက်ဖ်လွှင့်တဲ့ အသက် ၃၀ အရွယ် AGD ဘဏ်ဝန်ထမ်း အမျိုးသမီးကို ဖမ်းဆီးသွားကြောင်း မိသားစုဝင်က ဘီဘီစီကို ပြောပါတယ်။ မသင်းမြတ်ခိုင်ဟာ အိမ်ကနေ မြို့ဟောင်းဘက်ကို ဈေးသွားဝယ်ရာကနေ အပြန်မှာ ဆန္ဒပြပွဲနဲ့ တိုးခဲ့ပြီး ဆန္ဒပြတဲ့ကျောင်းသားနဲ့ ရဲတွေ ထိပ်တိုက်တွေ့ချိန်ကို လိုက်ဖ်လွှင့်တာကြောင့် ခုလိုဖမ်းဆီးတာဖြစ်တယ်လို့ ၎င်းရဲ့ |
မြန်မာပြည်တွင်း အခြေအနေ အနီးကပ် စောင့်ကြည့်ခွင့် လူ့အခွင့်အရေး ကောင်စီ တောင်းဆိုလာဖွယ်ရှိ Posted: 10 Feb 2021 07:31 PM PST မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ရှုတ်ချတဲ့ဆုံးဖြတ်ချက်တစ်စောင် မနက်ဖြန်သောကြာနေ့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်လာဖို့ ရှိပါတယ်။လူ့အခွင့်အရေးကောင်စီထံ ဗြိတိန်နဲ့အီးယူတို့ မူကြမ်းရေးဆွဲ တင်သွင်းထားတဲ့အပေါ် အဖွဲ့၀င်နိုင်ငံတွေ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။အဲဒီမူကြမ်းထဲ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ဆန်းစစ်ခွင့် ချက် |
အာဏာသိမ်းမှု ဆန္ဒပြပွဲ ကယားပြည်နယ် ရဲတချို့ပူးပေါင်း Posted: 10 Feb 2021 07:29 PM PST အာဏာသိမ်းမှု ဆန္ဒပြပွဲ ကယားပြည်နယ် ရဲတချို့ပူးပေါင်း။ (ဓါတ်ပုံ- KHUN BWE MUE via REUTERS)မြန်မာနိုင်ငံက ရဲအရာရှိတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့တို့ဟာ နိုနိုင်ငံအနှံ့ ပေါ်ပေါက်နေတဲ့ လူထုဆန္ဒပြပွဲတွေမှာ ပြည်သူနဲ့အတူ ပူးပေါင်း ပါဝင်လာကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။ဖမ်းဆီးခံ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး ၊ စစ်အာရှင်စနစ် အလိုမရှိ ၊ ရုံးမတက်နဲ့ ရုန်းထွက် ၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို |
အာဏာသိမ်း စစ်ကောင်စီက အပူတပြင်း ပြဌာန်းမယ့် ဆိုက်ဘာဥပဒေ ဘာရည်ရွယ်ချက်လဲ Posted: 10 Feb 2021 07:26 PM PST Internet Cyber securityမြန်မာနိုင်ငံမှာ အဏာသိမ်းစစ်အုပ်ချုပ်ရေးကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေတရပ်ကိုမကြာခင်ထုတ်ပြန်ဘို့ရှိပါတယ်။ အင်တာနက်လူမှုကွန်ရက်ဆက်သွယ်ရေးစံနစ်တွေကိုထိန်းချုပ်ပြီး ကန်ုသတ်ချက်ချိုးဖေါက်သူတွေကို အပြစ်ဒဏ်ပေးမဲ့ ဒီဥပဒေကိုချက်ခြင်းလက်ငင်းအကောင်အထည်ဖေါ်နိုင်ရေးအတွက် လိုအပ်တဲ့နည်းပညာရပ်ဆိုင်ရာအထောက်အကူတွေကို တရုတ်နိုင်ငံကနေ မှာယူတင်သွင်းခဲ့ပြီး အင်တာနက်ဆက်သွယ်ရေးနဲ့ဝန်ဆောင်မှု |
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဧကတစ်ထောင်အဝိုင်းမှာ ဝန်ထမ်းပေါင်းစုံ ဆန္ဒပြနေတဲ့မြင်ကွင်းပါ Posted: 10 Feb 2021 06:06 PM PST နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဧကတစ်ထောင်အဝိုင်းမှာ ဝန်ထမ်းပေါင်းစုံ ဆန္ဒပြနေတဲ့မြင်ကွင်းပါRFA Burmesehttps://www.facebook.com/rfaburmese |
ချုပ်ရက်ရမန်စေ့ရင် ခေါင်းဆောင်တွေ လွတ်လာနိုင်လား Posted: 10 Feb 2021 05:27 PM PST အဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦး၀င်းမြင့်တို့နဲ့ တွေ့ခွင့် မရသေးဘူးလို့ သူတို့ရဲ့ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်မယ့် တရားလွှတ်တော် ရှေ့နေကြီး ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။ရှေ့နေကိုယ်စားလှယ် လွှဲစာယူဖို့ တွေ့ခွင့်တောင်းပေမယ့် ကြန့်ကြာနေတာ ဖြစ်ပါတယ်။တွေ့ခွင့်ပေးနိုင်တဲ့ ခရိုင်အဆင့် ရဲမှူးကြီး အလုပ်ရှုပ်နေလို့ ဆိုတဲ့ အကြောင်းပြချက် ပေးတယ် ဆိုပြီး |
စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်တားဆီးရေး အခက်ကြုံရဖွယ် ရှိနေခြင်း Posted: 10 Feb 2021 05:22 PM PST မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး၊ ကိုဗစ်ကာလရှေ.တန်းကကျန်းမာရေးဝန်ထမ်းတွေပဲဦးဆောင်တဲ့ ဒီစစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ မပူးပေါင်းမဆောင်ရွက်ရေးလူပ်ရှားမူ (CDM) အားကောင်းလာချိန်မှာ၊ ကိုဗစ်ကာကွယ်ကုသရေး အားနည်းသွားမှာလည်း စိုးရိမ်မူတွေရှိနေပါတယ်။ဒီလှုပ်ရှားမူမှာ တက်တက်ကြွကြွပါဝင်နေတဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအသင်း ဒု ဥက္ကဌ ဒေါက်တာမြင့်ဦးက၊ အရေးပေါ်ဆိုးလာနိုင်တာတွေအတွက်တော့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.