Friday, February 12, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကန်အကူအညီ အာဏာသိမ်းအဖွဲ့ မရစေဖို့ ကဏ္ဍပြောင်းရွှေ့ကူညီနေ

Posted: 12 Feb 2021 07:48 AM PST

USAID Logo တံဆိပ်။အမေရိကန်အစိုးရက နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကူအညီပေးနေတဲ့ USAID အဖွဲ့က မြန်မာနိုင်ငံအတွက် ပေးနေတဲ့ အကူအညီတွေကို အာဏာသိမ်း စစ်အုပ်စုအတွက် အထောက်အပံ့မဖြစ်အောင် ပြန်လည်သုံးသပ်ပြီး ကူညီငွေ ဒေါ်လာ ၄၂ သန်းကျော်ကို ချက်ချင်း နေရာပြောင်း ကူညီတာတွေ လုပ်ဆောင်လိုက်တယ်လို့ ပြောပါတယ်။USAID အနေနဲ့ အသေးစိတ် လေ့လာသုံးသပ်မှုတွေ လုပ်ပြီးတော့မှ ခုလို ဆုံးဖြတ်လုပ်ဆောင်တာဖြစ်တယ်လို့

"မြန်မာအခြေအနေ ပုံမှန်ပြန်ရောက်ဖို့ ဆက်သွယ်ပြောဆိုနေ" - ကုလ တရုတ်သံအမတ်

Posted: 12 Feb 2021 07:45 AM PST

ကုလသမဂ္ဂဆိုင်ရာ ဂျီနီဗာအခြေစိုက် တရုတ်သံမတ်ကြီး Chen Xu။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာက ပြည်တွင်းရေးသာဖြစ်တယ်လို့ တရုတ်နိုင်ငံကပြောပြီး မြန်မာနိုင်ငံတွင်းမှာ အခြေအနေတွေ အေးဆေးပြီးတော့ ပုံမှန်အနေအထားပြန်ရောက်ဖို့ သက်ဆိုင်သူတွေအားလုံးနဲ့ ဆက်သွယ် ပြောဆိုနေတယ်လို့ဆိုပါတယ်။ကုလသမဂ္ဂဆိုင်ရာ ဂျီနီဗာအခြေစိုက် တရုတ်သံမတ်ကြီး Chen Xu က ဒီနေ့ကျင်းပတဲ့ လူအခွင့်အရေးကောင်စီ အထူးအစည်းအဝေးပွဲမှာ မြန်မာနိုင်ငံထဲ

ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေနဲ့ အတူရပ်တည်သွားမည်ဟု က.လ.လ.တ ထုတ်ပြန်

Posted: 12 Feb 2021 07:43 AM PST

၂၀၂၁  ​ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာကယားပြည်နယ်ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့တပ်ဦး (KNPLF)အဖွဲ့က တပ်မတော်ရဲ့ အာဏာသိမ်းစည်းမှုအပေါ်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်မှာ တပ်မတော်ရဲ့နိုင်ငံတော်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရဲ့ မဲရလဒ်ကို အသိအမှတ်ပြုကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သူတွေကို ပြန်လွတ်ပေးဖို့ (KNPLF) အဖွဲ့ အနေဖြင့်

အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှု ပြုလုပ်တဲ့ ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ

Posted: 12 Feb 2021 07:38 AM PST

အာဏာရှင်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးနဲ့ နန်းမယ်ခုံမြို့ အုပ်ချုပ်ရေးမှူးကို တာဝန်မှယာယီရပ်ဆိုင်းထားတယ်လို့ ဖေဖော်ဝါရီလ ၁၁ရက်နေ့စွဲနဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ ကယားပြည်နယ်မှာ အာဏာရှင်ကို ဖီဆန်တဲ့ လူထုလှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေထဲက ပထမဆုံး အရေးယူလိုက်တဲ့ အမှုဖြစ်ပါတယ်။ကယားပြည်နယ်မှာ

ရဟန်းသံဃာတော်များက မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

Posted: 12 Feb 2021 07:34 AM PST

(၁၂-၂-၂၀၂၁)မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ရဟန်းသံဃာတော်များက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်။Photo-Min Min Latt TheMandalayNewsJournalhttps://www.facebook.com/TheMandalayNewsJournal

ဆန္ဒပြပွဲတွေ အရှိန်မြင့်နေချိန် ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်

Posted: 12 Feb 2021 05:13 AM PST

ရှမ်းပြည်နယ်ရှိ ဘုန်းကြီးကျောင်းတခုမှာ တွေ့ရတဲ့ စစ်ရှောင်ဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်တပ်နဲ့ ရှမ်း၊ ကချင် လက်နက်ကိုင်အဖွဲ့တွေအကြား ဒီရက်ပိုင်းမှာပဲ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အခြေအနေတွေ တင်းမာနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက်

ဖမ်းဆီးမှုတွေရှိနေပေမယ့် အာဏာဖီဆန်ရေးလှုပ်ရှားမှု ရပ်တန့်မသွား

Posted: 12 Feb 2021 05:11 AM PST

စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ပြီး ရုံးမတက်ဘဲ အာဏာဖီဆန်နေကြတဲ့ CDM–Civil Disobedience Movement လှုပ်ရှားမှုမှာ ပါဝင်နေသူ အစိုးရဝန်ထမ်းတချို့ အဖမ်းအဆီးခံနေရပါတယ်။ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေနဲ့ အစိုးရဝန်ထမ်းတွေကို ဖေဖော် ဝါရီ ၁၁ ရက် ညပိုင်းကစပြီး စစ်တပ်က နေအိမ်တွေမှာ လိုက်ပြီးဖမ်းဆီးတာတွေရှိနေပေမယ့် စစ်အာဏာသိမ်း ဆန့်ကျင်မှု လူထုဆန္ဒပြပွဲတွေမှာ အစိုးရ

နိုင်ငံအနှံ့ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းလာ

Posted: 12 Feb 2021 05:09 AM PST

အာဏာသိမ်းစစ်အစိုးရက လူငါးယောက်ထက်ပိုမစုရလို့ အမိန့်ထုတ်ပြန်ထားပေမယ့် မြန်မာနိုင်ငံအနှံ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ မြို့နယ်အလိုက် သိန်းနဲ့ချီတဲ့လူတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုကျယ်ပြန့်လာနေပြီး အစိုးရဝန်ထမ်းတွေ အမြောက်အများလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။ဒီကနေ့မနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဆန္ဒပြဖို့ထွက်လာတဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ကို

နေ့စဉ် ပြောင်းလဲနေတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြကွက်များ

Posted: 12 Feb 2021 05:06 AM PST

ဒီနေ့ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ အားကောင်းနေဆဲဖြစ်ပါတယ်။ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား အပါအဝင် ဒေသတချို့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမြင်ကွင်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-55990515

ဒေါက်တာအေးမောင် လွတ်ပြီ

Posted: 12 Feb 2021 05:04 AM PST

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။ဒေါက်တာအေးမောင်နဲ့ လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) တို့နဲ့ စစ်တွေခရိုင် တရားရုံးက ၂၀၁၉ ခုနှစ်မတ်လမှာ ထောင် ဒဏ်နှစ် ၂၀ စီ ချမှတ်ထားတာဖြစ်ပါတယ်

ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ ကိုမင်းကိုနိုင်တို့အဖွဲ့ တိုက်တွန်း

Posted: 12 Feb 2021 04:48 AM PST

ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ ကိုမင်းကိုနိုင်တို့အဖွဲ့ တိုက်တွန်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကို တွေ့ရစဉ် / Photo: RFAလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင် တိုက်ပွဲဝင်နေသူတွေနဲ့ ဆန္ဒပြရာမှာ ပါဝင်တဲ့သူတွေကို အာဏာသိမ်းစစ်အစိုးရက ညအချိန်မတော် ဝင်ရောက် ဖမ်းဆီးနေတာကြောင့် လမ်းအလိုက်၊ ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေး

မလေးရှားက မြန်မာနိုင်ငံသားတွေ ပြန်ပို့မယ့်ကိစ္စ UNHCR ကန့်ကွက်

Posted: 12 Feb 2021 04:46 AM PST

မလေးရှားနိုင်ငံ Kuala Lumpur မြို့က Twin Towers အနီး မြင်ကွင်း။ (မတ် ၁၈၊ ၂၀၂၀)မလေးရှားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၁,၂၀၀ ကို ပြန်ပို့မယ့်အကြောင်း ရိုက်တာသတင်းမှာဖော်ပြခဲ့ပြီးနောက် မလေးရှားအစိုးရအနေနဲ့ ဒုက္ခသည်တွေကို ပြန်မပို့သင့်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီက သောကြာနေ့မှာပြောလိုက်ပါတယ်။မလေးရှားမှာ အချုပ်နှောင်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ သင်္ဘော ၃ စင်း လွှတ်ပေးမယ်

ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်လို့ ဆရာဝန်ပြော

Posted: 12 Feb 2021 04:43 AM PST

ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်လို့ ဆရာဝန်ပြော မမြသွဲ့သွဲ့ခိုင် ပုံနေပြည်တော်ပစ်ခတ်မှုမှာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဒီကနေ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ သေဆုံးသွားပြီလို့ ကုသပေးနေတဲ့ ဆရာဝန်တွေက ပြောကြားလိုက်ပါတယ်။နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက "ဦးနှောက်သေသွားပြီလို့ ကျနော်တို့က သတ်မှတ်လိုက်ပါပြီ။ အသက်ရှူစက်ဖြုတ်ဖို့လည်း

ဦး‌ခေါင်း ကျည်ထိမှန်တဲ့ မမြသွဲ့သွဲ့ခိုင်ကို ခွဲစိတ်ကုသဖို့ ပြင်ဆင်နေ

Posted: 12 Feb 2021 04:41 AM PST

ဦး‌ခေါင်း ကျည်ထိမှန်တဲ့ မမြသွဲ့သွဲ့ခိုင်ကို ခွဲစိတ်ကုသဖို့ ပြင်ဆင်နေ / Photo: RFAဖဖေေါျဝါရီလ ၉ ရကျ၊ နပွေညျတောျက အာဏာဖီဆနျရေးလှုပျရှားမှုမှာ ပစျခတျခံခဲ့ရတဲ့ မမွသှဲ့သှဲ့ခိုငျရဲ့ ဦးခေါငျးထဲက ကညြျဆနျကို ခှဲထုတျယူဖို့အတှကျ၊ နပွေညျတောျ ကုတငျ ၁၀၀၀ ဆေးရုံ အထူးကုဆရာဝနျ ကွီးတှကေ စီစဥျနတေယျလို့ သိရပါတယျ။မမြသွဲ့သွဲ့ခိုင်ရဲ့ အခြေအနေဟာ ဒီကနေ့ လေးရက်မြောက်တဲ့အထိ ထူးထူးခြားခြား တိုးတက်မလာပေမယ့်၊ ဆုတ်ယုတ်သွားတာ

ကန်ဒဏ်ခတ်အရေးယူမှု ထိရောက်ရေး နိုင်ငံတကာပါဝင်ဖို့လို

Posted: 12 Feb 2021 04:40 AM PST

နေပြည်တော်ရှိ လမ်းတခုမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့။ (ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁)အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်မယ်ဆိုပြီး အမေရိကန်သမ္မတ Joe Biden ကပြောကြားပြီး နောက်တရက်မှာပဲ ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ အရေးယူထားပြီးသား စစ်အာဏာပိုင်တွေအပေါ် နောက်ထပ် ပြစ်ဒဏ်တိုးခတ်လိုက်တာဟာ ဘယ်လောက် ထိရောက်မှုရှိပါမလဲ။ ဒီဒဏ်ခတ်မှုအပေါ် နိုင်ငံတကာက

ကန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး မြန်မာ့အရေးစိုးရိမ်ကြောင်းထုတ်ပြန်

Posted: 12 Feb 2021 04:37 AM PST

ရန်ကုန်မြို့ရှိ လမ်းတခုမှာတွေ့ရတဲ့ လုံခြုံရေးယူနေတဲ့ စစ်သားတဦး။ (ဖေဖော်ဝါရီ ၂၊ ၂၀၂၁)အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံးအကြိမ်အဖြစ် တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုရာမှာ မြန်မာ့အရေးလည်း ပါဝင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့အပေါ် စိုးရိမ်ကြတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Chung

မြန်မာစစ်အာဏာသိမ်းမှုအရေး ယူကေ ပိတ်ဆို့အရေးယူဖို့ပြင်

Posted: 12 Feb 2021 04:35 AM PST

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို နိုင်ငံတကာက လက်ခံမှာ မဟုတ်ကြောင်းနဲ့ အဲဒီအရေးနဲ့ ပတ်သက်ပြီး ယူကေအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်လုပ်ဖို့ အရေးတကြီးဆောင်ရွက်နေတယ်လို့ ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ် ရပ်ဘ်က တွစ်တာမှာ ပြောပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-55990515

မော်လမြိုင်တက္ကသိုလ် သပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ကျောင်းသား ၄ဦးအဖမ်းခံရ

Posted: 12 Feb 2021 04:33 AM PST

 မော်လမြိုင်တက္ကသိုလ်ကကျောင်းသား‌၊ ဆရာ ဆရာမနဲ့ ဌာနဆိုင်ရာအင်အား ၁၀၀၀နီးပါးကို ရဲအင်အား ၂၀၀ ကျော်နဲ့ ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။သပိတ်စစ်ကြောင်း စထွက်ပြီး ကိုက် ၅၀ လောက်အကွာ တက္ကသိုလ်ပရဝဏ်အထွက်မှာ ရဲတွေက တားဆီးခဲ့တာဖြစ်ပြီး သပိတ်စစ်ကြောင်းစထွက်ထွက်ချင်း ဒီနေ့ နံနက် ၉ နာရီ ၄၅မိန‌စ်လောက်မှာ ဖြိုခွင်းခံရပြီး ‌ကျောင်းသား (၄)ဦးဖမ်းခံရတယ်လို့လည်း ပါဝင်တဲ့ကျောင်းသားတစ်ဦးကပြောပါတယ်။"ညှိနှိုင်းမယ်လို့ ထင်

မော်လမြိုင်တက္ကသိုလ်အနီး ဆန္ဒပြသူတွေကို ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်း

Posted: 12 Feb 2021 04:30 AM PST

မော်လမြိုင်တက္ကသိုလ်အနီးမွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်နဲ့ အနီးဝန်းကျင်တဝိုက်မှာ ဒီကနေ့မနက်ပိုင်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာမှာ လုံထိမ်းတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကို ရာဘာကျည်ဆံသုံးပြီး ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး (၆) ဦးလောက် ထိန်းသိမ်းခံခဲ့ရပါတယ်။ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီးတဦး ဒဏ်ရာရပြီး ၄ ဦး ဖမ်းဆီးခံ

ဆန္ဒပြ မြန်မာ့လေကြောင်းဝန်ထမ်းတွေ ဖမ်းဆီးခံနေရ

Posted: 12 Feb 2021 04:28 AM PST

လေကြောင်းလိုင်းဝန်ထမ်းများ ချီတက်ဆန္ဒပြနေကြတဲ့ မြင်ကွင်း။အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ပြီး အလုပ်မဆင်းတဲ့ လှုပ်ရှားမှုမှာပါတဲ့ လေကြောင်းထိန်း ဝန်ထမ်းတွေနဲ့ အရာရှိတချို့ကို ဒီကနေ့ မနက်အစောပိုင်းမှာပဲ လိုက်လံဖမ်းဆီးနေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ထက်က တင်ပြပေးထားပါတယ်။မြန်မာနိုင်ငံပေါ်က ဖြတ်သန်းသွားတဲ့ နိုင်ငံတကာလေယာဉ်တွေကို ထိန်းကြောင်းပေးတဲ့လုပ်ငန်းက တာဝန်ရှိအများစုဟာ အလုပ်မဆင်းဘဲ အထွေထွေသပိတ်

ရန်ကုန်က ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ၈၀ ကျော် ထိန်းသိမ်းခံထားရ

Posted: 12 Feb 2021 04:26 AM PST

ရန်ကုန်က ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ၈၀ ကျော် ထိန်းသိမ်းခံထားရ နေပြည်တော်မှာစောင့်နေတဲ့ ရဲကားတန်းကို ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်နေ့က တွေ့ရစဉ် / Photo: RFAရန်ကုန်တိုင်းက ခရိုင်နဲ့မြို့နယ် ရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး စုစုပေါင်း ၈၀ ကျော်ကို မနေ့ကစပြီး ဘုရင့်နောင် စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားရာမှာ ဒီနေ့နေ့လည်အထိ ပြန်ခွင့်မပေး သေးကြောင်း ထိန်းသိမ်းခံရသူတွေက ပြောပါတယ်။စစ်တိုင်းမှူးက

အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေကို လေးစားဦးညွှတ်ကြောင်း CRPH ထုတ်ပြန်

Posted: 12 Feb 2021 04:24 AM PST

အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေကို လေးစားဦးညွှတ်ကြောင်း CRPH ထုတ်ပြန် မော်လမြိုင်မြို့ အင်ဂျင်နီယာကျောင်းသားတွေ စစ်အာဏာရှင်စနစ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆန့်ကျင်ရှုတ်ချစဉ် / Photo: RFAအာဏာသိမ်းစစ်အုပ်စုရဲ့ အဓမ္မအာဏာသိမ်းမှုကို တစ်ခဲနက်ဆန့်ကျင်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေနဲ့ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုအတွက် နေ့စဉ်ရက်ဆက် တိုက်ပွဲဝင်နေတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကို လေးစားဦးညွှတ်ကြောင်း

ငွေဆောင်မြို့မ ယာယီ ရဲစခန်းမှူး CDM ပြုလုပ်ပြီး နုတ်ထွက်စာတင်

Posted: 11 Feb 2021 08:34 PM PST

 နုတ်ထွက်ခဲ့တဲ့ ရဲအုပ် ညီညီနိုင် ဟာ ရဲတပ်ဖွဲ့ကနေ နုတ်ထွက်တာဟာ တပ်ဖွဲ့အပေါ် သစ္စာဖောက်တာ မဟုတ်ဘဲ စစ်အာဏာရှင်ကို အလိုမရှိတာကြောင့် ရုံးမတက်ဘဲ ရုန်းထွက်ခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ နုတ်ထွက်စာ မှာ ရေးသားထားပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

မော်လမြိုင်က အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူတွေ ဆန္ဒပြ

Posted: 11 Feb 2021 08:31 PM PST

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ သပိတ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၉ နာရီကျော်မှာ မော်လမြိုင် ဒိုင်းဝန်ကွင်းစျေးမှ စတင်ထွက်ခွာခဲ့ကြပါတယ်။ မော်လမြိုင်က နေရာအများအပြားမှာ သပိတ်စစ်ကြောင်းတွေ ရှိနေပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

မော်လမြိုင် ကျောင်းသားသမဂ္ဂစစ်ကြောင်းကို ရဲဖြိုခွင်း၊ ကျောင်းသားတချို့ အဖမ်းခံရ

Posted: 11 Feb 2021 08:29 PM PST

စစ်အာဏရှင် ဆန့်ကျင်ဆန္ဒပြနေတဲ့ ဆန္ဒပြပွဲမှာ မော်လမြိုင်ကျောင်းသားသမဂ္ဂစစ်ကြောင်းကို စုရပ်ကနေအထွက် တောင်ဝိုင်းလမ်း ကုန်းထိပ်အနားမှာ ရဲတပ်ဖွဲ့က ဒီနေ့ ဖြိုခွင်းလိုက်ပါတယ်။စုရပ်ကနေအထွက် တောင်ဝိုင်းလမ်း ကုန်းထိပ်အနားမှာ ဖြိုခွင်းခံလိုက်ရတာဖြစ်ပြီး ဆန္ဒပြကျောင်းသားတွေ တချို့ ဖမ်းဆီးခံရတာတွေလည်းရှိပါတယ်။ လူဦးရေအတိအကျကိုတော့ မသိသေးပါဘူး။RFA Burmesehttps://www.facebook.com/rfaburmese

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.