Saturday, February 13, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ရန်ကုန် ကုလနဲ့ သံရုံးတချို့ရှေ့ ဆန္ဒပြမှု အရှိန်မြင့်လာ

Posted: 13 Feb 2021 07:38 AM PST

ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့မှာ စစ်အစိုးရဆန့်ကျင် ဆန္ဒပြကြသူများ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)စစ်တပ်က အာဏာသိမ်းတာကို နိုင်ငံတကာ ဖိအားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံခြားသံရုံးတချို့ရှေ့ ဆန္ဒပြမှုတွေမှာ ဒီနေ့ ဆန္ဒပြအရေအတွက် ပိုများလာပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေကို ညပိုင်း လိုက်လံဖမ်းဆီးတာတွေ မလုပ်ဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ

သာကေတမှာ လူစိမ်းဖမ်းမိတဲ့ ဖြစ်စဉ်

Posted: 13 Feb 2021 07:25 AM PST

သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်၊ အောင်သစ္စာ ၂လမ်းမှာ မီးလောင်မှု ဖြစ်ပွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန် ရပ်ကွက်နေသူတွေ ဝိုင်းဝန်းသွားရောက်ရာမှ လက်ထဲမှာ တင်ဒါ ပုလင်းနဲ့ မသင်္ကာဖွယ် လူတစ်ဦးကို ဖမ်းဆီးရမိခဲ့ရပါတယ်။လက်ရှိမှာ အဲဒီလမ်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း မရှိပေမယ့် မသင်္ကာဖွယ်ရာ လူတစ်ဦးကိုတော့ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။အဲဒီလူဟာ

ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ဆူပူမှုဖြစ်အောင် လုပ်သူတွေရှိလို့ မြို့ခံတွေပြော

Posted: 13 Feb 2021 07:25 AM PST

 ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် အတော်များများမှာ မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ မြို့နယ်အတွင်းနေထိုင်သူတွေက ပြောကြပါတယ်။သာကေတ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင်၊ ဗဟန်း စတဲ့ မြို့နယ်တွေမှာ မငြိမ်မသက်တွေ ဖြစ်အောင် လုပ်ဆောင်ဖို့ လူစိမ်းတွေ ရောက်လာကြတယ်လို့ မြို့နယ်တွင်းနေသူတွေက ပြောပါတယ်။တချို့မြို့နယ်တွေမှာ လူစိမ်းတွေက မီးရှို့ဖို့ ကြိုးစားတာကိုလည်း ဖမ်းဆီးရမိတယ်

ကြေညာချက်တွေထက် ပိုလုပ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

Posted: 13 Feb 2021 07:24 AM PST

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews.လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေအနေကို နိုင်ငံတကာအနေနဲ့ ကိုင်တွယ်ဆောင်ရွက်ရာမှာ ကြေညာချက်တွေ ထုတ်ပြန်တာတွေထက် ပိုပြီး လုပ်ဆောင်သင့်နေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါတယ်။ မနေ့တုန်းက ကျင်းပတဲ့ မြန်မာ့အရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အတွင်းမှာ အခုလို တိုက်တွန်းပြောဆိုခဲ့

နိုင်ငံရေးအကျပ်အတည်း စေ့စပ်ဖြေရှင်းရေး NCA အဖွဲ့တွေကို PNLO တိုက်တွန်း

Posted: 13 Feb 2021 07:22 AM PST

ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့မှာ စစ်အစိုးရဆန့်ကျင် ဆန္ဒပြကြသူများ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ရေးအတွက် အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့နဲ့ NCA လက်မှတ်ရေးထိုးစဉ် သက်သေအဖြစ် ပါဝင်ခဲ့တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ပူးပေါင်းဆောင်ရွက်

တရားရုံးခွင့်ပြုချက်မရဘဲ ၂၄ နာရီ ထက်ကျော်လွန် ချုပ်နှောင်ခွင့်မရှိဆိုတဲ့ အချက်ကို ဥပဒေက ပယ်ဖျက်

Posted: 13 Feb 2021 07:14 AM PST

 နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းတယ်လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ကြေညာပါတယ်။အဲဒီဥပဒေအရ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပုဒ်မ ၅၊ ၇ နဲ့ ၈ တို့ပါ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းထားရမယ်လို့ ဖော်ပြထားပါတယ်။ပယ်ဖျက်လိုက်တဲ့ ပုဒ်မ

ရန်ကုန်ကရပ်ကွက်တွေ ကိုယ်တိုင်လုံခြုံရေးယူ

Posted: 13 Feb 2021 07:11 AM PST

 ရန်ကုန်မြို့မှာ CDM လှုပ်ရှားမှုနဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိနေတာနဲ့ မသင်္ကာဖွယ်လူတချို့ ရပ်ကွက်တချို့မှာ မနေ့ညက တွေ့ရှိဖမ်းဆီးမှုတွေ ဖြစ်ခဲ့တာကြောင့် စိုးရိမ်မှုတွေ ရှိနေပြီး ရပ်ကွက်လုံခြုံရေးကို ကိုယ်တိုင်တာဝန်ယူဖို့ စည်းဝေးပြင်ဆင်နေကြပါတယ်။ကမာရွတ်၊ စမ်းချောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတနဲ့ မရမ်းကုန်း စတဲ့ မြို့နယ်တွေမှာ လုံခြုံရေးအစည်းအဝေးတွေလုပ်တာ၊ ကင်းအဖွဲ့တွေဖွဲ့တာ၊ မီးသတ်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH ) က ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ထုတ်ပြန်

Posted: 13 Feb 2021 05:18 AM PST

၁၃ ဖေဖော်ဝါရီ၊ ၂၀၂၁ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က ပြည်သူကိုယ်စားပြုမှု (Mandate) ကို ကျင့်သုံးလျက် ညွှန်ကြားချက် တစ်စောင် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။အဆိုပါညွှန်ကြားချက်တွင် အချက် (၂)ချက်ပါဝင်ပါသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများမှ ဝန်ထမ်းအားလုံးကို အစိုးရသစ်ဖွဲ့စည်းချိန်အထိ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနှင့်ရပ်ကွက်၊ ကျေးရွာအုပ်စု၊ လမ်း၊ နယ်မြေများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ ကြေညာချက်အမှတ် ၆/၀၂/၂၀၂၁

Posted: 13 Feb 2021 05:17 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ ကြေညာချက်အမှတ် ၆/၀၂/၂၀၂၁National League for Democracyhttps://www.facebook.com/nldparty

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က ရှေ့နေများ၊ ဥပဒေပညာရှင်များသို့ ပန်ကြားလွှာ ထုတ်ပြန်

Posted: 13 Feb 2021 05:16 AM PST

၁၃ ဖေဖော်ဝါရီ၊ ၂၀၂၁ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှေ့နေများ၊ ဥပဒေပညာရှင်များသို့ ပန်ကြားလွှာ ထုတ်ပြန်လိုက်ပါသည်။ပန်ကြားလွှာတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းများအပေါ် လိုအပ်သော ဥပဒေကိစ္စရပ်များကိုဆောင်ရွက်ရန် သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ ကာယကံရှင်မိသားစုဝင်များကဖြစ်စေ၊ နိုင်ငံသားတစ်ဦးဦးကဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ အကူအညီတောင်းခံ

စစ်အစိုးရဆန့်ကျင်လှုပ်ရှားမှု အောင်မြင်ရေး ပြည်သူတွေ အခွန်မဆောင်ဖို့ CDM ပါဝင်သူတွေ တိုက်တွန်း

Posted: 13 Feb 2021 05:13 AM PST

စစ်အစိုးရဆန့်ကျင်လှုပ်ရှားမှု အောင်မြင်ရေး ပြည်သူတွေ အခွန်မဆောင်ဖို့ CDM ပါဝင်သူတွေ တိုက်တွန်း ဒီမိုကရေစီရရှိရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပေးဖို့ ပုသိမ်က ဆရာမတွေ ၂၀၂၁ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆန္ဒပြစဉ် / Photo: RFAစစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ပြီး ရုံးမတက်ဘဲ အာဏာဖီဆန်နေကြတဲ့ CDM (Civil Disobedience Movement) အစိုးရဝန်ထမ်းတွေက တစ်နိုင်ငံလုံးက ဝန်ထမ်းတွေ ပါဝင်လာဖို့အတွက် ပြည်သူတွေ

မြန်မာစစ်တပ်ရဲ့ Cyber ထိန်းချုပ်ရေး ကို တရုတ် ကူညီ (မြန်မာကျွမ်းကျင်သူတဦး)

Posted: 13 Feb 2021 05:11 AM PST

မြန်မာစစ်အုပ်စုကတော့ ပြည်တွင်းပြည်ပက ဆန့်ကျင်ကန့်ကွက်မှုများနေတဲ့ တင်းကျပ်တဲ့ Cyber ဆက်သွယ်ရေး ဥပဒေမူကြမ်းတရပ်ကို အတည်ပြုတော့မှာဖြစ်ပါတယ်။ရန်ကုန်က Cyber လုံခြုံရေး ကျွမ်းကျင်သူတဦးက VOA ကို ပြောဆိုရာမှာတော့ တရုတ်နိုင်ငံက နည်းပညာပိုင်းထောက်ပံ့တာမို့ တရုတ်မှာတရုတ်နိုင်ငံသားတွေကို Great Firewall နဲ့ပိတ်ပင်ထားသလိုပဲ မြန်မာစစ်တပ်က Cyber Firewall ကို စတင်အသုံးချနိုင်တယ်လို့ဆိုပါတယ်။ လုံခြံုရေးအခြေအနေ

ဆိုင်ဘာလုံခြုံရေးဥပဒေကို ဘာကြောင့် ကန့်ကွက်နေကြသလဲ

Posted: 13 Feb 2021 05:09 AM PST

မှတ်တမ်းဓါတ်ပုံ- ၂၀၁၁ စက်တင်ဘာတုန်းက အင်တာနက်သသုံးနေသူ တဦးအာဏာသိမ်းစစ်ကောင်စီက ပြဌာန်းဖို့ပြင်ဆင်နေတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်းကို မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ ကွန်ပြူတာပညာရှင်တွေ ကန့်ကွက်နေကြပါတယ်။ ဘာကြောင့် ကန့်ကွက်ကြတာပါလဲ။ ဒီဥပဒေပြဌာန်းလိုက်ရင် ပြည်သူတွေ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါသလဲ။ ဒေါ်ခင်မျိုးသက်က အမေရိကန်ပြည်ထောင်စုရောက် ကွန်ပြူတာ software အင်ဂျင်နီယာတဦးဖြစ်တဲ့ ကိုရဲကျော်

မြန်မာပြည်သူတွေနဲ့အတူရပ်တည်တယ်လို့ အမေရိကန်သံရုံးပြော

Posted: 13 Feb 2021 05:06 AM PST

မြန်မာနိုင်ငံက အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့ ဆန္ဒပြပွဲတွေဟာ မြန်မာပြည်သူတွေက ဒီမိုကရေစီ လိုချင်ကြကြောင်း ပြသနေပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်လို့ တွစ်တာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ရေးသားပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-55990515

ကိုမင်းကိုနိုင်နဲ့ ထင်ရှားသူတချို့ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ကြေညာ

Posted: 13 Feb 2021 05:05 AM PST

ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ လင်းလင်း၊ အင်းစိန်အောင်စိုး၊ ကိုမျိုးရန်နောင်သိမ်း၊အိပန်ဆယ်လို နဲ့ ကိုမောင်မောင်အေးတို့ဟာ လူသိများတဲ့အခွင့်အရေးကို အသုံးချပြီး နိုင်ငံငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ ရေးသားပြောဆိုချက်တွေကို ဆိုရှယ်မီဒီယာတွေမှာ လုပ်ဆောင်နေတယ်ဆိုပြီးရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားကြောင်းနဲ့ သက်ဆိုင်ရာ တရားရုံးတွေက ဖမ်းဝရမ်းတွေ ထုတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်

ရွှေတိဂုံ အလှူငွေတွေ ဘဏ်မှာအပ်ထား၊ ဘဏ္ဍာငွေအရေး ဂေါပကထံလာမေးနိုင်တယ်လို့ဆို

Posted: 13 Feb 2021 05:02 AM PST

ရွှေတိဂုံ စေတီရဲ့ အလှူငွေကို အစိုးရဘဏ်မှာ အပ်ထားပြီး စည်းကမ်းနဲ့ အညီ သုံးစွဲနေကြောင်းနဲ့ ဘဏ္ဍာငွေအရေး သိရှိလိုရင် လာရောက်မေးမြန်းနိုင်တယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ဘဏ်တွေပိတ်ထားတာကြောင့် အစိုးရဝန်ထမ်းတွေလစာငွေအတွက် ဘုရားစေတီတွေရဲ့ အလှူငွေတွေကို သုံးစွဲနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ အွန်လိုင်းမှာ ပျံ့နှ့ံထွက်ပေါ်လာပြီးတဲ့နောက် အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။BBC Burmesehttps:

ကယားဆန္ဒပြပွဲ ရဲတပ်ဖွဲ့ဝင်တွေ ပိုပူးပေါင်းလာ

Posted: 13 Feb 2021 05:00 AM PST

စစ်အာဏာသိမ်းတာ ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုတွေထဲ ပါဝင်လာတဲ့ ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များ။ကယားပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြနေတဲ့ လူထုနဲ့ ပူးပေါင်းလာနေတာကြောင့် အခုဆိုရင် ပြည်နယ် ရဲတပ်ဖွဲ့ဝင်အင်အား ၃ ပုံ ၁ ပုံလောက် လာရောက်ပူးပေါင်းနေကြပါပြီ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။ကယားပြည်နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ

စစ်ခေါင်းဆောင်တွေကို အရေးယူပေးဖို့ ကန် ရောက်မြန်မာတွေ ကန် အစိုးရကို တိုက်တွန်း

Posted: 13 Feb 2021 04:58 AM PST

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့ ကန် ရောက်မြန်မာတွေ ဆန္ဒထုတ်ဖော် ( ko Yin Aye FB)မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် ပြသနေသူတွေကို ရှာဖွေဖမ်းဆီးမှု ခပ်စိပ်စိပ် လုပ်လာတာကြောင့် ၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်ကို ထိရောက်တဲ့နည်းနဲ့ ဟန့်တားပေးဖို့ အမေရိကန်ရောက် မြန်မာတွေက တောင်းဆိုကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို လက်မ

စစ်အာဏာရှင်ကို ဆန္ဒပြသူတွေ နေ့စဉ် သိန်းနဲ့ချီရှိနေ

Posted: 13 Feb 2021 04:55 AM PST

စစ်အာဏာရှင်ကို ဆန္ဒပြသူတွေ နေ့စဉ် သိန်းနဲ့ချီရှိနေ လွိုင်ကော်မြို့ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ရဲ ခုနှစ်ဦး ၂၀၂၁ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပါဝင်ပူးပေါင်းစဉ် / Photo: RFAစစ်အာဏာသိမ်းပြီး ၁၃ ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့အထိ ဆန္ဒပြပွဲတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည် တော်လို မြို့ကြီးတွေ အပါအဝင် တစ်နိုင်ငံလုံးမှာ အရှိန်မြင့်နေဆဲပါ။ ဒီအထဲက ကယားပြည်နယ်မှာတော့ ဆန္ဒပြသူတွေထဲ ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံ

ဦးခေါင်းကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို အသက်ရှူစက်ဖြုတ်ဖို့ မိသားစုသဘောတူ

Posted: 13 Feb 2021 04:53 AM PST

ဦးခေါင်းကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို အသက်ရှူစက်ဖြုတ်ဖို့ မိသားစုသဘောတူ ရန်ကုန်မြို့၊ လှည်းတန်းခုံးကျော်တံတားမှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေ ချိတ်ဆွဲထားတဲ့ ဗီနိုင်းကို တွေ့ရစဉ် / Photo: RFAနေပြည်တော် လူထုဆန္ဒပြပွဲမှာ ပစ်ခတ်ခံခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင် ကို အသက်ရှူစက်ဖြုတ်ဖို့ မိသားစုက ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မနက်ပိုင်းမှာ သဘောတူလိုက်ပြီလို့ နေပြည်တော်

အာဏာသိမ်းအစိုးရလို့ မသုံးနှုန်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာကောင်စီထံအကြောင်းကြာ

Posted: 13 Feb 2021 04:51 AM PST

မြန်မာသတင်းမီဒီယာတွေအနေနဲ့ လက်ရှိသတင်းရေးသားဖော်ပြရာမှာ အာဏာသိမ်း အစိုးရလို့ သုံးနှုန်းဖော်ပြနေမှုအပေါ် မမှန်မကန်ရေးသားသုံးနှုန်းနေတာဖြစ်လို့ ဒီလိုသုံးနှုန်းတာအပါအဝင် လူထုဆူပူအုံကြွမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်တာမျိုးတွေ မလုပ်ကြစေဖို့နဲ့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ကြဖို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ မြန်မာသတင်းမီဒီယာကောင်စီကို စာပေးပို့ အကြောင်းကြားလာခဲ့ပါတယ်။BBC Burmesehttps://www.bbc.com/

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ကျန်းမာရေးကောင်းမွန်

Posted: 13 Feb 2021 04:49 AM PST

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်ကြောင်း NLDပါတီ ပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ ၈ ဦးဟာ နေပြည်တော်က အိမ်အမှတ် A-၃၃ ၊ ဦးဝင်းမြင့်နဲ့ မိသားစု ၁၀ ဦးဟာ အိမ်အမှတ် A-၂၉ မှာ ကျန်းမာစွာနဲ့ ရှိနေတယ်လို့ ရေးသားထားပါတယ်။စစ်တပ်က အာဏာသိမ်းခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဒေါ်အာင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် NLD ပါတီက

ညပိုင်းလိုက်လံဖမ်းဆီးမှုတွေ ရပ်ဖို့ ဆန္ဒပြသူတွေ တောင်းဆို

Posted: 13 Feb 2021 04:41 AM PST

မော်လမြိုင်မြို့မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးနေတဲ့မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကို ညဘက်တွေမှာ လိုက်ဖမ်းတာတွေ ရှိနေပြီး လူထုကလည်း သိတာနဲ့ ညမထွက်ရအမိန့် ထုတ်ထားတဲ့ကြားကပဲ လမ်းတွေပေါ် အုံနဲ့ကျင်းနဲ့ ထွက်လာပြီး သံပုံးတွေတီးပြီးတော့ တားဆီးကြပါတယ်။ဒီကနေ့ ဆန္ဒပြပွဲတွေမှာဆိုရင် အဲဒီလို ညဘက်ကြီး

အာဏာသိမ်းစစ်ကောင်စီ ဥပဒေထုတ်ပြန်ချက်များ တရားမဝင်ဟု NLD ကြေညာ

Posted: 13 Feb 2021 04:38 AM PST

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများအား ဖမ်းဆီးမှုကြောင့် မန္တလေးမြို့မှာ ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့နေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်တဲ့ အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေတွေ အားလုံးဟာ တရားမဝင်ဘူးလို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောလိုက်ပါတယ်။အင်တာနက်နဲ့ အွန်

အာဏာသိမ်းအစိုးရ အသုံးအနှုန်းမျိုး မသုံးရလို့ ထုတ်ပြန်

Posted: 13 Feb 2021 04:36 AM PST

အာဏာသိမ်းအစိုးရ အသုံးအနှုန်းမျိုး မသုံးရလို့ ထုတ်ပြန် စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်၊ လှည်းတန်းမှာ တွေ့ရစဉ် / Photo: RFAအာဏာသိမ်းအစိုးရ ဆိုတဲ့အသုံးအနှုန်းမျိုးကို လက်ရှိသတင်းမီဒီယာတွေက ရေးသားသုံးစွဲနေတာတွေ မလုပ်ဖို့ စစ်အာဏာသိမ်းအစိုးရက ဖွဲ့စည်းထားတဲ့ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပါတယ်။တပ်မတော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.