သစ္ထူးလြင္ |
- ဝိုင်းမော်မြို့နယ် မိုင်းနား မဟာဓါတ်အားလိုင်းရုံးတွင် တပ်မတော်သားများ လာရောက်နေရာယူထားမှုကို ပြည်သူလူထုက သွားရောက်ဆန္ဒဖော်ထုတ်ခဲ့ပြီး PCG မှ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်သားများ ပြန်လည် ထွက်ခွာ။
- မန္တလေးမြို့အနှံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
- မန္တလေးမြို့တွင် ရဲတပ်ဖွဲ့ဝင်အချို့ ပူးပေါင်းပါဝင်လာ
- ထောင်ချီတဲ့ ဂျပန်ရောက်မြန်မာတွေ တိုကျိုမြို့မှာ ဆန္ဒပြ
- ကယားသပိတ်ခေါင်းဆောင်တွေကို စစ်ကောင်စီတရားစွဲ
- ဒေါက်တာအေးမောင်က ထောင်ထဲမှာနေခဲ့ရတဲ့အချိန်တွေကို ဒေါ်အောင်ဆန်းစုကြည်ပြောစကားနဲ့ ရှင်းပြ
- ရခိုင်မှာ CDM လှုပ်ရှားမှု ပါသူတွေဖမ်းဆီးမှုတွေရှိနေ
- စစ်ကားတစ်စီးကို မြစ်ကြီးနားက ဆန္ဒပြသူတွေ ဝိုင်းထား
- စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ၉ ရက်မြောက် နိုင်ငံတဝန်း ဆန္ဒပြပွဲ
- ငွေကြေးအရွှေ့အပြောင်းကြားခံမလုပ်ပေးဖို့ စင်ကာပူကို ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ တိုက်တွန်း
- အင်းစိန် ရထားစက်ခေါင်းစက်ရုံက ကြီးကြပ်ရေးမှူး CDM ကြောင့် အဖမ်းခံထားရ
- အသံချဲ့စက်မသုံးဖို့ ဆန္ဒပြသူအချင်းချင်း သတိပေးနေ
- မြန်မာအာဏာသိမ်းစစ်ကောင်စီက ဖမ်းထားသူ ၃၀ဝ ကျော်ကို ချက်ချင်းပြန်လွှတ်ဖို့ HRW တောင်းဆို
- တိုကျိုက စံချိန်တင် အကြီးဆုံး မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ
- လူထုလှုပ်ရှားမှု ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာ ထိရောက်မည်မဟုတ် - ကိုဂျင်မီ
- ညဘက် မီးရှို့မှုတွေကြောင့် မြို့ခံတွေ ကိုယ်ထူကိုယ်ထ လုံခြုံရေးတာဝန်ယူနေရ
- မြန်မာ့ CDM လှုပ်ရှားမှုနဲ့ ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ရန်ကုန် ကန်သံရုံးပြော
- ထားဝယ်က ဆန္ဒပြပွဲမှာ ရဲတချို့ ပူးပေါင်းပါဝင်လာ
- CDM လှုပ်ရှားမှုအရှိန်လျော့ကျမှာကို စိုးရိမ်မှုတွေရှိနေ
- မြန်မာနဲ့ ငွေကြေးဆက်ဆံမှု မပြုဖို့ စင်ကာပူသံရုံးမှာ ဘဏ်ဝန်ထမ်းတွေ ဆန္ဒပြတောင်းဆို
- ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းကြဖို့ စစ်အုပ်ချုပ်ရေးကောင်စီ တိုက်တွန်း
- ၈၈ ကာလက လက်ရာတွေနဲ့ တထပ်ထဲလား
- လူစိမ်း၀င်မှု မသင်္ကာသူတွေကို လက်ရဖမ်းဆီးမှုတွေ ဆက်ဖြစ်
- တနင်္သာရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို ပြန်လည်လွတ်မြောက်
- ညဘက် မီးရှို့မှုတွေကြောင့် မြို့ခံတွေ ကိုယ်ထူကိုယ်ထ လုံခြုံရေးတာဝန်ယူနေရ
Posted: 14 Feb 2021 05:36 AM PST ဝိုင်းမော်မြို့နယ် မိုင်းနား မဟာဓါတ်အားလိုင်းရုံးတွင် တပ်မတော်သားများ လာရောက်နေရာယူထားမှုကို ပြည်သူလူထုက သွားရောက်ဆန္ဒဖော်ထုတ်ခဲ့ပြီး PCG မှ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်သားများ ပြန်လည် ထွက်ခွာ။ဓါတ်ပုံ - ဆင်ဝါးKachin News Grouphttps://www.facebook.com/theKachinNews |
မန္တလေးမြို့အနှံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် Posted: 14 Feb 2021 05:27 AM PST (၁၄-၂-၂၀၂၁)မန္တလေးမြို့အနှံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်။Photo-Shar Htet MyatThe Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal |
မန္တလေးမြို့တွင် ရဲတပ်ဖွဲ့ဝင်အချို့ ပူးပေါင်းပါဝင်လာ Posted: 14 Feb 2021 05:23 AM PST (၁၄-၂-၂၀၂၁)မန္တလေးမြို့အနှံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်။The Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal |
ထောင်ချီတဲ့ ဂျပန်ရောက်မြန်မာတွေ တိုကျိုမြို့မှာ ဆန္ဒပြ Posted: 14 Feb 2021 05:09 AM PST ဂျပန်နိုင်ငံ တိုကျိုမြို့က စစ်အာဏာ ဆန့်ကျင်ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)ထောင်နဲ့ချီတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေဟာ ဒီကနေ့ တနင်္ဂနွေနေ့ တိုကျိုမြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကိုင်ဆောင်ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးဆုံးရှုံးမှုတွေအကြောင်းရေးထားတဲ့ ဆိုင်းပုဒ်တွေကိုင်ပြီး စစ်တပ်အနေနဲ့ မူလနေရာပြန်ပြီး |
ကယားသပိတ်ခေါင်းဆောင်တွေကို စစ်ကောင်စီတရားစွဲ Posted: 14 Feb 2021 05:07 AM PST စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ကယားပြည်နယ်က မြင်ကွင်း။ (ဓာတ်ပုံ - ကယားပြည်နယ်သပိတ်ကော်မတီ - ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)ကယားပြည်နယ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံပူးပေါင်းလာပြီး သပိတ်ကော်မတီဝင်တွေကိုတော့ စစ်အုပ်ချုပ်ရေးကောင်စီက တရားစွဲဆိုတာတွေလည်း လုပ်လာပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ |
ဒေါက်တာအေးမောင်က ထောင်ထဲမှာနေခဲ့ရတဲ့အချိန်တွေကို ဒေါ်အောင်ဆန်းစုကြည်ပြောစကားနဲ့ ရှင်းပြ Posted: 14 Feb 2021 05:04 AM PST သူ့ကိုလွှတ်ပေးဖို့တောင်းဆိုတဲ့ ရခိုင်ပြည်သူတွေ၊ရက္ခိုင့်တပ်တော်အေအေ(ULA/AA) အပါအဝင်ပြည်မက ပြည်သူတွေနဲ့ လွှတ်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ကြောင်း ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။ အခုလိုလွတ်မြောက်လာတာကြောင့် လုပ်စရာရှိတာတွေလုပ်လို့ရပြီ ဖြစ်ပြီး တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တဲ့စကားတွေနဲ့ပတ်သက်လို့ သူက ခုလိုပြောပါတယ်။"ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အိမ်မှာတွေ့တုန်းက ဒေါ်အောင် |
ရခိုင်မှာ CDM လှုပ်ရှားမှု ပါသူတွေဖမ်းဆီးမှုတွေရှိနေ Posted: 14 Feb 2021 05:02 AM PST မာန်အောင်မြို့ စစ်ဆန့်ကျင်ရေးဆန္ဒပြမှုစစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးချုပ်နဲ့ ရွေးကောက်ပွဲကော်မရှင်တွေအပါအဝင် စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ civil disobedience လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူမှုတွေရှိနေပါတယ်။ဖမ်းဆီးခံထားရသူတွေထဲက CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြသူတွေကို ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ အသက်ဆိုင်ရာမြို့နယ်တွေက |
စစ်ကားတစ်စီးကို မြစ်ကြီးနားက ဆန္ဒပြသူတွေ ဝိုင်းထား Posted: 14 Feb 2021 05:01 AM PST မြစ်ကြီးနားက EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံအား စစ်သားတွေဝင်နေလို့ လူစုလူဝေးနဲ့ စောင့်ကြည့်နေခဲ့ကြပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပြီးတားဆီးထားခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေလယ်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ပြန်သွားခဲ့ပါတယ်။ရဲတွေပြန်သွားပေမဲ့ မြစ်ကြီးနားက EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံ ကိုဝိုင်းထားတဲ့ လူအုပ်ကတော့စစ်သားတွေပြန်ထွက်ဖို့ သံပုံးတီးပြီး တောင်းဆိုနေကြပါတယ်။အဲ့ဒီနောက်မှာ စစ်ကားတစ်စီးဟာ |
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ၉ ရက်မြောက် နိုင်ငံတဝန်း ဆန္ဒပြပွဲ Posted: 14 Feb 2021 04:59 AM PST စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသူ ရန်ကုန်မြို့ခံများ။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ဒီနေ့မှာလည်း အရှိန်အဟုန်နဲ့ ဆက်ပြီးတော့ဖြစ်ပွားနေပါတယ်။ရန်ကုန်မှာတော့ လမ်းပေါ်ထွက်ဆန္ဒပြတာတွေ အခုဆိုရင် ၉ ရက်မြောက်ရှိသွားပြီ ဖြစ်ပြီး ဆန္ဒပြတဲ့သူတွေဟာ လှည်းတန်း၊ မြေနီကုန်းနဲ့ မြို့ အနှံမှာ စုဝေးဆန္ဒ |
ငွေကြေးအရွှေ့အပြောင်းကြားခံမလုပ်ပေးဖို့ စင်ကာပူကို ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ တိုက်တွန်း Posted: 14 Feb 2021 04:57 AM PST ရန်ကုန်မြို့ရှိ ဗဟိုဘဏ်ရှေ့ ဆန္ဒပြတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁)မြန်မာနိုင်ငံအပေါ် စင်ကာပူအနေနဲ့ ငွေကြေးအရွှေ့အပြောင်း လုပ်တာတွေကို မကူညီဖို့ ပုဂ္ဂလိကဘဏ်တွေမှာ အလုပ်လုပ်နေကြသူ ရာနဲ့ချီ စနေနေ့က စင်ကာပူသံရုံးရှေ့သွားပြီး တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ်အကြီးအကဲတွေနဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေအပေါ် အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ |
အင်းစိန် ရထားစက်ခေါင်းစက်ရုံက ကြီးကြပ်ရေးမှူး CDM ကြောင့် အဖမ်းခံထားရ Posted: 14 Feb 2021 04:55 AM PST အင်းစိန် ရထားစက်ခေါင်းစက်ရုံက ကြီးကြပ်ရေးမှူး CDM ကြောင့် အဖမ်းခံထားရ ရန်ကုန်မြို့ဘူတာကြီးမှာ မြန်မာ့မီးရထားဝန်ထမ်းတွေ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြစဉ် / Photo: RFAရန်ကုန် အင်းစိန် ကြို့ကုန်းမှာရှိတဲ့ မြန်မာ့မီးရထားစက်ခေါင်းစက်ရုံက ကြီးကြပ်ရေးမှူး ဦးစိုးနိုင်ကို အာဏာ ဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ရဲတပ်ဖွဲ့ကနေ မနေ့ညက ဖမ်းဆီးသွားပါတယ်။စက်ရုံထဲမှာ သူ |
အသံချဲ့စက်မသုံးဖို့ ဆန္ဒပြသူအချင်းချင်း သတိပေးနေ Posted: 14 Feb 2021 04:53 AM PST အသံချဲ့စက်မသုံးဖို့ ဆန္ဒပြသူအချင်းချင်း သတိပေးနေ ကားပေါ် အသံချဲ့စက်တင်ပြီး ဆန္ဒပြနေသူတွေကို ရန်ကုန် အင်းစိန်လမ်းပေါ်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ် / Photo: RFAအာဏာသိမ်းထားတဲ့ စစ်ကောင်စီအစိုးရကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြတာတွေမှာ အသံချဲ့စက်တွေသုံးပြီး လှည့်လည်နေတာတွေကို သတိထားကြဖို့ အချင်းချင်း သတိပေးတာတွေ ရှိနေပါတယ်။၂၀၂၀ ရွေးကောက်ပွဲကနေ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ NLD အစိုးရထံကနေ တပ်မတော် |
မြန်မာအာဏာသိမ်းစစ်ကောင်စီက ဖမ်းထားသူ ၃၀ဝ ကျော်ကို ချက်ချင်းပြန်လွှတ်ဖို့ HRW တောင်းဆို Posted: 14 Feb 2021 04:50 AM PST မြန်မာအာဏာသိမ်းစစ်ကောင်စီက ဖမ်းထားသူ ၃၀ဝ ကျော်ကို ချက်ချင်းပြန်လွှတ်ဖို့ HRW တောင်းဆိုမြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းအရ အဖမ်းခံနေရသေးသူ ၃၀၃ ဦးကို ပုဒ်မတပ်ပြီး ဖမ်းထားတာတွေကို ပြန်လည် ရုပ်သိမ်းရမယ့်အပြင် ချက်ချင်းလည်း ပြန်လွှတ်ပေးရမှာဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က တောင်းဆို |
တိုကျိုက စံချိန်တင် အကြီးဆုံး မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ Posted: 14 Feb 2021 04:49 AM PST တိုကျို အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲဖေဖော်ဝါရီလ ၁၄ ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကျင်းပခဲ့ပြီး လူ လေးထောင်ကျော် တက်ရောက်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံမှာ စံချိန်တင် တက်ရောက်တဲ့ ပွဲဖြစ်တယ်လို့ စီစဉ်သူတွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။အခုလို ဆန္ဒပြသူတွေဟာ ရှီဘူရာနဲ့ အိုမိုတက်ဆန်ဒို ရပ်ကွက်တဝိုက်မှာ ချီတက်နေခဲ့ကြပြီး "မြန်မာနိုင်ငံကို ကယ်တင် |
လူထုလှုပ်ရှားမှု ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာ ထိရောက်မည်မဟုတ် - ကိုဂျင်မီ Posted: 13 Feb 2021 08:49 PM PST ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ။မြန်မာနိုင်ငံက ထင်ရှားတဲ့ ၁၉၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ အပါအဝင် သြဇာရှိသူတချို့ကို ဖမ်းဆီးနိုင်ရေး သတင်းပေးကြဖို့ စစ်အာဏာသိမ်းအဖွဲ့က မနေ့က ကြေညာချက်ထုတ်တဲ့အပေါ် ကိုဂျင်မီက ထိရောက်မှာမဟုတ်ဘဲ အခု စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုကြီးက စစ်အုပ်စု အကြမ်းဖက်လှုံ့ဆော်မှုတွေကြားက အရင်နဲ့မတူ အရှိန်ဆက်မြှင့်သွားဖို့ပဲ ရှိတယ်လို့ တုံ့ပြန်လိုက်ပါ |
ညဘက် မီးရှို့မှုတွေကြောင့် မြို့ခံတွေ ကိုယ်ထူကိုယ်ထ လုံခြုံရေးတာဝန်ယူနေရ Posted: 13 Feb 2021 08:45 PM PST မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလို့ ၁၃ ရက်မြောက်နေ့မှာပဲ ပြည်သူလူထုရဲ့ လုံခြုံဘေးကင်းရေးအတွက် ညအချိန်မတော်မှာ လူထုကိုယ်တိုင် ကြိုးပမ်းကာကွယ်နေကြရပြီ ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်၊ သင်္ဃန်းကျွန်း ငမိုးရိပ် အပါအဝင် နေရာ တော်တော်များများမှာ အဆိပ်ခတ်မှုနဲ့ မီးကွင်းပစ်မှုတွေ ဖြစ်ပွားနေတယ်ဆိုပြီး Citizen Journalist လို့ခေါ်တဲ့ သာမန်ပြည်သူတွေထဲက သတင်းပေးပို့သူတွေက လူမှုမီဒီယာတွေကတဆင့် |
မြန်မာ့ CDM လှုပ်ရှားမှုနဲ့ ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ရန်ကုန် ကန်သံရုံးပြော Posted: 13 Feb 2021 08:43 PM PST ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြကြသူများ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပတ်သက်ခြင်း မလုပ်ဖို့ CDM လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေ လုပ်ပြီး စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်ဘဲ ဒီမိုကရေစီလိုလားကြောင်း ပြသနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ အမေရိကန်ဘက်ကလည်း ရပ်တည်နေတယ်လို့ မြန်မာနိုင်ငံ အမေရိကန်သံရုံးက ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့မှာ တွစ်တာကနေ ပြောကြားခဲ့ပါ |
ထားဝယ်က ဆန္ဒပြပွဲမှာ ရဲတချို့ ပူးပေါင်းပါဝင်လာ Posted: 13 Feb 2021 08:41 PM PST တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြုလုပ်ရာ ရဲတပ်ဖွဲ့ဝင်တချို့ပူးပေါင်းပါဝင်လာပါတယ်။ ဒီရဲတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ(ထားဝယ်) ဆိုတဲ့ ဗီနိုင်းတွေကိုင်ဆောင်ထားပြီး ဆန္ဒပြပွဲမှာ ပါဝင်လာတာကိုတွေ့ရပါတယ်။ ထားဝယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၇ ရက်) မှာ စတင်ခဲ့တာ |
CDM လှုပ်ရှားမှုအရှိန်လျော့ကျမှာကို စိုးရိမ်မှုတွေရှိနေ Posted: 13 Feb 2021 08:39 PM PST အရပ်သားနိုင်ငံ့ဝန်ထမ်းတွေက စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ ရုံးမတက်ရေးCivil Disobience Movementဟာ အရှိန်တက်လာနေပြီး CDM လုပ်တဲ့ ဝန်ထမ်းတွေကို အာဏာပိုင်တွေက ညပိုင်းတွေမှာ လိုက်လံဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်လာနေပါတယ်။အဲဒီလို လိုက်လံဖမ်းဆီးတာတွေကြောင့်ပြည်သူလူထု ကရပ်ကွက်အလိုက် မြို့နယ်အလိုက် အကာအကွယ်ပေးတာတွေလုပ်နေကြတာလည်းရှိပါတယ်။အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ထမ်းတွေ ရုံး |
မြန်မာနဲ့ ငွေကြေးဆက်ဆံမှု မပြုဖို့ စင်ကာပူသံရုံးမှာ ဘဏ်ဝန်ထမ်းတွေ ဆန္ဒပြတောင်းဆို Posted: 13 Feb 2021 08:37 PM PST ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁။ ဓာတ်ပုံ-စည်သူနိုင်)မြန်မာနိုင်ငံအပေါ် စင်ကာပူအနေနဲ့ ငွေကြေးအရွှေ့အပြောင်း လုပ်တာတွေကို မကူညီဖို့ ပုဂ္ဂလိကဘဏ်တွေမှာ အလုပ်လုပ်နေကြသူ ရာနဲ့ချီ စနေနေ့က စင်ကာပူသံရုံးရှေ့သွားပြီး တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ်အကြီးအကဲတွေနဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေအပေါ် အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား |
ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းကြဖို့ စစ်အုပ်ချုပ်ရေးကောင်စီ တိုက်တွန်း Posted: 13 Feb 2021 08:35 PM PST စစ်အာဏာသိမ်းတာ ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုတွေထဲ ပါဝင်လာတဲ့ ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များ။မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုနည်းနဲ့ အာဏာဖီဆန် လှုပ်ရှားမှု CDM မှာ ပါဝင်ပြီး လုပ်ငန်းခွင် မဝင်ရောက်ဘဲနေတဲ့ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ကို ပြန်ဝင်ရောက်ဖို့ လက်ရှိ အာဏာသိမ်းယူထားတဲ့ စစ်အုပ်ချုပ်ရေးကောင်စီက မနေ့က တိုက်တွန်းလိုက်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတာဝန် ထမ်းဆောင် |
Posted: 13 Feb 2021 08:33 PM PST ၈၈ တုန်းကလို ဖန်တီးလာနေလား မေးခွန်းတွေ ပေါ်ထွက်မီးကွင်း အပစ်ခံရမှာ၊ သောက်ရေကန် ဆေးခတ်ခံရမှာမျိူးကို စိုးရွံ့နေရပြီး လူတွေကြား ကြောက်စိတ် အသွင်းခံရ၊ မလုံခြုံစိတ် အသွင်းခံရတာကို ၈၈ ကာလ ဖြတ်သန်းခဲ့သူတွေကတော့၊ အဲဒီ အချိန်နဲ့ လက်ရာ ခြေရာကတော့ တစ်ထပ်တည်းပဲလို့ ပြောဆိုကြပါတယ်။လက်ရှိ ပေါ်ပေါက်နေတဲ့ ဆန္ဒပြမှုတွေ တတိုင်းပြည်လုံးနဲ့ ခြုံကြည့်ရင် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေတာကို၊ အခြေအနေ ရှုပ်ထွေးအောင်၊ လူ |
လူစိမ်း၀င်မှု မသင်္ကာသူတွေကို လက်ရဖမ်းဆီးမှုတွေ ဆက်ဖြစ် Posted: 13 Feb 2021 08:31 PM PST ရန်ကုန်မှာ ညဘက် မလုံခြုံမှု၊ လူစိမ်း၀င်မှုတွေ စနေညကလည်း ဆက်က်ပြီး ဖြစ်နေခဲ့ပါတယ်။ ရဲလက်နက်ကိုင်တွေရဲ့ လူဖမ်းပွဲထက် ကျော်လွန်ပြီး၊မီးကွင်းပစ်ဖို့၊ မီးရှို့ဖို့ ၀င်လာသူတွေကို ဖမ်းမိနေတယ် ဆိုတဲ့ သတင်းတွေ မြို့အနှံ့က ကြားနေရပါတယ်။ရွှေပြည်သာမှာ လူစိမ်း ၁၅ ယောက်လောက် ၀င်လာလို့ သံပုံးတွေတီး၊ လူတွေ နောက်ကလိုက်ဖမ်းရတယ်လို့ ပြောတဲ့သူ ရှိပါတယ်။သာကေတမှာ မီးရှို့ခံရတယ်၊ တောင်ညွန့်မှာ ဗြောင်းဆန်နေတာပဲ၊ |
တနင်္သာရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို ပြန်လည်လွတ်မြောက် Posted: 13 Feb 2021 05:34 PM PST တနင်္သာရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို။မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုဟာ စနေနေ့ညမှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ဖမ်းဆီးထားစဉ် ကာလတလျှောက်လုံး သူ့ကို ဘိတ်မြို့က စစ်တပ်ဝင်းထဲမှာပဲ ထိန်းသိမ်းထားတာဖြစ်ပြီး ပြန်လွှတ်ပေးတော့လည်း ကြိုတင် |
ညဘက် မီးရှို့မှုတွေကြောင့် မြို့ခံတွေ ကိုယ်ထူကိုယ်ထ လုံခြုံရေးတာဝန်ယူနေရ Posted: 13 Feb 2021 05:34 PM PST လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို အင်းစိန်အကျဉ်းထောင်မှာ စစ်ဆေးနေတဲ့ အကျဉ်းဦးစီးဝန်ထမ်းများ။ (ဖေော်ဝါရီ ၁၂၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလို့ ၁၃ ရက်မြောက်နေ့မှာပဲ ပြည်သူလူထုရဲ့ လုံခြုံဘေးကင်းရေးအတွက် ညအချိန်မတော်မှာ လူထုကိုယ်တိုင် ကြိုးပမ်းကာကွယ်နေကြရပြီ ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်၊ သင်္ဃန်းကျွန်း ငမိုးရိပ် အပါအဝင် နေရာ တော်တော်များများမှာ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.