သစ္ထူးလြင္ |
- ကိုဗစ်စစ်ဆေးရေး လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေ
- နေပြည်တော် အဖမ်းခံရသူ ၄၀ ကျော်ထဲက ကလေး ၂၇ ဦး ပြန်လွတ်
- အာဏာသိမ်း စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲလုပ်မယ်
- ကုလအထူးကိုယ်စားလှယ်မြန်မာဝင်ခွင့်ပေးဖို့ အတွင်းရေးမှူးချုပ်တောင်းဆို
- တောင်ကြီး စပ်စံထွန်းဆေးရုံ လုံခြုံရေးတပ်တွေ စီးနင်းခဲ့
- CDM မှာပါဝင်သူတွေကို အနုပညာရှင်တွေ ငွေကြေးထောက်ပံ့
- ဆန္ဒပြပွဲတွေ စည်းကမ်းရှိသလို ကူညီသူတွေ အများအပြားရှိနေ
- နေပြည်တော်ထောင်ရှေ့ဆန္ဒပြသူတွေကို ရဲတွေက ပိတ်ထား
- မန္တလေးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်း
- မလေးရှားရောက် မြန်မာနိုင်ငံသား ၁၀၀ ကျော် နေရပ်ပြန်
- အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူတွေထဲမှာ သူရဦးရွှေမန်းရဲ့ သားတစ်ဦးပါဝင်
- နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဒက္ခိဏခရိုင်တရားရုံးရှေ့ ဆန္ဒပြ
- NLD ရန်ကုန်ရုံးချုပ်ကို ဝိုင်းထားသူတွေ တပ်ပြန်ရုပ်
- နေပြည်တော်က ကျောင်းသားအချို့ ပြန်လွတ်လာ
- နေပြည်တော်မှာ ဆန္ဒပြကျောင်းသူ/သား ၃၀ ကျော် ဖမ်းဆီးခံရ
- NLD ရုံးချုပ်အတွင်း ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ
- မြစ်ကြီးနားဆန္ဒပြပွဲအတွင်း ဖမ်းခံရသူ သတင်းသမား ငါးဦး ပြန်လွတ်မြောက်
- ဖမ်းဆီးခံရသူဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ရှေ့နေဖြစ်သူတွေ ကြိုးပမ်း
- CDM တွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအားကူညီထောက်ပံ့ပေးရန် အကြောင်းကြားစာ။
- အာဏာသိမ်းအစိုးရကို ဂီတဖြင့် တော်လှန်နေသော THE MUSEUM Music Band နှင့် မုံရွာ ဂီတလူငယ်များ
- မုံရွာလူထုမှ အာဏာသိမ်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမြင်ကွင်း
- မန္တလေးမြို့တွင် တက္ကသိုလ်/ကောလိပ်များမှ ဆရာ/ဆရာမများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
- မန္တလေးမြို့တွင် အင်ဂျင်နီယာများအဖွဲ့ လူအင်အား ၅၀၀၀ ကျော်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
- ကချင်ပြည်နယ် အထွေထွေသပိတ်အဖွဲ့ စုပေါင်းရုံးရှေ့ ဆန္ဒဖော်ထုတ်
- ရန်ကုန်မြို့ စည်ပင် ၁၂ ထပ်ရုံးရှေ့ တကသကျောင်းသားတွေ ဆန္ဒပြ
ကိုဗစ်စစ်ဆေးရေး လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေ Posted: 15 Feb 2021 07:18 AM PST တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေ မရှိသလောက်ဖြစ်လာသလို လူတွေကလည်း ရောဂါပိုးထက် အာဏာရှင် ဆန့်ကျင်ရေးကို ပိုပြီး အာရုံစိုက်နေတာ တွေ့ရပါတယ်။ဆရာဝန်တွေ အများစုကတော့ ဆန္ဒပြရာမှာ နှာခေါင်းစည်းတပ်ဖို့နဲ့ လက်ကိုမကြာခဏ လက်သန့်ဆေးရည်နဲ့ ဆေးဖို့ တိုက်တွန်းထားကြပါတယ်။ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ် (ခေါ်) ကိုဗစ် ၁၉ ကတော့ ကမ္ဘာတစ်လွှားမှာ ကူးဆက် |
နေပြည်တော် အဖမ်းခံရသူ ၄၀ ကျော်ထဲက ကလေး ၂၇ ဦး ပြန်လွတ် Posted: 15 Feb 2021 07:16 AM PST နေပြည်တော် အဖမ်းခံရသူ ၄၀ ကျော်ထဲက ကလေး ၂၇ ဦး ပြန်လွတ် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထက (၁၄) ကျောင်းသူ၊ ကျောင်းသားတွေ စစ်အာဏာဆန့်ကျင်ရေး ၂၀၂၁ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆန္ဒပြခဲ့စဉ် / Photo: RFAဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားစစ်ကြောင်း ကို ရဲနဲ့ စစ်တပ်က ဝန်းရံပိတ်ဆို့ပြီးတဲ့နောက် အသက် ၁၈ နှစ်အောက် ကလေးတွေအပါအဝင် ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော်ကို ဖမ်းဆီး |
အာဏာသိမ်း စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲလုပ်မယ် Posted: 15 Feb 2021 07:14 AM PST နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့ပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ထုတ်ပြန်ပါတယ်။ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ပထမဆုံးသတင်းစာရှင်းလင်းပွဲ ကျင်းပတာလည်းဖြစ်ပါတယ်။နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ထုတ်ပြန်ထားပြီးတော့ အရင် တပ်မတော်သတင်းမှန် |
ကုလအထူးကိုယ်စားလှယ်မြန်မာဝင်ခွင့်ပေးဖို့ အတွင်းရေးမှူးချုပ်တောင်းဆို Posted: 15 Feb 2021 07:11 AM PST ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာနိုင်ငံအခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာနိုင်ဖို့ သတ်မှတ်ထားတဲ့ အခြေအနေ တခုအောက်မှာ ကုလအထူးကိုယ်စားလှယ် လာရောက်ခွင့်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေ အရပ်ရပ်အပေါ်မှာလည်း အတွင်းရေးမှူးချုပ်အနေနဲ့ အလွန်တရာ စိုးရိမ်တယ်လို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကုလထုတ်ပြန် |
တောင်ကြီး စပ်စံထွန်းဆေးရုံ လုံခြုံရေးတပ်တွေ စီးနင်းခဲ့ Posted: 15 Feb 2021 07:10 AM PST တောင်ကြီး စပ်စံထွန်းဆေးရုံကို လုံခြုံရေးတပ်တွေ စီးနင်းခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Non Pha's Facebook- ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားသူတွေအပေါ် အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့ နိုင်ငံတကာက သတိပေးနေချိန်မှာပဲ နောက်ထပ် နှိမ်နင်းမှုတွေ၊ ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေ အပါအဝင် နေရာတချို့မှာ |
CDM မှာပါဝင်သူတွေကို အနုပညာရှင်တွေ ငွေကြေးထောက်ပံ့ Posted: 15 Feb 2021 06:07 AM PST ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရ ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ ပေးနေကြပါတယ်။ ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေတွေကို တဆင့်ပြန်လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက် ဒီကနေ့မှာတော့ ရန်ကုန် သင်္ဃာန်းကျွန်းမြို့နယ် ဗဟိုဘဏ် ဝန်ထမ်းအိမ်ရာကို လှူဒါန်းဖို့ |
ဆန္ဒပြပွဲတွေ စည်းကမ်းရှိသလို ကူညီသူတွေ အများအပြားရှိနေ Posted: 15 Feb 2021 05:50 AM PST စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေဟာ ရန်ကုန် မန္တလေးမြို့ကြီးတွေ အပါအဝင် ပြည်လုံးကျွတ် ပါဝင်ဆင်နွှဲနေကြပေမယ့် စည်းကမ်းရှိတာ စနစ်ကျတာ တွေ့နေရပါတယ်။ လူပေါင်း သိန်းသန်းချီပြီး နေ့တိုင်း လမ်းမပေါ် ဆန္ဒပြနေကြပေမယ့် သေသေသပ်သပ် အစုအဖွဲ့လိုက် ချီတက်တာ၊ အထိုင်ချတာတွေ တွေ့ရသလို၊ ဆန္ဒပြပွဲတွေပြီးတဲ့ ညနေပိုင်းမှာတော့ ပြည်သူတွေကပဲ အမှိုက်တွေကို လိုက်သိမ်းတာတွေလည်း တွေ့ရပါတယ်။ရန်ကုန်တိုင်း |
နေပြည်တော်ထောင်ရှေ့ဆန္ဒပြသူတွေကို ရဲတွေက ပိတ်ထား Posted: 15 Feb 2021 04:48 AM PST ဆန္ဒပြတဲ့ ကျောင်းသား၂၀ ခန့် နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဖမ်းခံခဲ့ရပြီး နေပြည်တော်အချုပ်ထောင်ရှေ့မှာ သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။နေပြည်တော် ထောင်ရှေ့လာပြီး တောင်းဆိုနေတဲ့ လူအရေအတွက်ဟာ အနည်းဆုံး နှစ်ထောင်ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း နေပြည်တော်အချုပ်ထောင်ရှေ့မှာရှိနေသူတွေက ပြောပါတယ်။နေပြည်တော်အချုပ်ထောင်ရှေ့ ကိုလာဖို့ကြိုးစားတဲ့ ရဲတပ်ဖွဲ့ကို ဆန္ဒပြသူတွေက ပိတ်ထားပြီး |
မန္တလေးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်း Posted: 15 Feb 2021 04:45 AM PST မန္တလေးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမန္တလေးမြို့ ၈၂ လမ်း ၂၆ နဲ့ ၂၇ လမ်းကြား မြန့်မာစီးပွားရေးဘဏ် အနီး ဆန္ဒပြသူတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးမှုတွေရှိခဲ့တယ် တယ်လို့ သတင်းရရှိပါတယ်။ရဲတပ်ဖွဲ့က သေနတ်တွေ လေထဲကို စတင်ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းမှာ တပ်ကားတွေက နောက်ကရောက်ရှိနေရာ ယူလာတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။ဒဏ်ရာရသူ နဲ့ ဖမ်းဆီးခံရသူအရေအတွက် |
မလေးရှားရောက် မြန်မာနိုင်ငံသား ၁၀၀ ကျော် နေရပ်ပြန် Posted: 15 Feb 2021 04:43 AM PST ထိန်းသိမ်းရေးစခန်းတွေကနေ နေရပ်ပြန်ခွင့်ရတဲ့ မြန်မာများ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မတည်မငြိမ် အခြေအနေတွေ ကြုံနေရချိန်မှာပဲ မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ ပိတ်မိနေသူ ၁၀၀ ကျော် ဒီကနေ့ နေရပ်ပြန်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာ လွတ်ရက်ပြည့်နေတဲ့ သူတွေအပါအဝင် မြန်မာနိုင်ငံသားတွေ မြန်မာသံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ခွင့်ရခဲ့ကြတာပါ။ |
အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူတွေထဲမှာ သူရဦးရွှေမန်းရဲ့ သားတစ်ဦးပါဝင် Posted: 15 Feb 2021 04:41 AM PST အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူတွေထဲမှာ သူရဦးရွှေမန်းရဲ့ သားတစ်ဦးပါဝင် သူရဦးရွှေမန်းရဲ့ သားငယ် ဦးတိုးနိုင်မန်း ပုံ / Photo: RFAဖေဖေါ်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူတွေထဲမှာ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ UBP ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းရဲ့ သားငယ် ဦးတိုးနိုင်မန်း လည်း ပါဝင်တယ်လို့ သိရပါတယ်။အာဏာသိမ်းပြီး တစ်ပတ်အကြာ |
နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဒက္ခိဏခရိုင်တရားရုံးရှေ့ ဆန္ဒပြ Posted: 15 Feb 2021 04:40 AM PST နိုင်ငံ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဒက္ခိဏခရိုင်တရားရုံးရှေ့ ဆန္ဒပြ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံရတဲ့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဆန္ဒပြစဉ် / Photo: RFAသမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားစွဲဆိုခံထားရတဲ့အမှု အတွက် တရားရုံးမှာ ကြားနာစစ်ဆေးမှုကို ဗီဒီယိုကွန့်ဖရန့်နဲ့သာ ပြုလုပ် |
NLD ရန်ကုန်ရုံးချုပ်ကို ဝိုင်းထားသူတွေ တပ်ပြန်ရုပ် Posted: 15 Feb 2021 04:38 AM PST Shweinntharရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ရန်ကုန်တိုင်းရုံးချုပ်ကို တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက လမ်းကိုပိတ်ပြီးဝိုင်းထားခဲ့ပြီးတော့ အခုအခါမှာ ပြန်လည်ထွက်ခွာသွားပြီလို့သိရပါတယ်။အဲ့ဒီရုံးထဲမှာ ရုံးက NLDပါတီဝင် ၁၅ ယောက် ပိတ်မိနေခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့ကို အရင်ဆုံးလွှတ်ပေးခဲ့ပါတယ်။ရွှေဂုံတိုင်က NLD ရန်ကုန်တိုင်းရုံးချုပ်ကို ရဲနဲ့ တပ်က ဝိုင်းထားချိန်မှာ |
နေပြည်တော်က ကျောင်းသားအချို့ ပြန်လွတ်လာ Posted: 15 Feb 2021 04:36 AM PST ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နေပြည်တော်မှာ ဆန္ဒပြတဲ့ ကျောင်းသား ၄၀ ခန့ကို ရဲတပ်ဖွဲ့က မနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေက ပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့အတွက် ညနေ ၅ နာရီကျော်မှာ လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေကို နေပြည်တော်အချုပ်ထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်း ကျောင်းသားဟောင်း ၇ ယောက်ခန့််ကိိုတော့ဆက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။BBC Burmesehttps://www.bbc.com/burmese/live |
နေပြည်တော်မှာ ဆန္ဒပြကျောင်းသူ/သား ၃၀ ကျော် ဖမ်းဆီးခံရ Posted: 15 Feb 2021 04:35 AM PST နေပြည်တော်မှာ ဆန္ဒပြကျောင်းသူ/သား ၃၀ ကျော် ဖမ်းဆီးခံရ နပွေညျတောျ အထက (၁၄) က ကြောငျးသားမြား အာဏာရှငျဆနျ့ကငြျရေး ကနျ့ကှကျဆန်ဒပွသူမြားကို ဖဖေေါျဝါရီ ၁၃ ရကျနေ့ကတှေ့ရစဉျ / Photo: RFAဒီကနေ့ ဖဖေေါျဝါရီ ၁၅ ရကျ မနကျပိုငျးက နပွေညျတောျမှာ အာဏာရှငျဆနျ့ကငြျရေး ကနျ့ကှကျဆန်ဒပွတဲ့ ကြောငျးသားစစျကွောငျးကို ရဲနဲ့စစျတပျက ၀နျးရံပိတျဆို့ပွီးတဲ့နောကျ ကြောငျးသူ/သား ၃၀ ကြောျကို ဖမျးဆီးသှားတယျလို့ သိရပါတယျ။နေပြည်တော်၊ |
NLD ရုံးချုပ်အတွင်း ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ Posted: 15 Feb 2021 04:33 AM PST NLD ရုံးချုပ်အတွင်း ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို တပ်နဲ့ ရဲက ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်နေ့ညနေက ပိတ်ဆို့ထားတဲ့အတွက် ရုံးပေါ်မှာ ပိတ်နေတဲ့ NLD ပါတီဝင်သူတွေကို တွေ့ရစဉ် / Photo: RFAရဲတပ်ဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးအတွင်းကို ဝင်ရောက်ပြီး NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်းဖြစ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေလည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်နဲ့ |
မြစ်ကြီးနားဆန္ဒပြပွဲအတွင်း ဖမ်းခံရသူ သတင်းသမား ငါးဦး ပြန်လွတ်မြောက် Posted: 15 Feb 2021 04:31 AM PST မြစ်ကြီးနားမြို့မှာ တွေ့ရတဲ့ စစ်အာဏာ ဆန့်ကျင် ဆန္ဒပြပွဲ။ (ဓာတ်ပုံ - THE 74 MEDIA via REUTERS - ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ငါး ဦးကို ဒီနေ့ပဲ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ အင်အားသုံး နှိမ်နင်းခဲ့ပြီးနောက် မြစ်ကြီးနားမြို့က |
ဖမ်းဆီးခံရသူဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ရှေ့နေဖြစ်သူတွေ ကြိုးပမ်း Posted: 15 Feb 2021 04:29 AM PST နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (ညာ)နဲ့ သမ္မတဦးဝင်းမြင့် (ဝဲ)။ (ဇန်နဝါရီ ၁၈၊ ၂၀၂၀)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ ဥပဒေအကျိုးဆောင်က ကြိုးပမ်းနေပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဥပဒေအရ ခံစားခွင့်တွေ ဆုံးရှုံးနေတဲ့အပေါ် ဥပဒေပညာရှင်တွေရဲ့ သုံးသပ်ချက် |
CDM တွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအားကူညီထောက်ပံ့ပေးရန် အကြောင်းကြားစာ။ Posted: 14 Feb 2021 08:21 PM PST ၁၄ ဖေဖော်ဝါရီ ၂၀၂၁CDM တွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအားကူညီထောက်ပံ့ပေးရန် အကြောင်းကြားစာ။National League for Democracyhttps://www.facebook.com/nldparty |
အာဏာသိမ်းအစိုးရကို ဂီတဖြင့် တော်လှန်နေသော THE MUSEUM Music Band နှင့် မုံရွာ ဂီတလူငယ်များ Posted: 14 Feb 2021 08:35 PM PST အာဏာသိမ်းအစိုးရကို ဂီတဖြင့် တော်လှန်နေသော THE MUSEUM Music Band နှင့် မုံရွာ ဂီတလူငယ်များMonywa Gazettehttps://www.facebook.com/monywagazette |
မုံရွာလူထုမှ အာဏာသိမ်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမြင်ကွင်း Posted: 14 Feb 2021 08:17 PM PST မုံရွာ၊ဖေဖော်ဝါရီ-၁၅အာဏာသိမ်းမှုကိုဆန့်ကျင်သော မုံရွာလူထု ဆန္ဒပြမှုမြင်ကွင်းMonywa Gazettehttps://www.facebook.com/monywagazette |
မန္တလေးမြို့တွင် တက္ကသိုလ်/ကောလိပ်များမှ ဆရာ/ဆရာမများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် Posted: 14 Feb 2021 08:37 PM PST (၁၅-၂-၂၀၂၁)မန္တလေးမြို့တွင် တက္ကသိုလ်/ကောလိပ်များမှ ဆရာ/ဆရာမများက စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်။Photo-Ye Htut OoThe Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal |
မန္တလေးမြို့တွင် အင်ဂျင်နီယာများအဖွဲ့ လူအင်အား ၅၀၀၀ ကျော်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် Posted: 14 Feb 2021 08:04 PM PST (၁၅-၂-၂၀၂၁)မန္တလေးမြို့တွင် အင်ဂျင်နီယာများအဖွဲ့က လူအင်အား ၅၀၀၀ ကျော်ဖြင့် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်။ဓာတ်ပုံ-နောင်ရူပTheMandalayNewsJournalhttps://www.facebook.com/TheMandalayNewsJournal |
ကချင်ပြည်နယ် အထွေထွေသပိတ်အဖွဲ့ စုပေါင်းရုံးရှေ့ ဆန္ဒဖော်ထုတ် Posted: 14 Feb 2021 08:36 PM PST ရုံးမတက်ရန် စုပေါင်းရုံးရှေ့တွင် ဆန္ဒဖော်ထုတ်နေ ကချင်ပြည်နယ် အထွေထွေသပိတ်အဖွဲ့ စုပေါင်းရုံးရှေ့ စုပေါင်းရုံးရှေ့ KTCS ကျောင်းအဖွဲ့ မြစ်ကြီးနားတွင် ၁၅ရက်နေ့ သပိတ်မောက် ဆန္ဒဖော်ထုတ်Kachin News Grouphttps://www.facebook.com/theKachinNews |
ရန်ကုန်မြို့ စည်ပင် ၁၂ ထပ်ရုံးရှေ့ တကသကျောင်းသားတွေ ဆန္ဒပြ Posted: 14 Feb 2021 08:37 PM PST ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ရုံးရှေ့မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသတွေက CDM မှာ ပါဝင်ဖို့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.