Tuesday, February 16, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အတိုင်ပင်ခံနဲ့သမ္မတ ရုံးထုတ်၊ အတိုင်ပင်ခံအမှုထပ်တိုး

Posted: 16 Feb 2021 08:41 AM PST

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ) နဲ့ သမ္မတဦးဝင်းမြင့် (ဝဲ)။ (မတ် ၃၀၊ ၂၀၁၈)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်အမှုတိုး တရားစွဲလိုက်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဒီကနေ့ Video Conferencing နဲ့ ရုံးထုတ်ရာမှာ အခုလို သိခဲ့ရတာပါ။

ရန်ကုန်တိုင်း သုံးခွမြို့နယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းဖက် အာဏာဖီဆန်မှု လူထုအရေးတော်ပုံ

Posted: 16 Feb 2021 07:04 AM PST

16.2.2021ရန်ကုန်တိုင်း သုံးခွမြို့နယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းဖက် အာဏာဖီဆန်မှု လူထုအရေးတော်ပုံမှာ နိုင်ငံ့ဝန်ထမ်းတွေအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်လာပေးကြဖို့အတွက် ရုပ်ရှင်၊ ဂီတအနုပညာရှင်တွေက မေတ္တာရပ်ခံခဲ့ကြပါတယ်။ စစ်အုပ်စုရဲ့ စစ်ကျွန်ဇာတ်သွင်းတဲ့ ဥပဒေမဲ့အာဏာသိမ်းယူမှုကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရွပ်ရွပ်ချွံချွံ ခုခံဆန့်ကျင်သွားကြဖို့ ပြောဆိုခဲ့ကြပါတယ်။

16.2.2021 ယနေ့ ကယားပြည်နယ် (၉)ရက်‌မြောက်နေ့ CDM အရေးတော်ပုံ အောင်ရမည်

Posted: 16 Feb 2021 06:23 AM PST

 16.2.2021 ယနေ့ ကယားပြည်နယ် (၉)ရက်‌မြောက်နေ့ CDM အရေးတော်ပုံ အောင်ရမည်photos- Sai Kyaw Myo Khaing' Facebook

အီလက်ထရောနစ်ဥပဒေ ပြင်ဆင်မှု ပြည်သူတွေကို နှိပ်ကွပ်ဖို့လို့ ဝေဖန်ခံရ

Posted: 16 Feb 2021 05:52 AM PST

တပ်မတော်က နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာယူပြီး တပတ်ကျော်အကြာ ၈ ရက်နေ့မှာဘဲ အွန်လိုင်းစာမျက်နှာတွေမှာ စစ်အစိုးရ ဆန့်ကျင်ရေး ရေးသားတာတွေ၊ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့ ဆိုက်ဘာ လုံခြုံရေးဥပဒေကြမ်းကို ကြေညာခဲ့ပါတယ်။ဒီဥပဒေကြမ်း ကြေညာပြီးနောက်ပိုင်းမှာပဲ အရပ်ဖက်အဖွဲ့ ၂၀၀ ကျော်က ကန့်ကွက်ခဲ့သလို ကွန်ပျူတာ လုပ်ငန်းရှင်အသင်း၊ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် စတဲ့

တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားပေမယ့် ဆန္ဒပြမှုတွေ မြို့နယ်အများစုမှာ ဆက်ရှိနေ

Posted: 16 Feb 2021 05:50 AM PST

တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားပေမယ့် ဆန္ဒပြမှုတွေ မြို့နယ်အများစုမှာ ဆက်ရှိနေ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေကြသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တွေ့ရစဉ် / Photo: RFAအာဏာသိမ်းအစိုးရ အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုမှုတွေ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့အတော် များများမှာ ဒီနေ့ဆက်ရှိနေပါတယ်။ တချို့နေရာတွေမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ချထား တာရှိသလို နေရာအများစုမှာ

CDM သမားတွေအတွက် တပိုင်တစ်နိုင် အလှူအတန်း

Posted: 16 Feb 2021 05:48 AM PST

ရုံးမတက်ရေး ဝန်ထမ်းတွေရဲ့ အာခံဖီဆန်မှု Civil Disobedience Movement CDM မှာ ပါဝင်နေတဲသူတွေအတွက် ရန်ကုန်မြို့၊ ပုစွန်တောင်ဈေးထဲက ကုန်စိမ်းနဲ့ သစ်သီးသည်တချို့ရဲ့ တပိုင်တနိုင်အလှူအတန်းလေးကို တွေ့ရတာဖြစ်ပါတယ်။ခုဆို စစ်အာဏာသိမ်းထားတာ ၁၆ ရက်မြောက်ရှိလာပြီဖြစ်သလို မြန်မာနိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုတွေလည်း အင်အားကောင်းလာတာကြောင့် ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးတာတွေရှိနေ

မော်လမြိုင်က ထွက်မယ့်ရထားကို ပြည်သူတွေ လမ်းပိတ် ဆန္ဒပြ၊ ရထားဆက်မထွက်တော့ဘဲ ဘူတာကိုပြန်ဝင်

Posted: 16 Feb 2021 05:46 AM PST

မော်လမြိုင်ကနေ ရန်ကုန်ကို ဒီအင်္ဂါမနက်မှာ ထွက်ခွာလာမယ့် ရထားကို ပြည်သူတွေက လမ်းပိတ်ပြီး ဆန္ဒပြခဲ့ကြတာကြောင့် ယခုအခါ ရထားမှာ ဘူတာအတွင်း ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။ဝန်ထမ်းတွေကို အာဏာပိုင်တွေက ညတည်းက ဖိအားပေးပြီး ရထားကိုအတင်းထွက်ခိုင်းနေတယ်လို့ သတင်းပေးပို့လာတာကြောင့်ဒီမနက်မှာ ပြည်သူတွေက သွားရောက်ဝန်းရံပြီး ရထားထွက်မရအောင် ပိတ်ဆို့ဆန္ဒပြခဲ့တာဖြစ်တယ်လို့ အဲဒီဆန္ဒပြပွဲမှာ ဝန်းရံသူတစ်ဦးက ဘီဘီစီ

ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်

Posted: 16 Feb 2021 05:44 AM PST

ရှမ်းမြောက်တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးလာခဲ့ကြတဲ့ ဒေသခံတချို့။ (ဓာတ်ပုံ - အိုမ်တမာဝ် - လူမှုကူညီရေးအသင်း - ဒီဇင်ဘာ ၂၉၊ ၂၀၂၀)စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံး

စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ရွှေဝါရောင်သံဃာတွေ ပူးပေါင်းပါဝင်

Posted: 16 Feb 2021 05:43 AM PST

သံဃာတော်တွေပါဝင်တဲ့ ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင် ဆန္ဒပြပွဲမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ၊ ၂၀၀၇ ခုနှစ်တုန်းက သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းတော်တွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်တွေကို မျက်ခြေမပြတ်ဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာ

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ၁၅ ဦး ပုဒ်မ ၅၀၅(ခ) အမှုဖွင့်ခံရ

Posted: 16 Feb 2021 05:41 AM PST

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ၁၅ ဦး ပုဒ်မ ၅၀၅(ခ) အမှုဖွင့်ခံရ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း တို့ကို ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်နေ့က တွေ့ရစဉ် / Photo: RFAပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် ( ၁၅ ) ဦးကို သက်ဆိုင်ရာ မြို့နယ် တရားရုံးတွေမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ

စစ်ကောင်စီက ဖမ်းဆီးထားသူ ၄၂၀ ကျော်ရှိနေပြီလို့ AAPP ထုတ်ပြန်

Posted: 16 Feb 2021 05:39 AM PST

စစ်ကောင်စီက ဖမ်းဆီးထားသူ ၄၂၀ ကျော်ရှိနေပြီလို့ AAPP ထုတ်ပြန် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ၂၀၂၁ ဖေဖော်ဝါရီ ၁၄ ရက်နေ့က လှည်းတန်းမှာ ပြည်သူတွေ တောင်းဆိုဆန္ဒပြစဉ် / Photo: Myanmar President officeတပ်မတော်က အာဏာစတင်သိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနေ့ကအထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ရရှိထားတဲ့စာရင်းအရ ဖမ်းဆီး

မြောင်းမြက ဆန္ဒပြပြည်သူတွေ ရဲက ပစ်ခတ်ဖြိုခွင်း၊ မျက်ရည်ယိုဗုံးတွေသုံး

Posted: 16 Feb 2021 05:38 AM PST

ဧရာဝတီတိုင်း၊ မြောင်းမြမှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေကနေ ဖမ်းဆီးခံထားရတဲ့ဒေသခံ (၃)ဦးကို ‌ပြန်လွှတ်‌ပေးဖို့ မြောင်းမြအကျဉ်း‌ထောင်ရှေ့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဆန္ဒပြတောင်းဆို‌နေတဲ့ ပြည်သူတွေကို လုံခြုံရေးရဲတပ်ဖွဲ့က ရေကားနဲ့ဖြိုခွဲတာ၊ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုဖြိုခွဲမှုကြောင့် ပြည်သူ (၁၀) ဦး‌လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက

သံတွဲမှာ ဆန္ဒပြသူလေးဦးအဖမ်းခံရ

Posted: 16 Feb 2021 05:35 AM PST

သံတွဲက စစ်အာဏာဆန့်ကျင်‌‌ရေးလှုပ်ရှားမှုရခိုင်ပြည်နယ် သံတွဲမြို့က ဖေဖော်ဝါရီလ ၁၆ ရက် အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြမှုမှာပါဝင်သူတွေနဲ့ ရဲတပ်ဖွဲ့၊ တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ကျောင်းသားလူငယ်တွေအပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ မဆောင်းနှင်းဝေက ဘီဘီစီကို ပြောပါတယ်။ဆန္ဒပြပွဲစတင်ပြီးမကြာခင်မှာဘဲ ရှေ့ဆုံးကနေ အလံကိုင်ဆန္ဒပြနေကြတဲ့ ကျောင်းသားနှစ်ဦးနဲ့ ကျောင်းသူနှစ်ဦးတို့

အများပြည်သူထိခိုက်မယ့် အရေးယူမှုတွေ စင်ကာပူ မထောက်ခံ

Posted: 16 Feb 2021 05:34 AM PST

ဆိုင်ကယ်များနဲ့ လက် ၃ ချောင်းထောင် ဆန္ဒပြသူများကို မန္တလေးမြို့မှာ တွေ့ရ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေ စိုးရိမ်စရာကောင်းလာပေမဲ့ သာမန်ပြည်သူလူထုကို ထိခိုက်စေနိုင်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်တာမျိုးကို မထောက်ခံဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာပြောလိုက်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင်

တရုတ်လေယာဉ်ကိစ္စ ပုံမှန်ကုန်တင်လေယာဉ်များဟု တရုတ်သံအမတ်ဖြေကြား

Posted: 16 Feb 2021 05:32 AM PST

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai (ဓာတ်ပုံ - Chinese Embassy in Myanmar - ဇန်နဝါရီ ၂၆၊ ၂၀၂၁)မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို တရုတ်နိုင်ငံက လုံးဝ မမြင်တွေ့လိုပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က ဒီကနေ့ပြောပါတယ်။ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ The Voice ၊ Eleven ၊ 7Day ၊ Myanmar Times ၊ Frontier တို့က စာနဲ့ ဆက်သွယ်မေးမြန်းတာမှာ တရုတ်သံအမတ်ကြီးက အဲဒီလိုဖြေဆိုထားတာဖြစ်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ‌ပြုပြင်ပြောင်းလဲရေး အကူအညီစီမံကိန်း ‌ခေတ္တ ဆိုင်းငံ့

Posted: 16 Feb 2021 05:30 AM PST

 ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး‌ လေးစားအလေးထားတဲ့ ရဲတပ်ဖွဲ့ ဖြစ်လာစေဖို့ နိုင်ငံတကာစံနှုန်းနဲ့အတူ စွမ်းရည်မြှင့်တင်ပေး၊ သင်တန်းပေးတာတွေကို ခေတ္တ ဆိုင်းငံ့သွားမယ်လို့ ဥရောပသမဂ္ဂက ဖေဖော်ဝါရီ (၁၆) ရက်မှာ ထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အ‌ခြေအနေတွေကြောင့် အဲဒီစီမံကိန်း ဆက်လုပ်ဖို့နဲ့ ရည်မှန်းထားတဲ့ ရလဒ်ရရှိနိုင်မယ့် အ‌ခြေအနေ မရှိတော့တာကြောင့်လို့ ဆိုပါတယ်။

အာဏာသိမ်းအစိုးရလို့ မသုံးဖို့ သတင်းစာတိုက်တွေကို စာပို့

Posted: 16 Feb 2021 05:29 AM PST

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့မသုံးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းကြားစာ ပို့တဲ့အကြောင်း ရန်ကုန်အခြေစိုက် နေ့စဉ်ထုတ် သတင်းစာတွေက ဘီဘီစီကိုပြောပါတယ်။နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်နေပြီး အာဏာသိမ်းအစိုးရလို့ မမှန်မကန်သုံးနှုန်းတာအပါအဝင် ဆူပူမှုဖြစ်အောင် လှုံ့ဆော်တာတွေ မလုပ်ဖို့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ အမြဲ

သံရုံးဝန်ထမ်းနဲ့ မိသားစုဝင်တွေ ဆန္ဒအလျောက် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ရန်ကုန်အမေရိကန်သံရုံး ခွင့်ပြု

Posted: 16 Feb 2021 05:27 AM PST

ရန်ကုန်ရှိ အမေရိကန်သံရုံးအရေးပေါ်တာဝန်မယူထားတဲ့ အမေရိကန်အစိုးရ ဝန်ထမ်းတွေ၊ မိသားစုတွေအနေနဲ့ သံရုံးကနေ ဆန္ဒအလျောက် ထွက်ခွာကြဖို့ ခွင့်ပြုလိုက်ကြောင်း ရန်ကုန်အမေရိကန်သံရုံးက ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ တနင်္လာနေ့က သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ဒီခွင့်ပြုချက် ချမှတ်လိုက်တာဖြစ်တယ်လို့ ရန်ကုန်အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ

လွှတ်တော်ကိုယ်စားပြု CRPH နှင့် ကုလ တုံ့ပြန်နိုင်ခြေ (ဒေါက်တာတင့်ဆွေ အမြင်)

Posted: 16 Feb 2021 05:25 AM PST

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေCRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် (၃၀၀) ကျော် ဖမ်းဆီးဖို့ ကြိုးပမ်းမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ကုလသမဂ္ဂရဲ့ပြင်းထန်တဲ့ တုန့်ပြန်ချက်ကို ရင်ဆိုင်ရလိမ့်မယ်လို့ မြင်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။တနင်္လာနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး

စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲဆို

Posted: 16 Feb 2021 05:22 AM PST

စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲဆို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို ၂၀၁၈ အောက်တိုဘာ ၁၅ ရက်နေ့ အစိုးရနှင့် NCA-S EAO ခေါင်းဆောင်တွေ အစည်းအဝေးမှာ တွေ့ရစဉ် / Photo: Myanmar state counsellor officeစစ်ကောင်စီက ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီနေ့မှာပဲ ဇဗ္ဗူသီရိမြို့နယ်

အတိုင်ပင်ခံနဲ့ သမ္မတ ပထမဆုံးအကြိမ်ရုံးထုတ်၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်လို့ ရှေ့နေပြော

Posted: 16 Feb 2021 05:20 AM PST

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားစွဲဆိုခံထားရတဲ့ အမှုအတွက် ဗီဒီယိုအွန်လိုင်းစနစ် Video Conferencing နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးခဲ့ပါတယ်။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Video Conferencing နဲ့ စစ်မေးရာမှာ ကျန်းမာရေးကောင်းမွန်တာ တွေ့ရတယ်လို့  တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုးပြီး တရားစွဲ

Posted: 16 Feb 2021 05:18 AM PST

အာဏာသိမ်းစစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်တိုးပြီးတရားစွဲခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို သဘာ၀ဘေးအန္တရယ်စီမံမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်တိုး တရားစွဲခဲ့တာဟာ ဘာကြောင့် တရားစွဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကြည့်ခွင့်မရသေးကြောင်း သူကပြောပါတယ်။နိုင်ငံတော်

တပ်ပိုင်မြဝတီဘဏ်တွေက ငွေတွေပြန်ထုတ်နေကြ

Posted: 16 Feb 2021 05:16 AM PST

ရန်ကုန်က မြဝတီဘဏ် ရှေ့‌ငွေထုတ်သူတွေတန်းစီနေတပ်ပိုင် မြဝတီဘဏ်တွေကနေ လူတေွက အခုရက်ပိုင်းအပ်ငွေတွေ ပြန်ထုတ်နေကြပါတယ်။မြဝတီဘဏ်တွေမှာ ငွေထုတ်သူတွေများလို့ တစ်နေ့ကိုလူဦးရေ (၂၀၀)နဲ့ တစ်ဦးကို ငွေကျပ်သိန်း(၅၀)ကိုသာ အများဆုံးထုတ်ယူခွင့်ပေးတယ်လို့လည်း‌ ငွေထုတ်ခဲ့သူတွေကပြောပါတယ်။စစ်တပ်ကို အာဏာသိမ်းလို့ အမေရိကန်ကနေ အရေးယူပိတ်ဆို့ပြီးတဲ့နောက် ရန်ကုန်မြို့ဝါးတန်းလမ်းမှာရှိတဲ့ တပ်ပိုင်မြဝတီဘဏ်ရုံးချုပ်ရှေ့မှာ

မြန်မာစစ်အာဏာသိမ်းမှုအပေါ် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် Tom Andrew ရဲ့ မှတ်ချက်စကားများ

Posted: 15 Feb 2021 07:34 PM PST

ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews (ဓါတ်ပုံ-Twitter@KevinCChang)မြန်မာ့ စစ်အာဏာသိမ်းမှု၊ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူ အဆင့်ဆင့် တာဝန်ယူ တာဝန်ခံရမယ်လို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Tom Andrews က မှတ်ချက်ပေး ပြောဆိုပါတယ်။ မြန်မာ့ လူငယ် ဆန္ဒပြသူတွေရဲ့ ခံယူချက် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သဘောထားကိုလည်း သူက မှတ်ချက်ပေးပါတယ်။ မသိင်္ဂ

ကုလအထူးကိုယ်စားလှယ် မြန်မာပြည်လာရောက်ရေး စစ်ကောင်စီနဲ့ညှိနှိုင်း

Posted: 15 Feb 2021 07:32 PM PST

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgenerစစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ရရေး အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ မြန်မာ စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ တနလာင်္နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.