သစ္ထူးလြင္ |
- စစ်ကိုင်းတိုင်းအတွင်းမှ ဆန္ဒပြပွဲများ
- ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ
- မြစ်ကြီးနားတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်မှုများ
- မန္တလေးမြို့မှ စက်ဘီးစီးအဖွဲ့ဝင်များသည် ယနေ့(၁၇-၂-၂၀၂၁)တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် စက်ဘီးစီး၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
- မန္တလေးဘူတာကြီးမှ ရထားထွက်ရန်အတွက် စက်ခေါင်းမောင်းများအား အတင်းအကြပ်ဖိအားပေး ခိုင်းနေ
- မန္တလေး ဘူတာကြီးမှာ ရထားလမ်း ပိတ် ဆန္ဒပြ
- အနုပညာရှင် ၆ ဦးကို ပုဒ်မ၅၀၅-က နဲ့ အမှုဖွင့်
- ဆန္ဒပြဝန်ထမ်းနဲ့တတ်ကြွသူတွေကို ခြိမ်းခြောက်ဖမ်းဆီးမှုများရှိနေ
- လူမင်း၊ ပြေတီဦး အပါအဝင် အနုပညာရှင် ၆ ဦးကို ဖမ်းဝရမ်းထုတ်
- ယူအန်အဆင့်မြင့်ကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ခြင်းမရှိကြောင်း ထုတ်ပြန်
- ကျေးလက်ဒေသတွေမှာ ည ရှစ်နာရီ သံပုံးမတီးဖို့နဲ့ ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေ
- ဖိနှိပ်မှုတွေရှိနေပေမယ့် နေပြည်တော် CDM အရှိန်မြင့်ဆဲ
- စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှု ၁၂ ရက်မြောက်
- ၀န်ထမ်းတွေရုံးပိတ်ရက်ကြေညာတဲ့ မန္တလေးက သယံဇာတဝန်ကြီးကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲ
- တောင်ကုတ်မှာ CDM လှုပ်ရှားသူ သုံးဦးထပ်ဖမ်းခံရ
- စစ်တပ်ကိုဆန့်ကျင်လို့ ဖမ်းခံထားရတဲ့ ရဲညီအကိုနှစ်ဦး မိသားစုနဲ့ တွေ့ခွင့်မရ
- စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေ သန်းချီရှိနေ
- ရန်ကုန်မှာ ကားလမ်းတွေပိတ်ပြီး ဆန္ဒပြ
- CDM လှုပ်ရှားမှုကြောင့်အစိုးရ အထိနာနေပြီလို့ ဆန္ဒပြခေါင်းဆောင်ပြော
- CDM လုပ်တဲ့ ဝန်ထမ်းတွေကို အဖွဲ့ဖွဲ့ပြီး ကူညီပံ့ပိုးနေ
- မန္တလေးတိုင်းဝန်ကြီး ဦးမျိုးသစ်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ
- စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၄၀၀ကျော်ရှိဟု AAPP ထုတ်ပြန်
- ဆန္ဒပြမှုတွေကြောင့် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဂိတ် ရပ်ဆိုင်း
- စစ်ကောင်စီရောင်းချတဲ့ ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ CRPH ထုတ်ပြန်
- နေပြည်တော်မှာအဖမ်းခံရသူတွေ မိသားစုနဲ့ ဆက်သွယ်မရ ဖြစ်နေ
စစ်ကိုင်းတိုင်းအတွင်းမှ ဆန္ဒပြပွဲများ Posted: 17 Feb 2021 08:06 AM PST မုံရွာဂေဇက်၊ ဖေဖော်ဝါရီ-၁၇အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြခြင်းများကို စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အနှံ့အပြားတွင် ပြုလုပ်လျက်ရှိသည်။မုံရွာမြို့အပါအဝင်ရွှေဘို၊ စစ်ကိုင်း၊ ကနီ၊မြင်းမူ၊ ကလေးဝနှင့်ကလေးမြို့နယ်တို့မှ ဆန္ဒပြပုံရိပ်များကို တင်ဆက်လိုက်ပါသည်။Monywa Gazettehttps://www.facebook.com/monywagazette |
ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ Posted: 17 Feb 2021 07:57 AM PST စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြတဲ့ ပြည်သူတွေနဲ့အတူ ဒီကနေ သမဝါယမဦးစီးဌာနက ဝန်ထမ်း ၂၀ ဦးနှင့် စည်ပင်သာယာရေးဦး ဌာနက ဝန်ထမ်းတွေလည်း ပူးပေါင်းပါလာခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက် ဆန္ဒပြပြည်သူတွေက နောင်ယားကန်မှာ မနက် ၇ နာရီခွဲကတည်းကလူစုပြီး မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ မနက် အစော ကတည်းက ရုံးဝန်ထမ်းတွေ ရုံးမတက်ဖို့သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ တချို့အစိုးရဝန်ထမ်းတွေမှာ CDM မလုပ်ဖို့ အထက်က |
မြစ်ကြီးနားတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်မှုများ Posted: 17 Feb 2021 07:56 AM PST မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့။စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်မှုများKachin News Grouphttps://www.facebook.com/theKachinNews |
Posted: 17 Feb 2021 07:40 AM PST မန္တလေးမြို့မှ စက်ဘီးစီးအဖွဲ့ဝင်များသည် ယနေ့(၁၇-၂-၂၀၂၁)တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် စက်ဘီးစီး၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။Photo-Sitt Thwe KyawThe Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal |
မန္တလေးဘူတာကြီးမှ ရထားထွက်ရန်အတွက် စက်ခေါင်းမောင်းများအား အတင်းအကြပ်ဖိအားပေး ခိုင်းနေ Posted: 17 Feb 2021 07:34 AM PST မန္တလေးဘူတာကြီးမှ အခြားဒေသသို့ ထွက်ခွါမည့် ရထားအား ထွက်ခွါနိုင်မှု မရှိစေရန်အတွက် ယနေ့(၁၇-၂-၂၀၂၁) မွန်းလွဲပိုင်းမှ စတင်၍ CDM ဆောင်ရွက်နေသော ရထားဝန်ထမ်းများနှင့် ပြည်သူများက ရထားသံလမ်းတွင် ပိတ်ဆို့ဆန္ဒထုတ်ဖော်လျက်ရှိရာ ယခုအချိန်(ညနေ ၅ နာရီ)တွင် ရထားမောင်းရန်အတွက် စက်ခေါင်းမောင်းများအား စက်ခေါင်းရုံ(၇၈-၃၂ထောင့်)အတွင်း အတင်းအကြပ်ဖိအားပေး ခိုင်းနေကြောင်း သတင်းရရှိသည်။ ဓာတ်ပုံ - သား |
မန္တလေး ဘူတာကြီးမှာ ရထားလမ်း ပိတ် ဆန္ဒပြ Posted: 17 Feb 2021 06:53 AM PST မန္တလေး ဘူတာကြီးမှ ရထားထွက်မည်ဆိုတဲ့ အတွက်ကြောင့် မီးရထား ဝန်ထမ်းများနဲ့ လူအချို့က ယနေ့ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နေ့လယ်ပိုင်းက ရထားလမ်းကို ပိတ်ဆို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။အဲ့ဒီလို ပိတ်ဆို့ ဆန္ဒထုတ်ဖော်မှုတွေ အပြင် မီးရထား စက်ခေါင်းမောင်း (၄)ဦးကိုလည်း ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းတွေကြောင့် (၇၈)လမ်းပေါ်မှာ ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်မှုများလည်း ရှိပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/ |
အနုပညာရှင် ၆ ဦးကို ပုဒ်မ၅၀၅-က နဲ့ အမှုဖွင့် Posted: 17 Feb 2021 06:51 AM PST သရုပ်ဆောင် ပြေတီဦး၊ လူမင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဝိုင်း၊ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ဟာထင်ပေါ်ကျော်ကြားမှုကို အသုံးပြုပြီး ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်အောင်၊ ဆူပူဆန္ဒပြမှုမှာ ပါဝင်အောင် လှုံ့ဆော်တယ်ဆိုပြီး ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ဖေ့စ်ဘွတ်ခ်ကနေ ကြေညာပါတယ်။သူတို့ကို လက်ခံထားသူတွေကိုလည်း အရေးယူမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ် |
ဆန္ဒပြဝန်ထမ်းနဲ့တတ်ကြွသူတွေကို ခြိမ်းခြောက်ဖမ်းဆီးမှုများရှိနေ Posted: 17 Feb 2021 06:47 AM PST အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး၊ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေ ရှိနေတယ်လို့ မိသားစုတွေနဲ့ လှုပ်ရှားသူတွေက ပြောပါတယ်။ လူထုဆန္ဒပြပွဲတွေ နေရာအနှံ့ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ ဒီနေ့မှာလည်း ဖမ်းဆီးမှုတွေနဲ့ ဖိအားပေးမှုတွေ ရှိခဲ့တဲ့အကြောင်း ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးထားပါမယ်။ |
လူမင်း၊ ပြေတီဦး အပါအဝင် အနုပညာရှင် ၆ ဦးကို ဖမ်းဝရမ်းထုတ် Posted: 17 Feb 2021 06:39 AM PST လူမင်း၊ ပြေတီဦး အပါအဝင် အနုပညာရှင် ၆ ဦးကို ဖမ်းဝရမ်းထုတ် လူမင်း၊ ပြေတီဦး၊ ဝိုင်း၊ ကိုပေါက်၊ ဏကြီး၊ အနဂ္ဂ / Photo: RFAစစ်တပ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြည်သူတွေနဲ့အတူ ကန့်ကွက်ဆန္ဒပြနေတဲ့ အနုပညာရှင် ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ဏကြီး၊ ကိုပေါက်နဲ့ အဆိုတော်အနဂ္ဂ တို့ ၆ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲပြီး |
ယူအန်အဆင့်မြင့်ကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ခြင်းမရှိကြောင်း ထုတ်ပြန် Posted: 17 Feb 2021 05:54 AM PST မည်သည့် ယူအန် အဆင့်မြင့်ကိုယ်စားလှယ်မှ မြန်မာနိုင်ငံကို ဒီအချိန်မှာ လာရောက်ဖို့ မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီနေ့ သတင်းထုတ်ပြန်လာပါတယ်။ လူမှုကွန်ရက်မှာထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ပတ်သက်လို့မြန်မာပြည်သူတွေ ရှင်းရှင်းလင်းလင်းသိရှိစေဖို့ အခုလို ထုတ်ပြန်လာတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ယူအန်အနေနဲ့ စိုးရိမ်စွာစောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ ကုလ |
ကျေးလက်ဒေသတွေမှာ ည ရှစ်နာရီ သံပုံးမတီးဖို့နဲ့ ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေ Posted: 17 Feb 2021 05:53 AM PST မနေ့ညက ကြာညှပ်ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးမှုရှိလို့ လူထု စုရုံးနေတဲ့မြင်ကွင်းကျေးလက်ဒေသတွေမှာ ည ရှစ်နာရီ သံပုံးမတီးဖို့ ခြိမ်းခြောက်မှုတွေ ကြုံနေရပြီး စစ်အာဏာသိမ်းဆန့်ကျင်တဲ့ဆန္ဒပြမှုတွေဦးဆောင်လှုပ်ရှားသူတချို့ကို တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ဆက်သွယ်ပြောကြားပါတယ်။မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး |
ဖိနှိပ်မှုတွေရှိနေပေမယ့် နေပြည်တော် CDM အရှိန်မြင့်ဆဲ Posted: 17 Feb 2021 05:51 AM PST ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးမီးပွိုင့်အနီးမှာ အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြခဲ့တဲ့ လယ်ဝေးမြို့နယ် သမဝါယမဦးစီးဌာနက ဝန်ထမ်း ရှစ်ဦးကို ဒီနေ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်စီက အဲဒီဝန်ထမ်း ရှစ်ဦးကို ပုဒ်မ ၁၄၄ ထုတ်ထားချိန်မှာ ဆန္ဒပြလို့ဆိုပြီး၊ ရာဇသတ် ကြီးပုဒ်မ ၁၈၈ နဲ့ တရားစွဲပြီး ရုံးထုတ်စစ်ဆေးခဲ့တာပါ။ရာဇသတ် |
စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှု ၁၂ ရက်မြောက် Posted: 17 Feb 2021 05:49 AM PST Tom Andrewsစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ၁၂ ရက်မြောက်နေ့မှာတော့ ရန်ကုန်မြို့လည်ခေါင်မှာ ခုချိန်ထိဆိုရင် အကြီးမားဆုံးလို့ပြောကြတဲ့ ဆန္ဒပြပွဲဖြစ်ခဲ့ပါတယ်။ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အင်အားသုံး နှိမ်နင်းဖြိုခွဲမယ့်အပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က ပြောခဲ့အပြီး နောက်တစ်ရက်မှာပဲ အခုလို |
၀န်ထမ်းတွေရုံးပိတ်ရက်ကြေညာတဲ့ မန္တလေးက သယံဇာတဝန်ကြီးကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲ Posted: 17 Feb 2021 05:38 AM PST မန္တလေးမြို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅( ခ)နဲ့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီနေ့မှာ တရားစွဲဆို ရုံးထုတ်ပါတယ်။ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန် ဦးမျိုးသစ်ကို ဖမ်းဆီးထိန်းသိမ်းတာရှိခဲ့ပေမယ့် ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဝန်ကြီး ဦးမျိုးသစ်ဟာ မန္တလေးတိုင်းက အစိုးရဝန်ထမ်းတွေကို ယာယီရုံးပိတ်ရက် အဖြစ်ကြေညာချက် |
တောင်ကုတ်မှာ CDM လှုပ်ရှားသူ သုံးဦးထပ်ဖမ်းခံရ Posted: 17 Feb 2021 05:37 AM PST ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ CDM ဦးဆောင်သူကိုချစ်မောင်မောင်အပါအဝင်သုံးဦးတို့ဟာ ဖေဖော်ဝါရီ ၁၇ ရက်က တပ်မတော်ရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ တောင်ကုတ်ဒေသခံ ကိုစိုးသီဟက ဘီဘီစီကိုပြောပါတယ်။အဲ့ဒီလှုပ်ရှားမှုကို မနက်ပိုင်း ၉ နာရီမှာ တောင်ကုတ်မြို့ ဘောလုံးကွင်းကနေ စတင်ထွက်ခွာလာခဲ့ကြပြီး ၁၀ မိနစ်ခန့်အကြာ စည်ပင်လမ်းထဲကိုအရောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ တပ်မတော်တပ်ဖွဲ့တွေက ကို |
စစ်တပ်ကိုဆန့်ကျင်လို့ ဖမ်းခံထားရတဲ့ ရဲညီအကိုနှစ်ဦး မိသားစုနဲ့ တွေ့ခွင့်မရ Posted: 17 Feb 2021 05:35 AM PST စစ်တပ်ကိုဆန့်ကျင်လို့ ဖမ်းခံထားရတဲ့ ရဲညီအကိုနှစ်ဦး မိသားစုနဲ့ တွေ့ခွင့်မရ ကျန်းမာရေး စစ်ဆေးဖို့ အပြင်ထုတ်လာတဲ့ ရဲတပ်သား ညီအကိုနှစ်ဦး။ Ko Min Min/ FBစစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ထုတ်ဖော်ရေးသားခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရဲဝန်ထမ်း ညီအကို နှစ်ယောက်ကို ဒီကနေ့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ဆေးရုံမှာ ဆေးစစ်ပေးခဲ့ပါတယ်။ဖမ်းဆီးခံရပြီး ၁၅ ရက်အ |
စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေ သန်းချီရှိနေ Posted: 17 Feb 2021 05:33 AM PST စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေ သန်းချီရှိနေ ရန်ကုန်မြို့ ဆူးလေမီးပွိုင့်မှာ ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူသောင်းနဲ့ချီ ၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်နေ့က လမ်းပိတ်ဆန္ဒပြစဉ် / Photo: RFAစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းသွာပေမယ့် ပြည်နယ်နဲ့ တိုင်းအသီးသီးက နေရာအများစုမှာ လမ်းပေါ်ထွက်ဆန္ဒပြသူတွေ ဒီနေ့ အများအပြား ပြန်လည်တွေ့ရပြီး သန်းနဲ့ချီပြီး အင်အား ရှိပါတယ်။ |
ရန်ကုန်မှာ ကားလမ်းတွေပိတ်ပြီး ဆန္ဒပြ Posted: 17 Feb 2021 05:30 AM PST ရန်ကုန်မှာ ကားလမ်းတွေပိတ်ပြီး ဆန္ဒပြရန်ကုန်မြို့က အဓိက လမ်းမကြီးတွေမှာ ကားတွေစက်ဖုံးဖွင့်ပြီး ကားလမ်းတွေပိတ်ဆို့ ဆန္ဒပြနေကြပါတယ်။လမ်းမကြီးတွေမှာ ကားတွေပိတ်နေလို့ ရန်ကုန်မြို့ရဲ့ သယ်ယူပိုဆောင်ရေးလုပ်ငန်း တွေအတော်များများရပ်နေပြီး တစ်နေရာကနေ တစ်နေရာကိုသွားလာလို့ မရ ဖြစ်နေပါတယ်။ဒါ့အပြင် ရန်ကုန်မှာက CNG ဆိုင်တွေ CDM မှာ လှုပ်ရှားမှုကြောင့် ခရီးသည်ယာဉ်တွေ ရပ်ဆိုင်းထားရပါတယ်။သွားလာမှု အခက်အခဲဖြစ်အောင် |
CDM လှုပ်ရှားမှုကြောင့်အစိုးရ အထိနာနေပြီလို့ ဆန္ဒပြခေါင်းဆောင်ပြော Posted: 17 Feb 2021 05:29 AM PST ရန်ကုန်မြို့ဆူးလေက ဖေဖော်ဝါရီ ၁၇ ရက် ဆန္ဒပြပွဲဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကြောင့် အာဏာသိမ်းစစ်ကောင်စီ အစိုးရ အထိနာနေပြီလို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြတစ်ဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။ဘဏ်တွေ လည်ပတ်မှု ရပ်နေပြီး နောက်ပိုင်းမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေပါ ရပ်ဆိုင်းသွားဖို့ ရှိတယ်လို့လည်း သူကပြောပါတယ်။စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ တိုင်းဒေသကြီးလွှတ်တော်တွေရဲ့ လှုပ်ရှားမှု ၊CDM |
CDM လုပ်တဲ့ ဝန်ထမ်းတွေကို အဖွဲ့ဖွဲ့ပြီး ကူညီပံ့ပိုးနေ Posted: 17 Feb 2021 05:28 AM PST အာဏာဖီဆန်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေ စားသောက်နေ ထိုင်ရေး အခက်အခဲဖြစ်လာရင် ကူညီစောင့်ရှောက်ပေးဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ အများအပြားရှိနေပါတယ်။အဲဒီအထဲက CDM မှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းတွေကို အဓိကထား ကူညီပေးနေတဲ့ PiTi- ပီတိ အဖွဲ့က လူငယ်တွေစုပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ပီတိအဖွဲ့က CDM မှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်း နှစ်ရာ နီးပါးကို ကူညီပေးနေတယ်လို့ |
မန္တလေးတိုင်းဝန်ကြီး ဦးမျိုးသစ်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ Posted: 17 Feb 2021 05:25 AM PST မန္တလေးတိုင်းဝန်ကြီး ဦးမျိုးသစ်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဝန်ကြီးဦးမျိုးသစ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၇ရက်နေ့က မြင်တွေ့ရစဉ် / Photo: RFAမန္တလေးတိုင်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်ပြီး ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ |
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၄၀၀ကျော်ရှိဟု AAPP ထုတ်ပြန် Posted: 17 Feb 2021 05:22 AM PST MYANMAR-POLITICS-MILITARYမြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖမ်းဆီးထားသူ ၄၀၀ ကျော်ထက်မနည်းရှိကြောင်း နိုင်ငံရေးအကျဉ်းသားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရသလို၊ ဥပဒေနဲ့အညီ အခွင့်အရေးတွေ မရကြဘူးလို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။စစ်တပ်က အာဏာသိမ်းချိန်ကစလို့ |
ဆန္ဒပြမှုတွေကြောင့် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဂိတ် ရပ်ဆိုင်း Posted: 17 Feb 2021 05:20 AM PST မူဆယ်မြို့က လမ်းပိတ်ဆို့မှုမြင်ကွင်း။ (ဓာတ်ပုံ - စန်ရဲ's Facebook - ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်နေရာမှာ တရုတ်နိုင်ငံနဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းမှာပါ ရိုက်ခတ်မှုတွေ ကြုံနေရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဒေသ မူဆယ် ၁၀၅ မိုင်စခန်းအထိ ပျံ့နှံ့လာတဲ့ လှုပ်ရှားမှုတွေကြောင့် ဒီ |
စစ်ကောင်စီရောင်းချတဲ့ ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ CRPH ထုတ်ပြန် Posted: 17 Feb 2021 05:08 AM PST အာဏာသိမ်းစစ်ကောင်စီရောင်းချနေတဲ့ ငွေတိုက်စာချုပ်တွေကိုမဝယ်ကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက CRPH က ထုတ်ပြန်လိုက်ပါတယ်။အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အသုံးပြုနိုင်တဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တဲ့ အတွက်ငွေတိုက်စာချုပ်များ ရောင်းချခြင်း အပါအဝင် မည်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းကိုမျှ လုပ်ပိုင်ခွင့် မရှိဘူးလို့လည်း ၂၀၂၀ နိုဝင်ဘာလရွေးကောက်ပွဲမှာ ရွေးချယ် |
နေပြည်တော်မှာအဖမ်းခံရသူတွေ မိသားစုနဲ့ ဆက်သွယ်မရ ဖြစ်နေ Posted: 17 Feb 2021 05:06 AM PST နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲက ဒေသခံအချို့ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော်ရုံး အမှတ် (၁) ရှေ့မှာဆန္ဒပြရင်း ဖမ်းဆီးခံခဲ့ရပါတယ်။ဖမ်းဆီးခံထားရတာ ၃ ရက်ကြာပြီဖြစ်ပေမဲ့ သူတို့ကိုဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာ အခုထိ အဆက်အသွယ်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။နေပြည်တော်မှာ အစိုးရဝန်ထမ်းအချို့အပါအဝင် လူ၆၀ ကျော်နဲ့ မန္တလေး ဘဏ် ၁ ရှေ့က လူ ၂၀ အပါအဝင် စုစုပေါင်း ၂၉ ဦးကို ဆူပူဆန္ဒပြမှုများနဲ့ ဆက်စပ်ပြီး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.