သစ္ထူးလြင္ |
- နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူတွေကို ဖြိုခွဲ
- လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ယူကေ ဒဏ်ခတ်အရေးယူ
- ဘုန်းကြီးကျောင်းဝင်းထဲက သူစိမ်းတွေကို ထုတ်ပေးဖို့ ရပ်ကွက်နေသူတွေတောင်းဆို
- နေအိမ်တွင်းထိ ဝင်ရောက်အကြမ်းဖက် ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ပြောပြချက်
- မုံရွာလုထုသပိတ် (၁၂) ရက်မြောက်နေ့ မြင်ကွင်း
- အနုပညာရှင်တွေကို ဖမ်းဆီးဖို့ကြေညာတာကို ရုပ်ရှင်အစည်းကန့်ကွက်
- ရဲတပ်ဖွဲ့ဝင်တွေက မသန်စွမ်းသူတစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့တာကြောင့် အရေးယူပေးဖို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ထုတ်ပြန်
- ပြင်ဦးလွင်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဝန်ထမ်းများ CDM တွင် ပူးပေါင်းပါဝင်ပေးရေး လူငယ်များက ငြိမ်းချမ်းစွာထိုင်သပိတ်
- မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ အတူ ရပ်တည်
- မြစ်ကြီးနားမှာ စစ်အာဏာသိမ်းဆန့်ကျင်ထိုင်သပိတ် ဖြိုခွင်းခံရ
- စစ်ကိုင်းက သံဃာတွေ စတင် ဆန္ဒပြ
- မြန်မာ့အရေး အာဆီယံစည်းဝေးဖို့ စင်္ကာပူနဲ့ အင်ဒိုနီးရှားထောက်ခံ
- နေပြည်တော်က CDM ဝန်ထမ်းတွေ အဖမ်းခံရမှု ပိုများလာ
- နေပြည်တော်၊ မြစ်ကြီးနားနဲ့ မြဝတီမှာ စစ်အစိုးရ ကန့်ကွက်သူ ၅၀ ကျော်ဖမ်းခံရ
- ဒေါက်တာအေးမောင် စစ်တွေရောက်ရှိ
- လမ်းပေါ်သွားနေတဲ့ကားတချို့ကို သင်္ကန်းဝတ်နဲ့အရပ်ဝတ်လူတချို့ ရိုက်ခွဲဖျက်ဆီးပြီး ဘုန်းကြီးကျောင်းထဲ ဝင်ပြေး
- အာဏာသိမ်းစစ်တပ်ပေါ် ပစ်မှတ်ထား အရေးယူဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ထပ်မံတောင်းဆို
- မြန်မာမှာ စီးပွားရေးဆက်မလုပ်ဖို့ ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီတွေကို ဆန္ဒပြသူတွေတောင်းဆို
- ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် (၄/၂၀၂၁)
- ပြည်သူသို့ အစီရင်ခံစာ
- စစ်ကိုင်းတိုင်းအတွင်းမှ ဆန္ဒပြပွဲများ
- ကယားပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းပါဝင်မှု ပိုများလာ
- လွိုင်ကော်မှာ ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်းပြုလုပ်
- မြစ်ကြီးနား လူထုဆန္ဒဖော်ထုတ်မှုကို ရဲတပ်ဖွဲ့ဘက်က တားဆီးနေသည့်မြင်ကွင်း
- မြစ်ကြီးနားတွင် ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ရဲနဲ့စစ်သားများက ပိတ်ဆို့ထား
နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူတွေကို ဖြိုခွဲ Posted: 18 Feb 2021 08:06 AM PST ဗိုလ်ချုပ်ကြေးရုပ်တည်ရှိရာ နေပြည်တော်သပြေကုန်းအဝိုင်းအနီး ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ကဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အင်အားသုံးဖြိုခွဲခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။ဒါ့အပြင်ဆန္ဒပြတဲ့သူတွေရဲ့ မော်တော်ဆိုင်ကယ်တွေကိုလည်း သယ်ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။လမ်းမတွေပေါ်မှာ ရေးဆွဲထားတဲ့ စစ်အာဏာသိမ်း ကန့်ကွက် ဆန္ဒပြစာသားတွေကိုလည်း ပြန်ဖျက်နေတာကို တွေ့ရပါတယ်။BBC Burmesehttps |
လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ယူကေ ဒဏ်ခတ်အရေးယူ Posted: 18 Feb 2021 08:04 AM PST လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုနဲ့ မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ဒဏ်ခတ် အရေးယူသွားမယ်လို့ ယူကေ အစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။အာဏာသိမ်းစဉ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါ၀င်ခဲ့ကြတဲ့ တပ်မတော် အဖွဲ့၀င် သုံးဦးရဲ့ ပိုင်ဆိုင်မှုတွေကို ချက်ချင်းရပ်တန့်ခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတွေကို ချမှတ်မယ်လို့ ယူကေအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ပြည်သူလူထု၏ ဘ၀ရှင်သန်ခွင့်၊လွတ်လပ်စွာစုရုံးပိုင်ခွင့်၊ |
ဘုန်းကြီးကျောင်းဝင်းထဲက သူစိမ်းတွေကို ထုတ်ပေးဖို့ ရပ်ကွက်နေသူတွေတောင်းဆို Posted: 18 Feb 2021 08:01 AM PST ဒီနေ့မနက်က ရန်ကုန်မြို့ ဗဟန်း ၃ လမ်းမှတ်တိုင်အနီးက မီးပွိုင့်မှာ ကားတွေကို တုတ်နဲ့ထွက်ရိုက်ခဲ့တဲ့ ဘုန်းကြီးနဲ့ လူတချို့ ရွှေကျင်ကျောင်းတိုက်ဝင်းထဲကို ဝင်ပြေးခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေက အဲဒီဘုန်းကြီးနဲ့ လူတွေကို ထုတ်ပေးဖို့ ကျောင်းဝင်းအပြင်ကနေ တောင်းဆိုခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ရေတာရှည်လမ်းဘက်က ပြည်သူတွေကို ကျောင်းဝကနေ လေးဂွတွေနဲ့ ပစ်တာကြောင့် ကျောင်းတိုက်အနီးမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ညနေ |
နေအိမ်တွင်းထိ ဝင်ရောက်အကြမ်းဖက် ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ပြောပြချက် Posted: 18 Feb 2021 07:57 AM PST နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ ရပ်ကွက်မှာ ဆေးခန်းဖွင့်လှစ်ထားတဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ နေပြည်တော် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာလာကြင်ကို သူ့ရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဒီနေ့ နံနက်ပိုင်းမှာ လာရောက်ဖမ်းဆီးခဲ့ပေမယ့် ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းပြီးတားဆီးခဲ့တာကြောင့် အဖမ်းမခံရဘဲ လွတ်မြောက်သွားပါတယ်။ရပ်ကွက်နေသူတွေရဲ့ကျေးဇူးကြောင့် ပြန်လည်လွတ်မြောက်လာ |
မုံရွာလုထုသပိတ် (၁၂) ရက်မြောက်နေ့ မြင်ကွင်း Posted: 18 Feb 2021 07:50 AM PST မုံရွာဂေဇက်၊ ဖေဖော်ဝါရီ ၁၈အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း မုံရွာ ဗိုလ်ချုပ်ကြေးရုပ်တွင် အထိုင်သပိတ်ပြုလုပ်ကြသည်။Monywa Gazettehttps://www.facebook.com/monywagazette |
အနုပညာရှင်တွေကို ဖမ်းဆီးဖို့ကြေညာတာကို ရုပ်ရှင်အစည်းကန့်ကွက် Posted: 18 Feb 2021 07:40 AM PST ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ရုပ်ရှင်အနုပညာရှင်တွေကို ရာဇဝတ်သား အဖြစ် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။မနေ့က အနုပညာရှင် ၆ ဦးကို ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်အောင်၊ ဆူပူဆန္ဒပြမှုမှာ ပါဝင်အောင် လှုံ့ဆော်တယ်ဆိုပြီး ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ဖေ့စ်ဘွတ်ခ်က |
Posted: 18 Feb 2021 07:38 AM PST ကိုယ်အင်္ဂါရော ဉာဏ်ရည်ပါမသန်စွမ်း အမျိုးသားတစ်ဦးကို မန္တလေးတိုင်း၊ တံခွန်တိုင်အဝိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၅ ရက်က ညဉ်းပန်းနှိပ်စက်ခဲ့တာကို အပြင်းအထန် ကန့်ကွက်တယ်လို့ဆိုပါတယ်။ ဒါကြောင့်တာဝန်ရှိသူတွေအနေနဲ့ ထိုက်တန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုကြောင်း အသင်းချုပ်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။"ဘယ်လိုမသန်စွမ်းမှုအမျိုးအစားကိုပဲ ရှိနေပါစေ သူတို့သည် နိုင်ငံသား၊ သူတို့သည် မ |
Posted: 18 Feb 2021 07:37 AM PST (၁၈-၂-၂၀၂၁)ပြင်ဦးလွင်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဝန်ထမ်းများ CDM တွင် ပူးပေါင်းပါဝင်ပေးရေးအတွက် လူငယ်များက ငြိမ်းချမ်းစွာထိုင်သပိတ် ဆောင်ရွက်နေရာသို့ လုံခြုံရေးကားများ ပိတ်ဆို့ရပ်တန့်ထားပြီး ဘဏ်ဝန်ထမ်းများ မမြင်ရအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ဓာတ်ပုံ-ဇော်မင်းထွေးThe Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal |
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ အတူ ရပ်တည် Posted: 18 Feb 2021 07:34 AM PST မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး"ဒီလူငယ်လေးတွေ သံရုံးရှေ့ကို ငြိမ်းငြိမ်းချမ်းချမ်း ရောက်ရှိလာကြတယ်။ သူတို့တွေ ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီမိုကရေစီ နည်းကျကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရကို ပြန်လည် ရရှိရေးအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ အတူ ရပ်တည်ပါတယ်။" "Those young people show up peacefully at the Embassy. We think they deserve a |
မြစ်ကြီးနားမှာ စစ်အာဏာသိမ်းဆန့်ကျင်ထိုင်သပိတ် ဖြိုခွင်းခံရ Posted: 18 Feb 2021 07:22 AM PST ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ နေ့တိုင်းလိုအထက(၁) ရှေ့မှာ ထိုင်နေတဲ့ ထိုင်သပိတ်အဖွဲ့ တွေကို လူစုခွဲခိုင်းသလို လုံခြုံရေးတပ်ဖွဲ့တွေက လေးခွနဲ့ပစ်ပြီး လူစုခွဲခဲ့တာတွေလည်းရှိခဲ့ပါတယ်။အဲဒီလိုလူစုခွဲရာကနေ ထိခိုက်ဒဏ်ရာရမှုရှိမရှိကိုမသိရသေးပါဘူး။ ဒါ့အပြင် သပိတ်စစ်ကြောင်းတွေသွားရာလမ်းတော်တော်များများကို ပိတ်ထားတာတွေကိုတွေ့ရပါတယ်။ထိုင်သပိတ်ဆင်နွှဲနေသူတွေဟာ ဘုရားသီချင်းသီဆိုတာတွေ |
စစ်ကိုင်းက သံဃာတွေ စတင် ဆန္ဒပြ Posted: 18 Feb 2021 07:21 AM PST စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးက သံဃာတော်တွေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဒီကနေ့မှာ စတင် ဆန္ဒပြပါတယ်။ သံဃာအများစုပါဝင် ဦးဆောင်ပြီး ကျောင်းဆရာတွေ ကျောင်းသားတွေလည်း ပူးပေါင်းပါဝင် ဆန္ဒပြကြပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56091207 |
မြန်မာ့အရေး အာဆီယံစည်းဝေးဖို့ စင်္ကာပူနဲ့ အင်ဒိုနီးရှားထောက်ခံ Posted: 18 Feb 2021 07:19 AM PST မြန်မာ့အရေး အာဆီယံစည်းဝေးဖို့ စင်္ကာပူနဲ့ အင်ဒိုနီးရှားထောက်ခံမြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့နဲ့ ပုံမှန်အခြေအနေပြန်ရောက်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ စင်္ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေက ယုံကြည်တဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ အင်ဒိုနီးရှား |
နေပြည်တော်က CDM ဝန်ထမ်းတွေ အဖမ်းခံရမှု ပိုများလာ Posted: 18 Feb 2021 07:17 AM PST နေပြည်တော်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း ကိုးဦး အပါအဝင် စုစုပေါင်း ၀န်ထမ်း ၁၂ ဦး၊ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၈ ရက် မနက်အစောပိုင်းက အဖမ်းခံလိုက်ရ တယ်လို့ အမည်မဖေါ်လိုတဲ့ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။သူတို့အထဲက ကိုးဦးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေဖြစ်ပြီး၊ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ခုနစ်ဦးဖြစ်ပါတယ်။ ကျန် သုံးဦးကတော့ တခြား၀န်ကြီးဌာနတွေက |
နေပြည်တော်၊ မြစ်ကြီးနားနဲ့ မြဝတီမှာ စစ်အစိုးရ ကန့်ကွက်သူ ၅၀ ကျော်ဖမ်းခံရ Posted: 18 Feb 2021 07:12 AM PST တပ်မတော်က အာဏာသိမ်းလိုက်တာ ဒီနေ့ဆိုရင် ၁၈ ရက်မြောက်ရှိလာပြီဖြစ်ပြီး စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ နိုင်ငံအနှံ့က မြို့နယ်အသီးသီမှာ နေ့တိုင်းရှိနေပါတယ်။ဒီနေ့မှာလည်း ဆန္ဒပြသူတွေ အများအပြားဆက်ရှိနေပါတယ်။ နေပြည်တော်၊ မြစ်ကြီးနားနဲ့ မြဝတီမြို့တွေမှာ စစ်အစိုးရဆန့်ကျင် ကန့်ကွက်သူ ၅၀ ကျော်ကို ရဲတပ်ဖွဲ့က ဒီနေ့ဖမ်းဆီးသွားပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ တပ်မတော်သား တပ်ကြပ်ကြီးတစ်ဦးက |
ဒေါက်တာအေးမောင် စစ်တွေရောက်ရှိ Posted: 18 Feb 2021 07:09 AM PST ဒေါက်တာအေးမောင် စစ်တွေရောက်ရှိပြည်ထောင်စုနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင် ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီလောက်မှာ စစ်တွေမြို့ကို လေကြောင်းကနေရောက်ရှိလာခဲ့ပါတယ်။ သူ့ကို စစ်တွေမြို့အပါအဝင် ရခိုင် ၈ မြို့နယ်က ဒေသခံပြည်သူ ၂ ထောင်ခန့်လောက် လာရောက်ကြိုဆိုခဲ့ကြပါတယ်။ဒေါက်တာအေးမောင်နဲ့ လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို ၂၀၁၉ ခုနှစ် မှာကျရောက်တဲ့ ရခို |
Posted: 18 Feb 2021 07:07 AM PST ဖျက်ဆီးထွက်ပြေးသွားတဲ့သူတွေကို ပြန်ထုတ်ပေးဖို့ လူထုကတောင်းဆိုနေရန်ကုန်မြို့၊ ဗဟန်း (၃)လမ်းအနီးမှာ ဒီမနက်ပိုင်းက လမ်းပေါ်သွားနေတဲ့ ကားအချို့ အကြမ်းဖက်ခံရတာနဲ့ ကားမှန်တွေဖျက်ဆီးခံရတာတွေဖြစ်ခဲ့ပါတယ်။ သင်္ကန်းဝတ်ထားသူအချို့နဲ့ အရပ်ဝတ်လူအချို့က လမ်းပေါ်မှာသွားနေတဲ့ အိမ်စီးကားအချို့ကို တုတ်၊ ဓားတွေသုံးပြီး ကားမှန်တွေကို ရိုက်ခွဲဖျက်ဆီးခဲ့တာပါ။အဲဒီလိုအကြမ်းဖက်နေတာကြောင့် အနီးအနားကလူတွေစုရုံးရောက်လာတဲ့ |
အာဏာသိမ်းစစ်တပ်ပေါ် ပစ်မှတ်ထား အရေးယူဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ထပ်မံတောင်းဆို Posted: 18 Feb 2021 07:06 AM PST နေပြည်တော်ရှိ လမ်းတခုမှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်တပ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြပွဲတွေ အရှိန် ကောင်းနေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ထိထိရောက်ရောက် ချမှတ် ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က |
မြန်မာမှာ စီးပွားရေးဆက်မလုပ်ဖို့ ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီတွေကို ဆန္ဒပြသူတွေတောင်းဆို Posted: 18 Feb 2021 07:03 AM PST ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင် ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်မလုပ်အောင် ရေနံနဲ့ သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်နေတဲ့ လုပ်ငန်းတွေရှေ့မှာ ဒီနေ့ တောင်းဆိုဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံထဲမှာ အဲဒီလုပ်ငန်းတွေလုပ်နေတဲ့ ပြင်သစ်ပိုင် Total၊ ထိုင်းပိုင် PTTEP နဲ့ မလေးရှားပိုင် Petronas ကုမ္ပဏီတွေရဲ့ လုပ်ငန်းလုပ်နေတဲ့ နေရာ |
ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် (၄/၂၀၂၁) Posted: 18 Feb 2021 06:35 AM PST ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် (၄/၂၀၂၁)National League for Democracyhttps://www.facebook.com/nldparty |
Posted: 18 Feb 2021 06:34 AM PST ဖေဖော်ဝါရီလ-၁၈ ရက်၊ ၂၀၂၁။၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ဖေဖော်ဝါရီလ (၁၄)ရက်၊ ၂၀၂၁ ခုနှစ် ရက်စွဲဖြင့် အစီရင်ခံ တင်ပြခဲ့ပါသည်။၂။ အဆိုပါအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် မဲဆန္ဒရှင် ပြည်သူများအား လေးစားစွာဖြင့် ထပ်ဆင့် တင်ပြ အစီရင်ခံအပ်ပါသည်။National League for Democracyhttps:// |
စစ်ကိုင်းတိုင်းအတွင်းမှ ဆန္ဒပြပွဲများ Posted: 18 Feb 2021 06:32 AM PST မုံရွာဂေဇက်၊ဖေဖော်ဝါရီ-၁၈ကလေး၊ချောင်းဦး၊ခင်ဦး၊ဝန်းသို၊ရွှေဘိုမြို့နယ်တို့တွင် ယနေ့ အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်နေသည့် မြင်ကွင်းများ။Monywa Gazettehttps://www.facebook.com/monywagazette |
ကယားပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းပါဝင်မှု ပိုများလာ Posted: 18 Feb 2021 06:28 AM PST ကယားပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုက ၁၀ရက်မြောက်လာပါ ပြီ။ ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်နေ့ပြီး တစ်နေ့ ပါဝင်မှု ပိုမိုအားကောင်းလာပါတယ်။ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပါဝင်မှုပိုများပါတယ်။ ပညာရေးဌာနက ဝန်ထမ်းတစ်ဦးက စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထု |
လွိုင်ကော်မှာ ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်းပြုလုပ် Posted: 18 Feb 2021 06:25 AM PST ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်း ကို ဒီကနေ့ ကယားပြည်နယ် လွိုင်ကော် ခရစ်တော်ဘုရင် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လွိုင်ကော်သာသနာလုံးဆိုင်ရာက လူငယ်တွေပါဝင်ခဲ့ပြီးတော့ မနက် ၉နာရီမှာ ဆုတောင်းခြင်းအစီအစဥ်ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။Kantarawaddy Timeshttps://www.facebook.com/KantarawaddyTimes |
မြစ်ကြီးနား လူထုဆန္ဒဖော်ထုတ်မှုကို ရဲတပ်ဖွဲ့ဘက်က တားဆီးနေသည့်မြင်ကွင်း Posted: 18 Feb 2021 06:21 AM PST မြစ်ကြီးနား လူထုဆန္ဒဖော်ထုတ်မှုကို ရဲတပ်ဖွဲ့ဘက်က တားဆီးမှုများပြုလုပ်နေပြီး ပြည်သူများကအကြမ်းဖက်မှုများဖြစ်မလာအောင်နောက်ဆုတ်နေကြပေမယ့် ရဲတပ်ဖွဲ့မှဆက်တိုက်ရှေ့တိုးပြီးတားဆီးနေသည့်မြင်ကွင်းKachin News Grouphttps://www.facebook.com/theKachinNews |
Posted: 18 Feb 2021 06:19 AM PST မြစ်ကြီးနားတွင် ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ရဲနဲ့စစ်သားများက ပိတ်ဆို့ထားKachin News Grouphttps://www.facebook.com/theKachinNews |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.