Friday, February 19, 2021

သစ်ထူးလွင်

သစ်ထူးလွင်


တရုတ်-ဥရောပ ကုန်သွယ်ရေးသဘောတူညီချက်အပေါ် ဝေဖန်မှုတွေထွက်

Posted: 19 Feb 2021 08:12 AM PST

အီးယူ-တရုတ် ဆွေးနွေးပွဲ ၂၀၂၀ (ဓာတ်ပုံ- Video Grab)တရုတ်နိုင်ငံနဲ့ ဥရောပသမဂ္ဂအကြား မနှစ် နှစ်ကုန်ပိုင်းက မူအားဖြင့် သဘောတူညီမှု ရရှိထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အပေါ် အီးယူအဖွဲ့အတွင်းမှာရော၊ အဖွဲ့ပြင်ပကပါ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မကြာခင်မှာ သဘောတူညီမှု ရနိုင်မယ်လို့ မျှော်လင့်ထားတဲ့ ဒီ ကုန်သွယ်ရေး သဘောတူညီဟာ အီးယူအဖွဲ့အတွင်းက အာဏာပြိုင်မှုကို တရုတ်ဘက်က မရိုးသွားစွာ ထိုးဖောက်နိုင်

မမြသွဲ့သွဲ့ခိုင် ကျည်အစစ်နဲ့ပစ်ခံရတာဖြစ်ကြောင်း ဆရာဝန်တွေ အတည်ပြု

Posted: 19 Feb 2021 08:04 AM PST

နေပြည်တော်က ဆန္ဒပြပွဲအတွင်း သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားသူ မမြသွဲ့သွဲ့ခိုင်ဟာ သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုလိုက်ပါတယ်။ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ကွယ်လွန်သွားတဲ့ မမြသွဲ့သွဲ့ခိုင်ကို ခွဲစိတ်စစ်ဆေးရာက ကျည်ဆံအစစ်နဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းမှာ ဒဏ်ရာရ သေဆုံးခဲ့တယ်ဆိုတာ ကုသပေးနေတဲ့ ဆရာဝန်တွေက အတည်ပြုခဲ့တာဖြစ်ကြောင်း မိသားစုဝင်တဦးဖြစ်တဲ့

ပုသိမ်မှာ ဆန္ဒပြကျောင်းသားတဦး အဖမ်းခံရ

Posted: 19 Feb 2021 08:01 AM PST

ပုသိမ်မှာ ဆန္ဒပြကျောင်းသားတဦး အဖမ်းခံရ ဖမ်းဆီးခံရတဲ့ စတုတ္ထနှစ် တက္ကသိုလ်ကျောင်းသား ကိုအောင်သက်ပိုင် / Photo: RFAစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဆန္ဒပြတဲ့ တက္ကသိုလ်ကျောင်းသားတဦးကို အရပ်ဝတ်နဲ့ လူတစုက ဒီကနေ့ညပိုင်းမှာ ဖမ်းဆီးသွားပါတယ်။ပုသိမ်တက္ကသိုလ်မှာ ဥပဒေဘာသာရပ် သင်ယူနေတဲ့ စတုတ္ထနှစ်ကျောင်းသား ကိုအောင်သက်ပိုင်ကို ဘာကြောင့်ဖမ်းဆီးသွားပြီး ဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရ

ရန်ကုန်က အရောင်သွေးစုံ စုဝေးဆန္ဒပြမြင်ကွင်းများ

Posted: 19 Feb 2021 07:59 AM PST

ရန်ကုန်မြို့လယ်က ဒီနေ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ LGBT တွေလည်း ခုလို ပါဝင်ခဲ့ကြတာကိုတွေ့ရပါတယ်။ဆန္ဒပြသူတွေက သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်‌အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးရေး၊ စစ်အာဏာရှင်စနစ် ကျရှူံးရေးနဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်ရေး ကြွေးကြော်ခဲ့ကြပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56091207

ရခိုင် ဝန်ကြီးချုပ် ဦးညီပုကို ပုဒ်မ ၅၀၅ နဲ့အရေးယူ၊ မိသားစုနဲ့အဆက်အသွယ်ပြတ်

Posted: 19 Feb 2021 07:57 AM PST

 ဒုတိယအကြိမ် ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရ ပေမယ့် မိသားစုတွေဆီကို အကြောင်းကြားတာတော့ မရှိသေးဘူးလို့ ဦးညီပုရဲ့သမီး ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။ဖေဖော်ဝါရီ ၁ ရက်မှာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် တွေ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ကော်မရှင်ဥက္ကဋ္ဌတွေကို တပ်မတော်က လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌနဲ့

ပြည်ပရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေ မြန်မာမှာဆက်မလုပ်ဖို့ ဖိအားပေးခံနေရ

Posted: 19 Feb 2021 05:41 AM PST

Protesters hold up signs during a demonstration outside the Myanmar Central Bank against the military coup in Yangon on February 16, 2021. (Photo by YE AUNG THU / AFP)မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့အစိုးရကို ဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစလို့ ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်း

မြန်မာနိုင်ငံတွက် လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်း

Posted: 19 Feb 2021 05:38 AM PST

ရန်ကုန်မြို့က စစ်အာဏာဖီဆန် ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတာကြောင့် ကုန်သွယ်ရေးမှာ မရှိမဖြစ်တဲ့ ဘဏ်တွေ၊ အစိုးရဌာနတွေပိတ်ကုန်ကြတဲ့အတွက် ပြည်တွင်းသုံးဖို့ လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းသွားပါတယ်။မြန်မာ့ကျပ်ငွေတန်ဖိုးကျဆင်းသွားပြီး ကုန်ကျစရိတ်တွေ အရမ်းမြင့်တက်လာချိန်မှာ အခုလို လောင်စာသွင်းကုန်လည်းရပ်သွားကြောင်း လောင်စာဆီစျေးကွက်နဲ့

ပွင့်ဖြူမှာ ထိုင်သပိတ်နဲ့ ဆန္ဒပြ

Posted: 19 Feb 2021 05:09 AM PST

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ ဇာတိမြို့ ပွင့်ဖြူမြို့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။ ဒီကနေ့မှာ ပြည်လုံးချမ်းသာဘုရားကြီးကွင်းကနေ စထွက်ပြီး ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့မှာ ထိုင်သပိတ်လုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56091207

မုံရွာမြို့မှာ ဆန္ဒပြအင်အားတစ်သိန်းကျော်နဲ့ စကောသပိတ်ဆင်နွှဲ

Posted: 19 Feb 2021 05:08 AM PST

 မုံရွာမြို့မှာ မနေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား အ‌ခြေအနေတင်းမာ‌ခဲ့ပေမယ့် ဖေဖော်ဝါရီ (၁၉)ရက် ဒီနေ့မှာတော့ ဆန္ဒပြသူတွေပိုမို များပြားလာတယ်လို့ သိရပါတယ်။ဒါ့အပြင် စကောပေါ်မှာ စစ်အာဏာရှင်တိုက်ဖြတ်ရေး စာတန်းတွေရေးထားတဲ့ စကောသပိတ် ဆင်နွှဲ နေကြတာပါ။"အထိကရုဏ်းဖြစ်ပြီးတော့ လူတွေက ပိုထွက်လာတယ်။ ရပ်ကွက်အလိုက်ထွက်လာကြတယ်။ မနေ့က အခြေအနေတင်းမာခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာပဲ ဒီနေ့ဆက်‌ ဆန္ဒပြနေပါတယ်"

TNLA၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS တိုက်ပွဲကြောင့် အရပ်သား လေးဦး သေဆုံး

Posted: 19 Feb 2021 05:06 AM PST

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ကလောဝိုင်းကျေးရွာအနီးတစ်ဝိုက်မှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိသလို လူဦးရေရှစ်ရာလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။အခုလ ဆယ့်ငါးရက်နဲ့ ဆယ့်ခြောက်ရက်တွေမှာ ကျောက်မဲ-မိုးကုတ်လမ်းပိုင်းအနီးက တော့ဆန်၊ ညောင်မောင်း၊ ကလောဝိုင်းစတဲ့ ကျေးရွာတွေမှာ ရှမ်း

စစ်ကောင်စီအုပ်ချုပ်ရေးကို ဆန္ဒပြမှု ရက်ကြာလာရင် စီးပွားရေးထိခိုက်လာနိုင်

Posted: 19 Feb 2021 05:04 AM PST

စစ်အစိုးရဆန့်ကျင်ရေး ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေပါ ပါဝင်ကြတဲ့အတွက် ဘဏ်တွေအားလုံးနီးပါးဟာ ပိတ်ထားရပါတယ်။ ဒီလိုဘဏ်တွေ ပိတ်ထားရတဲ့ အခြေအနေဟာ ရက်ကြာလာလေလေ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ထိခိုက်လာနိုင်တယ်လို့ စီးပွားရေးပညာ လုပ်ငန်းရှင်တွေ သုံးသပ်ကြပါတယ်။ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေဟာ အာဏာဖီဆန်တဲ့ CDM လုပ်ရှားမှုမှာ ပါဝင်နေကြတဲ့အတွက် ဘဏ်တွေ အားလုံးနီးပါး ပိတ်ထားရပြီး

မြန်မာ ရဲတပ်ဖွဲ့ကို ဒရုန်းဖျက်ကိရိယာတွေ စင်ကာပူ ကုမ္ပဏီ ဆက်မရောင်းတော့ဘူးလို့ဆို

Posted: 19 Feb 2021 05:01 AM PST

 မြန်မာ ရဲတပ်ဖွဲ့ကို ဒရုန်းဖျက်ကိရိယာတွေ စင်ကာပူ ကုမ္ပဏီ ဆက်မရောင်းတော့ဘူးလို့ဆိုမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒရုန်းဖျက်ကိရိယာတွေ ရောင်းချနေတဲ့ စင်ကာပူ ကုမ္ပဏီက နောက်ထပ်ရောင်းချမှုတွေ ရပ်လိုက်ပြီလို့ ကုမ္ပဏီ တာဝန်ရှိသူက ပြောလိုက်ပါတယ်။အဲဒါနဲ့အတူ မြန်မာနိုင်ငံရဲ့ အဓိကလေဆိပ်ကြီးနဲ့ သဘောတူ စာချုပ်ကိုလည်း ရုပ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။စင်ကာပူ

အပစ်ရပ်အဖွဲ့တွေအနေနဲ့ ရွေးကောက်ခံအစိုးရမရှိသေးခင် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်အကောင်အထည်ဖော်သင့်မသင့် ဆွေးနွေးနေ

Posted: 19 Feb 2021 05:00 AM PST

 အပစ်ရပ်အဖွဲ့တွေအနေနဲ့ ရွေးကောက်ခံအစိုးရမရှိသေးခင် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်အကောင်အထည်ဖော်သင့်မသင့် ဆွေးနွေးနေတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင် အဖွဲ့(PPST) အထူးအစည်းအဝေးကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ Video Conferencing နဲ့ ကျင်းပလျှက်ရှိပါတယ်။

မြစ်ကြီးနားမှာ အဖမ်းခံရတဲ့ ဆရာမတွေနဲ့ လူငယ်တွေ ပြန်လွတ်လာ

Posted: 19 Feb 2021 04:57 AM PST

မြစ်ကြီးနားမှာ အဖမ်းခံရတဲ့ ဆရာမတွေနဲ့ လူငယ်တွေ ပြန်လွတ်လာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့လို့ အဖမ်းခံရတဲ့ ဆရာမတွေနဲ့ လူငယ်တွေ ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က မြစ်ကြီးနား ရဲစခန်းမှာ ဝန်ခံကတိလက်မှတ်ရေးထိုးကြစဉ် / Photo: RFAကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့မနက်ပိုင်းက စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့လို့ အဖမ်းခံရတဲ့ ဆရာမနှစ်ဦးနဲ့ လူငယ်ဆယ့်တစ်ဦးတို့ ဒီနေ့ညနေပိုင်းမှာ

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူ ၅၀၀ ကျော်ရှိလို့ AAPP ထုတ်ပြန်

Posted: 19 Feb 2021 04:56 AM PST

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူ ၅၀၀ ကျော်ရှိလို့ AAPP ထုတ်ပြန် ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ စောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့က မြင်ရစဉ် / Photo: RFAတပ်မတော်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၈ ရက် မနေ့ကအထိ စစ်ကောင် စီအစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၂၁ ဦး ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က အလုပ်အမှုဆောင်

ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၁၈ ရက်တာအတွင်း လူ ၅၀၀ နီးပါး ဖမ်းဆီးခံထားရ၊ အမှုဖွင့်ထောင်ချခံရသူ တွေလည်းရှိ

Posted: 19 Feb 2021 04:54 AM PST

မန္တလေး၊နေပြည်တော်၊ မြစ်ကြီးနားအပါအဝင် မြို့ကြီးအများစုမှာ ဆန္ဒပြသူအချို့ကို ရိုက်နှက်ဖမ်းဆီးတာေ တွရှိနေတပ်မတော်က အာဏာရယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး ၁၈ ရက်နေ့အထိ သမ္မတနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၅၀၀ နီးပါးအထိ ရှိနေပြီလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော် က ဘီ

၂၀၂၀ မြန်မာ စစ်အာဏာသိမ်း- ဦးဝင်းထိန်ကို ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားမှု အွန်လိုင်းက ရုံးထုတ်

Posted: 19 Feb 2021 04:52 AM PST

 ၂၀၂၀ မြန်မာ စစ်အာဏာသိမ်း- ဦးဝင်းထိန်ကို ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားမှု အွန်လိုင်းက ရုံးထုတ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ အွန်လိုင်းက ရုံးထုတ်ခဲ့ပါတယ်။ဒုတိယအကြိမ် ရုံးချိန်းအဖြစ် ဖေဖော်ဝါရီလ ၁၉ ရက်မှာ Zoom အပ်ပလီကေးရှင်းကနေ ဗီဒီယိုကွန်ဖရန့်ဇင်းနဲ့ ရုံးထုတ်ခဲ့တာပါ။ဘာတွေ စစ်ဆေးပြောကြားခဲ့လဲဒီရုံးထုတ်မှာ သူက တစ်ခါတည်း အမိ

အမိန့် တခါထဲချပေးဖို့ တရားခွင်အတွင်း ဦးဝင်းထိန် တောင်းဆို

Posted: 19 Feb 2021 04:50 AM PST

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးမှာ အွန်လိုင်းကနေတဆင့် ဒီကနေ့ ရုံးထုတ်ခဲ့တာမှာ ဦးဝင်းထိန်က အမိန့် တခါထဲချပေးဖို့ ပြောခဲ့တယ်လို့ တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်ဖြူဝင်းလတ်က တရားခွင်အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။"အမူစစ်တရားသူကြီးကနေပြီးတော့ ပြန်လျှောက်ခံရသူ ဦးဝင်းထိန်ကို Zoom Application နဲ့

မြစ်ကြီးနားမှာ ဆန္ဒပြကျောင်းဆရာတွေ ရိုက်နှက်ဖြိုခွင်းခံရ၊ တချို့ အဖမ်းခံရ

Posted: 19 Feb 2021 04:48 AM PST

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့မနက် ၈ နာရီခွဲလောက်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြ ကြဖို့ လူစုနေကြတဲ့အချိန်မှာ ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းလိုက်ကြပြီး ဆရာမ သုံးယောက်ထက်မနည်း အဖမ်းခံလိုက်ရပါတယ်။လူစုနေတဲ့ ဆရာ၊ ဆရာမတွေကို စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝါးရင်းတုတ်တွေနဲ့ ဝင်ရိုက်ပြီး ဖြိုခွင်းလိုက် တာလို့ ဆန္ဒပြဖို့ပြင်ဆင်နေတဲ့ ကျောင်းဆရာတစ်ဦးက

မမြသွဲ့သွဲ့ခိုင် ဒီကနေ့မနက်ပိုင်း ကွယ်လွန်

Posted: 19 Feb 2021 04:46 AM PST

မမြသွဲ့သွဲ့ခိုင် ဒီကနေ့မနက်ပိုင်း ကွယ်လွန် မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ် ၁၁ ခွဲမှာ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ အထူးကြပ်မတ်ကုသဆောင် ကနေ ထုတ်ယူခဲ့စဉ် / Photo: RFAဖဖေောျဝါရီလ ၉ ရကျနေ့က နပွေညျတောျ သပွကေုနျးအဝိုငျးဆန်ဒပွပှဲမှာ ပစျခတျခံခဲ့ရတဲ့ မမွသှဲ့သှဲ့ခိုငျဟာ ဒီကနေ့ မနကျပိုငျးက နပွေညျတောျ ကုတငျ ၁၀၀၀ ဆေးရုံကွီးမှာ ကှယျလှနျသှားပွီလို့ သိရပါတယျ။ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့

အာဏာသိမ်းမှုကို ဆန့်ကျင်သော မုံရွာ ဆန္ဒပြပွဲမြင်ကွင်းများ

Posted: 18 Feb 2021 08:05 PM PST

မုံရွာ၊ဖေဖော်ဝါရီ-၁၉အာဏာသိမ်းမှုကိုဆန့်ကျင်သော မုံရွာလူထု၏ ဆန္ဒပြမှုမြင်ကွင်းများMonywa Gazettehttps://www.facebook.com/monywagazette

မြန်မာအင်ဂျင်နီယာ ဦးဆောင်တီထွင်တဲ့ ရဟတ်ယာဉ်ပါစက်ရုပ် အင်္ဂါဂြိုလ်ပေါ်ဆင်းပြီ

Posted: 18 Feb 2021 07:38 PM PST

စက်ရုပ်ယာဉ် Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်NASA က မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာ ပါ စက်ရုပ်ယာဉ် Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်ကို သတ်မှတ်ချိန်ဖြစ်တဲ့ အမေရိကန်စံတော်ချိန် ၃ နာရီ ၅၅ မိနစ်မှာ အန္တရာယ် ကင်းကင်းနဲ့ ဆင်းသက်နိုင်ပြီဖြစ်ပါတယ်။ ဒါဟာ အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့ နာဆာအတွက် နောက်ထပ်အောင်မြင်မှု တခုဖြစ်ပါတယ်။ဒီ တခေါက်

ကယားပြည်နယ်ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ

Posted: 18 Feb 2021 07:31 PM PST

ကယားပြည်နယ်ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့  စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ ၁၂ ရက်မြောက်နေ့တွင် CDM ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လွိုင်ကော်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် လှည့်လည်ဆန္ဒထုတ်ဖော်မှုကို တိုက်ရိုက်ထုတ်လွှင့်မှု။Kantarawaddy Timeshttps://www.facebook.com/KantarawaddyTimes

မြိတ်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ညပိုင်းက နေရာအသီးသီးတွင် Projector ဖြင့်ပုံရိပ်ဖော်၍ ဆန္ဒဖော်ထုတ်ခဲ့​ပါတယ်။

Posted: 18 Feb 2021 07:26 PM PST

မြိတ်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊  ညပိုင်းက နေရာအသီးသီးတွင် Projector ဖြင့်ပုံရိပ်ဖော်၍ ဆန္ဒဖော်ထုတ်ခဲ့​ပါတယ်။Myat Htut - Myeikhttps://www.facebook.com/Myat-Htut-Myeik-222869948053294

မြန်မာစစ်ကောင်စီနဲ့ သတိကြီးကြီးထား ဆက်ဆံသွားမည် (ကမ္ဘာ့ဘဏ်)

Posted: 18 Feb 2021 07:13 PM PST

World Bankမြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်၊ ရှေ့ဆက်မြန်မာနိုင်ငံနဲ့ ဆက်သွယ်လုပ်ဆောင်ရမယ့် ကိစ္စတွေ အပေါ် သတိကြီး ကြီးထားရပ်တည်လုပ်ကိုင်သွားဖို့ ရှိတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ David Malpass က ကြာသပတေးနေ့ကပြောပါတယ်။ ဒါပေမဲ့ လက်ရှိ လုပ် လက်စစီမံကိန်းတွေကိုတော့ အပြီးတိုင် လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း အသစ်တွေမရှိတော့ သလို

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.