Saturday, February 20, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှု အီးယူ နိုင်ငံခြားရေးနဲ့ လုံခြုံရေး အကြီးအကဲ ရှုတ်ချ

Posted: 20 Feb 2021 07:29 AM PST

 မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာကို ဥရောပသမဂ္ဂ အီးယူ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာအကြီးအကဲဂျိုးဇက်ဖော်ရဲဖွန်တဲက ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံက စစ်တပ်နဲ့တကွ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံး အရပ်သားများအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ဖေဖော်ဝါရီလ၂၂ရက်နေ့မှာ ကျင်းပ

ဆန္ဒပြ ချင်းလူငယ်တွေပေးစာ ဂျပန်သံအမတ်ကြီး လက်ခံယူ

Posted: 20 Feb 2021 05:40 AM PST

ချင်းတိုင်းရင်းသား လူငယ်တွေပေးတဲ့ အိတ်ဖွင့်ပေးစာကို လက်ခံရယူနေတဲ့ ဂျပန်သံအမတ်ကြီး။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အပြီးတိုင်ချုပ်ငြိမ်းစေရေး လူထုရဲ့ ဘယ်လိုလှုပ်ရှားမှုကိုမဆို ဂျပန်အစိုးရအနေနဲ့ အားပေးထောက်ခံပေးပါ ဆိုတဲ့အချက် အပါအဝင် ပန်ကြားချက် ၇ ချက်ပါ အိတ်ဖွင့်ပေးစာတစောင်ကို ချင်းတိုင်းရင်းသား လူငယ်တွေက ဒီကနေ့ ဂျပန်သံရုံးရှေ့မှာ ဂျပန်-မြန်မာ

မန္တလေးပစ်ခတ်သေဆုံးမှု မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံး ဝမ်းနည်းကြောင်းပြော

Posted: 20 Feb 2021 05:21 AM PST

"ဖေဖော်ဝါရီလ ၂၀ ရက် မန္တလေးမြို့မှာ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှု သတင်းတွေ ကြားရတာကို မြန်မာနိုင်ငံ ယူကေသံရုံးက ဝမ်းနည်းမိပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်မှု အားလုံး ရပ်တန့်ရပါမယ်။ ယူကေနိုင်ငံက မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကြောင်း ပြောလိုပါတယ်" လို့ တွစ်တာမှာ ပြောကြားပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56091207 

မြန်မာကို လောင်စာဆီ တင်သွင်းမှု လုံးဝရပ်သွားရင် ဘာတွေဖြစ်လာနိုင်မလဲ

Posted: 20 Feb 2021 05:19 AM PST

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေ နဲ့ အစိုးရရုံးတွေ လည်ပတ်မှု လုံးဝနီးပါး ရပ်တန့်နေသလို ပြည်တွင်း စက်သုံးဆီလက်ကျန်က နှစ်လလောက် အတွင်း ကုန်သွားနိုင်ခြေရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး MK စက်သုံးဆီလုပ်ငန်းရဲ့ CEO ဦးမင်းအောင်ခန့်ကို မညိုလဲ့ရည်က ဆက်သွယ်မေးမြန်းထားပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56091207

မန္တလေးဆန္ဒပြ ပစ်ခတ်နှိမ်နင်းမှု ထိခိုက်သေဆုံးမှုရှိ

Posted: 20 Feb 2021 05:15 AM PST

မန္တလေးမြို့က ဒီကနေ့ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူ ၂ ဦး သေဆုံးတယ်လို့ မန္တလေးမှာရှိနေတဲ့ ဗွီအိုအေသတင်းထောက်က သတင်းပေးပို့ထားပါတယ်။ဗွီအိုအေက ရထားတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာ ဦးခေါင်းပွင့်ထားတဲ့ ဒဏ်ရာရ လူတဦးနဲ့ ဝမ်းဗိုက်ကို ကျည်မှန်ထားတဲ့ လူတဦးတို့ကို တွေ့ရပါတယ်။ အဲဒီမှာ ကုသပေးနေတဲ့ ဆရာဝန်တဦးကတော့ ဦးခေါင်းပွင့်လူနာ သေဆုံးတယ်ဆိုတာ ပြောထားပါတယ်။ ပစ်ခတ်မှုမှာ ကျည်အစစ်လား

အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီး တရားစွဲမှုများသည် နိုင်ငံတကာလူအခွင့်အရေးနှင့်တရားစီရင်ရေးစံနူန်းများကို ချိုးဖောက်နေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုက်ပြန်လိုက်သည်

Posted: 20 Feb 2021 05:12 AM PST

ကြေညာချက် အမှတ် ( ၆/၂၀၂၁ )ဖေဖော်ဝါရီလ (၂၀)ရက်၊ ၂၀၂၁ခုနှစ်။၁။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဃီM တွင် တက်ကြွစွာလှုပ်ရှားသည့် နိုင်ငံရေးခေါင်းဆောင်များ၊ ဝန်ထမ်းများ နှင့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား မတရား

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် ၅/၂၀၂၁

Posted: 20 Feb 2021 05:11 AM PST

CDM တွင်ပါဝင်ကြသောဝန်ထမ်းများအား သမိုင်းမှတ်တမ်းတင်ရန်နှင့် အဓမ္မအာဏာသိမ်းစစ်ကောင်စီ၏ တရားမဝင်လှုပ်ရှားဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ကြသော ဝန်ထမ်းများအား အရေးယူနိုင်ရေးဆောင်ရွက်မည်။National League for Democracyhttps://www.facebook.com/nldparty

မန္တလေးမှာ စစ်တပ်နဲ့ရဲက ကျည်အစစ်နဲ့ ပစ်

Posted: 20 Feb 2021 05:09 AM PST

မန္တလေးမှာ စစ်တပ်နဲ့ ရဲက ပြည်သူတွေကို ပစ်ခတ်ခဲ့တဲ့ ကျည်ဆံကို ဒီနေ့ တွေ့ရတာဖြစ်ပါတယ်။ ရဲနဲ့ စစ်တပ်က ဆန္ဒပြနေသူတွေကို သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး တချို့အဖမ်းခံရပါတယ်။ သေဆုံးသူတွေလည်းရှိတယ်လို့ သိရပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

မန္တလေးမှာ ရဲနဲ့ စစ်တပ် ပစ်ခတ်လို့ ဆန္ဒပြသူတွေ ဒဏ်ရာရ

Posted: 20 Feb 2021 05:06 AM PST

မန္တလေးမြို့ ရတနာပုံသင်္ဘောကျင်းအနီးမှာ ဒီကနေ့ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ သံဆူးတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

မန္တလေးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်း၊ ပြည်သူနှစ်ဦး ပွဲချင်းပြီးသေဆုံး

Posted: 20 Feb 2021 05:01 AM PST

ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ ဒီကနေ့ မနက် ၁၀ နာရီကစပြီး ညနေ ၅ နာရီကျော်အထိ မန္တလေး ရတနာပုံသင်္ဘောကျင်းအနီးမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးနှိမ်နင်းခဲ့ပါတယ်။စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM လုပ်နေတဲ့ ရတနာပုံသင်္ဘောကျင်းက ရေကြောင်းဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ပြီး ရေကြောင်း ပြန်ပြေးဆွဲဖို့ တပ်နဲ့ ရဲတပ်ဖွဲ့က ဒီမနက်ပိုင်းကစပြီး အင်အားသုံးဖိအားပေးခဲ့တာက

မန္တလေးမှာ သင်္ဘောအချို့ထွက်ခိုင်းမယ့်သတင်းကြောင့် စုရုံးလာသူတွေကို ပစ်ခတ်ဖြိုခွင်း

Posted: 20 Feb 2021 04:57 AM PST

မန္တလေးမှာ သင်္ဘောတချို့ထွက်ခိုင်းမယ်ဆိုတဲ့သတင်းကြောင့် လူထုက လာရောက်ဝန်းရံပြီး အခြေအနေစောင့်ကြည့်နေရာကနေ လူများလာတာကြောင့် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ရဲတွေက ပစ်ခတ်လူစုခွဲခဲ့ပါတယ်။မွန်းလွဲ ၁၂ နာရီကျော်ကျော်လောက်တုန်းကတော့ လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့နဲ့ ပြည်သူအချို့ ညှိနှိုင်းခဲ့တာရှိခဲ့ပါတယ်။ သင်္ဘောကျင်းက ဝန်ထမ်းတွေဟာ CDM မှာ ပါဝင်နေကြတာဖြစ်တယ်လို့ အဲဒီနေရာကိုရောက်နေတဲ့ ဒေသခံအချို့က ပြောပါတယ်။

မန္တလေးမှာ သင်္ဘောအချို့ထွက်ခိုင်းမယ်ဆိုတဲ့သတင်းတွေကြောင့် အခြေအနေတင်းမာ

Posted: 20 Feb 2021 04:55 AM PST

မန္တလေးမှာ သင်္ဘောတချို့ထွက်ခိုင်းမယ်ဆိုတဲ့သတင်းကြောင့် လူထုက လာရောက်ဝန်းရံပြီး အခြေအနေစောင့်ကြည့်လျက်ရှိပါတယ်။နေ့လယ် ၁၂နာရီကျော်ကျော်မှာတော့ လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့နဲ့ ပြည်သူအချို့ ညှိနှိုင်းနေတာတွေရှိတယ်လို့လည်းသိရပါတယ်။ သင်္ဘောကျင်းက ဝန်ထမ်းတွေဟာ CDM မှာ ပါဝင်နေကြတာလို့လည်း အဲဒီနေရာကိုရောက်နေတဲ့ ဒေသခံအချို့က ပြောပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56091207

မမြသွဲ့သွဲ့ခိုင် ဆုံးပါးသွားတဲ့ အတွက် နိုင်ငံတကာဖိအား ပိုကြီးလာ

Posted: 20 Feb 2021 04:53 AM PST

အပြစ်ပေး အရေးယူနိုင်ရေး လုပ်ဆောင်မယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေပြောအာဏာသိမျး မွနျမာစစျတပျကို နိုငျငံတကာ အသိုငျးအဝိုငျးက ဆကျပွီး ဖိအား ပေးနပေါတယျ။မမြသွဲ့သွဲ့ခိုင်ခေါင်းကို သေနတ်မှန်ကတည်းက မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အင်အားအလွန်အကျွံသုံး ကိုင်တွယ်ပုံဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆို နေကြပါတယ်။ တာ၀န်ရှိသူအားလုံးကို အပြစ်ပေး အရေးယူနိုင်ရေး လုပ်ဆောင်မယ်

မြစ်ကြီးနားတွင် လူသောင်းချီ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

Posted: 20 Feb 2021 04:27 AM PST

စစ်အာဏာရှင်ဆန့်ကျင်ရေး (၁၃) ရက်နေ့မြောက် မြစ်ကြီးနားလူထုဆန္ဒဖော်ထုတ်သောပြည်သူများ အထက-၁ ကျောင်းရှေ့ရောက်လာချိန် ရဲနှင့်စစ်သားများက လမ်းကြောင်းပိတ်ဆို့ခဲ့သောကြောင့် ထိုနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ အဆုံးသတ်ခဲ့သည်။ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ညှိနှိုင်းပေးသောကြောင့် မွန်းလွဲ ၁ နာရီမတိုင်မှီ ထိုနေရာမှ ပြန်လည် ဆုတ်ခွာသွားခြင်းဖြစ်သည်။မြစ်ကြီးနားတွင် ဆန္ဒဖော်ထုတ်ရန် လူစုလူဝေးမှန်သမျှကို ရဲ

အာဏာသိမ်း စစ်ကောင်စီ နှင့် နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှုများ ရပ်ဆိုင်းထားမည်

Posted: 20 Feb 2021 04:23 AM PST

အာဏာသိမ်း စစ်ကောင်စီ နှင့် နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှုများ ရပ်ဆိုင်းထားမည်ဟု NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသော PPST တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ က ယနေ့ ထုတ်ပြန်လိုက်သည်။Kachin News Grouphttps://www.facebook.com/theKachinNews

စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းမယ်လို့ အပစ်ရပ် ၁၀ ဖွဲ့ ဆုံးဖြတ်

Posted: 20 Feb 2021 04:21 AM PST

စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှု ရပ်ဆိုင်းမယ်လို့ အပစ်ရပ် ၁၀ ဖွဲ့ ဆုံးဖြတ် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က အစည်းအဝေးကျင်းပစဉ်စစ်တပ်က အာဏာသိမ်းတာဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ချိုးဖောက်တာဖြစ်ပြီး စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို အချိန်ကာလ ကန့်သတ်ချက်မရှိ ရပ်ဆိုင်းထားမယ်လို့ အပစ်ရပ်

မြစ်ကြီးနားမှာ ဆန္ဒပြတာကြောင့် အဖမ်းခံရသူ ၂၁ ဦးရှိပြီ

Posted: 20 Feb 2021 04:20 AM PST

မြစ်ကြီးနားမှာ ဆန္ဒပြတာကြောင့် အဖမ်းခံရသူ ၂၁ ဦးရှိပြီ မြစ်ကြီးနားမှာ ဆန္ဒပြဦးဆောင်သူတစ်ဦးဖြစ်တဲ့ မန္တလေးကျောင်းတိုက် ဒုတိယကျောင်းထိုင်ဆရာတော် ဦးပညာဝံသ ကို တွေ့ရစဉ် / Photo: RFAမြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာကြောင့် အဖမ်းခံရသူ စုစုပေါင်း ၂၁ ဦးရှိပြီဖြစ်ပါတယ်။အဲဒီထဲက ၂၀ ဦးကတော့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အာမခံနဲ့ အဖမ်းခံရသူတွေက နောက်နောင်မလုပ်တော့ဘူးဆိုတဲ့ ဝန်ခံကတိ

မန္တလေးမြို့ လက်ရှိအခြေအနေ

Posted: 20 Feb 2021 04:18 AM PST

မန္တလေးမြို့ စိန်ပန်း ၄၁ လမ်း ၉၁ B လမ်းဆုံ လက်ရှိအခြေအနေရဲနှင့် စစ်တပ် သေနတ်ပစ်ခတ် နှိမ်နင်နေ ၊ ဒဏ်ရာရရှိသူများမန္တလေးမြို့ ကမ်းနားလမ်း အခြေအနေ20-2-2021 (3:45 PM)ရဲနှင့် စစ်တပ်က သေနတ်ပစ်၍ လူစုခွဲနေသော်လည်း ထိပ်တိုက်တွေ့မှုများ ရှိနေဆဲဖြစ်သည်။ ရတနာပုံသင်္ဘောကျင်းတွင် သင်္ဘောထွက်ရန် ဖိအားပေးနေသောကြောင့် လူထုက ဝိုင်းဝန်းကန့်ကွက်နေခြင်းဖြစ်သည်။ဓာတ်ပုံ-သုလှိုင် The Mandalay News Journalhttps://

မန္တလေး သင်္ဘောကျင်း ဆန္ဒပြမှု ပစ်ခတ်ဖြိုခွဲမှုရှိ

Posted: 20 Feb 2021 04:07 AM PST

မန္တလေးမြို့ ရတနာပုံ အုတ်ကျင်းသင်္ဘောဆိပ်မှာ သင်္ဘောကျင်းဝန်ထမ်းတွေကို ဝန်းရံနေတဲ့ မန္တလေးလူထု။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁)မန္တလေးမြို့ ရတနာပုံ အုတ်ကျင်းသင်္ဘောဆိပ်မှာ သင်္ဘောကျင်းဝန်ထမ်းတွေက အလုပ်မဆင်းဘဲ CDM လုပ်နေတာကြောင့် ဖိအားပေးပြီး သင်္ဘောထွက်ခိုင်းဖို့ ကြိုးစားရင်း အာဏာပိုင်တွေနဲ့ မန္တလေးမြို့ခံတွေကြား ထိပ်တိုက်တွေ့မှုဖြစ်ပြီး ပစ်ခတ်နှိမ်နင်းမှုတွေ ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီ

အာဏာသိမ်းစစ်ကောင်စီ အာဏာမစွန့်လွှတ်ရင် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုခံရနိုင် (ကန် အထက်လွှတ်တော်အမတ်)

Posted: 20 Feb 2021 04:04 AM PST

အင်ဒီယားနားပြည်နယ်ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Todd Young နှင့် BACI တွေ့ဆုံဆွေးနွေးမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ပြန်မစွန့်လွှတ်ဘူးဆိုရင် ပိုပြီးပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကြုံလာရ နိုင်တယ်လို့ အင်ဒီယားနားပြည်နယ်ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Todd Young က သတိပေး ပြောဆိုလိုက် ပါတယ်။ အင်ဒီယာနာပိုလစ်မြို့မှာ မြန်မာ-ချင်းလူမှုအဖွဲ့အစည်းနဲ့ သောကြာနေ့က

ကြံ့ခင်းကရဲညီအစ်ကိုနှစ်ဦးမိသားစုကို အလှူငွေထောက်ပံ့

Posted: 20 Feb 2021 04:02 AM PST

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့လို့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူခံထားရတဲ့ ကြံ့ခင်းက ရဲတပ်ဖွဲ့ဝင် ညီအစ်ကိုနှစ်ဦးရဲ့မိသားစုကိုဒီနေ့မှာ ပြည်မြို့က အလှူရှင်တွေကစုပေါင်းပြီး ငွေကျပ် ၇ သိန်းထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ဒီရဲဝန်ထမ်းညီအစ်ကိုနှစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့လည်း တောင်းဆိုခဲ့တာပါ။ ခုတော့ သူတို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ပေမယ့်

သေနတ်ရှိတိုင်း လုပ်ချင်တာ လုပ်လို့ရတယ် ထင်နေတဲ့ အာဏာရှင်ဘက်က ရပ်တည်မှာ မဟုတ်ဘူ

Posted: 20 Feb 2021 04:00 AM PST

"ကြောက်တာပေါ့။ ကျွန်မတို့က လှလှပပနေချင်တယ်၊ ထောင်ထဲမှာ ကတုံးကြီးနဲ့ မနေချင်ဘူး။ ဒါပေမယ့် ကျွန်မတို့လည်း ပြည်သူထဲကပြည်သူ ဖြစ်တဲ့အတွက်၊ အမှန်တရားဘက်က ရပ်တည်တယ်။ သေနတ်ရှိတိုင်း လုပ်ချင်တာလုပ်လို့ ရတယ်လို့ ထင်နေတဲ့ အာဏာရှင်ဘက်က ရပ်တည်မှာ မဟုတ်ဘူး။" -ရှင်းသန့်၊ LGBT အခွင့်အရေး လှုပ်ရှားသူ"တန်းတူရေး၊ လွတ်လပ်ရေး၊ သွေးစည်းရေး" လက် ၃ ချောင်း သင်္ကေတပေါ်မှာ ဂုဏ်ယူစရာ သက်တံရောင်စဥ် လည်း လွှမ်းခဲ့ပါတယ်။

မန္တလေးမှာ ဆန္ဒပြသူတွေကို ရဲကဖြိုခွင်း၊ ထိခိုက်ဒဏ်ရာရသူတွေရှိ တချို့ အဖမ်းခံထားရ

Posted: 20 Feb 2021 03:56 AM PST

မန္တလေးမှာ ဆန္ဒပြသူတွေကို ရဲကဖြိုခွင်း၊ ထိခိုက်ဒဏ်ရာရသူတွေရှိ တချို့ အဖမ်းခံထားရ မန္တလေး ရတနာပုံသင်္ဘောကျင်းအနီးမှာ ဆန္ဒပြသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရဲနဲ့ စစ်တပ် အကြမ်းဖက်ဖြိုခွင်းစဉ် / Photo: RFAမန္တလေးတိုင်း ရတနာပုံသင်္ဘောကျင်းအနီးမှာ ဆန္ဒပြသူတွေဟာ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ပထမတကြိမ် ဖြိုခွင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲပျက်မသွားတဲ့အတွက် နေ့လယ် ၂ နာရီလောက်မှာ ဒုတိယအကြိမ် ရဲတပ်ဖွဲ့ဝင်

မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ ရန်ကုန်မှာ ဒီမနက်ပြုလုပ်

Posted: 20 Feb 2021 03:54 AM PST

ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်မှာ စစ်အာဏာရှင်စနစ်ကို ဆန္ဒပြနေရာကနေ ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံကြောင့် သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ရန်ကုန် ဆူးလေစေတီလမ်းနဲ့ ဗိုလ်ချုပ်လမ်း ထောင့်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ဆုတောင်းပွဲလုပ်ခဲ့ကြပါတယ်။မမြသွဲ့သွဲ့ခိုင်ကို အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုသဝဏ်လွှာဖတ်ကြားခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားခဲ့ရင်း ကျဆုံးခဲ့သူတွေအတွက်ကိုပါ ဝမ်းနည်း

မြန်မာ့နိုင်ငံရေးပဋိပက္ခ ပြည်တွင်းရေးကိစ္စဖြစ် (တရုတ်နိုင်ငံခြားရေးဝန်ကြီး)

Posted: 19 Feb 2021 05:51 PM PST

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yiမြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်လို့ တရုတ် နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က ယူဆကြောင်းတရုတ်နိုင်ငံတော် ကောင်စီဝင်လည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီး လည်း ဖြစ်သူ Wang Yi က ပြောပါတယ်။အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ်တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး II Dato Erywan Pehin Yusof

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.