Sunday, February 21, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာနိုင်ငံက အကြမ်းဖက် နှိမ်နင်းမှုတွေကို ကုလ အတွင်းရေးမှူးချုပ် ရှုတ်ချ

Posted: 21 Feb 2021 05:52 AM PST

မြန်မာနိုင်ငံက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတာတွေကို ရှုတ်ချကြောင်းနဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လက်ခံဖို့ နဲ့ အရပ်သား အစိုးရ ပြန်လည် အုပ်ချုပ်ဖို့ တိုက်တွန်းကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တွစ်တာကနေ ပြောဆိုပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56091207

ဆန္ဒပြသူတွေကို ရက်စက်စွာ ပြုလုပ်နေတာတွေ ချက်ချင်းရပ်ဖို့ ကုလ ကိုယ်စားလှယ်ပြော

Posted: 21 Feb 2021 05:51 AM PST

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို ရက်စက်စွာ ပြုလုပ်နေတာတွေ ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က တွစ်တာမှာ ပြောပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56091207

မြစ်ကြီးနား ရေလယ်ကျွန်းမှာ လူငယ်တွေရေးဆွဲထားတဲ့ ကြွေးကြော်စာတန်း

Posted: 21 Feb 2021 05:49 AM PST

 မြစ်ကြီးနား ရေလယ်ကျွန်းမှာ လူငယ်တွေရေးဆွဲထားတဲ့ ကြွေးကြော်စာတန်းBBC Burmesehttps://www.bbc.com/burmese/live/burma-56091207

ကိုမင်းကိုနိုင် ပြောကြားချက်

Posted: 21 Feb 2021 05:46 AM PST

ကိုမင်းကိုနိုင် ပြောကြားချက်The Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal/videos/1080921312389480

ဖမ်းဆီးခံ ခေါင်းဆောင်များနှင့် သေဆုံးသူများအတွက် မုံရွာမှာ မီးထွန်းဆုတောင်း

Posted: 21 Feb 2021 05:43 AM PST

ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များနှင့် သေဆုံးသူများအတွက် မီးထွန်းဆုတောင်းပွဲကို မုံရွာမြို့ကျောက္ကာလမ်း၊ ရန်ကင်းမီးပွိုင့်အနီးတွင် ယနေ့ ညနေ ၆ နာရီက ပြုလုပ်ခဲ့ကြသည်။Monywa Gazettehttps://www.facebook.com/monywagazette

ဂွမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအထဲမှ နောက်ထပ်၃ ဦး အမှုဖွင့်ခံရ

Posted: 21 Feb 2021 05:37 AM PST

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၁ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများထဲမှ ဝန်ကြီးချုပ်ဦးညီပုအပြင် နောက်ထပ် ၃ ဦး အမှုဖွင့်ခံရကြောင်း သတင်းရရှိသည်။အမှုဖွင့်ခံရသူ သုံးဦးမှာ အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းတို့ဖြစ်ကြောင်း ဂွမြို့ဒေသခံ ကိုဟိန်းမင်းစိုးက ပြောသည်။"ကိုရဲခေါင်

အခြေခံကျောင်းများဖွင့်လှစ်ရေး ဖေဖော်ဝါရီ ၂၂ ရက်နေ့ စတင်ပြီးဆရာ ဆရာမများကို ကျောင်းတက်ရန်ညွှန်ကြား

Posted: 21 Feb 2021 05:35 AM PST

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၁ရခိုင်ပြည်နယ်ရှိ အခြေခံပညာ ထက်၊ လယ်၊မူ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၂ ရက် တနင်္လာနေ့မှ စပြီး ကျောင်းဆရာ ဆရာမများကို ကျောင်းစတင်တက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။ဘူးသီးတောင်မြို့နယ် ပညာရေးမှူးက " ဟုတ်ကဲ့။ မနက်ဖြန်က စပြီး ဆရာဆရာမတွေကို ကျောင်းတက်ဖို့ ညွှန်ကြားတာပါ။ ကျောင်းသူ ကျောင်းသားတွေကတော့ မတက်ရသေးပါဘူး

မန္တလေးမှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြပွဲတွေအားကောင်းဆဲ

Posted: 21 Feb 2021 05:19 AM PST

မနေ့ကဖေဖော်ဝါရီ ၂၁ရက်နေ့က မန္တလေးမြို့ရတနာပုံသင်္ဘောကျင်းကနေ သင်္ဘောမထွက်ရေး စုဝေးရောက်ရှိခဲ့တဲ့ လူအုပ်ကို ရဲနဲ့တပ်ပူးပေါင်းလုံခြုံရေးအဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုတွေ​ကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့်လည်း ဆန္ဒပြပွဲတွေ ပိုမိုအားကောင်းနေဆဲဖြစ်တယ်လို့ မန္တလေး မြို့ခံတွေကပြောပါတယ်။လူအနည်းဆုံးနှစ်ဦးသေဆုံးထားပြီး လူ ၃၀ ကျော် ဖမ်းဆီးခံထားရသလို ဖမ်းခံရသူတွေထဲမှာလည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေတဲ့ မနေ့က မန္တလေး

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စီးတီးမတ်၊ ဂမုန်းပွင့်စတဲ့ စူပါမားကတ်တွေပိတ်ထားမယ်လို့ ကြေညာ

Posted: 21 Feb 2021 05:17 AM PST

မနက်ဖြန် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ၂၂ ရက် ၂ လ ၂၀၂၁ ခုနှစ် ၂ ဂဏန်း ငါးလုံးဆုံတဲ့နေ့မှာ ဈေးဆိုင်အားလုံး ပိတ်ပြီး လူတွေလမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ကြဖို့ လူမှုကွန်ရက်မှာဆော်သြနေကြတာတွေရှိနေသလို စီးတီးမတ်၊ ဂမုန်းပွင့်စတဲ့ စူပါမားကတ်တွေကလည်း အဲဒီနေ့တစ်ရက်ကို ဆိုင်တွေအားလုံးယာယီပိတ်ထားမယ်လို့ အသီးသီးကြေညာထားကြပါတယ်။တပ်မတော်ကအာဏာရယူပြီးနောက်ပိုင်း ရက် ၂၀ ကျော်ကြာလာချိန်မှာ နိုင်ငံနဲ့အဝှမ်း လူထုဆန္ဒပြပွဲတွေ၊ လူထု

မြန်မာ့ဘဏ်လုပ်ငန်းတွေ မတည်ငြိမ်မှုနဲ့ ကြုံနေရ

Posted: 21 Feb 2021 05:16 AM PST

ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့မှာ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြနေတဲ့မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၂၀ ကျော်လာပါပြီ။ စီးပွားရေးအချက်အချာဖြစ်တဲ့ ရန်ကုန်လမ်းမတွေပေါ်မှာ နေ့စဉ်လိုလို သောင်းနဲ့ချီတဲ့ လူထုဆန္ဒပြမှုတွေအပြင် ဒီသီတင်းပတ်ထဲမှာဆို စစ်သံချပ်ကာ ကားတွေပါ တွေ့မြင်လာရတာနဲ့အတူ မြန်မာ့ဘဏ်လုပ်ငန်း လည်ပတ်မှုဟာလည်း ကစဉ့်ကလျား ဖြစ်လာနေပါတယ်။ဆေးဝန်ထမ်းတွေ

ကရင်ကျေးရွာ ၃၀ ကျော် မြဝတီမြို့ကို ချီတက်ဆန္ဒပြ

Posted: 21 Feb 2021 05:14 AM PST

ကရင်ပြည်နယ် မြဝတီမြို့ကို ကရင်ကျေးရွာပေါင်း ၃၀ ကျော်က လာရောက်ပူးပေါင်း ချီတက်ဆန္ဒပြတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁)ကရင်ပြည်နယ် မြဝတီမြို့ကို ကရင်ကျေးရွာပေါင်း ၃၀ ကျော်က လာရောက်ပူးပေါင်းခဲ့ပြီး ဆန္ဒပြ ချီတက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်တွေက ရဲနဲ့ စစ်တပ်တွေ တားဆီး ပိတ်ဆို့ထားတဲ့ဘုရင့်နောင်လမ်းမကြီးကို ဖွင့်ပေးလိုက်ရပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ပူတာအိုက ဆန္ဒပြလူငယ် ၉ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ

Posted: 21 Feb 2021 05:12 AM PST

ဖမ်းဆီးခံထားရသူ ဖေနောင်းအောင်မနေ့ညက ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဖေနောင်းအောင်၊ ဇန်ထရမ်ဆိန်း၊ အောင်ဒီး အပါအဝင် လူငယ် ၉ ဦးကို ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဒေသခံ ဦးမင်ဆိုင်းက ဘီဘီစီကိုအတည်ပြုပါတယ်။ လူငယ်တွေဟာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း သပိတ်မှာ ပါဝင်ခဲ့ပေမဲ့ ခေါင်းဆောင်တွေမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။ဖမ်းဆီးခံထားရသူ လူငယ်

မန္တလေး ပစ်ခတ်ခံရမှုဖြစ်စဉ်နောက်ဆက်တွဲ အခြေအနေ

Posted: 21 Feb 2021 05:10 AM PST

မန္တလေး ရတနာပုံဆိပ်ကမ်းမှာမနေ့ညက ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ အနည်းဆုံး လူ နှစ်ဦး သေဆုံးပြီး လူ ၂၀ ဦးထက်မနည်း ဒဏ်ရာတွေရရှိခဲ့ကြတာ ဖော်ပြပြီးဖြစ်ပါတယ်။ ယခုမနက် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူမှုကူညီရေးအသင်းတွေထံ ထပ်မံဆက်သွယ်မေးမြန်းချက်အရ သေဆုံးစာရင်းလောလောဆယ် ထပ်တိုးသိရတာမရှိသေးပေမယ့် လူစုကို ရဲက ဖြိုခွင်းစဉ်မှာ ရိုက်နှက်ပစ်ခတ်မှုကြားကနေ အချုပ်ကားပေါ်ဆွဲတင်ဖမ်းဆီးသွားသူတွေ ၃၀ ကျော်လောက်ရှိနေပြီး အဲဒီထဲမှာ

မြသွဲ့သွဲ့ခိုင် စျာပန

Posted: 21 Feb 2021 05:07 AM PST

ရဲလက်ချက်နဲ့ ခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ စျာပနကို ဒီနေ့နေပြည်တော်မှာ ကျင်းပတာမှာ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ကြပါတယ်။VOA Burmesehttps://burmese.voanews.com/a/5786715.html

သေနတ်ထိမှန်သေဆုံးသူ မမြသွဲ့သွဲ့ခိုင်စျာပန ကျင်းပ

Posted: 21 Feb 2021 05:03 AM PST

မမြသွဲ့သွဲ့ခိုင်ရဲ့ စျာပန မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁)ရဲလက်ချက်နဲ့ ခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ စျာပနကို ဒီနေ့နေပြည်တော်မှာ ကျင်းပတာမှာ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ကြပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ မီးသဂြိုလ်မယ့်နေရာ သယ်ဆောင်သွားရာ လမ်းတလေ ျှာက် ဆိုင်ကယ်တွေ၊ မော်တော်ကားတွေက ယာဉ်တန်းကြီးတွေအဖြစ်နဲ့ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။လမ်းပေါ်ကနေလည်း

“တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” Facebook စာမျက်နှာ ပိတ်ပင်ခံရ

Posted: 21 Feb 2021 05:01 AM PST

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ - ဆိုတဲ့ စာမျက်နှာကို Facebook က ဒီကနေ့ ပိတ်လိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အဓိက ဖော်ပြနေတဲ့ စာမျက်နှာတွေထဲက တစ်ခုဖြစ်ပြီး၊ "ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် မလှုံ့ဆော်ရ" - ဆိုတဲ့ Facebook ရဲ့ စည်းကမ်းချက်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ပိတ်လိုက်တာဖြစ်တယ်လို့ Facebook ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောကြားတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထား

မမြသွဲ့သွဲ့ခိုင် ကိုယ်စား ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ လူငယ်ထု ပြောကြား

Posted: 21 Feb 2021 04:58 AM PST

စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့ပေမယ့် မတရားမှုတွေကို ဆန့်ကျင်ပြီး တရားမျတမှုရရှိဖို့၊ ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ လူငယ်ထု အပါအဝင် အလွှာအသီးသီးရှိ ပြည်သူတွေက ပြောကြားလိုက်ပါတယ်။မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်ကလပ်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကုတင် ၁၀၀၀ ဆေးရုံကြီးကနေ ဒီကနေ့မနက် ၁၁ နာရီလောက်မှာ စတင်သယ်ထုတ်လာပြီး ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ စာမျက်နှာကို ဖေ့စ်ဘွတ်ဖယ်ရှား

Posted: 21 Feb 2021 04:56 AM PST

ဖေ့စ်ဘွတ်ဟာ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ ဖြစ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ စာမျက်နှာကို ဒီတနင်္ဂနွေနေ့မှာ ဖယ်ရှားလိုက်ပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာဟာ ဆူပူအကြမ်းဖက်မှုတွေကိုမလှုံ့ဆော်ဖို့ ဆိုတဲ့ ဖေ့စ်ဘွတ်ရဲ့စည်းကမ်းကို ချိုးဖောက်ခဲ့တယ်လို့ လည်း ရိုက်တာသတင်းကဖော်ပြထားပါတယ်။ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူအနည်းဆုံး နှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးပြီး

မမြသွဲ့သွဲ့ခိုင်ဦးခေါင်းမှာတွေ့ရတာ ရဲတပ်ဖွဲ့ကျည်မဟုတ်ဘူးလို့ဆို

Posted: 21 Feb 2021 04:53 AM PST

နေပြည်တော် ဆန္ဒပြမှုမှာ ပစ်ခတ်ခံရပြီး ဦးခေါင်းကျည်ထိမှန် ကွယ်လွန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်းထဲမှာ ခဲပုပ်ရောင်သတ္တုအပိုင်းအစကို တွေ့ရတာဖြစ်ကြောင်း၊ အဲဒါဟာ ရဲတပ်ဖွဲ့က အသုံးပြုတဲ့ အဓိကရုဏ်းနှိမ်နင်းရေးနဲ့ ချေမှုန်းရေးခဲယမ်းတွေသုံးကျည်တွေနဲ့ မတူကြောင်းနဲ့ တခြားပြင်ပက လက်နက်တစ်စုံတစ်ရာကြောင့် ဒဏ်ရာရ သေဆုံးတာ ဖြစ်နိုင်ကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။မမြသွဲ့သွဲ့

မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်မှု ထပ်မံချမှတ်ဖို့ ဗြိတိန်စဉ်းစားနေ

Posted: 21 Feb 2021 04:52 AM PST

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab. (စက်တင်ဘာ ၁၆၊ ၂၀၂၀)ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်အပေါ် အရေးယူ ဆောင်ရွက်ချက်တွေ ထပ်မံလုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ပြောပါတယ်။ စနေနေ့က ဆန္ဒပြသူနှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားပြီးတဲ့နောက်မှာ အခုလို ပြောလိုက်တာပါ။ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ခတ်တာက လုံးဝကို လက်ခံနိုင်စရာ မရှိပါ။ ဒီမိုကရေ

ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့အပေါ် စိတ်သောကဖြစ်ရ - ရန်ကုန် ကန်သံရုံး

Posted: 21 Feb 2021 04:50 AM PST

ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြကြသူများ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)ဆန့်ကျင်သဘောထားကွဲလွဲခွင့် အခွင့်အရေးကို အသုံးချတာကြောင့် ဘယ်သူတဦးတယောက်ကိုမှ အန္တရာယ် မကျရောက်စေသင့်ဘူးလို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက စနေနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။မမြသွဲ့သွဲ့ခိုင် နေပြည်တော်မှာ သေဆုံးပြီး နောက်တရက်မှာပဲ မန္တလေးမှာ ဆန္ဒပြသူတွေ အသက်သေဆုံးလောက်အောင် ပစ်ခတ်တာကြောင့် အမေရိကန်

မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်

Posted: 21 Feb 2021 04:43 AM PST

(၂၁-၂-၂၀၂၁)မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ဓာတ်ပုံ - ကိုဝိုင်ဝိုင်ကေThe Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal

မြို့ပေါ်တွေမှာ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ရသူတွေရှိနေ

Posted: 21 Feb 2021 04:39 AM PST

မြို့ပေါ်တွေမှာ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ရသူတွေရှိနေ မန္တလေး ရတနာပုံ သင်္ဘောကျင်းအနီးမှာ ဒဏ်ရာရတဲ့ ဆန္ဒပြသူတွေကို ခေါ်ဆောင်ပေးတဲ့ လူနာတင်ယာဉ်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ် / Photo: RFAဖေဖော်ဝါရီ ၂၁ ရက်နေ့ မနေ့ညက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (တ) ၁၅ ရပ်ကွက်မှာ ကိုယ်ထူကိုယ်ထ လုံခြုံရေး ကင်းစောင့်နေတဲ့ ကိုတင်ထွဋ်ဟိန်းရဲ့ ဦးခေါင်းကို ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ရပ်ကွက်ထဲ ဝင်လာတဲ့

ရွှေပြည်သာ ကင်းသမား သေဆုံးမှု အမှုဖွင့်ခွင့်မရသေး

Posted: 21 Feb 2021 04:37 AM PST

ရွှေပြည်သာ ကင်းသမား သေဆုံးမှု အမှုဖွင့်ခွင့်မရသေး သေဆုံးသူ ကိုတင်ထွဋ်ဟိန်းရဲ့ အမျိုးသမီးကို မြင်တွေ့ရစဉ် / Photo: RFAဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနေ့ညက ရပ်ကွက်လုံခြုံရေးကင်းစောင့်ရင်း ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်လိုက်လို့ နေရာတင်သေဆုံးခဲ့တဲ့ ရွှေပြည်သာမြို့နယ် (တ)၁၅ ရပ်ကွက်နေ ကိုတင်ထွဋ်ဟိန်းအမှုကို ရွှေပြည်သာ မြို့နယ်ရဲစခန်းက အမှုဖွင့်ခွင့် မပေးသေးဘူးလို့ သူ့ဇနီးဖြစ်သူ မသင်းသင်းက RFA ကို ဒီနေ့မနက်မှာ ပြောပါ

မန္တလေး အကြမ်းဖက်ဖြိုခွင်းမှုအပေါ် မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်

Posted: 20 Feb 2021 05:49 PM PST

လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် ပြေးရှောင်ပုန်းနေရတဲ့ မန္တလေးဒေသခံအချို့။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ မပူးပေါင်းမဆောင်ရွက်ရေး CDM လှုပ်ရှားဆန္ဒပြမှုတွေထဲ အပြင်းထန်ဆုံး နှိမ်နင်းမှုအဖြစ် မန္တလေးမှာ မနေ့က မြို့စွန်မြစ်ကမ်းဘေးက အောက်ခြေလူတန်းစားပြည်သူတွေ ခံစားလိုက်ရပြီလို့ လှုပ်ရှားမှုမှာ ပါဝင်သူတွေက ဆိုပါတယ်။

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.