သစ္ထူးလြင္ |
- စစ်ကောင်စီနဲ့ရော CRPH နဲ့ပါဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှားပြော
- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီကြီးတချို့ တွေ့ဆုံမည်မဟုတ်
- မြန်မာ့ဒီမိုကရေစီရေးဆုတ်ယုတ်မှု ကန်အထူးစိုးရိမ်
- ရန်ကုန် ထိုင်းနဲ့ အင်ဒို သံရုံးရှေ့ ဆန္ဒပြသူတွေ စုဝေး
- စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံ
- အာဏာသိမ်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံကိုရောက်ရှိ
- ဂျပန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်သူတွေက ရဲအင်အားအများအပြားနဲ့ လာရောက်ဖယ်ရှား
- အမ်းမြို့မှာ စစ်အာဏာဆန့်ကျင်သူ ခုနစ်ဦးကို တရားရုံးက ဒဏ်ငွေချ
- နိုင်ငံအနှံ့ စစ်အစိုးရ ဆန္ဒပြပွဲတွေ ဆက်ရှိနေ၊ မင်းဘူးဆန္ဒပြသူ ရှစ်ဦး ဖမ်းဆီးခံရ
- စစ်ကောင်စီ ဖမ်းဆီးတဲ့ နိုင်ကျဉ်း ၇၀၀ နီးပါးရှိလာ
- မူဆယ်မြို့တွင်း တိုက်ခိုက်မှုဖြစ်ပွား
- ကွန်တိန်နာယာဉ်တွေ CDM ဆက်လုပ်မယ်
- ရွှေပြည်သာမှာ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ကင်းသမားနာရေး ဒီနေ့ ညနေ ပြုလုပ်မယ်
- မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
- အသစ်ခန့်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများကို ရပ်ကွက်နေပြည်သူများက လက်မခံ အသိအမှတ် မပြုကြောင်း ဆန္ဒဖော်ထုတ်
- မြန်မာအရပ်သားအစိုးရကိုပါ အင်ဒိုနီးရှား ဆက်သွယ်ညှိနှိုင်းနေ
- စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ
- ပျဉ်းမနားဆန္ဒပြပွဲမှာ သတင်းသမားတွေကို အင်အားသုံးဖမ်းဆီးဖို့ ကြိုးစား
- အင်ဒိုနီးရှားနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတို့ ထိုင်းမှာတွေ့ဆုံဖို့ သတင်းထွက်နေ
- မုံရွာ ချင်းတွင်းဒိုးအဖွဲ့ရဲ့ အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှု
- CRYH ကိုယ်စား ဥပဒေရေးရာ ဥပဒေအထောက်အကူပြုအဖွဲ့ဖွဲ့စည်းထားရှိခြင်းနှင့်ပတ်သက်သော ကြေညာချက်အမှတ် (၇/၂၀၂၁) ကိုထုတ်ပြန်။
- စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူများထံပန်ကြားလွှာ
- မန္တလေးက ဆန္ဒပြသူတွေ လုံခြုံရေးတွေနဲ့ ထိပ်တိုက်မတွေ့တော့ဘဲ ပြန် ဆုတ်၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဆက်ရှိ
- မန္တလေးမှာ ရဲ၊ စစ်တပ်နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေ
- စစ်အာဏာသိမ်းဆန့်ကျင်မှုမှာ စည်ပင်ဝန်ထမ်းတွေလည်း ပါ
စစ်ကောင်စီနဲ့ရော CRPH နဲ့ပါဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှားပြော Posted: 24 Feb 2021 06:12 AM PST အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ပြေလည်စေဖို့ အင်ဒိုနီးရှားဟာ မြန်မာစစ်အစိုးရနဲ့ရော ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH နဲ့ပါလေးနက်တဲ့ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆုဒီက ပြောပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦး |
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီကြီးတချို့ တွေ့ဆုံမည်မဟုတ် Posted: 24 Feb 2021 06:10 AM PST စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီကြီးတချို့ တွေ့ဆုံမည်မဟုတ် ရွေးကောက်ပွဲ မဲစာရင်းများ ရေတွက်နေစဉ်။ Photo- AFPအာဏာသိမ်းစစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ နိုင်ငံရေးပါတီတချို့က ထုတ်ပြန်ကြေညာပါတယ်။RFA က ကနဦးရသိရှိတဲ့ သတင်းအချက်အလက်တွေအရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ် ဒီမို |
မြန်မာ့ဒီမိုကရေစီရေးဆုတ်ယုတ်မှု ကန်အထူးစိုးရိမ် Posted: 24 Feb 2021 06:09 AM PST အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken။မြန်မာနိုင်ငံအခြေအနေအပေါ် စိုးရိမ်မိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ဒီကနေ့ ထပ်ပြီးပြောပါတယ်။"ရှင်ကျန်းဒေသမှာ ရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်ရင်ပဲဖြစ်ဖြစ်၊ ဟောင်ကောင်မှာ အခြေခံအခွင့်အရေးတွေ ခြိမ်းခြောက်ခံရရင်ပဲဖြစ်ဖြစ် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောဆိုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ |
ရန်ကုန် ထိုင်းနဲ့ အင်ဒို သံရုံးရှေ့ ဆန္ဒပြသူတွေ စုဝေး Posted: 24 Feb 2021 06:06 AM PST ရန်ကုန်မြို့အင်ဒိုနီးရှားသံရုံးရှေ့က ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့နဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဒီကနေ့ ထိုင်းနိုင်ငံမှာရောက်နေချိန်မှာပဲ ရန်ကုန်မြို့က ထိုင်းနဲ့ အင်ဒိုနီးရှားသံရုံးတွေရှေ့မှာ ဆန္ဒပြသူတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အာဏာသိမ်းစစ်တပ် |
Posted: 24 Feb 2021 06:04 AM PST စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ဒွန်ပရာမုဝီနိုင်း၊ ဝန်ကြီးချုပ် ပရာယွတ်ကျန်အိုးချားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးက |
အာဏာသိမ်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံကိုရောက်ရှိ Posted: 24 Feb 2021 06:02 AM PST အာဏာသိမ်းအစိုးရခန့်အပ်ထားတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိလာကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြထားပါတယ်။ဒါဟာ ဒီလအစောပိုင်း မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာအစိုးရ ကိုယ်စားလှယ်တစ်ဦးရဲ့ ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးကြ |
ဂျပန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်သူတွေက ရဲအင်အားအများအပြားနဲ့ လာရောက်ဖယ်ရှား Posted: 24 Feb 2021 06:01 AM PST စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ် ပြုလုပ်နေကျ စုရပ်တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့၊ ဂျပန်သံရုံးရှေ့မှာ ဆန္ဒပြနေသူတွေကို ဖေဖော်ဝါရီလ(၂၄)ရက် မနက်ပိုင်းမှာတော့ ရဲအင်အားများစွာနဲ့ လာရောက်ဖယ်ရှားခဲ့ပါတယ်။ရန်ကုန်မှာ သံရုံးတွေနဲ့ ကုလရုံးတို့ကို ဦးတည်တဲ့ဆန္ဒပြမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ရဲနဲ့ စစ်တပ်က လုံခြုံရေးယူထားပြီး ဆန္ဒပြမှုတွေမရှိအောင် လမ်းတွေကို ပိတ်ဆို့တားဆီးခဲ့ကြပါတယ်။ ဒါ့အပြင် ရန် |
အမ်းမြို့မှာ စစ်အာဏာဆန့်ကျင်သူ ခုနစ်ဦးကို တရားရုံးက ဒဏ်ငွေချ Posted: 24 Feb 2021 05:52 AM PST အမ်းမြို့မှာ စစ်အာဏာဆန့်ကျင်သူ ခုနစ်ဦးကို တရားရုံးက ဒဏ်ငွေချ ရခိုင်ပြည်နယ် အမ်းမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ် / Photo: CJရခိုင်ပြည်နယ် အမ်းမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်အာဏာသိမ်းမှုကိုကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံ ခုနစ်ဦးကို မြို့နယ်တရားရုံးက ဒီနေ့ ငွေဒဏ် ရှစ်သောင်းစီ ချမှတ်လိုက်တယ်လို့ အမိန့်ချမှတ်ခံရတဲ့ မိသားစုဝင်တွေကပြောပါ |
နိုင်ငံအနှံ့ စစ်အစိုးရ ဆန္ဒပြပွဲတွေ ဆက်ရှိနေ၊ မင်းဘူးဆန္ဒပြသူ ရှစ်ဦး ဖမ်းဆီးခံရ Posted: 24 Feb 2021 05:51 AM PST တပ်မတော်က အာဏာသိမ်းလိုက်တာ ဒီနေ့ဆိုရင် ၂၄ ရက်ရှိနေပြီဖြစ်ပြီး စစ်အစိုးရ ကန့်ကွက်ဆန္ဒပြပွဲတွေက နိုင်ငံအနှံ့က မြို့နယ်အများအပြားမှာနေ့တိုင်းရှိနေပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေ လည်း နေ့တိုင်းနီးပါးရှိနေပါတယ်။မကွေးတိုင်း၊ မင်းဘူးမြို့မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသူ ရှစ်ဦးကို ရဲတပ်ဖွဲ့က ဒီနေ့မနက်က ဖမ်းဆီးခဲ့ပါတယ်။ မင်းဘူးမြို့ ဆေးရုံနားမှာ ဆန္ဒပြဖို့ လူစုနေချိန်မှာ အမျိုးသမီး |
စစ်ကောင်စီ ဖမ်းဆီးတဲ့ နိုင်ကျဉ်း ၇၀၀ နီးပါးရှိလာ Posted: 24 Feb 2021 05:48 AM PST ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မော်လမြိုင်မြို့ဆန္ဒပြပွဲမှာ ဆန္ဒပြသူ တဦးကို ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးမှုတွေ ဆက်တိုက်လိုရှိနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားအရေအတွက် ပိုများလာမှာကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။အင်္ဂါနေ့အထိဆိုရင် သံဃာတော်တွေ၊ စာရေးဆရာတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေအပါအဝင် |
မူဆယ်မြို့တွင်း တိုက်ခိုက်မှုဖြစ်ပွား Posted: 24 Feb 2021 05:46 AM PST ပစ်ခတ်ခံရတဲ့ မူဆယ်မြို့က ဟိုတယ်။ (ဓာတ်ပုံ - Shan Herald News Agency - ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)ရှမ်းပြည်နယ် မူဆယ်မြို့မှာ ရှိတဲ့ ပြည်သူ့စစ်ပိုင်ဟိုတယ်နဲ့ မြန်မာစစ်တပ်စခန်း တခုကို လက်နက်ကိုင် အဖွဲ့တဖွဲ့ကနေ ဒီမနက်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။ဖေဖော်ဝါရီ ၂၄ ရက် ဒီမနက်ပိုင်းမှာ မူဆယ်မြို့ |
ကွန်တိန်နာယာဉ်တွေ CDM ဆက်လုပ်မယ် Posted: 24 Feb 2021 05:44 AM PST CDM လုပ်ဆောင်နေတဲ့ကွန်တိန်နာကားတွေ ဆက်ပြီးမတောင့်ခံနိုင်ဘဲ မတ်လ (၁)ရက်နေ့ ပြန်ထွက်မယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ဒါဟာသတင်းအမှားသာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဈေးကွက်ထဲက တချို့ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ရေးအတွက်စဉ်းစား ဆွေးနွေးနေဆဲအခြေအနေသာဖြစ်ကြောင်း ကုန်သေတ္တာတင်မော်တော်ယာဉ်အသင်းကပြောပါတယ်။"ဈေးကွက်ထဲမှာက ဆေးဝါးတွေ ဒါက နိုင်ငံခြားကတင်ပို့တာကိုး။ နောက် |
ရွှေပြည်သာမှာ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ကင်းသမားနာရေး ဒီနေ့ ညနေ ပြုလုပ်မယ် Posted: 24 Feb 2021 05:43 AM PST ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက ရပ်ကွက်ကင်းစောင့်နေစဉ် ရဲကားတစ်စီးပေါ်ကနေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုတင်ထွဋ်ဟိန်းရဲ့ နာရေးကို ဒီနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မှာဖြစ်တယ်လို့ နာရေးဖိတ်စာမှာဖော်ပြထားပါတယ်။ကိုတင်ထွဋ်ဟိန်းပစ်ခတ်သတ်ဖြတ်ခံရမှုကို မိသားစု သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားပေမယ့် ရဲစခန်းက အမှုပေးမဖွင့်သေးဘဲ ဖျန်ဖြေပြောကြားတာ၊ ဖြစ်စဉ်ဟာ တာဝန်ချိန် |
မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် Posted: 24 Feb 2021 05:31 AM PST (၂၄-၂-၂၀၂၁)မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်။Photo- Min Min Latt The Mandalay News Journalhttps://www.facebook.com/TheMandalayNewsJournal |
Posted: 24 Feb 2021 05:27 AM PST မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ပတ်ကုန်းဝန်းကျင်ရပ်ကွက်နှင့် သီရိဟေမာအရှေ့ရပ်ကွက်တို့တွင် ဖေဖော်ဝါရီလ ၂၄ရက်နေ့ နံနက်ပိုင်းက အသစ်ခန့်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများကို ရပ်ကွက်နေပြည်သူများက လက်မခံ အသိအမှတ် မပြုကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပြီး ရုံးကို သော့ပိတ်ကာ သော့အား သံဃာတော်များထံ အပ်နှံထားရှိခဲ့ကြောင်း သိရသည်။ လင်းလင်း TheMandalayNewsJournalhttps://www.facebook.com/ |
မြန်မာအရပ်သားအစိုးရကိုပါ အင်ဒိုနီးရှား ဆက်သွယ်ညှိနှိုင်းနေ Posted: 24 Feb 2021 05:16 AM PST အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi။ (နိုဝင်ဘာ ၂၃၊ ၂၀၁၉)မြန်မာနိုင်ငံတွင်း ပြဿနာရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် အင်ဒိုနီးရှားအနေနဲ့ မြန်မာစစ်တပ်နဲ့ရော၊ အတိုက်အခံအရပ်သားအစိုးရနဲ့ပါ အပြင်းအထန်ဆွေးနွေးပြောဆိုနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောလိုက်ပါတယ်။ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ မြန်မာစစ်ကောင်စီရဲ့ထိပ်တန်းသံတမန်တို့နဲ့ ဘန်ကောက်မြို့မှာဆွေးနွေးပြီးနောက် |
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ Posted: 24 Feb 2021 05:14 AM PST စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲ) နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ယာ)။ (မှတ်တမ်းဓာတ်ပုံ(Combo))မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဒီကနေ့တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရက အတည်ပြုပြောဆိုပါတယ်။ဒီတွေ့ဆုံမှုနဲ့ |
ပျဉ်းမနားဆန္ဒပြပွဲမှာ သတင်းသမားတွေကို အင်အားသုံးဖမ်းဆီးဖို့ ကြိုးစား Posted: 24 Feb 2021 05:11 AM PST ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်၊ နေပြည်တော် ပျဥ်းမနားမြို့က လူထုဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်း ထောက်တွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးဖို့ ကြိုးစားတာကြောင့် သတင်းထောက်အတ်ောများများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ နေပြည်တော်အခြေစိုက် သတင်းထောက်တွေက ပြော ပါတယ်။သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်းတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ သတင်းသမားတွေ အပေါ် ဖိအားပေးခြိမ်းခြောက်တဲ့ စစ်ကောင်စီရဲ့ |
အင်ဒိုနီးရှားနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတို့ ထိုင်းမှာတွေ့ဆုံဖို့ သတင်းထွက်နေ Posted: 24 Feb 2021 05:09 AM PST အင်ဒိုနီးရှားနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတို့ ထိုင်းမှာတွေ့ဆုံဖို့ သတင်းထွက်နေ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကို ၂၀၁၉ နိုဝင်ဘာ ၂၃ ရက်နေ့က ဂျပန်မှာကျင်းပတဲ့ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရစဉ် / AFP Photoဖေဖော်ဝါရီ ၂၅ ရက်မှာ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရဲ့ မြန်မာခရီးစဉ် |
မုံရွာ ချင်းတွင်းဒိုးအဖွဲ့ရဲ့ အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှု Posted: 24 Feb 2021 05:06 AM PST မုံရွာ၊ဖေဖော်ဝါရီ-၂၄မုံရွာ ချင်းတွင်းဒိုးအဖွဲ့ရဲ့ အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုကို တင်ဆက်ပေးလိုက်ပါတယ်။#ချင်းတွင်းဒိုး #အာဏာသိမ်းMonywa Gazettehttps://www.facebook.com/monywagazette |
Posted: 24 Feb 2021 05:01 AM PST ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များအပေါ်ခြိမ်းခြောက်မှုများကို အကာအကွယ်ပေးနိုင်ရန်နှင့် ပြည်သူများ၏ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေရန်အလို့ငှာ CRYH ကိုယ်စား ဥပဒေရေးရာ ကိစ္စရပ်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေအထောက်အကူပြုအဖွဲ့ဖွဲ့စည်းထားရှိခြင်းနှင့်ပတ်သက်သော ကြေညာချက်အမှတ် (၇/၂၀၂၁) ကိုထုတ်ပြန်။National League for |
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူများထံပန်ကြားလွှာ Posted: 24 Feb 2021 05:00 AM PST စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူများထံပန်ကြားလွှာNational League for Democracyhttps://www.facebook.com/nldparty |
Posted: 24 Feb 2021 04:53 AM PST ဒီနေ့ မန္တလေးမြို့ မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်ဟုန်မြင့်တက်ခဲ့ပြီး ရဲစစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ့်အခြေအနေရှိခဲ့ပေမယ့် အဲဒီလမ်းကြောင်းကိုရှောင်ပြီး မနက် ၁၁ခွဲမှာ ငြိမ်းချမ်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ ဒီနေ့မနက် ၉ နာရီမှာ ၇၃ လမ်း၊ ၂၉ လမ်းနဲ့ လမ်း30ဝန်းကျင်မှာ ရဲ၊တပ်နဲ့ ဆန္ဒပြသူတွေ အခြေနေတင်းမာနေခဲ့တာပါ။ စစ်ကား ၁၀စီး၊ ရေကား တစီး အရောင်အသွင်ပြောင်း အမြှောက်ကားတစီး အချုပ်ကားတစီးတို့ |
မန္တလေးမှာ ရဲ၊ စစ်တပ်နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေ Posted: 24 Feb 2021 04:51 AM PST မန္တလေးမြို့ မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ထိုင်သပိတ်ဆန္ဒပြပွဲပြုလုပ်နေတဲ့ ၇၃ လမ်း၊ ၂၉ လမ်းနဲ့ လမ်း၃၀ ဝန်းကျင်မှာ ရဲ၊တပ်နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့နေတဲ့အခြေအနေမှာရှိနေပါတယ်။မန္တလေးမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရတနာပုံသင်္ဘောကျင်းမှာ CDM လုပ်နေတဲ့ သင်္ဘောကျင်းဝန်ထမ်းတွေကြောင့် ရပ်ထားတဲ့ သင်္ဘောတွေကို အာဏာပိုင်တွေက ပြင်ပစက်ခေါင်းမောင်းတွေခေါ်လာပြီး ပြေး |
စစ်အာဏာသိမ်းဆန့်ကျင်မှုမှာ စည်ပင်ဝန်ထမ်းတွေလည်း ပါ Posted: 24 Feb 2021 04:49 AM PST ရန်ကုန်မြို့လယ်မှာ စည်ပင်ဝန်ထမ်းတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုမြင်ကွင်းတွေကို ဖေဖော်ဝါရီ ၂၄ ရက်မနက်မှာ တွေ့ရတာဖြစ်ပါတယ်။ စည်ပင်ဝန်ထမ်းတွေဟာ "ဘယ်သူ့ဝန်ထမ်း ပြည်သူ့ဝန်ထမ်း" ဆိုတဲ့ ကြွေးကြော်သံတွေကို အားမာန်အပြည့်နဲ့ ဟစ်ကြွေးပြီး အနော်ရထားလမ်းကနေ ကမ်းနားလမ်းတစ်လျှောက် ဆင်းပြီး ချီတက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56140135 |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.