သစ္ထူးလြင္ |
- တပ်ထောက်ခံသူတွေ အကြမ်းဖက် ဓားနဲ့ဝင်ထိုး
- မန္တလေးက ကျန်းမာရေးဝန်ထမ်းတွေ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး မထိုးကြ
- စစ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင် ခြောက်ဦးကို ယူကေ ပိတ်ဆို့အရေးယူ
- စစ်အစိုးရကို ထိရောက်စွာအရေးယူဖို့ ကုလသမဂ္ဂကို Generation Z တောင်းဆို
- မုံရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်
- စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်သတ်ဖြတ်ခံရသူ စာရင်း
- ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ကန့်ကွက်
- စစ်အာဏာသိမ်းဆန့်ကျင်ရေး မြန်မာ့သနပ်ခါးတိုက်ပွဲ လှုပ်ရှားမှု
- သနပ်ခါးလိမ်း လူထုလှုပ်ရှားမှု
- ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အများအပြားမှာ သနပ်ခါးလိမ်း ဆန္ဒပြ
- ဖမ်းဆီးခံထားရစဉ် သေဆုံးသွားတဲ့ ကိုရာဇာအောင်
- ပျဥ်းမနားဆန္ဒပြပွဲ အဖမ်းခံရသူ ငါးဦးကို အကျဥ်းထောင်မှာ ချုပ်ထား
- တပ်ထောက်ခံသူများ လှည့်လည်ပွဲ ရဲက လုံခြုံရေးယူပေး
- စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်း
- မလေးရှားက မြန်မာ ၁၈၀ နီးပါး နေရပ်ပြန်
- မြန်မာဝန်ကြီးနဲ့ အလွတ်သဘောတွေ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံတုံ့ပြန်
- မုံရွာသတင်းထောက်နှစ်ဦး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံရ
- ကျိုက်မရောရွာခံ ကိုးဦးကို နယ်ခြားစောင့်တပ် ဖမ်းဆီးသွား
- Facebook နဲ့ Instagram ပေါ်က မြန်မာစစ်တပ်စာမျက်နှာတွေအားလုံး ပိတ်ပင်ခံရ
- ရန်ကုန်မြို့ ရုန်းရင်းဆန်ခတ်မှု လူ ၂၀ ထက်မနည်း ဒဏ်ရာရ
- တပ်မတော်ထောက်ခံသူတစ်စုကို မီးရထားအိမ်ရာဝင်းထဲမှာ ထိန်းသိမ်းပြီး ရဲလက်အပ်
- တပ်ထောက်ခံသူတွေ လမ်းသွားလမ်းလာတစ်ဦးကို ဓားနဲ့ထိုး၊ မော်တော်ယာဉ်တချို့ကို မှန်တွေရိုက်ခွဲ ဖျက်ဆီး
- စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ တာကြောင့် သေဆုံးသူ ရှစ်ဦးရှိလာ
- ရန်ကုန်မှာ တပ်ထောက်ခံသူတွေ တိုက်ခိုက်လို့ တစ်ဦးဓားထိုးခံရပြီး တချို့ထိခိုက်ဒဏ်ရာရ
တပ်ထောက်ခံသူတွေ အကြမ်းဖက် ဓားနဲ့ဝင်ထိုး Posted: 25 Feb 2021 07:16 AM PST ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့နံနက်ပိုင်းက ရန်ကုန် ဆူးလေရှန်ဂရီလာဟိုတယ်နားမှာ ဆန္ဒပြနေကြတဲ့ အာဏာသိမ်း စစ်တပ်ကို ထောက်ခံသူလူတစုဟာ လမ်းသွားလမ်းဟာ ပြည်သူတစ်ဦးကို ဓားနဲ့ဝင်ထိုးပြီး အုပ်စုဖွဲ့ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်လုံခြုံရေးကင်မရာက ရရှိတဲ့ ဒီဗီဒီယိုမှတ်တမ်းထဲမှာ လူတဦး ဝမ်းဗိုက် ဓားထိုးခံလိုက်ရတာကို တွေ့ရပါတယ်။ ဗီဒီယိုမှာ စိတ်မချမ်းမြေ့စရာ ပုံရိပ်များပါဝင်နေတာကို ကြိုတင်အသိပေးပါတယ်။RFA |
မန္တလေးက ကျန်းမာရေးဝန်ထမ်းတွေ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး မထိုးကြ Posted: 25 Feb 2021 07:12 AM PST စစ်အာဏာရှင်ဆန့်ကျင်ရေးအနေနဲ့ လုပ်ငန်းခွင်မဝင်ပဲ ဆန္ဒပြနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရမယ့် ရက်ရောက်လာပြီဖြစ်ပေမယ့် မထိုးဘူးလို့ ဆရာဝန်တွေထံက သိရပါတယ်။မြန်မာနိုင်ငံမှာထိုးတဲ့ ကာကွယ်ဆေးဟာ ၂ ကြိမ် ထိုးရတာဖြစ်ပြီး ပထမအကြိမ်ထိုးပြီး ၄ ပတ်အကြာမှာ ဒုတိယအကြိမ်ထိုးရတာပါ။"တရားဝင်ရွေးကောက်ပွဲအောင်နိုင်တဲ့အစိုးရဆိုရင်တော့ ထိုးမယ်။ လတ်တလောတော့ ပြည်သူတွေလည်း ဘယ်သူမှ မထိုးရသေး |
စစ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး Posted: 25 Feb 2021 07:09 AM PST ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ဒီကနေ့နေ့လယ် ၁ နာရီကစတင်ပြီးတော့ ထိုးပေးနေပြီဖြစ်ပါတယ်။ဖေဖော်ဝါရီ ၂၅ ရက် ဒီကနေ့မှာဆေးထိုးခွင့်ရရှိခဲ့ကြသူတွေဟာ ဗုဒ္ဓဘာသာထေရ်ကြီးဝါကြီးဆရာတော် ၂၀ ပါး၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် တွေအပါအဝင် ၁၉ ဦး၊ ဟိန္ဒူဘာသာရေးကောင်းဆောင် တစ်ဦး၊ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်တွေအပါအဝင် ၂၀ ဦး စုစုပေါင်း ၆၀ ဦးတို့ကို ထိုးနှံပေးခဲ့တာ |
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင် ခြောက်ဦးကို ယူကေ ပိတ်ဆို့အရေးယူ Posted: 25 Feb 2021 07:06 AM PST ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင် ခြောက်ဦးကို ယူကေ ပိတ်ဆို့အရေးယူမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ လုပ်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် ခေါင်းဆောင် ခြောက်ဦးကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ ယူကေက ဒီကနေ့ ကြေညာပါတယ်။ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ် ရပ်ဘ်က အခု အရေးယူမှုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ |
စစ်အစိုးရကို ထိရောက်စွာအရေးယူဖို့ ကုလသမဂ္ဂကို Generation Z တောင်းဆို Posted: 25 Feb 2021 07:03 AM PST မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေလုပ်နေတဲ့ စစ်အစိုးရ အပေါ် ပြင်းထန်ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို GenZ 21 Myanmar က တောင်းဆိုလိုက်ပါတယ်။ GenZ 21 Myanmar ကနေ မြန်မာပြည်သူတွေကိုယ်စား ကုလသမဂ္ဂကို ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သဘောထားကြေညာချက်တွေထက် အာဏာသိမ်းစစ်အစိုးရ |
မုံရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက် Posted: 25 Feb 2021 06:56 AM PST မုံရွာ၊ဖေဖော်ဝါရီ - ၂၅မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး အများစုမှာ ယနေ့နှုတ်ထွက်စာတင်ကြောင်း ၎င်းတို့ထံမှ သိရသည်။မြို့ပေါ်ရပ်ကွက် ၃၁ရပ်ကွက်တွင် မုံရွာဂေဇက်မှ စုံစမ်းရရှိမှု၌ ၂၉ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ကြောင်း သတင်းရရှိသည်။" ဒီစနစ်ကို မကြိုက်လို့ သမိုင်းမှာ တရားခံလည်းမဖြစ်ချင်ပါဘူး။ကျွန်တော်တို့ကလည်း ပြည်သူဖြစ်တဲ့အတွက် ပြည်သူတွေနဲ့တစ်သားတည်းရှိတယ်ဆိုတာ သိစေချင်လို့ပါ။ |
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်သတ်ဖြတ်ခံရသူ စာရင်း Posted: 25 Feb 2021 06:44 AM PST RFA က ကနဦး အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ စစ်တပ်နဲ့ရဲ လက်ချက်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၈ ဦး ရှိသွားပါပြီ။RFA Burmesehttps://www.facebook.com/rfaburmese |
ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ကန့်ကွက် Posted: 25 Feb 2021 06:41 AM PST ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ကန့်ကွက်ဒီကနေ့ ညနေပိုင်းမှာ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်တာတွေကို ဒေသခံတွေက မကျေနပ်ကန့်ကွက်တာတွေ ရန်ကုန်တိုင်းက တာမွေ၊ သာကေတနဲ့ ဒေါပုံစတဲ့ မြို့နယ်တွေ မှာ ဖြစ်ခဲ့ပြီး တာမွေမြို့နယ်မှာ ရဲတပ်ဖွဲ့က လူစုလူဝေးကို ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရဲတွေက ဝိုင်းထားခဲ့ပါတယ်။ အဲဒီရပ်ကွက်မှာ စစ်ကောင်စီက |
စစ်အာဏာသိမ်းဆန့်ကျင်ရေး မြန်မာ့သနပ်ခါးတိုက်ပွဲ လှုပ်ရှားမှု Posted: 25 Feb 2021 06:39 AM PST စစ်တပ်က အာဏာသိမ်းပြီး ၂၅ ရက်မြောက်နေ့မှာ မြန်မာ့သနပ်ခါး တိုက်ပွဲ အမည်နဲ့ စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။ ဆန္ဒပြသူတွေရဲ့ စုရပ်တွေဖြစ်တဲ့ လှည်းတန်း၊ မြေနီကုန်းတဝိုက် သနပ်ခါးတိုက်ပွဲ လှုပ်ရှားမှုမြင်ကွင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56140135 |
Posted: 25 Feb 2021 06:37 AM PST စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ အနေနဲ့ ရန်ကုန်မြို့မှာ ဒီနေ့ သနပ်ခါးလိမ်းပြီး စုဝေး ဆန္ဒပြကြပါတယ်။ သနပ်ခါးနဲ့ မျက်နှာပေါ်မှာ စစ်အာဏာရှင်ကို ကန့်ကွက်တဲ့ စာတွေ၊ CDM လုပ်ဖို့ တိုက်တွန်းတဲ့ စာတွေရေးပြီး စုဝေးဆန္ဒပြကြတာပါ။ VOA ရဲ့ မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။အိမ့်သန္တာထွန်း/ VOA Burmesehttps://burmese.voanews.com/a/tha-nat-khar/5792336.html |
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အများအပြားမှာ သနပ်ခါးလိမ်း ဆန္ဒပြ Posted: 25 Feb 2021 06:33 AM PST ရန်ကုန်မြို့က သနပ်ခါးလိမ်း ဆန္ဒပြပွဲမှာ ပါဝင်သူများ။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁)နွေဦးတော်လှန်ရေးလို့ အမည်တပ်ထားတဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံတဝန်းမှာ ဆက်ဖြစ်နေပြီး ဒီကနေ့မှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် တခြားမြို့တွေမှာပါ သနပ်ခါး လှုပ်ရှားမှုဆိုတာကို လုပ်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ကို ကန့်ကွက်တဲ့ စာသားတွေ၊ CDM လုပ်ဖို့ တိုက်တွန်းတဲ့ စာတွေကို မျက်နှာပေါ်မှာ သနပ်ခါးနဲ့ရေးပြီး စုဝေးဆန္ဒပြကြတာပါ။ |
ဖမ်းဆီးခံထားရစဉ် သေဆုံးသွားတဲ့ ကိုရာဇာအောင် Posted: 25 Feb 2021 06:29 AM PST ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မန္တလေး ရတနာပုံ သင်္ဘောကျင်း အနီးမှာ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲပြီးနောက် ဖမ်းဆီးသွားသူတွေထဲက ကိုရာဇာအောင်ဟာ ဖမ်းဆီးခံထားရစဉ်အတွင်းမှာ သေဆုံးသွားပါတယ်။ဖမ်းဆီးခံရတဲ့ နေ့ကတည်းကစလို့ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပြီး၊ လေးရက်မြောက်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်ဆေးရုံက ဆက်သွယ်လာတာကြောင့် မိသားစုဝင်တွေဟာ မန္တလေးမြို့ ၆၂လမ်း နဲ့ |
ပျဥ်းမနားဆန္ဒပြပွဲ အဖမ်းခံရသူ ငါးဦးကို အကျဥ်းထောင်မှာ ချုပ်ထား Posted: 25 Feb 2021 06:26 AM PST ပျဥ်းမနားဆန္ဒပြပွဲ အဖမ်းခံရသူ ငါးဦးကို အကျဥ်းထောင်မှာ ချုပ်ထား နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြသူတွေကို တွေ့ရစဉ် / Photo: RFA၂၂ ရက် ၂ လ ၂၀၂၁ ခုနှစ်၊ နေပြည်တော် ပျဥ်းမနားမြို့ ၂၂၂၂၂ လူထုလှုပ်ရှားမှုအတွင်း အဖမ်းခံခဲ့ရသူ ခြောက်ဦး အနက်၊ ငါးဦးကို နေပြည်တော် အကျဥ်းထောင်ကြီးမှာ ဆက်လက်ချုပ်နှောင်ထားပြီး ကျန်တစ်ဦး အဆက်အသွယ် မရဘဲ |
တပ်ထောက်ခံသူများ လှည့်လည်ပွဲ ရဲက လုံခြုံရေးယူပေး Posted: 25 Feb 2021 05:54 AM PST တပ်ထောက်ခံသူများ လှည့်လည်ပွဲ ရဲက လုံခြုံရေးယူပေးဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ စစ်ကောင်စီကို ထောက်ခံသူဆိုသူများက လှည့်လည်ရာကို ရပ်တပ်ဖွဲ့က လုံခြုံရေးယူထားပေးပြီးပိတ်ထားသောလမ်းတချို့ကိုလည်း ပြန်ဖွင့်ပေးခဲ့ပါတယ်။ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းမှာ တပ်မတော်ထောက်ခံပွဲလှည့်လည်မယ့် လူတွေ ရန်ကုန်ဘူတာကြီးမှာ စုဝေးစီတန်းနေတုန်းမှာ ရပ်ကွက်နေပြည်သူတွေက သံပုန်းတီးပြီး ဆန့်ကျင်ကြောင်းပြသခဲ့ပါတယ်။အဲဒါ |
စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်း Posted: 25 Feb 2021 05:53 AM PST စစ်ကောင်စီက ခန့်အပ်ထားတဲ့ စီမံဘဏ္ဍာစက်မှုဝန်ကြီး ဦးဝင်းရှိန်ကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်းလိုက်တဲ့အကြောင်းကြားစာတစ်စောင် လူမှုကွန်ရက်မှာ ပျံံ့နှံ့နေပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲနဲ့ အဲဒီစာမှာ ဝန်ကြီး ဦးဝင်းရှိန်ကို လိပ်မူထားပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ဌာနေဒါရိုက်တာ မာရီယမ်ဂျေရှီယာမန်ရဲ့ လက်မှတ်ရေးထိုးထားတာတွေ့ရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် |
မလေးရှားက မြန်မာ ၁၈၀ နီးပါး နေရပ်ပြန် Posted: 25 Feb 2021 05:51 AM PST မလေးရှားနိုင်ငံက နေရပ်ပြန် မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ - မြန်မာသံရုံး(မလေးရှား) - ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁)ကပ်ဘေးကာလမှာ မလေးရှားနိုင်ငံထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၈၀ နီးပါးကို ဒီနေ့မှာပဲ မြန်မာသံရုံးအစီစဉ်နဲ့ နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြမှာပါ။မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ မှာပိတ်မိနေတဲ့မြန်မာနိုင်ငံသား ၁၈၀ နီးပါးကို ဒီနေ့မှာပဲ |
မြန်မာဝန်ကြီးနဲ့ အလွတ်သဘောတွေ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံတုံ့ပြန် Posted: 25 Feb 2021 05:49 AM PST ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Tanee Sangrat (ဓာတ်ပုံ- AP - ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁)ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုဟာ အလွတ်သဘောသာဖြစ်တယ်လို့ ထိုင်းနိုင်ငံက ပြောကြားလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မကြာခင် အလွတ်သဘောဆွေးနွေးဖို့ကိစ္စကိုသာ အဓိကပြောခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ |
မုံရွာသတင်းထောက်နှစ်ဦး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံရ Posted: 25 Feb 2021 05:47 AM PST မုံရွာသတင်းထောက်နှစ်ဦး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံရ မုံရွာမြို့မရဲစခန်းပုံ / Photo: CJစစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အမျိုးသမီး သတင်းထောက် နှစ်ဦးကို တပ်မတော်အပေါ် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ မုံရွာမြို့မရဲစခန်းက အမှုဖွင့်ပြီး ဒီနေ့မနက် ၁၀ နာရီခန့်က အာမခံနဲ့ ပြန်လွှတ် လိုက်ပါတယ်။သူတို့နှစ်ဦးကို တစ်ယောက် ငွေကျပ်သိန်း ၅၀ စီ အာမခံနဲ့ ပြန်လွှတ်လိုက်တာလို့ စစ်ကိုင်းတိုင်းဒေသကြီး သတင်းသမား |
ကျိုက်မရောရွာခံ ကိုးဦးကို နယ်ခြားစောင့်တပ် ဖမ်းဆီးသွား Posted: 25 Feb 2021 05:45 AM PST ကျိုက်မရောရွာခံ ကိုးဦးကို နယ်ခြားစောင့်တပ် ဖမ်းဆီးသွား BGF တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ် / Photo: RFAကျိုက်မရော ကဒါကျေးရွာအုပ်စုက ဒေသခံ ခြောက်ဦး၊ ဖနုံကျေးရွာ ကျေးရွာအုပ်စု သုံးဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနေ့ညက နယ်ခြားစောင့်တပ် ၁၀၂၁ က လာရောက် ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက RFA ကို ပြောပါတယ်။ကျိုက်မရောမြို့နယ်မှာ မိကသစ်ကျေးရွာအုပ်စုက တပ်ဌာနချုပ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပြီးဘာ ကြောင့် ဖမ်းဆီးသွား |
Facebook နဲ့ Instagram ပေါ်က မြန်မာစစ်တပ်စာမျက်နှာတွေအားလုံး ပိတ်ပင်ခံရ Posted: 25 Feb 2021 05:37 AM PST ဖုန်းသုံးနေသူ အမျိုးသားတဦး။ (မတ် ၂၃၊ ၂၀၁၈)Facebook နဲ့ Instagram လူမှုကွန်ယက်တွေပေါ်က မြန်မာစစ်တပ်ရဲ့ စာမျက်နှာတွေကို Facebook ကုမ္ပဏီက ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် စစ်တပ်ထိန်းချုပ်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေအားလုံးနဲ့ စစ်တပ်နဲ့ဆက်နွယ်သမ ျှ စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ငြာအားလုံးကို Facebook နဲ့ Instagram တို့ပေါ် တင်လို့မရအောင် တားမြစ်ပိတ်ပင်လိုက်တယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် |
ရန်ကုန်မြို့ ရုန်းရင်းဆန်ခတ်မှု လူ ၂၀ ထက်မနည်း ဒဏ်ရာရ Posted: 25 Feb 2021 05:35 AM PST ရန်ကုန်မြို့က ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁)ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးအနီးမှာ တပ်မတော်ကို ထောက်ခံဆန္ဒပြသူတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေအကြား ဒီကနေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး တပ်မတော် ထောက်ခံဆန္ဒပြသူတွေက လေးခွတွေ၊ ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြောင့် လူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုး |
တပ်မတော်ထောက်ခံသူတစ်စုကို မီးရထားအိမ်ရာဝင်းထဲမှာ ထိန်းသိမ်းပြီး ရဲလက်အပ် Posted: 25 Feb 2021 05:32 AM PST ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းမကြီးမှာ ဆူပူရန်စခဲ့တဲ့ တပ်မတော်ထောက်ခံသူကားတစ်စီးကို လူထုကတားဆီးပြီး ဦးဖိုးကျားလမ်းထဲမှာရှိတဲ့ သာသနာ့ဟိတဓမ္မာရုံမှာထိမ်းသိန်းထားခဲ့ပါတယ်။ အဲဒီနောက် ဒီမွန်းလွဲ ၁၂ နာရီကျော်မှာထိန်းသိမ်းထားသူတွေကို ရဲလက်ကိုအပ်ခဲ့ပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56140135 |
တပ်ထောက်ခံသူတွေ လမ်းသွားလမ်းလာတစ်ဦးကို ဓားနဲ့ထိုး၊ မော်တော်ယာဉ်တချို့ကို မှန်တွေရိုက်ခွဲ ဖျက်ဆီး Posted: 25 Feb 2021 05:29 AM PST ဓားနဲ့တိုက်ခိုက်သူတစ်ဦးတပ်မတော်ထောက်ခံသူဆိုသူတချို့ လမ်းသွားလမ်းလာတစ်ဦးကို ဓားနဲ့ထိုးတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းက တပ်ထောက်ခံသူတွေထဲက တစ်ဦးဟာ လက်ထဲမှာ ဓားတစ်လက်ကိုင်ထားပြီး ဆူးလေ ရှန်ဂလီလာဟိုတယ်နားမှာ လမ်းသွားလမ်းလာတွေကိုခြိမ်းခြောက်ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာပါ။အဲဒီလိုခြိမ်းခြောက်နေစဉ်မှာပဲ ဗိုလ်ချုပ်လမ်းပေါ်မှာ |
စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ တာကြောင့် သေဆုံးသူ ရှစ်ဦးရှိလာ Posted: 25 Feb 2021 05:27 AM PST စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ တာကြောင့် သေဆုံးသူ ရှစ်ဦးရှိလာ မန္တလေးမှာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကိုမင်းမင်းရဲ့ နာရေးမှာ မိသားစုဝင်တွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ရစဉ် / Photo: RFAစစ်အာဏာသိမ်းမှုကို စတင်ကန့်ကွက်ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ရာမှာ သေနတ်ကျည်ဆန်ထိမှန်လို့ သုံးယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေနဲ့ အဖမ်းခံထားရသူတွေ အများအပြားရှိပါတယ်။ RFA |
ရန်ကုန်မှာ တပ်ထောက်ခံသူတွေ တိုက်ခိုက်လို့ တစ်ဦးဓားထိုးခံရပြီး တချို့ထိခိုက်ဒဏ်ရာရ Posted: 25 Feb 2021 05:25 AM PST ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော် အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းကစလို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ မြို့နယ် အားလုံးနီးပါးမှာ နေ့စဉ်ရှိနေပါတယ်။ ဒီနေ့မှာလည်း စစ်အာဏာရှင် ကန့်ကွက် ဆန္ဒပြပွဲတွေ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့နယ်တွေမှာ ဆက်လက်အားကောင်းနေပါတယ်။ရန်ကုန်မြို့မှာတော့ စစ်အာဏာရှင်ကန့်ကွက် ဆန္ဒပြသူတွေ အများအပြားစုဝေးလေ့ရှိတဲ့ ဆူးလေအနီး ပတ်ဝန်းကျင်ကို ရဲတပ်ဖွဲ့က ဒီနေ့မှာလည်း ပိတ်ထားခဲ့ပါ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.