Friday, February 26, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မုံရွာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

Posted: 26 Feb 2021 07:39 AM PST

မုံရွာဂေဇက်၊ ဖေဖော်ဝါရီ-၂၆မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာအနီး အဝိုင်းတွင် ဆန္ဒပြ မုံရွာလူထုကညီလာခံကျင်းပပြီး ပြည်သူများရွေးချယ်ကြသော မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းကြသည် ဟုဆိုသည်။မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင် ၁၀ ဦးရွေးချယ်ကြပြီး လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် မြို့မိမြို့ဖ တစ်ချို့ပါဝင်သည်။ရွေးချယ်ခံအဖွဲ့ဝင်အားလုံး လူထုရှေ့တွင် ကတိသစ္စာခံကြသည်။Monywa

CDM လုပ်တဲ့ဝန်ထမ်းတွေ ဖိအားပေးခံရတာကြောင့် လုံခြုံရေး စိုးရိမ်နေ

Posted: 26 Feb 2021 07:06 AM PST

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ လူမှုဖူလုံရေးအဖွဲ့က CDM လုပ်နေကြတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ဖိအားပေးတာတွေရှိနေလို့ သူတို့ရဲ့လုံခြုံရေးစိုးရိမ်နေရတယ်လို့ ဝန်ထမ်း တွေက ပြောပါတယ်။နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက အလုပ်သမားဝန်ကြီးဌာနရဲ့ လူမှုဖူလုံရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်းနေတဲ့ ဝန်ထမ်း ၆၀၀ ကျော်ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM

တောင်ကုတ်မြို့ခံ လေးဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင်

Posted: 26 Feb 2021 07:02 AM PST

တောင်ကုတ်မြို့ခံ လေးဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင် စွဲချက်တင် အမိန့်ချမှတ်ခံရတဲ့ ဦးဇေယျကျော်တို့အဖွဲ့ကို ၂၀၂၀ ဇွန်လအတွင်းက တွေ့ရစဉ် / Photo: U Tin Nyoရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ ပတ်သက်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ-၅၂(က) နဲ့ စွပ်စွဲခံထားရတဲ့ ဦးဇေယျကျော်၊ ဦးစန်းငွေ၊ ဦးဝေသောင်း၊ ကိုစည်သူကျော်ဇံ(ခေါ်) ကျော်ဇော မိုက်ကယ် တို့ လေးဦးကို

၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ ကော်မရှင်သစ်ပြော

Posted: 26 Feb 2021 06:49 AM PST

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတဲ့အတွက်၊ အရင်ကရှိခဲ့တဲ့ လွှတ်တော်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပြီလို့ ရွေးကောက်ပွဲကော်မရှင်သစ် ဥက္ကဋ္ဌ ဦးသိန်းစိုး က ဒီကနေ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။ဒီကနေ့ အစည်းအဝေးကို မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့တဲ့၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျန်ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေ

ရွေးကောက်ပွဲကော်မရှင်သစ်ပြောဆိုချက် လက်မခံဘူးလို့ NLD ပါတီတုံ့ပြန်

Posted: 26 Feb 2021 06:45 AM PST

NLD ပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်တရားဝင် ပျက်ပြယ်သွားပြီလို့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကသစ် ဦးသိန်းစိုးက ဒီကနေ့နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အဲဒီလို ပြောဆိုချက်တွေကို လုံးဝလက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ NLD ဘက်က ထုတ်ပြန်ချက်ထုတ် တုံ့ပြန်ပြောဆိုပါတယ်။နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ

ရွေးကောက်ပွဲကော်မရှင်ကော်မရှင်အသစ်နဲ့ ပါတီ ၅၀ ကျော် တွေ့ဆုံ

Posted: 26 Feb 2021 06:43 AM PST

ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီ ၅၀ ကျော် ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ တွေ့ဆုံနေပါတယ်။ ဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း မတက်ရောက်သလို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် ပါတီတချို့မတက်ရောက်ဘူးလို့ အသီးသီးထုတ်ပြန်ထားပါတယ်။၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန်မှာ

မန္တလေး ဆန္ဒပြသူတွေ အင်အားသုံး ပစ်ခတ် ဖြိုခွဲခံရ

Posted: 26 Feb 2021 06:41 AM PST

မန္တလေး ဆန္ဒပြသူတွေ အင်အားသုံး ပစ်ခတ် ဖြိုခွဲခံရမန္တလေးမှာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ် ဖြိုခွင်းတဲ့အတွက် ဒဏ်ရာရသူတွေ ရှိခဲ့သလို လူအများအပြားကိုလည်း ဖမ်းဆီးသွားပါတယ်။ မန္တလေးမြို့ရဲ့ ဒီကနေ့အခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်က မန္တလေးကနေ သတင်းပေးပို့ထားပါတယ်။ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့လည်ပိုင်းလောက်မှာ မန္တလေး ၆၂ လမ်း မနော်ရမ္မံ ဥယျာဉ် အရှေ့

ဂျပန်နိုင်ငံသား သတင်းထောက်တစ်ဦး ဖမ်းဆီးခံရပြီး ပြန်လွတ်လာ

Posted: 26 Feb 2021 06:38 AM PST

ဂျပန်နိုင်ငံသား သတင်းထောက်တစ်ဦး ဖမ်းဆီးခံရပြီး ပြန်လွတ်လာ ဂျပန်နိုင်ငံသား သတင်းထောက် Yuki Kitazumi ဖမ်းဆီးခံရစဉ်  / Aung Koစစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရန်ကုန်မြို့မှာ သတင်းယူနေတဲ့ ဂျပန်နိုင်ငံသား သတင်းထောက် Yuki Kitazumi ဖေဖော်ဝါရီလ ၂၆ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ဒီကနေ့ မြေနီကုန်းမှာ ဆန္ဒပြပွဲသတင်းယူနေစဉ် နံနက် ၁၁ နာရီခွဲလောက်မှာ ဖမ်းဆီးခံထားရတာဖြစ်ပြီး ၅ နာရီကြာ

မန္တလေးက တက်ကြွလှုပ်ရှားသူ ကိုအောင်မှိုင်းဆန်း နဲ့ ဇနီး အဖမ်းခံရ

Posted: 26 Feb 2021 06:36 AM PST

မန္တလေးက တက်ကြွလှုပ်ရှားသူ ကိုအောင်မှိုင်းဆန်း နဲ့ ဇနီး အဖမ်းခံရ မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ဇနီးကိုဆန္ဒပြပွဲမှာတွေ့ရစဉ်မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းနဲ့ သူ့ဇနီးကို ၄၁ လမ်း ၈၅ လမ်းအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ ညနေမှာ ဖမ်းဆီးသွားပါတယ်။မျက်မြင်တွေ့ခဲ့သူတစ်ဦး က "စစ်ကားတွေနဲ့ ၄၁ လမ်းမီးပွိုင့်မှာ ကားတွေ ပိတ်ရပ်ကြ

မြေနီကုန်းဆန္ဒပြမှုက ဖမ်းဆီးခံ ဆေး၂ ကျောင်းသား ပြန်လွတ်ပြီ

Posted: 26 Feb 2021 06:33 AM PST

မနက်ပိုင်းက ရန်ကုန်မြို့၊ မြေနီကုန်းမှာ ရေပေးဝေရင်း ဖမ်းဆီးခံလိုက်ရတဲ့ ဆေးတက္ကသိုလ် (၂)ကျောင်းသားကို အခုည ၈ နာရီ ခွဲ၀န်းကျင်မှာ စမ်းချောင်းရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။"မိဘတွေကို အထဲဝင်ခဲ့ပါဆိုပြီး ရဲစခန်းထဲ မိဘတွေနဲ့ စကားပြောကြတယ်။ ခံ၀န်ထိုးခိုင်းသလားဆိုတာကတော့ ကျွန်တော်တို့ အတိအကျ မသိရသေးပါဘူး။ ကျောင်းသားကို ဖမ်းဆီးတုန်းက ရိုက်နှက်ပေမယ့် စခန်းရောက်တော့ ရိုက်နှက်တာမရှိဘူးလို့

မြေနီကုန်းမှာ ဖမ်းဆီးခံရတဲ့ ဆေးတက္ကသိုလ်ကျောင်းသားအတွက် ရှေ့နေတွေပါ လိုက်ပါဆောင်ရွက်နေ

Posted: 26 Feb 2021 05:37 AM PST

ဖေဖော်ဝါရီ ၂၆ ရက် ဒီမနက်ပိုင်းမှာ မြေနီကုန်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို အင်အားသုံးဖြိုခွဲရာမှာ ဆေးတက္ကသိုလ် (၂) နောက်ဆုံးနှစ် အပိုင်း (က) ကျောင်းသား တဦး ဖမ်းဆီးခံရပါတယ်။ အဲဒီ ကျောင်းသားဟာ လက်ရှိမှာ မြေနီကုန်း အချုပ်ကားပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။ " ရှေ့နေကိုလည်း ပြောပြီးပြီ၊ သူ့အိမ်ကလည်း သူ့အဖေကလည်း လိုက်နေတယ်ဗျ၊ ကျွန်တော်တို့လည်း အခု မြေနီကုန်းကို သွားနေတယ်။ မြေနီကုန်းကနေ တခြားနေရာမရွှေ့

မန္တလေး ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ

Posted: 26 Feb 2021 05:35 AM PST

မန္တလေးမြို့မှာ နေရာအနှံ့နီးပါး ဆန္ဒပြမှုတွေ ရှိခဲ့ပြီး လုံခြုံရေးအဖွဲ့တွေက မနက် ၈နာရီ ကတည်းက စစ်ကား၊ရေကား၊ အချုပ်ကားတွေနဲ့ မြို့တွင်း လှည့်လည်နေခဲ့ကြပါတယ်။အဲဒီနောက် ဆန္ဒပြစုရပ်နေရာတွေကို ဖမ်းဆီး၊ ပစ်ခတ်လူစုခွဲတာတွေပြုလုပ်ခဲ့ပါတယ်။နေ့လယ် ၁၂ နာရီ နောက်ပိုင်းမှာ ပစ်ခတ်လူစုခွဲပြီးနောက် ၈၅ လမ်းနဲ့ ၈၇ လမ်းကြား၊ ၃၅ လမ်း မြတောင်တိုက်ရှေ့နဲ့ ၃၈ လမ်းနဲ့ ၄၂ လမ်းကြား၊ ၆၂ လမ်းတို့မှာ ဆန္ဒပြသူတွေအပြင် လမ်းဘေး

ဒေါ်အောင်ဆန်းစုကြည်အမှု တရားမျှတမှုအခြေအနေ ရှေ့နေဖြစ်သူစိုးရိမ်

Posted: 26 Feb 2021 05:34 AM PST

Khin Maung Zaw (C), a lawyer representing detained Myanmar civilian leader Aung San Suu Kyi and ousted president Win Myint, is pictured outside Zabuthiri Township Court in Naypyidaw on February 16, 2021. (Photo by STR / AFP)စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီး စွဲချက်တင်ခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရဘဲ ဒီအမှုကို လိုက်ပါဆောင်ရွက်ရမယ့် ကိစ္စအပေါ် တရား

ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တချို့ကို အကျယ်ချုပ်ထား

Posted: 26 Feb 2021 05:32 AM PST

ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တချို့ကို အကျယ်ချုပ်ထား ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနေထိုင်တဲ့ ဝန်ကြီးများအိမ်ရာဝန်းကိုလာတဲ့လမ်းမှာ နေရာယူထားတဲ့ တပ်မတော်သားအချို့ကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ် / Photo: RFAတပ်မတော်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ငါးဦးတို့ ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ပြန်လွတ်လာပါတယ်။

နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူ အဖမ်းခံထားရ

Posted: 26 Feb 2021 05:30 AM PST

နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူ အဖမ်းခံထားရ နေပြည်တော်နယ်မြေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းသူ ကို တွေ့ရစဉ် / Photo: Ko Min Thu - facebookနေပြည်တော်နယ်မြေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းသူဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်အစောပိုင်း နှစ်နာရီခန့်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် တစ်ဦးက အတည်ပြုပါတယ်။ဦးမင်းသူကို ဘယ်

ဒဂုံတောင်မှာ ရပ်ကွက်ကပိတ်ထားတဲ့ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ရဲတပ်ဖွဲ့ လာဖွင့်

Posted: 26 Feb 2021 05:28 AM PST

 ဒဂုံမြို့သစ် တောင်ပိုင်း အမှတ်​ ၁၄၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရဲယာဥ်တန်းကား လေးစီး၊ လက်နက်အပြည့်အစုံနဲ့ လာရောက်ပြီးရပ်ကွက်နေသူတွေက ပိတ်သိမ်းထားတဲ့ အုပ်ချုပ်ရေးမှူးရုံး တံခါးကို လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်ခံနိုင်ဖို့ ရဲတပ်ဖွဲ့က ညနေ​ ၄ နာရီခန့်က​ ရုံးကို လာဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို လာရောက်ဖွင့်လှစ်ရာမှာ အုပ်ချုပ်ရေးမှူး မပါရှိဘဲ

မြေနီကုန်းဆန္ဒပြမှုက ဖမ်းထားသူတွေ လွှတ်ပေးဖို့ တောင်းဆို

Posted: 26 Feb 2021 05:26 AM PST

ဖမ်းထားသူတွေ လွှတ်ပေးပေးရေး တောင်းဆိုဖို့ စမ်းချောင်းရဲစခန်းကို သွားရောက်နေသူတွေမြေနီကုန်း ဆန္ဒပြမှုကနေ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ စမ်းချောင်းရဲစခန်းရှေ့မှာ လူတွေ စုရုံးရောက်ရှိနေပြီး လူစုလူဝေး ရှိရာကို ရဲကားတွေနဲ့ ရေကားနှစ်စီး ညနေ ၇ နာရီ မတိုင်ခင် ရောက်ရှိလာပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56140135

မြန်မာအာဏာသိမ်းမှု အရေးယူဖို့ ကန်အထက်လွှတ်တော်အမတ်တွေဆီ မြန်မာတွေ ဖုန်းဆက် တိုက်တွန်း

Posted: 26 Feb 2021 05:24 AM PST

အမေရိကန် လွှတ်တော်မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာစေဖို့ အာဏာသိမ်းစစ်တပ် ဦးဆောင်တဲ့ အုပ်ချုပ်သူတွေကို ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုလုပ်ပေးဖို့ အမေရိကန်ရောက် မြန်မာတွေက သက်ဆိုင်ရာပြည်နယ် အထက်လွှတ်တော် အမတ်တွေဆီ တရက်ထဲမှာ ဖုန်းခေါ်ဆိုမေတ္တာရပ်ခံတဲ့ လှုပ်ရှားမှုတရပ်ကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ကြတဲ့အကြောင်း မမြသဇင်အောင်ကနေ ပြောပြပါမယ် ။အမေရိကန်ရောက် မြန်မာတွေကသူတို့နေထိုင်တဲ့ သက်ဆိုင်ရာပြည်နယ်ရဲ့

မြေနီကုန်းနဲ့ လှည်းတန်း ဆန္ဒပြပွဲများ အင်အားသုံး ဖြိုခွဲခံရ

Posted: 26 Feb 2021 05:22 AM PST

မြေနီကုန်းဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအင်အားသုံးလူစုခွဲရန်ကုန်နဲ့ မန္တလေးက ဒီကနေ့ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က အင်အားသုံးနှိမ်နင်းခဲ့ပြီး ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။အဲဒီဖြိုခွဲမှုအတွင်း ထိခိုက်ဒဏ်ရာရတာတွေ ရှိပေမယ့် အတိအကျတော့ မသိရသေးပါဘူး။ ရန်ကုန်မြို့၊ လှည်းတန်းအရပ်မှာ ပထမတကြိမ် ဖြိုခွဲပြီးတဲ့နောက် ရဲအင်အား ပြန်လျော့သွားချိန်မှာ ဆန္ဒပြသူတွေ ပြန်စုပြီး ကြွေးကျော်သံတွေ အော်ဟစ်ပြီးတော့ နောက်တကြိမ် ထပ်

တာမွေမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒပြသူတွေကို ဖမ်းဆီးထား

Posted: 26 Feb 2021 05:20 AM PST

တာမွေမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒပြသူတွေကို ဖမ်းဆီးထား ရန်ကုန်မှာ ဆန္ဒပြသူတွေကို လိုက်ရှာပြီး ဖမ်းနေတဲ့ ရဲတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တွေ့ရစဉ် / AFP Photoရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်တွေကို မလိုလားကြောင်း ဖေဖော်ဝါရီ ၂၅ ရက် မနေ့ညနေပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့လို့ စစ်တပ်နဲ့ ရဲတွေက လမ်းတွေထဲ ရပ်ကွက်နေပြည်သူတွေကို ဝင်ဖမ်းပြီး

လှည်းတန်းနဲ့ မြေနီကုန်းမှာ ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ် အင်အားသုံး လူစုခွဲ

Posted: 26 Feb 2021 05:18 AM PST

လှည်းတန်းနဲ့ မြေနီကုန်းမှာ ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ် အင်အားသုံး လူစုခွဲ ရန်ကုန်မြို့ ၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ပြည်လမ်းထောင့်မှာ ရဲနဲ့တပ် နေရာယူထားတာကို ၂၀၂၁၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ် / Photo: RFAရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဒီနေ့မနက်က စစ်အစိုးရဆန့်ကျင်ရေး သိန်းနဲ့ချီ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲက အင်အားသုံးလူစုခွဲခဲ့ပါတယ်။  ပြည်လမ်းနဲ့ လှည်းတန်းတံတားပေါ်မှာ ရဲနဲ့ စစ်တပ်အင်အား

ကြေညာချက်အမှတ် ၁၀/၀၂/၂၀၂၁

Posted: 26 Feb 2021 05:16 AM PST

ကြေညာချက်အမှတ် ၁၀/၀၂/၂၀၂၁National League for Democracyhttps://www.facebook.com/nldparty

သုံးခွမြို့ ပြည်သူ့အစိုးရထံမှ မတရားအာဏာသိမ်းယူထားသော စစ်ကောင်စီကျဆုံးရေး ပြည်သူများ ဆက်လက်တိုက်ပွဲဝင်

Posted: 25 Feb 2021 07:34 PM PST

 26.2.2021.   သုံးခွမြို့ ပြည်သူ့အစိုးရထံမှ မတရားအာဏာသိမ်းယူထားသော စစ်ကောင်စီကျဆုံးရေး ပြည်သူများ ဆက်လက်တိုက်ပွဲဝင် သပိတ်တိုက်ပွဲဆင်နွှဲ

SGX-စာရင်းဝင် ကုမ္ပဏီသည် မြန်မာစစ်တပ်သို့ ဘတ်ဂျက်ပြင်ပ ပေးချေမှုတွင် သန်းပေါင်းများစွာ ရှာဖွေနေခြင်း

Posted: 25 Feb 2021 07:11 PM PST

ETC ၏ ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့နေခြင်းကြောင့် ကုန်သွယ်မှု ရပ်ဆိုင်းထားရန် JFM က SGX အား တောင်းဆိုလိုက်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်။ မြန်မာနိုင်ငံ။ Justice For Myanmar (JFM) သည် စင်ကာပူ စတော့ စာရင်းဝင် ကုမ္ပဏီသည် မြန်မာစစ်တပ်၏ တပ်ထောက်ချုပ်ရုံးအတွက် သန်းနှင့်ချီပြီး ငွေကြေးများ ရှာဖွေပေးနေပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ပြစ်မှုများကို ငွေကြေးထောက်ပံ့နေခြင်းဖြင့် SGX သည် နိုင်ငံတကာ လူ့

ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ ပရိတ်ရွတ်၊ မေတ္တာပို့ ဆုတောင်း

Posted: 25 Feb 2021 07:07 PM PST

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်ပြီး အရေးတော်ပုံကြောင့် ကွယ်လွန်သွားကြသူတွေအတွက် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ ပရိတ်၊ ပဋ္ဌာန်းတွေရွတ်ဆိုပြီး မေတ္တာပို့ အမျှဝေနေတာဖြစ်ပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.