Thursday, March 11, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မိုးကုတ်မှာ သံဃာတွေဖမ်းဆီးခံရ

Posted: 11 Mar 2021 08:15 AM PST

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ်လ ၁၁ ရက် ဒီကနေ့မှာ ပစ်ခတ်ဖြိုခွဲခဲ့ပြီး လိုက်လံဖမ်းဆီးနေတဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။ ဆန္ဒပြနေတဲ့ လူငယ်တွေအပြင် အနီးမှာရှိနေတဲ့ ရေပူကျောင်းဆရာတော် ဦးဣန္ဒအပါအဝင် သံဃာတော်တွေကိုလည်း ဖမ်းသွားတာ တွေ့ရပါတယ်။သံဃာတော်တွေ ဖမ်းခံရတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို RFA က မသိရသေးပါဘူး။RFA Burmesehttps://www.facebook.com/rfaburmese/

မြောက်ဒဂုံက ပစ်ခတ်ခံရသူအလောင်း စစ်တပ်လုယူသွား

Posted: 11 Mar 2021 08:13 AM PST

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ထဲမှာ မတ်လ ၁၁ ရက် ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲခဲ့လို့ တစ်ဦးသေဆုံးခဲ့ပါတယ်။၂၅ နှစ်အရွယ် ကိုချစ်မင်းသူဟာ ဦးခေါင်းကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တာပါ။သေဆုံးသူရဲ့ ရုပ်အလောင်းကို ရပ်ကွက်ထဲမှာ ထားဖို့မဖြစ်နိုင်တာကြောင့် ပရဟိတအဖွဲ့ကားနဲ့ မြောက်ဥက္ကလာဆေးရုံကို ပြောင်းသယ်သွားချိန် လမ်းမှာ စစ်တပ်က လုယူသွားတယ်လို့ ရပ်ကွက်နေသူတစ်ဦး

မန္တလေးမှာ သေဆုံးသူတွေအတွက် ဖယောင်းတိုင်ထွန်းဆုတောင်း

Posted: 11 Mar 2021 07:56 AM PST

 မန္တလေးမှာ သေဆုံးသူတွေအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းမန္တလေးမြို့က ရပ်ကွက်အများစုမှာ ညပိုင်း သံပုံးတီးတာနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့အတူ ပြုလုပ်ကြပါတယ်။ သေဆုံးသူတွေအတွက် ဖယောင်းတိုင်တွေ ကိုင်ဆောင်ပြီး ဆုတောင်းတာတွေပါ ပြုလုပ်ကြခဲ့ပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56331237

မုံရွာ ရန်ကင်းရပ်ကွက် လိုက်ဖမ်းတဲ့သူမမိလို့ဆိုပြီး အနားက မီးဖွင့်ထမင်းစားနေတဲ့ အိမ်တအိမ်ကို အာဏာသိမ်းအကြမ်းဖက်အဖွဲ့ကဝင်ရောက် ရိုက်နှက်ဖျက်ဆီးသွားတဲ့မြင်ကွင်း

Posted: 11 Mar 2021 07:50 AM PST

(၁၁/၃/၂၀၂၁)မုံရွာ ရန်ကင်းရပ်ကွက် လိုက်ဖမ်းတဲ့သူမမိလို့ဆိုပြီး အနားက မီးဖွင့်ထမင်းစားနေတဲ့ အိမ်တအိမ်ကို အာဏာသိမ်းအကြမ်းဖက်အဖွဲ့ကဝင်ရောက် ရိုက်နှက်ဖျက်ဆီးသွားတဲ့မြင်ကွင်းBurma News Networkhttps://www.facebook.com/burmanewsnetwork

လူ့အခွင့်အရေး စုံစမ်းသူ ကုလ လူ့အခွင့်အရေးကာင်စီတွင် မိန့်ခွန်းပြောမည်

Posted: 11 Mar 2021 07:49 AM PST

(၁၁-၃-၂၀၂၁)မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းသူ  Tom Andrews မကြာခင်မီနစ်ပိုင်းအတွင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအခြေအနေကို တင်ပြဆွေးနွေးဖု့ိရှိနေပါတယ်။အစောပိုင်းထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်မှု၊ ကျည်အစစ်သုံးပြီး ပစ်ခတ်မှု၊ ဖမ်းဆီးမှုတွေအတွက် ဓာတ်ပုံ၊ ဗွီဒီယို အထောက်အထား အပြည့်အစုံရထားတယ်။ ပြစ်မှုကျုးလွန်သူတွေကို ခုရုံးတင်နိုင်ဖို့ ဆောင်ရွက်

စုအသက်မွေးဝမ်းကျောင်းသိပ္ပံက ဦးဇော်မြတ်လင်းကို အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်ခဲ့

Posted: 11 Mar 2021 07:47 AM PST

(၁၁/၃/၂၀၂၁)ဦးဇော်မြတ်လင်းကို ရိုက်နက်ဖမ်းဆီးသွားတဲ့ ညမှာပဲ သတ်ဖြတ်ပြီးအလောင်းကို ပြန်ပို့ခဲ့တာပါ။ စစ်ကောင်စီပြန်ကြားရေးကတော့  ဖမ်းဆီးစဉ်မှာ တိုက်ပေါ်ကခုန်ချပြေးရင်း အချွန်နဲ့ထိုးမိလို့သေတယ်လို့ ကြေညာသွားပါတယ်။ဒါပေမဲ့ အလောင်းမှာ သွားတွေရိုက်ချိုးထားသလို ရေနွေးပူလောင်းထားတဲ့ဒဏ်တွေ့ရတယ်လို့မိသားစုဝင်တွေကပြောပါတယ်။ဗိုက်ကိုပါ ဓါးနဲ့ခွဲထားပြီး အထဲက အူကလီစာတွေပါ ဓါးနဲ့ခုတ်ဖြတ်ထားတာတွေ့ရတယ်လို့ အမည်မဖေါ်

ကွတ်ခိုင်ဆေးရုံ မွေးဖွားခွင့်ယူထားသည့် ဒေါက်တာဒေါ်ချမ်းမြေ့လင်း ကို စစ်ကောင်စီ က ဖမ်းဆီး

Posted: 11 Mar 2021 07:44 AM PST

သျှမ်းသံတော်ဆင့်၊ မတ် ၁၁ရက် သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့  ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပြီး လက်ရှိမှာ မီးဖွားခွင့်ယူထားသည့် ဒေါက်တာ ဒေါ်ချမ်းမြေ့လင်း ကို စစ်ကောင်စီ က ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ယမန်နေ့ (မတ် ၁၀)ရက် ည (၆)နာရီဝန်းကျင်တွင် စစ်ကောင်စီ ၏ စစ်တပ်မှ မွေးဖွားခွင့်ယူထားသည့် ဒေါက်တာချမ်းမြေ့လင်းကို လာရောက်ဖမ်းဆီး

တောင်ကြီး အရပ်သားနေအိမ်၊ ပစ္စည်းများ ကို ရဲ၊စစ်တပ် ဖျက်ဆီးနေ

Posted: 11 Mar 2021 07:43 AM PST

သျှမ်းသံတော်ဆင့်၊ မတ် ၁၁ရက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ (မတ် ၁၁)ရက်၌ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အရပ်သားနေအိမ်များ၊ ပစ္စည်းများကို လိုက်လံဖျက်ဆီးနေကြောင်း စုံစမ်းသိရသည်။ယနေ့ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ ရတနာသီရိရပ်ကွက် နှင့် ရေအေးကွင်းရပ်ကွက် ဘက်ရှိ နေအိမ်များ၊ ဆိုင်ကယ်များ ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း တောင်ကြီး

မြောက်ဒဂုံက ပစ်ခတ်ခံရသူ ကိုချစ်မင်းသူရုပ်အလောင်း ဆေးရုံအပို့မှာ လက်နက်ကိုင်တွေ လုယူသွား

Posted: 11 Mar 2021 07:40 AM PST

ဒီကနေ့ မတ်လ ၁၁ ရက် နေ့လည်ပိုင်းမှာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ထဲက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ဖြိုခွင်းခံခဲ့ရတဲ့ ကိုချစ်မင်းသူရဲ့ရုပ်အလောင်းကို လက်နက်ကိုင် အဖွဲ့တွေက လုယူသွားခဲ့ပါတယ်။အသက် ၂၅ နှစ်အရွယ် သေဆုံးသူရဲ့ ရုပ်အလောင်းကို မိဘတွေအိမ်ရှိရာ မြောက်ဒဂုံက ၄၆ ရပ်ကွက်မှာ ကနဦး ထားရှိခဲ့တာပါ။ရုပ်အလောင်းကို ရပ်ကွက်ထဲမှာ ထားဖို့ အဆင်မပြေတာကြောင့် ဆေးရုံကို ပရဟိတအဖွဲ့နဲ့ နေရာပြောင်းရွှေ့ပို့ဆောင်

တာမွေ သပိတ်စစ်ကြောင်းက လူငယ်တွေ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွတ်

Posted: 11 Mar 2021 07:19 AM PST

မတ်လ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့နေရာအနှံ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြိုခွင်းရာက ဖမ်းဆီးခံရပြီး အင်းစိန်အကျဉ်းထောင်မှာ ၁ ပတ်ကျော် ထိန်းသိမ်းခံခဲ့ရတဲ့ အသက် ၁၈ နှစ် အောက်လူငယ်တွေ ဒီနေ့မှာ ခံဝန်နဲ့ပြန်လွတ်လာပါတယ်။တာမွေသပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့လူငယ်ရာချီထဲက အသက်မပြည့်သေးသူ လူငယ် ၅၀ နီးပါး ဒီနေ့ မတ်လ ၁၁ ရက် ညနေ တာမွေရဲစခန်းကို ပြန်ရောက်နေပြီး ဆက်ဆိုင်ရာ ဆွေမျိုးမိဘတွေက လာ

ပြည်မြို့က CDM တက္ကသိုလ် ကထိက တစ်ယောက်ကို လာရောက်ဖမ်းဆီးသွား

Posted: 11 Mar 2021 07:16 AM PST

ပြည်မြို့က ပြည်တက္ကသိုလ် အင်္ဂလိပ်စာဌာန၊ ကထိက ဒေါ်မိုးမိုးဆိုင်ကို သူ့အိမ်ကနေ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ သူနဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က ဘီဘီစီကို အတည်ပြုပြောပါတယ်။ဒေါ်မိုးမိုးဆိုင်ဟာ အလုပ်မဆင်းဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ တက္ကသိုလ်ဆရာမ တစ်ယောက်ဖြစ်ပြီး သူ့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ အရေးယူဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။သူ့ကို အိမ်မှာလာရောက်

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီစွပ်စွဲ

Posted: 11 Mar 2021 07:14 AM PST

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီ ရွှေ ၇ ပိဿာ ပေးအပ်ခဲ့ကြောင်းနဲ့၊ ဒါဟာ အဂတိလိုက်စားမှုနဲ့ ငြိစွန်းနေတဲ့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး

သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်လာ

Posted: 11 Mar 2021 07:11 AM PST

နိုင်ငံအနှံ့ဖြစ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒြုပပွဲတွေကို သတင်းပို့ရင်း အဖမ်းခံထားရတဲ့ သတင်း ထောက်တွေထဲက ပြန်မလွှတ်ဘဲ ဖမ်းထားတဲ့ ခုနစ်ယောက်ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဆူပူအောင်လှုံ့ဆော်မှုနဲ့ အမှုဖွင့်ထားပြီး၊ သူတို့ထဲက ခြောက်ယောက်ကို မတ်လ ၁၂ ရက် မနက်ဖြန် ရုံးထုတ် စစ်ဆေးမှာဖြစ်ပါတယ်။အဲဒီလူတွေကတော့ Myanmar Now သတင်းဌာနက မကေဇွန်နွေး၊ MPA သတင်းဌာနက ဓာတ်ပုံ သတင်း ထောက် ကိုရဲမျိုးခန့်၊

မြန်မာစစ်တပ် ပစ်ခတ်နှိမ်နင်းမှုတွေရပ်ဖို့ ကုလ ထပ်မံသတိပေး

Posted: 11 Mar 2021 07:09 AM PST

မြန်မာ့စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြမှု အတွင်း လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးပြီး ရာချီဒဏ်ရာရထားပါတယ်။ အကြမ်းမဖက်ဆန္ဒပြကြသူတွေ သေကြေလောက်တဲ့အထိအင်အားသုံးတဲ့ ကိစ္စဟာ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေအရဆင်ခြေပေးအကြောင်းပြလို့မရဘူးလို့ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကသတိပေးထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။VOA Burmesehttps://burmese.voanews.com/a/protest-fatality-dententions/5810410.html

တနင်္သာရီ၊ ကရင်၊ ကယား၊ ရှမ်းနဲ့ ကချင်မှာ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူတွေရှိ

Posted: 11 Mar 2021 07:05 AM PST

ဖေဖောဝါရီ ၈ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၈၊ ၂၀၂၁)မြန်မာနိုင်ငံတဝန်း ဒီကနေ့ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွဲလို့ လူသေဆုံးရတဲ့နေရာတွေရှိသလို တခြားနေရာတွေမှာလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူတွေရှိပါတယ်။ တနင်္သာရီ၊ ကရင်၊ ကယား၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေဘက်က အခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်က စုစည်းတင်ပြထားပါတယ်။ဒီကနေ့ တိုင်း

မန္တလေးမြို့က သပိတ်စစ်ကြောင်းကို စစ်တပ်က ဖြိုခွင်းရာက ရိုက်နှက်လို့ လူတစ်ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ အများအပြားရှိ

Posted: 11 Mar 2021 06:46 AM PST

မန္တလေး၊ မတ်- ၁၁- ၂၀၂၁မန္တလေးမြို့က သပိတ်စစ်ကြောင်းတစ်ခုဟာ လမ်း ၉၀၊ ၃၀×၃၁ လမ်းက ကိုးလုံးတကာဘုရားရဲ့ အရှေ့ကိုအရောက်မှာ စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ရိုက်နှက်ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။"ပြေးလာလို့ မှောက်ရက်လဲလို့ ပြန်ပြီး ထလာတဲ့အချိန်မှာ သံတုတ်နဲ့ ခေါင်းကိုရိုက်လိုက်တယ်" လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။ရိုက်နှက်

ပဲခူးမြို့က သပိတ် အကြမ်းဖက် ဖြိုခွဲခံရ စကားမပြောတတ်သူ တစ်ဦး ခေါင်းကျည်ထိမှန် သေဆုံး

Posted: 11 Mar 2021 06:43 AM PST

မတ် - ၁၁-၂၀၂၁ဒီနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာ ပဲခူးမြို့ မဇင်းရပ်ကွက် ၁ လမ်း သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် စကားမပြောတတ်သူတစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။"ရွှေအလို့ခေါ်တဲ့ အမျိုးသားက ဆန္ဒပြပွဲလိုက်လာသူ မဟုတ်ဘူး။ ရုတ်ရုတ်ဖြစ်ချိန် ပစ်ခတ်ဖြိုခွဲတာ‌တွေ ကြည့်နေရင်း အပစ်ခံရတာ။ တစ်ဦးလည်း ကျည်ထိမှန်ထားပြီး

မြင်းခြံမြို့ သပိတ်ဖြိုခွဲမှုမှာ မျက်လုံးကျည်ထိမှန်ခဲ့တဲ့ KBZ ဘဏ်ဝန်ထမ်း ဒီကနေ့ ကွယ်လွန်

Posted: 11 Mar 2021 06:41 AM PST

မတ် - ၁၁-၂၀၂၁မနေ့ မတ်လ ၁၀ ရက်နေ့ က မြင်းခြံ ဆန္ဒပြလူထုသပိတ် ပစ်ခတ်ဖြိုခွဲခံရမှုမှာ မျက်လုံးကိုကျည်ထိမှန်ခဲ့တဲ့ ကိုထူးအောင်ကျော်ဟာ ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ ဆွေမျိုးတော်စပ်သူတစ်ဦးဆီက သိရပါတယ်။"မန္တလေးမှာ ဆေးကုသမှုခံနေတာပါ။ ခုတော့ ဆုံးသွားပြီလို့ ဖုန်းနဲ့အကြောင်းကြားလာတယ်။ မန္တလေးမှာ ဆေးကုသနေတာဖြစ်တယ်" လို့ ဆွေမျိုးတော်စပ်သူတစ်ဦး ပြောပါတယ်။အဲ့ဒီသေဆုံးသူဟာ မြင်းခြံမြို့ KBZ ဘဏ်

မုံရွာ ပစ်ခတ်မှုတွင် ကုသနေရသူတစ်ဦး ယနေ့သေဆုံး

Posted: 11 Mar 2021 06:31 AM PST

မုံရွာ၊မတ်-၁၁မတ်လ ၃ရက်က မုံရွာ ပြည်ထောင်စုလမ်း ဘုရားနီအနီး ပစ်ခတ်ဖြိုခွင်းမှုတွင် ကျည်ထိမှန်ခဲ့သော အမျိုးသားတစ်ဦးမှာ ယနေ့မနက်တွင် သေဆုံးကြောင်း မိသားစုဝင်များက အတည်ပြုသည်။၎င်းမှာ လက်မောင်ရင်းပေါက်ထွက်၊နံရိုးကျိုးကာ အဆုတ်ကိုလည်း ထိခိုက်ခဲ့သူဖြစ်ပြီးယင်းနေ့ကတည်းက မန္တလေးဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသူ ဖြစ်သည်။"ဒီမနက် ၆နာရီ ၄၅မှာ ဆုံးသွားပါတယ်။ အိမ်ကို ခေါ်လာတော့မှာပါ။ ခုက ဆေးရုံမှာပဲရှိပါ

မနေ့က မြင်းခြံသပိတ်မှာ မျက်လုံးအောက် ကျည်ဆန်မှန်သူ သေဆုံး

Posted: 11 Mar 2021 06:28 AM PST

 မနေ့က မြင်းခြံသပိတ်မှာ မျက်လုံးအောက် ကျည်ဆန်မှန်သူ သေဆုံးမနေ့ မတ်လ ၁၀ရက် က မြင်းခြံမြို့သပိတ်ကို ဖြိုခွဲရာမှာ မျက်လုံးအောက် ကျည်ဆန်ထိမှန်ခဲ့သူ အသက် (၂၂) အရွယ် အမျိုးသားဟာ ဒီနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ သေဆုံးသွားပါတယ်။ "ဘယ်ဘက်မျက်လုံး မျက်ဝတ်ထွက်တဲ့နားကို ရာဘာကျည်မှန်တာ။ အခု ကွယ်လွန်သွားပြီ။" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။ မနေ့က မြင်းခြံမြို့ သပိတ်စစ်ကြောင်းဖြိုခွဲမှူ ဖြစ်စဉ်မှာ ၂ ဦး

မြိုင်က စစ်အာဏာသိမ်းဆန့်ကျင်သပိတ် ဖြိုခွင်းခံရမှုမှာ သေဆုံးမှု ရှိ၊ ပစ်ခတ်မှုတွေဆက်ရှိနေ

Posted: 11 Mar 2021 07:25 AM PST

မြိုင်မြို့၊ ပခုက္ကူလမ်းမှာရှိတဲ့ အထက (၁)ကျောင်းအနီးမှာ ဒီနေ့မနက်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်ကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းတာကြောင့် အနည်းဆုံး ၁ ဦးသေဆုံးထားပြီး ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ သပိတ်မှာပါဝင်ခဲ့ပြီး သေနတ်ဒဏ်ရာရရှိထားသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။ဒါပေမဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ မြိုင်က ပစ်ခတ်ဖြိုခွင်းမှုမှာ အနည်းဆုံး ၇ ဦးသေဆုံးထားတယ်လို့ ဖော်ပြနေကြပြီး ဘီဘီစီက အတည်ပြု

မြောက်ဒဂုံမှ ကျဆုံးအာဇာနည်သူရဲကောင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်

Posted: 11 Mar 2021 06:26 AM PST

မတ် (၁၁)၊ ညနေ ၅း၃၀။မြောက်ဒဂုံ ဗိုလ်မင်းရောင်လမ်းပေါ်မှာ ဒီကနေ့ မတ်လ (၁၁) ရက် မနက် ၁၁း၀၀ နာရီဝန်းကျင်က အကြမ်းဖက် ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားရတဲ့ ကိုချစ်မင်းသူအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို  သူကျဆုံးခဲ့ရတဲ့နေရာမှာ အခုညနေ ပြုလုပ်ခဲ့ကြပါတယ်။သူဟာ ဆန္ဒပြပြည်သူတွေအတွက် နေ့စဥ် ဒိုင်းကာအဖြစ် ကာကွယ်ပေးခဲ့သူဖြစ်ပြီး အခုလို ကျဆုံးသွားတဲ့အချိန်မှာ ကိုယ်ဝန်နှစ်လလွယ်ထားရတဲ့ ဇနီးဖြစ်သူနဲ့ လူမ

မြိုင် အကြမ်းဖက်သတ်ဖြတ်မှု

Posted: 11 Mar 2021 06:23 AM PST

(၁၁/၃/၂၀၂၁)ဆရာမြသန်းတင့်ရဲ့ ဇာတိမြေ မြိုင်မြို့လေးမှာ အကြမ်းဖက်ပစ်ခတ်လို့ ငြိမ်းချမ်းစွာဆန္ဒပြပြည်သူ အနည်းဆုံး (၈) ဦး သေဆုံး။ အများစုဟာ ဦးခေါင်းတွေထိမှန်သေဆုံး။စစ်ခေါင်းဆောင်များက သူတို့အခါတော်ပေးများအကြံပေးချက်နဲ့ မ နဲ့စတဲ့ မြို့တွေမှာ အဓိက သတ်ဖြတ်နေဟု သတင်းများထွက်ပေါ်။ ခေါင်းထိအောင် ပစ်သတ်နိုင်သူကို တဆင့်တိုးရာထူးပေးမည်ဆိုသည့်သတင်းများလဲထွက်ပေါ်နေသည်။ အဆိုပါသတင်းများမှန်ကန်ကြောင်း ထွက်ပြေးလာသ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့ မြို့မစျေးအနီး ယနေ့ (မတ် ၁၁)ရက် တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် ထိုင်သပိတ် ကို ရေကားနဲ့ ဖြိုခွင်းနေသည့် မြင်ကွင်း

Posted: 11 Mar 2021 06:16 AM PST

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့ မြို့မစျေးအနီး ယနေ့ (မတ် ၁၁)ရက် တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် ထိုင်သပိတ် ကို ရေကားနဲ့ ဖြိုခွင်းနေသည့် မြင်ကွင်းSHAN News (Burmese Version)https://www.facebook.com/shannewsburmese

မြန်မာ-တရုတ်နယ်စပ် မူဆယ် ဆန္ဒထုတ်ဖော်သူ (၁၃)ဦး ဖမ်းဆီးခံရ၊ ၁၅နှစ်အရွယ်လူငယ်ပါဝင်

Posted: 11 Mar 2021 06:14 AM PST

သျှမ်းသံတော်ဆင့်၊ မတ် ၁၁ ရက် မြန်မာ-တရုတ်နယ်စပ် သျှမ်းမြောက်မူဆယ်မြို့ တွင်  ယနေ့ (မတ် ၁၁)ရက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် လူစုဝေးနေစဉ်  စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ က ပြည်သူ (၁၃)ဦးကို  ဖမ်းဆီးခေါ်ေဆောင်သွားကြောင်း သတင်းရရှိသည်။ယနေ့ မနက် (၁၀)နာရီတွင် မူဆယ်မြို့ နာရီစင်ရှေ့တွင် စစ်အာဏာရှင် ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အနေဖြင့် ထိုင်သပိတ်ပြုလုပ်နေစဉ် စစ်ကောင်စီ ၏ လက်နက်ကိုင်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.