သစ္ထူးလြင္ |
- ဆန္ဒပြမှုတွေ ဖြိုခွဲရာမှာ ပစ်ခတ်တဲ့ကျည်အပေါ် အငြင်းပွားနေ
- လွိုင်ကော်က ပါချုပ်နှစ်ဦးနဲ့ ကျောင်းအုပ်တစ်ဦးကို ၅၀၅ (က)နဲ့အမှုဖွင့်
- နွေဦးတော်လှန်ရေး တွင် ကျဆုံးသွားသည့် သူရဲကောင်းများအတွက် တောင်ကြီးမြို့ ပြည်သူများက ဆီမီးထွန်း ဆုတောင်းပြီး၊ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆုတောင်းကြသည်။
- ယနေ့ (မတ် ၁၂)ရက် တောင်ကြီး ဘုရားဖြူ ညသပိတ်
- ယနေ့ည မြစ်ကြီးနား က ညသပိတ်
- ကချင်ပြည်နယ် ရွှေကူမြို့မှာ အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲတွင် ကျဆုံးသွားသောသူရဲကောင်းများ အတွက် ဆုတောင်း
- မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အသီးသီး မှရပ်ကွက်နေ ပြည်သူများကစစ်အာဏာရှင်ကို ဆန့်ကျင့်ကြောင်း လမ်းမပေါ်တွင် ဖယောင်းမီးထွန်းဆန္ဒထုတ်ဖော်။
- ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာတွင် စစ်အာဏာရှင်တော်လှန်းရင်း ကျဆုံးခဲ့ရသည့် သူရဲကောင်းများအတွက် ဆုတောင်း
- ဗီဇာသက်တမ်းကုန်မြန်မာတွေအတွက် ယာယီနေထိုင်ခွင့်ပေးဖို့ တောင်ကိုရီးယားအစိုးရ ကြေညာ
- မနေ့ည အင်တာနက်တွေပြတ်တောက်ချိန်နောက်ပိုင်း မင်္ဂလာဒုံမြို့နယ်အတွင်း ပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံး
- သီရိလင်္ကာမှာ မြန်မာစစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ဆန္ဒပြ
- မုံရွာက ညသပိတ်
- ပုဂလိကဘဏ်တွေကို ဓါးပြတိုက်အနုကြမ်းစီးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်
- ကိုဗစ်ကာလ ထောက်ပံ့ကြေး ဒေါ်လာ ၁.၉ ထရီလီယံ ပေးမယ့် ဥပဒေ သမ္မတ Biden လက်မှတ်ထိုးပြီ
- စစ်ကောင်စီက ကမ္ဘာသိလုပ်ရပ်ဆိုးတွေလုပ်နေတယ်လို့ PPST ဥက္ကဋ္ဌ ပြော
- နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး NCA အဖွဲ့တွေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မည်
- မန္တလေးမှာ မြို့နယ်တိုင်းနီးပါး သပိတ်စစ်ကြောင်းထွက်
- ဖမ်းဆီးခံထားရတဲ့ကိုဝေယံဖြိုးမိုး အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ ဗကသအဖွဲ့ချုပ်ပြော
- မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တောင်ကိုရီးယားရပ်ဆိုင်း
- ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံကနေထွက်ဖို့ ဗြိတိန်နိုင်ငံခြားရေးတိုက်တွန်း
- စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြပွဲတွေ နေရာအနှံ့မှာ ဆက်ရှိနေ
- ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ
- ဖားကန့်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ဆက်ဖြစ်နေ
- နေ့စဉ်ပစ်ခတ်ဖြိုခွင်းလူစုခွဲနေတဲ့ကြားက သာကေတသပိတ် အားကောင်းဆဲ
- လူငယ် အများအပြား " WE SUPPORT KIA" (KIA အားထောက်ခံပါသည်) စာသားပါ ဆောင်ပုဒ်များအား ကိုင်ဆောင်
ဆန္ဒပြမှုတွေ ဖြိုခွဲရာမှာ ပစ်ခတ်တဲ့ကျည်အပေါ် အငြင်းပွားနေ Posted: 12 Mar 2021 07:22 AM PST နေပြည်တော်က မမြသွဲ့သွဲ့ခိုင်နဲ့ မန္တလေးက မကြယ်စင်တို့ ဦးခေါင်းကို ပစ်ခတ်ခံရတဲ့ ကျည်ဆံတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကျည်ဆန်မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။"နေပြည်တော်က အမျိုးသမီးငယ်တစ်ဦးနဲ့ မန္တလေးက အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေသုံးတဲ့ ကျည်အမျိုးအစား မဟုတ်တာကို ကျနော်တို့ |
လွိုင်ကော်က ပါချုပ်နှစ်ဦးနဲ့ ကျောင်းအုပ်တစ်ဦးကို ၅၀၅ (က)နဲ့အမှုဖွင့် Posted: 12 Mar 2021 07:20 AM PST လွိုင်ကော်က ပါချုပ်နှစ်ဦးနဲ့ ကျောင်းအုပ်တစ်ဦးကို ၅၀၅ (က)နဲ့အမှုဖွင့် လွိုင်ကော် နည်းပညာတက္ကသိုလ်က ဆရာဆရာမတွေ အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြစဉ် / Photo: RFAကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်က နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီး တို့ကို တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုထားပြီး လွိုင်ကော်အကျဉ်းထောင်မှာ |
Posted: 12 Mar 2021 07:18 AM PST နွေဦးတော်လှန်ရေး တွင် ကျဆုံးသွားသည့် သူရဲကောင်းများအတွက် တောင်ကြီးမြို့ ပြည်သူများက ဆီမီးထွန်း ဆုတောင်းပြီး၊ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆုတောင်းကြသည်။Photo by CJ SHAN News (Burmese Version)https://www.facebook.com/shannewsburmese |
ယနေ့ (မတ် ၁၂)ရက် တောင်ကြီး ဘုရားဖြူ ညသပိတ် Posted: 12 Mar 2021 07:15 AM PST ယနေ့ (မတ် ၁၂)ရက် တောင်ကြီး ဘုရားဖြူ ညသပိတ်SHAN News (Burmese Version)https://www.facebook.com/shannewsburmeseVideo by CJ |
Posted: 12 Mar 2021 07:13 AM PST ယနေ့ည မြစ်ကြီးနား က ညသပိတ်Kachinwaveshttps://www.facebook.com/kachinwavesnews |
Posted: 12 Mar 2021 07:11 AM PST ကချင်ပြည်နယ် ရွှေကူမြို့မှာ အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲတွင် ကျဆုံးသွားသောသူရဲကောင်းများ အတွက် ဆုတောင်းKachinwaveshttps://www.facebook.com/kachinwavesnews |
Posted: 12 Mar 2021 07:08 AM PST မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အသီးသီး မှရပ်ကွက်နေ ပြည်သူများကစစ်အာဏာရှင်ကို ဆန့်ကျင့်ကြောင်း လမ်းမပေါ်တွင် ဖယောင်းမီးထွန်းဆန္ဒထုတ်ဖော်။Myitkyina News Journalhttps://www.facebook.com/myitkyinanewsjournal.mm/ |
Posted: 12 Mar 2021 07:05 AM PST ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာတွင် စစ်အာဏာရှင်တော်လှန်းရင်း ကျဆုံးခဲ့ရသည့် သူရဲကောင်းများအတွက် ဆုတောင်းပေးခဲ့ကြပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများ အမြန်ဆုံးလွတ်မြောက်ရန်အတွက်လည်း ဆုတောင်းခဲ့ကြသည်။Myitkyina News Journalhttps://www.facebook.com/myitkyinanewsjournal.mm/ |
ဗီဇာသက်တမ်းကုန်မြန်မာတွေအတွက် ယာယီနေထိုင်ခွင့်ပေးဖို့ တောင်ကိုရီးယားအစိုးရ ကြေညာ Posted: 12 Mar 2021 06:54 AM PST တောင်ကိုရီးယားရောက် မြန်မာတွေအတွက် မြန်မာပြည်တွင်း တည်ငြိမ်တဲ့အထိ နေထိုင်နိုင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီနေထိုင်ခွင့် အထူးအစီအစဉ်တွေ လုပ်သွားမယ်ဆိုပြီး တောင်ကိုရီးယားအစိုးရက ဒီနေ့ မတ်လ ၁၂ ရက်မှာ ကြေညာပါတယ်။နေထိုင်ခွင့်ကာလကို သက်တမ်းတိုးဖို့ ခက်တာကြောင့် သတ်မှတ်ကာလမှာ ကိုရီးယားကနေ ထွက်ရမယ့် မြန်မာနိုင်ငံသားတွေ ဆက်နေချင်သေးတယ်ဆိုရင် နေနိုင်အောင် ယာယီနေထိုင်ခွင့် ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ဒီ |
မနေ့ည အင်တာနက်တွေပြတ်တောက်ချိန်နောက်ပိုင်း မင်္ဂလာဒုံမြို့နယ်အတွင်း ပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံး Posted: 12 Mar 2021 06:52 AM PST မင်္ဂလာဒုံပစ်ခတ်မှုမှာသေဆုံးသွားသူတစ်ဦး။မနေ့ မတ်လ ၁၁ရက် ညသန်းခေါင်ကျော် အင်တာနက်ပြတ်တောက်နေချိန်မှာ မင်္ဂလာဒုံမြို့နယ်၊ ဘိုခြံရပ်ကွက်၊ မြသီတာဈေးနားက ရပ်ကွက်သံတံခါးကို ရဲနဲ့စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ အဲ့ဒီလို တံခါးဖျက်ဝင်ရောက်ကာ ရပ်ကွက်အတွင်း ကျည်အစစ်နဲ့ ပစ်ခတ်တာကြောင့် အမျိုးသားတဦး ညာဘက်ရင်အုံကိုထိမှန်ကာ |
သီရိလင်္ကာမှာ မြန်မာစစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ဆန္ဒပြ Posted: 12 Mar 2021 06:50 AM PST သီရိလင်္ကာနိုင်ငံသားရဟန်းတော်တွေနဲ့ ပြည်သူတချို့၊ သီရိလင်္ကာရောက် ငြိမ်းချမ်းရေး အဖွဲ့ဝင် မြန်မာ ရဟန်းတော်များ စုပေါင်းပြီး အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကြောင်း ဒီနေ့မတ်လ ၁၂ ရက်မှာ ဆန္ဒပြခဲ့ပြီး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်များ အမြန်ဆုံး လွှတ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို သတ်ဖြတ်ခြင်းကို ချက်ချင်းရပ်ဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။ စစ်ကောင်စီထံ အစည်းဝေးတက်ရောက် |
Posted: 12 Mar 2021 06:31 AM PST (၁၂/၃/၂၀၂၁)အာဏာရှင်ပြုတ်ကျရေး ညပိုင်းလူထုသပိတ်ကို အခု ညကစပြီး ရပ်ကွက်အလိုက် ပြုလုပ်နေကြပါတယ်။အာဏာရှင်မပြုတ်မချင်း နေ့ ည သပိတ်တွေဆင်နွဲသွားဖို့လည်း ပြင်ဆင်နေပါတယ်။Burma News Networkhttps://www.facebook.com/burmanewsnetwork |
ပုဂလိကဘဏ်တွေကို ဓါးပြတိုက်အနုကြမ်းစီးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက် Posted: 12 Mar 2021 06:29 AM PST (၁၂/၃/၂၀၂၁)ပုဂလိက ဘဏ်များမဖွင့်လှစ်ပါက ကုန်သည်ကြီးများ၏ငွေစာရင်းများကို အာဏာသိမ်းကောင်စီက ချုပ်ကိုင်ထားသော မြန်မာ့စီးပွားရေးဘဏ် ၊ စစ်တပ်ပိုင် မြဝတီဘဏ်၊ အင်းဝဘဏ်များသို့ လွှဲပြောင်းပေးရန် အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်က ပုဂလိကဘဏ်များကို လျှို့ဝှက်အမိန့်တစ်ရပ် မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ညွှန်ကြားထားသည်။ (၉) ရက်နေ့နေ့စွဲနဲ့ အရင် သမ္မတရုံး အမြဲတမ်းအတွင်းဝန် စစ်အရာရှိဟောင်း ခင်လတ် လက်မှတ်ရေးထိုး |
ကိုဗစ်ကာလ ထောက်ပံ့ကြေး ဒေါ်လာ ၁.၉ ထရီလီယံ ပေးမယ့် ဥပဒေ သမ္မတ Biden လက်မှတ်ထိုးပြီ Posted: 12 Mar 2021 06:27 AM PST အမေရိကန်နိင်ငံသားတွေအတွက်ကိုရိုနာဗိုင်းရပ်စ်ကယ်ဆယ်ရေးစီမံချက်ကို သမ္မတ ဘိုင်ဒန် လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ- AP)ကိုရိုနာဗိုင်းရပ်ဒဏ်ခံစားနေရတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေ အတွက် အထောက်အပံ့အဖြစ် ဒေါ်လာ ၁.၉ ထရီလီယံ ကူညီကယ်ဆယ်ရေး ရံပုံငွေချထားပေးဖို့ ကြာသပတေးနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။အခုလို လက်မှတ်မရေးထိုးခင်က ဒီရံပုံငွေ ပြဌာန်းချက်ဟာ နိုင်ငံ |
စစ်ကောင်စီက ကမ္ဘာသိလုပ်ရပ်ဆိုးတွေလုပ်နေတယ်လို့ PPST ဥက္ကဋ္ဌ ပြော Posted: 12 Mar 2021 06:23 AM PST စစ်ကောင်စီက ကမ္ဘာသိလုပ်ရပ်ဆိုးတွေလုပ်နေတယ်လို့ PPST ဥက္ကဋ္ဌ ပြော PPST ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တွေ့ရစဉ် / Photo: RFAငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်သတ်ဖြတ်တာ၊ ပုဒ်မအမျိုးမျိုးတပ် မတရား ဖမ်းဆီးတာ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေမှာတပ်စွဲတာ စတာတွေဟာ စစ်ကောင်စီရဲ့ ကမ္ဘာသိလုပ်ရပ်ဆိုးတွေလို့ ဒီနေ့ PPST ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး |
နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး NCA အဖွဲ့တွေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မည် Posted: 12 Mar 2021 06:21 AM PST နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး NCA အဖွဲ့တွေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မည် ဗိုလ်ချုပ်ကြီး ယွက်ဆစ် / Photo - NCA-S EAOလက်ရှိနိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အတွင်း တာဝန်တွေ ခွဲပေးခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် |
မန္တလေးမှာ မြို့နယ်တိုင်းနီးပါး သပိတ်စစ်ကြောင်းထွက် Posted: 12 Mar 2021 06:19 AM PST မန္တလေးမြို့မှာ မနေ့ မတ် ၁၂ ရက်က စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲမှာ သေဆုံးသူရှိပေမယ့် ဒီနေ့မှာ မြို့နယ်တိုင်းမှာ သပိတ်စစ်ကြောင်းတွေ ထွက်ကြပါတယ်။ ဌာနပိုင်းက စစ်ကြောင်းတွေရှိသလို ပညာရေးပိုင်း အရပ်ဖက်အဖွဲ့စည်းပိုင်းက သပိတ်စစ်ကြောင်းတွေလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်တာပါ။စစ်တပ်နဲ့ရဲက သပိတ်စစ်ကြောင်းတွေကို ပိတ်ဆို့ပစ်ခတ်ပြီးနှိမ်နင်းဖမ်းဆီးတာကြောင့် မြတောင်စစ်ကြောင်းမှာ မနေ့က ကျဆုံး |
ဖမ်းဆီးခံထားရတဲ့ကိုဝေယံဖြိုးမိုး အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ ဗကသအဖွဲ့ချုပ်ပြော Posted: 12 Mar 2021 06:18 AM PST မတ်လ (၃) ရက်က တာမွေ၊ ကျောက်မြောင်း သပိတ်စစ်ကြောင်းကနေ ကျောင်းသား၊ လူငယ် ၄၀၀ နီးပါးဖမ်းဆီးခံခဲ့ရတဲ့အထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးလည်းပါဝင်ပြီး အင်းစိန်ထောင်ရောက်ရှိနေတာပါ။ ထောင်တွင်း ရိုက်နှက်ခံရတဲ့အနေအထားရှိတယ်လို့ ဗကသအဖွဲ့ချုပ်က ပြောပါတယ်။"မနေ့က ပြန်လွတ်လာတဲ့သူတွေနဲ့ ပြောပြချက်အရ ကိုဝေယံဖြိုးမိုးကို ရိုက်နှက်ထားလို့ မျက်နှာယောင်ကိုင်းနေတာ |
မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တောင်ကိုရီးယားရပ်ဆိုင်း Posted: 12 Mar 2021 06:16 AM PST Army officers intervene during a protest against the military coup in Yangon, Myanmar, March 2, 2021. Picture taken from behind a window. REUTERS/Stringerမြန်မာစစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီရေး လိုလားသူတွေကို အင်အားသုံး အကြမ်းဖက် နှိမ်နင်းနေတာကြောင့် မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာပစ္စည်း တင်ပို့မှုတွေ ပိတ်ပင်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆိုင်းငံ့ |
ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံကနေထွက်ဖို့ ဗြိတိန်နိုင်ငံခြားရေးတိုက်တွန်း Posted: 12 Mar 2021 06:13 AM PST ရန်ကုန်မြို့ ဆူးလေးအနီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြ မြင်ကွင်း။ဗြိတိန်နိုင်ငံသားတွေ မြန်မာပြည်တွင်းက ထွက်ခွာကြဖို့နဲ့ ထွက်ခွာဖို့အခြေအနေမပေးရင်လည်း အိမ်ထဲမှာပဲ နေကြဖို့ ဗြိတိန်အစိုးရက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရအဖွဲ့ကို ဖယ်ရှားလိုက်ချိန်ကစလို့ မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေ ပိုကြမ်းလာတာကြောင့်ဖြစ်တယ်လို့ ဗြိတိန် |
စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြပွဲတွေ နေရာအနှံ့မှာ ဆက်ရှိနေ Posted: 12 Mar 2021 06:11 AM PST စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးနေပေမယ့် လည်း ဆန္ဒပြမှုတွေကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ဒီနေ့အထိ ဆက်ပြီးရှိနေပါတယ်။ ဆန္ဒပြသူတွေကို ဒီနေ့မှာ လည်း ဖြိုခွဲတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဖမ်းဆီးခံရသူတွေ ရှိနေပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေ မှာ သတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ခြောက်ဦးကိုလည်း အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဒီနေ့ရုံးထုတ်ခဲ့ ပါတယ်။ရန် |
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ Posted: 12 Mar 2021 06:08 AM PST ကချင်ပြည်နယ် မိုးကောင်းမြို့နဲ့ကာမိုင်းမြို့အကြားမှာ ဒီနေ့မနက် ၅ နာရီကျော်ကနေ ၇ နာရီလောက်အထိ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဗျူဟာကုန်းကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။"ဒီမနက် |
ဖားကန့်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ဆက်ဖြစ်နေ Posted: 12 Mar 2021 06:06 AM PST ကချင်ပြည်နယ်၊ ဖားကန့်မှာ ဒီနေ့ မတ်လ ၁၂ ရက်မနက်ပိုင်းက ကာမိုင်းလမ်းကြောရှိ နမ့်ဟိုင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။မနေ့ မတ်လ ၁၁ ရက်မနက်ကတည်းက ဖားကန့်၊ ဆယ်ဇင်းကျေးရွာအနီး မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကာမိုင်းမှာ တပ်စွဲထားတဲ့ ဗျူဟာကုန်းကနေ လက်နက်ကြီး အချက်(၅၀)ထက်မနည်း ပစ်ကူပေးနေခဲ့ရသလို လေယာဉ်ပစ်ကူများပါ ပါဝင်နေရကြောင်း ကာမိုင်းဒေသခံတွေကပြောပါတယ်။လက်ရှိအချိန်မှာ |
နေ့စဉ်ပစ်ခတ်ဖြိုခွင်းလူစုခွဲနေတဲ့ကြားက သာကေတသပိတ် အားကောင်းဆဲ Posted: 12 Mar 2021 06:04 AM PST သာကေတမြို့နယ်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်ကို စစ်တပ်နဲ့ ရဲတွေ နေ့စဉ် ပစ်ခတ်ဖြိုခွင်းပြီး လူစုခွဲမှုတွေရှိနေပေမယ့် သပိတ်က အရှိန်အဟုန်နဲ့ အားဆက်ကောင်းနေဆဲဖြစ်ပါတယ်။ ဒီနေ့ မတ်လ ၁၂ ရက်မနက် ၁၁ နာရီကျော်က သာကေတသပိတ်စစ်ကြောင်းဟာ မြင်တော်သာလမ်းမကြီးပေါ်မှာ နေရာယူထားပြီး စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။ သာကေတမြို့နယ်က ရပ်ကွက်တချို့ကို မနေ့မတ် ၁၁ ရက်ညပိုင်းက ဝင်ရောက်ပစ်ခတ်ပြီး CDM လုပ် |
လူငယ် အများအပြား " WE SUPPORT KIA" (KIA အားထောက်ခံပါသည်) စာသားပါ ဆောင်ပုဒ်များအား ကိုင်ဆောင် Posted: 12 Mar 2021 05:48 AM PST ယနေ့ မတ်လ ၁၂ ရက်နေ့၊ ညနေပိုင်း ၃ နာရီခွဲကျော်အထိ မြစ်ကြီးနားရှိ လူငယ်များ ပြောက်ကျား သပိတ် ကို ဆက်လက် ဆင်နွဲနေကြသည်။ လူငယ် အများအပြား " WE SUPPORT KIA" (KIA အားထောက်ခံပါသည်) စာသားပါ ဆောင်ပုဒ်များအား ကိုင်ဆောင်ကြသည်ကို တွေ့ရသည်။ကချင် ပြည်နယ် နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် KIA (Kachin Independence Army) ခေါ် ကချင်လွတ်မြောက်ရေး တပ်မတော် နှင့် စစ်ကောင်စီ စစ်တပ်တို့ကြား တိုက်ပွဲများဆက်လက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.