Saturday, March 13, 2021

သစ်ထူးလွင်

သစ်ထူးလွင်


စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တဲ့လှုပ်ရှားမှု အရှိန်မြင့်လာ

Posted: 12 Mar 2021 07:38 PM PST

နိုင်ငံတဝန်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ဖြိုခွဲတာ၊ ဆန္ဒပြပြည်သူတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေကြောင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ပြည်ပနိုင်ငံတွေက ဒဏ်ခတ်အရေးယူနေသလို ပြည်တွင်းမှာလည်း စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာနေပါတယ်။အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်တွေ ခေါင်းမထောင်နိုင်အောင် အမေရိကန်အပါအဝင်

ထိုင်းနယ်စပ်မှာ ယာယီလက်ခံရေးစခန်းတွေ ပြင်ဆင်ထား

Posted: 12 Mar 2021 07:36 PM PST

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်၊ ဖမ်းဆီးနှိမ်နင်း တာတွေကြောင့် အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာမယ့်သူတွေကို လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ နယ်စပ်မှာ ယာယီလက်ခံရေးစခန်းတွေ ပြင်ဆင်ပေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့အတွက် သေဆုံးသူ ၇၀ ကျော်

သာကေတမှာ ညက ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူနှစ်ဦးသေဆုံး

Posted: 12 Mar 2021 07:32 PM PST

မနေ့ည သန်းခေါင်ကျော်အချိန်အင်တာနက်တွေပြတ်တောက်ခါနီးမှာ သာကေတမြို့နယ်၊ အမှတ် ၁ ရဲစခန်းရှေ့မှာ ညသပိတ်က ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်ပေးဖို့ သာကေတမြို့နယ် လူထုက ဝိုင်းဝန်းတောင်းဆိုတာကို စစ်တပ်နဲ့ရဲက လူစုခွဲပစ်ခတ်နှိမ်နင်းခဲ့ရာကနေ အမျိုးသားနှစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့ရပါတယ်။သေဆုံးသူနှစ်ဦးမှာ သာကေတ မာန်ပြေ ၃ လမ်းက လူငယ်အမျိုးသားနှစ်ဦးဖြစ်ပြီး တစ်ဦးမှာ ရုပ်အလောင်းရရှိပေမယ့် နောက်တစ်ဦးကိုတော့ အလောင်း

မြန်မာ့ပထမဆုံးဂြိုဟ်တု နိုင်ငံတကာအာကာသစခန်းမှာ ယာယီသိမ်းထားမည်

Posted: 12 Mar 2021 06:44 PM PST

ဂြိုဟ်တုတည်ဆောက်ရေး လုပ်ဆောင်နေတဲ့ မိတ္ထီလာရှိ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်က ပညာရှင်များ။ (ဇွန် ၁၉၊ ၂၀၂၀)မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့နောက်မှာ မြန်မာ့ ပထမဆုံးဂြိုဟ်တုကို ကမ္ဘာ့မြေပြင်အထက် မိုင် ၂၅၀ ကျော်မှာ ရှိတဲ့ ISS နိုင်ငံတကာအာကာသ စခန်းမှာ အသုံးမပြုသေးပဲ ယာယီသိမ်းထားဖို့ ဂျပန်အာကာသအေဂျင်စီ နဲ့ ဂျပန်တက္ကသိုလ်တို့က ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်တက္ကသိုလ် တာဝန်ခံအရာရှိ တွေက

လန်ဒန်စစ်သံရုံးရှေ့ ဆန္ဒပြ

Posted: 12 Mar 2021 06:00 PM PST

လန်ဒန်မြို့ ဝင်ဘယ်လ်တန်မှာရှိတဲ့ မြန်မာစစ်သံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင်နဲ့ တာဝန်ရှိသူတွေကို စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ယူကေကမြန်မာတွေ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။စစ်သံရုံးက တာဝန်ရှိသူ ထွက်လာပြီး စာပေးစရာရှိရင် ပေးခဲ့နိုင်တယ်လို့ ပြောဆိုခဲ့ကြောင်းနဲ့ ဆန္ဒပြသူတွေက ဆန္ဒပြဖို့နဲ့ ပန်းစည်းချဖို့အတွက် သွားရောက်ခဲ့ကြတာဖြစ်လို့ စာပေးခဲ့တာ မရှိခဲ့ဘူးလို့ သွားရောက်ခဲ့သူတချို့ဆီက သိရပါတယ်။ဒီ

ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ပြော

Posted: 12 Mar 2021 05:58 PM PST

မြန်မာ နိုင်ငံမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်တာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ထပ်မံပြစ်တင် ရှုတ်ချခဲ့ပါတယ်။မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိင်ငံစလုံးက တစ်လအတွင်း ဒုတိယအကြိမ်မြောက် ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို စစ်တပ်က အလေးအနက်အထားလိုက်နာပြီး၊

မိုးကုတ် ဒေါ်နန်းကြည့်တောင်မှာ မီးလောင် -ရပ်ကွက်တွေထဲ ခွေးဝင်ဆွဲသတဲ့

Posted: 12 Mar 2021 05:56 PM PST

(၁၂/၃/၂၀၂၁)မိုးကုတ် ဒေါ်နန်းကြည့်တောင်မှာ အခုညက မီးအကြီးမကျယ်လောင်ခဲ့ပြီး မီးလောင်နေချိန်မှာ ရပ်ကွက်တွေထဲက်ု အကြမ်းဖက်စစ်သားတွေက ဝင်ရောက်ဖမ်းဆီးဖျက်စီးတာတွေလုပ်ခဲ့ပါတယ်။ဒီကနေုဆန္ဒပြပွဲပါသူတွေကို အိမ်လိပ်စာနဲ့ကို အကြမ်းဖက်ဝင်ရောက်ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ရပ်ကွက်ကင်းသမားတွေကိုလည်း ပစ်ခတ်ဖမ်းဆီးသွားတယ်ဆိုပါတယ်။ မနေ့ကဆိုရင် ဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့တောင်းပန်တဲ့ ဆရာတော်တွေ

အိန္ဒိယ နိုင်ငံဖက် ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်အထိ ရှိလာ

Posted: 12 Mar 2021 05:56 PM PST

(၁၂-၃-၂၀၂၁)အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က ဆန္ဒပြ ပြည်သူတွေကို ပစ်သတ်ဖို့အမိန့်ပေးတာကို လက်မခံနိုင်တဲ့အတွက် အိန္ဒိယ နိုင်ငံဖက် ထွက်ပြေးလာတဲ့ ရဲအရာရှိတွေနဲ့ မိသားစုဦးရေဟာ ၂၀၀ ကျော်အထိ ရှိလာနေပြီလို့ အိန္ဒိယ အာဏာပိုင်တွေက ဒီနေ့ပြောဆိုပါတယ်။"သောကြာနေ့အထိ ရထားတဲ့စာရင်းတွေအရ ရဲအရာရှိ ၁၉၈ ဦး အပါဝင် မိသားစုတွေပါ ပေါင်းရင် အားလုံး ၂၆၄ ဦး ရှိနေပြီ" လို့ အိန္ဒိယ နယ်စပ်လုံခြုံရေးအရာရှိတဦးကပြောပါတယ်။"အိန္ဒိယဖက်

စစ်အာဏာသိမ်းမှုကြောင့် နေရပ်မပြန်ရဲတဲ့ မြန်မာနိုင်ငံသားတွေ အမေရိကန်ကူဖို့စီစဉ်

Posted: 12 Mar 2021 05:56 PM PST

အမေရိကန်နိုင်ငံသားအဖြစ်ကျမ်းကျိန်သူများ (ဓာတ်ပုံ-AP)မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် နေရပ်မပြန်ရဲကြတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်က အကာအကွယ်ပေးဖို့ ပြင်ဆင်နေကြောင်း အမေရိကန်သတင်းဌာန NPR က အစိုးရတာဝန်ရှိသူတဦးကို ကိုးကားပြောဆိုလိုက်ပါတယ်။အမေရိကန်မှာ ရောက်နေပြီးသား မြန်မာနိုင်ငံသား ၁၆၀၀ လောက်အတွက် အကျုံးဝင်နိုင်မယ့် အစီအစဉ်အရ အမေရိကန်မှာ တနှစ်ခွဲအထိ တရားဝင် နေထိုင်အလုပ်လုပ်ခွင့်ရ

ရန်ကုန်မှာ ညဖက်ဖမ်းဆီးနှိမ်နင်းမှုတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား

Posted: 12 Mar 2021 05:54 PM PST

ကမာရွတ် လှည်းတန်းက ညဖက်ဆန္ဒပြပွဲမြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ မလုပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်း တောင်းဆိုနေတဲ့ ကြားကပဲ သောကြာနေ့ညတုန်းက ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲက ပြည်သူတချို့ကို ပစ်ခတ်ရင်း ဝင်ရောက်ဖမ်းဆီး ရိုက်နှက်တာတွေ ရှိခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။ဖိနှိပ်မှုတွေ ရှိနေတဲ့

ပိုလန်သတင်းထောက်တဦး တောင်ကြီးမှာ ထိန်းသိမ်းခံရ

Posted: 12 Mar 2021 05:51 PM PST

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန်နိုင်ငံသား သတင်းထောက်တဦး ထိန်းသိမ်းခံထားရကြောင်း ပိုလန်နိုင်ငံခြားရေး ဝန်‌ကြီးဌာနက ပြောပါတယ်။ Robert Bociaga အမည်ရှိ အလွတ်သတင်းထောက်ဟာ ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာ ခေတ္တ နေထိုင်နေစဉ်အတွင်း၊ တောင်ကြီးမြို့မှာ စစ်ကြောင်းတွေကို ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။  သူဟာ ဥပဒေဆိုင်ရာ မဟာဘွဲ့ ရရှိထားသူဖြစ်ပြီး၊ အပြည်ပြည်

မှုခင်းတိုက်ဖျက်ရေး နည်းပညာကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ တလွဲအသုံးချမှာ HRW စိုးရိမ်

Posted: 12 Mar 2021 05:49 PM PST

အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ လူတစ်ဦးချင်းရဲ့ မျက်နှာကို ကွန်ပျူတာက မှတ်မိတဲ့ Facial recognition နည်းပညာကို တလွဲအသုံးချပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဖြိုခွင်းဖို့ ကြိုးပမ်းလာမှာကို စိုးရိမ်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက Safe city လို့ခေါ်တဲ့ မှုခင်းတိုက်ဖျက်ရေး အစီအစဉ်အရ နေပြည်တော်က မြို့နယ်

လေသံပြောင်းလာသော ရုရှား

Posted: 12 Mar 2021 05:28 PM PST

(၁၃/၃/၂၀၂၁)အကြမ်းဖက်စစ်ကောင်စီနဲ့  ပူးပေါင်းဆောင်ရွက်မှုတွေရပ်ဆိုင်းထားဖို့ အလေးအနက်စဉ်းစားနေကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂိုလ် Peskov ကပြောလိုက်ပါတယ်။နေ့စဉ်နဲ့အမျှ အရပ်သားသေဆုံးမှုတွေ မြင့်တက်လာတာ စိုးရိမ်စရာဖြစ်နေတယ်ဆိုပါတယ်။ မြန်မာနိုင်ငံထဲကအခြေအနေကို သေချာစောင့်ကြည်နေတယ်လို့လဲ သူကပြောပါတယ်။စစိတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အနဲဆုံး လူ (၇၀) သေဆုံးခဲ့ပြီး လူ (၂၀၀၀) ကျော် ဖမ်းဆီးခံထားရပါတယ်။

သာကေတမှာ အကြမ်းဖက်သမားတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိ

Posted: 12 Mar 2021 05:27 PM PST

(၁၃/၃/၂၀၂၁)မနေ့ညက သာကေတညသပိတ်မှာ ပါတဲ့ လူငယ် (၄) ဦးကို အကြမ်းဖက်သမားတွေက သာကေတ သုမန လမ်းရှိ အိမ်ထဲထိ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံ လူငယ်၄ဦးအား ပြန်လွှတ်ပေးဖို့ ပြည်သူတွေက သာကေတ အမှတ်၁ ရဲစခန်းကိုသွားရောင်တောင်းဆိုစဉ်မှာ ပစ်ခတ်ဖြိုခွဲလို့ အနည်းဆုံး (၁) ယောက် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေက အထောက်အထားပုံတွေနဲ့တကွ FB မှာတင်ထားတာတွေ့ရပါတယ်။  အခြေအနေအသေးစိတ်သိဖို့ မြို့ခံတွေက်ု ဆက်သွယ်ပေ

မြန်မာနိုင်ငံ ဆန္ဒပြပွဲတွေအတွင်း ပိုလန်သတင်းထောက်တဦး ဖမ်းဆီးခံရ

Posted: 12 Mar 2021 05:24 PM PST

ဆန္ဒပြပွဲအား စစ်တပ်မှ ဖြိုခွဲစဉ် (ဓာတ်ပုံ- Reuters)ပိုလန်သတင်းထောက် တဦးဟာ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ တရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဒုတိယမြောက် အဖမ်းခံရတဲ့ နိုင်ငံခြားသတင်းထောက် ဖြစ်ပါတယ်။ပိုလန်ကောင်စစ်ရုံံးက ဆက်သွယ်ဖို့ ကြိုးစားနေတဲ့ အပြင် သူ့ရဲ့ ကျန်းမာရေးနဲ့ တရားရေးအခြေနေဆိုင်ရာ အချက်လက်

ပိုက်လိုင်းတွေ အကာအကွယ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တရုတ်ပြော

Posted: 12 Mar 2021 05:22 PM PST

ရခိုင်ပြည်နယ်ကျော်ဖြူမြို့နယ်ရှိ တရုတ်-မြန်မာ ဂတ်စ်ပိုက်လိုင်း (ဓာတ်ပုံ-VOA)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ မြန်မာနဲ့ တရုတ်နိုင်ငံကြား သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ လုံခြုံအောင် အကာအကွယ်ပေးဖို့ မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက ပြောဆိုထားကြောင်း ပြင်ပကို ပေါက်ကြားခဲ့တဲ့ အစည်းအဝေးမှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။မြန်မာ

မြန်မာက ကုန်ပစ္စည်းတွေ မှာယူဖို့ အီတလီဖက်ရှင်ကုမ္ပဏီကြီး ဆိုင်းငံ့

Posted: 12 Mar 2021 05:18 PM PST

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးမြင့်လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံကနေ ကုန်ပစ္စည်းအသစ်တွေ မှာယူမှုကို ချက်ချင်း ဆိုင်းငံ့လိုက်ပြီလို့ အီတလီ နာမည်ကျော် ဖက်ရှင် ကုမ္ပဏီကြီးဖြစ်တဲ့ ဘန်းနတန် (Benetton) အုပ်စုက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။အခုလိုမျိုး အခြေအနေဟာ လုံခြုံရေး၊

စစ်ကောင်စီကို ဆန့်ကျင်ကြဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

Posted: 12 Mar 2021 05:16 PM PST

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းနေတဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တညီတညွတ်တည်း ဆန့်ကျင်ကန့်ကွက်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး တွမ် အန်ဒရူးစ်က တောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းယူထားသူတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ၊ အကြမ်းဖက်ဖြိုခွင်းမှုတွေဟာ အင်မတန်စိတ်ထိခိုက်ဖို့

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှု ကုလနဲ့ အမေရိကန် ထပ်မံသတိပေး

Posted: 12 Mar 2021 05:13 PM PST

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric (ဓာတ်ပုံ- VOA)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေအတွင်း ထိခိုက်သေဆုံးမှုတွေအတွက် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ထပ်မံသတိပေးလိုက်ပါတယ်။"အာဏာပိုင်တွေရဲ့ နှိမ်နင်းမှုတွေအတွင်း အမျိုးသမီး ၆ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်

မြန်မာ့ဒီမိုကရေစီရေး QUAD ခေါင်းဆောင်တွေ ဦးစားပေးမည်

Posted: 12 Mar 2021 05:12 PM PST

အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲ Quad (ဓာတ်ပုံ-AFP)မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ပေါ်ထွန်းလာအောင် အမြန်ဆုံးကြိုးပမ်းဖို့ လိုအပ်နေကြောင်း အမေရိကန် အပါအဝင် ၄ နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ QUAD ခေါင်းဆောင်တွေ ပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကာလကြာရှည် အားပေးထောက်ခံလာခဲ့ကြတဲ့ နိုင်ငံတွေ အနေနဲ့ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းလာ

KNU သထုံခရိုင်(တပ်မဟာ ၁)အတွင်း စစ်တပ်အင်အား ဖြည့်တင်းနေခြင်းကြောင့် ဒေသခံများ ထိတ်လန့်နေ

Posted: 12 Mar 2021 07:43 AM PST

မတ် ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီKNU-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်(တပ်မဟာ-၁)တွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ် ကောင်စီ၏ စစ်တပ်မှ တပ်အင်အားများ ဖြည့်တင်းစေလွှတ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ ကြရကြောင်း ဒေသခံရွာသားများက ကေအိုင်စီသို့ ပြောသည်။ KNU သထုံခရိုင်၊ ဖားအံမြို့နယ်ရှိ အီဟယ်၊ နို့နောင့်ဝါး၊ ညောင်ကုန်း၊ တံတားဦးနှင့် ကဆောလော်ကတီ စသည့် ရွာများတွင် စစ်တပ်မှ တပ်အင်အား တိုး

CDM၀င်၀န်ထမ်းများနေရေးထိုင်ရေး မြို့ခံများကကူညီပေး

Posted: 12 Mar 2021 07:39 AM PST

ချင်းပြည်နယ်၊ဟားခါး၊ဖလမ်း၊တီးတိန်မြို့ပြည်သူ့ဆေးရုံမှ CDM ပြုလုပ်၍ ဝန်ထမ်းအိမ်ယာမှ ဆင်းရသော ကျန်းမာရေးဝန်ထမ်းများကို ဒေသခံလူငယ်များမှ နေရေးထိုင်ရေး စီစဥ်ပေးကြောင်း ဒေသခံများထံမှ သိရပါသည်။တီးတိန်မြို့ ဒေသခံတစ်ဦးက `သမားတော် ဆရာကြီးတွေကတော့ ချက်ခြင်း သူတို့အိမ်ကိုဘဲ ပြန်ကြတယ် ဆရာဝန်၊ ဆရာ၊ဆရာမတွေကတော့ မြို့ပေါ်မှာရှိတဲ့ ကိုယ်ပိုင် သင်တန်းကျောင်းတွေမှာ ဒေသခံလူငယ်တွေက စီစဥ်းပေးတယ် ကျန်းမာရေးဝန်ထမ်း

ဒီကနေ့ မတူပီ ပြည်သူ့ဆေးရုံဝန်ထမ်းအိမ်ယာမှ CDM ပြုလုပ်သည့် အိမ်ထောင်စု ၆ စုကို စစ်တပ်မှ အတင်းအကြပ်ထွက်ခွာခိုင်းခဲ့ဟု သတင်းရရှိ။

Posted: 12 Mar 2021 07:37 AM PST

ဒီကနေ့ မတူပီ ပြည်သူ့ဆေးရုံဝန်ထမ်းအိမ်ယာမှ CDM ပြုလုပ်သည့် အိမ်ထောင်စု ၆ စုကို စစ်တပ်မှ အတင်းအကြပ်ထွက်ခွာခိုင်းခဲ့ဟု သတင်းရရှိ။Chin Worldhttps://www.facebook.com/Chin-World-167011980026853

မြိတ်မြို့ ညသပိတ် ပြီးမြောက်

Posted: 12 Mar 2021 07:25 AM PST

မြိတ်မြို့မှာ ဆန္ဒပြမှုတွေကို ဖြိုခွဲမှုတွေ ရှိနေပေမဲ့ ဒီကနေ့မှာ ညပိုင်းသပိတ်ပြုလုပ်ခဲ့ပြီး သပိတ်ပြီးဆုံးတဲ့အထိ ပြုလုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56331237

စစ်ကိုင်း သီတဂူဗုဒ္ဓတက္ကသိုလ်ရှေ့မှာ ဖယောင်းတိုင်ထွန်း ဆုတောင်းမေတ္တာပို့၊ ဆန္ဒထုတ်ဖော်

Posted: 12 Mar 2021 07:24 AM PST

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှေ့မှာ ဒီနေ့ ညပိုင်း ဖယောင်းတိုင်ထွန်း ဆုတောင်းမေတ္တာပို့ကြပါတယ်။သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဆရာတော်တချို့က လက်ရှိမြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ‌တွေပပျောက်ဖို့ ဆုတောင်းမေတ္တာပို့တာ၊ မေတ္တာသုတ်၊ ရတနသုတ် ရွတ်ဖက်တာတွေ ပြုလုပ်ခဲ့ပြီး စစ်အာဏာသိမ်း မလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။BBC

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.