Sunday, March 14, 2021

သစ်ထူးလွင်

သစ်ထူးလွင်


စက်ရုံတွေ မီးရှို့ခံရမှုနဲ့ပတ်သက်ပြီး တရုတ်သံရုံးကသဘောထားထုတ်ပြန်

Posted: 14 Mar 2021 09:07 AM PDT

CJမတ်လ ၁၄ ရက်နေ့ညနေပိုင်းကမြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်လုပ်ငန်းစက်ရုံအချို့ မီးရှို့ခံရပြီး တရုတ်ဝန်ထမ်းများစွာ ဒဏ်ရာရရှိကာ ပိတ်မိနေတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။မြန်မာဘက်က ထိရောက်တဲ့ အစီအမံ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး ကျူးလွန်တွေကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်

သေဆုံးသူ ၁၈ ဦး ရုပ်အလောင်းတွေကိုလှိုင်သာယာ ဆေးရုံကို ပို့ထားပြီး လို့ အကူညီပေးနေသူတွေကပြော

Posted: 14 Mar 2021 09:04 AM PDT

လှိုင်သာယာ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၈ ဦး ရုပ်အလောင်းတွေကို ဆေးရုံကို ပို့ထားပြီး ဆေးရုံ မရောက်သေးတဲ့ အလောင်း ၄ ရှိတဲ့ လို့ သေဆုံးသူတွေကို သူကိုယ်တိုင်မျက်မြင်တွေ့ရှိပြီး ရုပ်အလောင်းတွေကို ဆေးရုံကို‌ရောက်ဖို့ ကူညီပဆောင်ရွက်ခဲ့သူ တစ်ဦးက မတ်လ ၁၄ ရက်နေ့ ညပိုင်းက ဘီဘီစီကို ပြောပါတယ်၊ရပ်ကွက်တွေထဲမှာ ဒဏ်ရာရသူ အများအပြားရှိပြီး သူကူညီဆောင်ရွက်ပေးနေတဲ့ ရပ်ကွက် အတွင်းမှာ အနည်းဆုံး ဒဏ်ရာရသူ ၂၀ ဦးကျော်ရှိ

ဟုမ္မလင်း နမ့်တောတွင် ဆန္ဒပြလူငယ်ကို နေအိမ်မှ သေနတ်ထောက် ခေါ်သွား

Posted: 14 Mar 2021 09:00 AM PDT

မုံရွာ၊မတ်-၁၄စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာတွင် ဆန္ဒပြလူငယ်တစ်ဦးအား အရပ်ဝတ်လူနှစ်ဦးမှ ဖမ်းသွားကြောင်းဒေသခံများကပြောသည်။အဆိုပါလူငယ်မှာ ကိုမျိုးဇော်ဦးဖြစ်ပြီး ယနေ့ နေ့လည် ၁၂ ဝန်းကျင်တွင် လူနှစ်ဦးမှ သေနတ်ထောက်၍ ခေါ်ဆောင်သွားကြောင်းသိရသည်။"အိမ်မှာကသူမရှိဘူး၊ အဲ့ဒါကို အဲဒီလူစိမ်းတွေက သူ့သူငယ်ချင်းတွေပါ ၊စကားပြောစရာရှိလို့ပါဆိုပြီး အိမ်ထဲမှာစောင့်နေကြတယ် ၊ကိုမျိုးဇော်ဦး

မုံရွာ တောပုရွာ ဒေသခံနှစ်ဦးဖမ်းခံရပြီး လူရာချီတိမ်းရှောင်နေရ ဟုဆို

Posted: 14 Mar 2021 08:59 AM PDT

မုံရွာ၊မတ်-၁၄မုံရွာမြို့နယ် တောပုရွာတွင် ယမန်နေ့က ဒေသခံနှစ်ဦးဖမ်းခံရပြီး လူရာချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ဆက်သွယ်ပြောကြားသည်။၎င်းတို့ပြောကြားချက်အရ ကျေးရွာဘုန်းကြီးကျောင်းပိုင် ပစ္စည်းများကို ဖျက်ဆီးသည်ဟု ဆိုကာ စစ်တပ်နှင့်ရဲမှ လာရောက်ဖမ်းခြင်းဖြစ်သည်ဟု ဆိုသည်။ဖမ်းဆီးခံရသူမှာ  အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ယမန်နေ့ကစပြီး ရွာကို ရဲနဲ့စစ်တပ်မှ လာရောက်စောင့်ကြည့်နေ၍ ရွာခံ

ဥရောပပါလီမန်က CRPHနှင့် CDM လှုပ်ရှားမှု ကိုထောက်ခံ ကြောင်း တရားဝင် ကြေညာ

Posted: 14 Mar 2021 08:57 AM PDT

မြန်မာနိုင်ငံတွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ဥရောပပါလီမန်ကိုယ်စားလှယ်များ၏ ကြေငြာချက်၊ ၉ ရက် မတ်လ ၂၀၂၁ဥရောပပါလီမန် ဦးဆောင် ကိုယ်စားလှယ်များ (Members of European Parliament) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သည်။ဒုဥက္ကဌ Heidi Hautala (Greens, ဖင်လန်)ဥရောပပါလီမန်ကိုယ်စားလှယ် Hannah Neumann (Greens, ဂျာမနီ)ဥရောပပါလီမန်

ချောက်မြို့ သပိတ်မှာ ပထမဆုံးသေဆုံးခဲ့‌တဲ့ အမျိုးသား သင်္ဂြိုလ်ခွင့် မရသေး

Posted: 14 Mar 2021 07:49 AM PDT

မတ် - ၁၄-၂၀၂၁မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် လူထုလှုပ်ရှားမှုမှာ ပထမဆုံး ကျဆုံးခဲ့တဲ့ ကိုဝင်း‌ဖြိုးအောင်(ခ)ကြောင်လေးကို သင်္ဂြိုလ်ဖို့ သင်္ချိုင်းလက်မှတ်ကိုတာဝန်ရှိသူတွေက ဒီနေ့ မတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီထိုးခါနီးချိန်ထိ မိသားစုဆီ လာမပေးသေးဘူးလို့ သေဆုံးသူရဲ့အမျိုးသမီးထံကနေ သိရပါတယ်။"အလောင်းကို လာသိမ်းတာမျိုး ဘာမျိုးတော့မရှိဘူး။ ကနေ့ ညနေ ၄ နာရီမှာ အလောင်းကို မြေမြုပ်သင်္ဂြိုဟ်ဖို့ ဖိတ်စာရိုက်

ရွှေပြည်သာ သပိတ်ကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းလို့ လူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး ဖမ်းဆီးခံရသူများပြား

Posted: 14 Mar 2021 07:47 AM PDT

ရန်ကုန်၊ မတ် -၁၄-၂၀၂၁ရွှေပြည်သာမြို့နယ် ကားကြီးဂိတ်မှတ်တိုင် အထက - ၁ ကျောင်းအနီးမှာ ဆန္ဒပြနေတဲ့လူထုကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ ဖမ်းဆီးခံရသူ အများအပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက "ခေါင်းကိုသေနတ်မှန်ပြီး သေသွားတာပါ။ လတ်တလောအခြေအနေအရ တစ်ဦးပဲသေတာပါ ၃ ဦးဒဏ်ရာရထားတယ်"လို့ ပြောပါတယ်။လက်ရှိအခြေအနေမှာ သေနတ်ဒဏ်ရာရရှိ

အင်းစိန် ပေါက်တော၀မှာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာ

Posted: 14 Mar 2021 07:43 AM PDT

ရန်ကုန်၊မတ် ၁၄ -၂၀၂၁ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်၊ ပေါက်တောဝလမ်းဆုံမှာ ဒီကနေ့ညနေပိုင်း ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။သေတဲ့သူရဲ့နာမည် မသိသေးဘူး အဲ့ဒါက စုံစမ်းဖို့ခက်တယ်၊ တစ်ဦးသေတယ် ငါးဦးဒဏ်ရာရတယ် ဒီလောက်ပဲသိရတာ၊ အတိအကျသိရင် ပြန်ပြောပါမယ်၊ လက်ရှိအခြေအနေမှာတော့ သေဆုံးသူနဲ့ဒဏ်ရာရရှိသူစာရင်းကို စုံစမ်းနေဆဲဖြစ်​ပါတယ်"လို့ မျက်မြင်တွေ့ရှိ

ဒီနေ့ ရွှေပြည်သာ ပစ်ခတ်မှု

Posted: 14 Mar 2021 07:40 AM PDT

ရွှေပြည်သာမြို့နယ်မှာ မတ်လ ၁၄ ရက် ဒီနေ့ညနေပိုင်း အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ခုနစ်ယောက် သေနတ်ကျည်ဆံထိမှန်ခဲ့ပါတယ်။မနက်ပိုင်းပစ်ခတ်မှုမှာလည်း ငါးယောက် သေနတ်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ညပိုင်း ၇ နာရီခန့် ရွှေပြည်သာ ဒေသခံတစ်ယောက်ရဲ့ ပြောဆိုမှုအရ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လေးယောက်သေဆုံးပြီး ဒဏ်ရာရသူ နှစ်ယောက်ကိုလည်း ရွှေ

မန္တလေးမှာ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

Posted: 14 Mar 2021 07:34 AM PDT

မတ်လ ၁၄ ရက်နေ့က မန္တလေးမြို့မှာ စစ်တပ်နဲ့ရဲတို့ ပစ်ခတ်တာကြောင့် ၄၂ လမ်း နဲ့ ၈၅ လမ်းအနီးမှာ အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့သိရပါတယ်။နေ့လည်ပိုင်းက မြတောင်ဘုန်းကြီးတိုက်ကိုသပိတ်ခေါင်းဆောင်ကို စစ်နဲ့ရဲက ဝိုင်းကာ ကျောင်းထဲထိ‌ ဝင်‌စစ်‌ဆေးတာ‌တွေလုပ်လို့ ဒေသခံတချို့က ဆန္ဒပြတာတွေ ပြုလုပ်ပါတယ်။ ဒီနောက်ပိုင်းမှာ ပြည်သူနဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ပြီး စစ်တပ်နဲ့ရဲဘက်က ပစ်ခတ်တာတွေ စတင်လာပါတယ်။"

မြောက်ဒဂုံ ညသပိတ်ပစ်ခတ်ဖြိုခွင်းလို့တစ်ဦးသေဆုံး၊ ဒဏ်ရာရသူတွေရှိနေ

Posted: 14 Mar 2021 07:32 AM PDT

မြောက်ဒဂုံ မဟာမြိုင်အိမ်ရာ အနီးက ညသပိတ်မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနီးရှိ မဝတလမ်းဆုံးမှာ ဒီကနေ့ မတ် ၁၄ရက်ညပိုင်းက ညသပိတ် ဆင်နွှဲနေတာကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူတစ်ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ အဲဒီနေရာမှာရောက်ရှိနေတဲ့မြောက်ဒဂုံအခြေစိုက် HSA လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။" ဆုံးသွားတဲ့တယောက်ကိုတော့ သွေးလူငယ်အသင်းကားနဲ့ အခုသယ်သွား

ယနေ့ပဲခူးမြို့တွင် ၂ ဦးသေဆုံး ၂၀ ဦးဒဏ်ရာရ

Posted: 14 Mar 2021 07:30 AM PDT

ပဲခူး မတ် ၁၄ ။ယနေ့ပဲခူးမြို့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသူများအားလာရောက်ဖြိုခွင်းသည့် စစ်တပ် ရဲတပ်ဖွဲဝင်များနှင့် ဒေသခံပြည်သူများထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ရာ ၂ ဦးသေဆုံး၍ ၂၀ ဦးဒဏ်ရာရရှိခဲ့သည်။ပဲခူး ခေါင်းဆေးကျွန်းမှ အဝတ်‌ လျှော်လုပ်ငန်းလုပ်ကိုင်နေသောအမျိုးသမီးသည့်အလုပ်မအပြန် ဘူတာမှဖြတ်လာစဉ်ဘူတာကုန်းပေါ်ကနေ လှမ်းပစ်သည့်ကျည်ဆံ အမျိုးသမီး၏ နောက်စေ့အားမှန်းပြီး နေရာတွင် ပွဲချင်းပြီးသွားသည်ဟု

ပဲခူးမြို့မှာ ဆန္ဒ‌ပြသူတွေကို ကျည်အစစ်နဲ့ပစ်ပြီး သေဆုံးသူကို လမ်းဘေးမြောင်းထဲဆွဲချသွား

Posted: 14 Mar 2021 07:18 AM PDT

မတ် ၁၄-၂၀၂၁ပဲခူးတိုင်း ပဲခူးမြို့နယ်မှာ ဒီနေ့ မတ်လ ၁၄ ရက် မနက်က စတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ ရပ်ကွက်ထဲ အဝတ်လှည့်လျှော်တဲ့ အမျိုးသမီးကြီးတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေဆီက သိရပါတယ်။"မနက် ၁၁ နာရီလောက်က စိုက်သိပ္ပံကျောင်းဆင်း ညီလေးတစ်ဦးသေဆုံးသွားသလို အခုမွန်းလွဲပိုင်းမှာ အခုအမျိုးသမီးကြီး ထပ်မံသေဆုံးတာပါ။ ကျည်ဆန်က

သင်္ဃန်းကျွန်းမှာ ဆန္ဒပြသူတွေကို ပစ်ခတ်မှုကြောင့် ၂၅ ဦးခန့် ဒဏ်ရာရပြီး ၂ ဦး သေဆုံး

Posted: 14 Mar 2021 07:17 AM PDT

သင်္ဃန်းကျွန်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရသူများကို တွေ့ရစဉ်။သင်္ဃန်းကျွန်း၊ မတ် ၁၄၊ ၂၀၂၁ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ် ဘုရားလမ်း-ဘီအိုစီ အထိုင် သပိတ် ဆန္ဒပြသူများကို ဒီနေ့ညနေပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင် များက ပစ်ခတ်မှုကြောင့် ၂ ဦး သေဆုံးပြီး ၂၅ ဦးခန့် ထိခိုက် ဒဏ်ရာရကြောင်း သိရပါတယ်။ဒေသခံ သတင်းသမား တဦးက"ညနေ ၄ နာရီခွဲလောက် ဆန္ဒပြသူ တွေအပြန် ဦးစံဖေ

လှိုင်သာယာသပိတ်ကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှုကြောင့် ၈ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၁ဦးအထိ ရှိလာ

Posted: 14 Mar 2021 07:13 AM PDT

ရန်ကုန်၊မတ် ၁၄၊၂၀၂၁လှိုင်သာယာမြို့နယ်မှာ ဒီနေ့ မတ်လ ၁၄ရက် နေ့လယ်ပိုင်းက ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးပြီး လေးဆယ်ကျော်ဒဏ်ရာရရှိကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။ပြည်သူပါတီမှ ဦးညဏ်လင်းက "ရှစ်ယောက်လောက်တော့ရှိတယ် တံတားဖြူမှာ ၂ယောက်သမိုင်းကုန်းမှာလည်း ကျတယ် ၁ထိပ်နဲ့ ၃ထိပ်မှာ လေးယောက်ကျတယ်။ ရုံးရှေနဲ့ မီးခွက်စျေးမှာလည်း ကျည်ဆန်ထိမှန်သူတွေရှိတယ်"

‌ရွှေပြည်သာမှာ ပစ်ခတ်မှုတွေထပ်ဖြစ်ပြီး ၇ ဦး ကျည်ထိ

Posted: 14 Mar 2021 07:09 AM PDT

‌ကျည်ထိမှန် ထားတဲ့သူ ၂ ဦးကို ပြန်လွှတ်ပေဖို့ ရွှေပြည်သာ အထက (၁) ကျောင်းအနီး စုဝေးတောင်းဆိုနေတဲ့လူထုကို ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ စစ်တပ်က သေနတ်နဲ့ ထပ်ပစ်လို့ အနည်းဆုံး ၇ ဦး ထပ်မံ ကျည်ထိမှန်ခဲ့တယ်လို့ သတင်းရရှိပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56331237

ရွှေပြည်သာမှာ စက်ရုံအချို့မီးလောင်နေ

Posted: 14 Mar 2021 07:08 AM PDT

ည ရပ်ကွက် အနီးစက်ရုံတစ်ရုံ မီးလောင်နေစဥ်ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်က စက်ရုံတစ် ရုံမီးလောင်နေပြီး မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။အဲ့ဒီ့ စက်ရုံဟာဝါးတစ်ရာစက်မှုဇုန်က ဖြစ်ပြီးတော့ စက်ရုံနာမည် ကိုတော့ တိတိကျကျမသိရသေးပါဘူ;၊ ရွေပြည်သာ ၈ ရပ်ကွက်က နေ ကြည့်ရင်မီးခိုးလုံးတွေ မြင်ရကြောင်းလည်းသူက ပြောပါတယ်။မီး‌လောင်ရတဲ့ အကြောင်း အရင်းကို တိတိကျကျ မသိရပေမဲ့ အဲ့ဒီစက်ရုံဟာ

ပဲခူးမြို့တွင်အကြမ်းဖက်တပ် လူသတ်အလောင်းဖျောက်

Posted: 14 Mar 2021 07:06 AM PDT

ပဲခူးမြို့ခေါင်း​ဆေးကျွန်းမှာ  ဒီကနေ့ မွန်းလွဲပိုင်းက အမျိုးသမီးတစ်ဦးကို အကြမ်းဖက်တပ်က ပစ်သတ်ပြီး အ​လောင်းကို ​မြောင်းထဲဆွဲချကာ အမှိုက်တွေ ဖုံးအုပ်ထားခဲ့​ကြောင်း၊ အဲဒီအမျိုးသမီးဟာ ပဲခူးမှာ ဒုတိယမြောက်သေဆုံးသူဖြစ်ပြီးအဝတ်လျှော်၍ အသက်​မွေးတဲ့ အမျိုးသမီးဖြစ်ကာ က​လေး ၃ ဦးကျန်ရစ်ခဲ့​ကြောင်း ​ဒေသခံတွေကပြောပါတယ်။Burma News Networkhttps://www.facebook.com/burmanewsnetwork

သင်္ဃန်းကျွန်းသပိတ် အကြမ်းဖက်ရဲနဲ့စစ်သားပစ်ခတ်မှုကြောင့် အနည်းဆုံးနှစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်းဒဏ်ရာအပြင်းအထန်ရ။

Posted: 14 Mar 2021 07:04 AM PDT

(၁၄/၃/၂၀၂၁)သင်္ဃန်းကျွန်းသပိတ် အကြမ်းဖက်ရဲနဲ့စစ်သားပစ်ခတ်မှုကြောင့် အနည်းဆုံးနှစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်းဒဏ်ရာအပြင်းအထန်ရ။Burma News Networkhttps://www.facebook.com/burmanewsnetwork

မန္တလေးဆန္ဒပြပွဲ ကျဆုံးသူ ၃ ဦးရဲ့ စျာပနပွဲ

Posted: 14 Mar 2021 06:57 AM PDT

မတ်လ ၁၃ ရက်နေ့ မနေ့က မန္တလေးမြို့ စိန်ပန်းရပ်ကွက်မှာ ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ၅ ယောက်ထဲက ၃ ယောက်ရဲ့ အသုဘအခမ်းအနားကို ဒီနေ့လုပ်ခဲ့ပါတယ်။ဝမ်းဗိုက်မှာ ကျည်ဆန်မှန် သေဆုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကိုစောပြည့်နိုင်၊ လက်မောင်းကနေ ကိုယ်ခန္ဓာထဲ ကျည်ဖောက်ဝင် သေဆုံးခဲ့သူ အသက် ၅၇ နှစ်အရွယ် ဦးဝင်းဌေးတို့ရဲ့ အသုဘ အခမ်းအနားတွေကို ဒီနေ့လုပ်ခဲ့ပါတယ်။ နောက်ကျောကနေ သေနတ်မှန် သေဆုံးတဲ့ အသက် ၂၉ နှစ်

လှိုင်သာယာ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရမှု ဆန္ဒပြသူ ၇ ဦးထက်မနည်း သေဆုံး၊ ၁၅ ဦး ဒဏ်ရာပြင်းထန် လှိုင်သာယာမြို့နယ် ကြက်ခြေနီတပ်မှူး အတည်ပြု။

Posted: 14 Mar 2021 06:56 AM PDT

ရန်ကုန် စမ်းချောင်း ဗဟိုလမ်း ကန့်ကွက်ဆန္ဒပြပွဲ စစ် နဲ့ရဲ က လူစုခွဲလှိုင်သာယာ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရမှု ဆန္ဒပြသူ ၇ ဦးထက်မနည်း သေဆုံး၊ ၁၅ ဦး ဒဏ်ရာပြင်းထန် လှိုင်သာယာမြို့နယ် ကြက်ခြေနီတပ်မှူး အတည်ပြု။ ဗွီအိုအေ (မြန်မာပိုင်း)https://burmese.voanews.com/a/hlaing-tharyar-crackdown/5813767.html

သျှမ်းတောင် အောင်ပန်း ယနေ့ (မတ် ၁၄)ရက် မနက်ပိုင်း ရဲ၊စစ်တပ်မှ အောင်ပန်း ဈေးအနီးပတ်ဝန်းကျင်မှာ ပြည်သူပိုင်ပစ္စည်းများကို ရိုက်ခွဲမှုပြုလုပ်

Posted: 14 Mar 2021 06:54 AM PDT

သျှမ်းတောင် အောင်ပန်း ယနေ့ (မတ် ၁၄)ရက် မနက်ပိုင်း ရဲ၊စစ်တပ်မှ အောင်ပန်း ဈေးအနီးပတ်ဝန်းကျင်မှာ ပြည်သူပိုင်ပစ္စည်းများကို ရိုက်ခွဲမှုပြုလုပ်ကာ အရပ်သားပြည်သူ တဦးကို ဖမ်းဆီးခေါ်သွားပါတယ်။အောင်ပန်း လူထု သပိတ် ကိုလည်း ဖြိုခွင်းရန်အတွက် လမ်းတိုင်း၊ နေ့ရာတိုင်းမှာ စောင့်ဆိုင်းနေပါတယ်။SHAN News (Burmese Version)https://www.facebook.com/shannewsburmese

တောင်ကြီး ယနေ့ (မတ် ၁၄)ရက် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ကားဖြင့် လိုက်တိုက်ပြီး ရာဘာကျည်ဖြင့် ပစ်ခတ်မှုပြုလုပ်

Posted: 14 Mar 2021 06:50 AM PDT

တောင်ကြီး ယနေ့ (မတ် ၁၄)ရက် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ကားဖြင့် လိုက်တိုက်ပြီး ရာဘာကျည်ဖြင့် ပစ်ခတ်မှုပြုလုပ်သဖြင့် အမျိုးသမီး (၂)ဦး၊ အမျိုးသား (၁)ဦး ရာဘာကျည်ထိမှန်ထားရ။ယနေ့ မနက်ကစပြီး တောင်ကြီးမြို့ ရှိ စစ်အာဏာရှင်အလိုမရှိ ဆန္ဒထုတ်ဖော်သည့် လူငယ်သပိတ် လူစုမရအောင် ရဲ၊စစ်တပ်မှ လိုက်လံ တားဆီး ပိတ်ပင်နေပါတယ်။SHAN News (Burmese Version)https://www.facebook.com/shannewsburmese

ယနေ့ဖားကန့် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှု အခြေအနေ။(ရုပ်သံ)

Posted: 14 Mar 2021 06:42 AM PDT

ရိုက်ကူး- ဇော်၀င်းမောင်ယနေ့ဖားကန့် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှု အခြေအနေ။(ရုပ်သံ)ယနေ့ ဖြိုခွင်းမှုတွင် အသက် (၃၀) ကိုကျော်လင်းထိုက်သည် ကျည်အစစ်ထိမှန်ကာ သေဆုံးခဲ့ရသည်။Myitkyina News Journalhttps://www.facebook.com/myitkyinanewsjournal.mm/

ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းတွင် ကျဆုံးခဲ့ရသည့် ကိုကျော်လင်းထိုက်၏ နာရေးမြင်ကွင်း။

Posted: 14 Mar 2021 06:39 AM PDT

သတင်း/ ဓာတ်ပုံ - စစ်ကိုနိုင်ထွန်းကိုကျော်လင်းထိုက်၏ ရုပ်အလောင်းအား လက်ရှိအချိန် ဆိုင်းတောင် ရှမ်းနီတိုင်းရင်းသားရုံးတွင် ထားရှိသည်ဟုသိရသည်။ရဲတပ်ဖွဲ့၏ ပစ်ခတ် မှုကြောင့် သေဆုံးသွားသည့် ဖားကန့်မြို့ ဆိပ်မူရပ်ကွက် (၄) နေကိုကျော်လင်းထိုက်သည် သပိတ်စစ်ကြောင်းတွင် ရှေ့တန်းမှ ဒိုင်းကာကိုင်သူ တစ်ဦးဖြစ်သည်။ မိဘ (၂) ပါးမရှိကြတော့ဘဲ  မိုးညှင်း GTC ကျောင်းဆင်းဖြစ်ကာအသက် (၃၀) အရွယ် ရှမ်းနီတိုင်းရင်းသား တစ်ဦး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.