Monday, March 15, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံအနီး Gwi Htau တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ယနေ့ညနေကစပြီး တိုက်ပွဲဖြစ်ပွား

Posted: 15 Mar 2021 07:25 AM PDT

(၂၀၁၈ ခုနှစ် အင်ဂျန့်ယန်တိုက်ပွဲကြောင့်ပြည်သူများထွက်ပြေးလာစဉ်)မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံအနီး Gwi Htau တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ယနေ့ညနေကစပြီး တိုက်ပွဲဖြစ်ပွားနေသဖြင့် ပြည်သူများ ပိတ်မိနေကြောင်း သိရသည်။တိုက်ပွဲအခြေအနေ အသေးစိတ်သတင်းကို ထပ်မံတင်ပြပါမည်။ Kachin News Grouphttps://www.facebook.com/theKachinNews/

ဝိုင်းမော်လူငယ်များက "ဝိုင်းမော်ဝိညာဥ်သပိတ်စစ်ကြောင်း"အဖြစ် ဆန္ဒပြ

Posted: 15 Mar 2021 07:24 AM PDT

ဝိုင်းမော်မြို့တွင် ယခင်ကသေဆုံးသွားသည့် သူရဲကောင်းတို့အနေဖြင့် အာဏာရှင်စနစ်လုံးဝမလိုလားကြောင်း အသွင်ဖြင့် ဝိုင်မော်ဒေသခံလူငယ်များက ဒီကနေ့ ညနေပိုင်း လူပ်ရှားမူအစီအစဥ်တစ်ခုပြုလုပ်ခဲ့ကြပါသည်။၎င်းအစီအစဥ်ကို ဝိုင်းမော် နောင်တာလော ကျွန်းတွင်ပြုလုပ်ခဲ့ကြပြီး ညနေပိုင်း ၅ နာရီမှ ၇နာရီခွဲအထိပြုလုပ်ခဲ့သည်ဟု လူငယ်တစ်ဦးထံမှသိရသည်။'ကျွန်ုပ်တို့ ဝိညာဥ်များသည် စစ်အာဏာရှင်စနစ်ကို လုံးဝအလိုမရှိပါ အရေးတော်ပုံအောင်

လှိုင်သာယာမှာ မတ်လ ၁၅ ရက်နေ့ အပစ်ခံရလို့ လူသေဆုံးမှုတွေရှိ

Posted: 15 Mar 2021 07:10 AM PDT

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မတ်လ ၁၅ ရက်နေ့က လှိုင်သာယာမှာ ဆန္ဒပြမှုတွေရှိခဲ့ပြီးတော့ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ဒေသခံတွေရော မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။တပင်ရွှေထီးလမ်းမတစ်လျှောက်စစ်အာဏာသိမ်းကောင်စီ တပ်တွေ ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေရပေမယ့် လှိုင်သာယာ ဆေးရုံ ဘက်ကိုတော့ ဆက်သွယ် အတည်ပြုလို့ မရသေးပါဘူး။လှိုင်သာယာမှာ ဒီနေ့ ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိခဲ့တာမှန်ကန်ကြောင်း

စစ်အာဏာသိမ်းပြီး လူပေါင်း ၂,၀၀၀ ကျော် ဖမ်းဆီးခံထားရ

Posted: 15 Mar 2021 07:08 AM PDT

ဖေဖော်ဝါရီ ၁၂ ရက်နေ့ မော်လမြိုင်ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမျိုးသားတဦး။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)စစ်အာဏာသိမ်းပြီးချိန်က စလို့ ဒီကနေ့အထိ လူပေါင်း ၂,၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး ဆန္ဒပြအကြမ်းဖက်ဖြိုခွဲမှုကြောင့် အသက်ဆုံးသွားသူပေါင်း ၁၃၀ ကျော်အထိ ရှိသွားပြီလို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB က ပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတာ ပျောက်ဆုံး အဆက်အသွယ်မရသူတွေအတွက်

လှိုင်သာယာမြို့နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုများ ဆက်ရှိနေ

Posted: 15 Mar 2021 07:06 AM PDT

မတ်လ ၁၄ ရက်နေ့ လှိုင်သာယာမြို့နယ်တွင်း ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)အာဏာရှင်စနစ် ကျဆုံးရေး ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က ပစ်ခတ်အကြမ်းဖက်တာတွေရှိပေမဲ့ ဒီကနေ့မှာ ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက် ပြုလုပ်နေကြဆဲပါ။ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲတဲ့နေရာမှာ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေ အများအပြားရှိလာတဲ့အထဲ မနေ့ကနဲ့ ဒီကနေ့မှာ လှိုင်သာယာမြို့နယ်

ထိုင်းစစ်တပ်က မြန်မာဘက်က ထွက်ပြေးလာမယ့်သူတွေ အတွက် ယာယီစခန်းတွေ စီစဉ်

Posted: 15 Mar 2021 07:01 AM PDT

ဘန်ကောက်၊ မတ် ၁၅၊ ၂၀၂၁ထိုင်းစစ်တပ်က ရနောင်းနဲ့ ချမ်ဖွန် ခရိုင်တွေမှာ မြန်မာဘက်က ထွက်ပြေးလာမယ့် သူတွေအတွက် ယာယီစခန်းတွေ စီစဉ်နေတယ် လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။Thep Satri Task Force ရဲ့ တပ်မှူး ဗိုလ်ချုပ် Santi Sakuntak က ရနောင်းခရိုင်က Muang, La-un နဲ့ Kra Buri စီရင်စုတွေနဲ့ အနီးနား က ချန်ဖွန်ခရိုင်ကTha Sae စီရင်စုတွေမှာ ယာယီခိုလှုံဖို့နေရာတွေ အဖြစ် သတ်မှတ်ထားတယ်လို့ ပြောကြားပါတယ်။ထိုင်း

ရုပ်အလောင်း မပါဘဲ ပြုလုပ်ခဲ့ရတဲ့ မန္တလေးမြို့က နာရေး အခမ်းအနား

Posted: 15 Mar 2021 06:57 AM PDT

မန္တလေး၊ မတ် ၁၅၊ ၂၀၂၁မန္တလေးမြို့ လမ်း ၉၀ - ၃၁လမ်းနဲ့ ၃၂လမ်းကြားမှာ မတ်လ ၁၁ ရက် နေ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးသွားတဲ့ အသက် ၁၉နှစ် အရွယ် ရတနာပုံ တက္ကသိုလ်ကျောင်းသား ကိုလင်းထက်ရဲ့ နာရေး အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ရုပ်အလောင်းမပါဘဲ အေးရိပ်ငြိမ် သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။သေဆုံးသူ ရုပ်အလောင်းကို ရဲနဲ့စစ်တပ်က သေဆုံးမှုဖြစ်စဉ်နေရာ မှာပဲ သယ်ဆောင်သွားပြီး သင်္ဂြိုလ်လိုက်တာဖြစ်တဲ့ အတွက် မိသားစုဝင်

တောင်ကုတ် ALD တွဲဖက် အတွင်းရေးမှူး အပါအဝင် ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ အပြင် ၅၀၅(က) နဲ့ပါ အမှုဖွင့်

Posted: 15 Mar 2021 06:53 AM PDT

တောင်ကုတ်၊ မတ် ၁၅၊ ၂၀၂၁ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း အပါအဝင် ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ကာ ရုံးထုတ် စစ်ဆေးမှုပြုလုပ်နေကြောင်း ALD ထုတ်ပြန်ချက် အရ သိရပါတယ်။ အမှုဖွင့်ခံထားရသူတွေကတော့ ALD ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ဦးမင်းလှိုင်ထွန်း (ခ) ကိုသားကြီးနဲ့ ကိုဇာနည်ထက်တို့

မုံရွာတွင် ဆန္ဒပြပြန်လာသောကား လိုက်ပစ်ခံရ

Posted: 15 Mar 2021 06:46 AM PDT

မုံရွာ၊မတ်-၁၅မုံရွာမြို့ ကျောက္ကာလမ်းမကြီး ထနောင်းဝင်းရွာအနီးတွင် ဆန္ဒပြပြန်လာသောကားတစ်စီး ယနေ့နံနက် ၁၁နာရီကျော်က လိုက်လံပစ်ခတ်ခံရကြောင်း မျက်မြင်များက ပြောသည်။၎င်းကားမှာ အရာတော်မြို့နယ် ကျေးရွာများမှ မုံရွာသို့ဆန္ဒပြရန်လာသောကားများထဲမှ တစ်စီး ဖြစ်သည်။"ရွာတုံရွာထိပ်ကနေ လူစုပြီး ချီတက်ဆန္ဒပြဖို့ပါ။ ဓာတ်ဆီဆိုင်နားကျ အခြေအနေမကောင်းဘူးဆိုပြီး ကားတွေပြန်လှည့်ကြတာ။အဲဒီကားကနောက်ကျ ကျန်နေတာ၊ ဒါဗယ်ကပ်နဲ့

ဒီပဲယင်းပညာရေးမှူးရုံး မီးလောင်မှု တရားခံစုံစမ်းနေဟုဆို

Posted: 15 Mar 2021 06:45 AM PDT

မုံရွာ၊မတ်-၁၅ယမန်နေ့ (မတ်-၁၄) ညဉ့်သန်းခေါင်ကျော် ပညာရေးမှူးနေအိမ်မှ စတင်လောင်ကျွမ်းခဲ့သော ဒီပဲယင်းမြို့နယ် ပညာရေးမှူးရုံးမီးလောင်မှုကို ရှို့မီးဟု မီးသတ်ဌာနကသုံးသပ်ထားပြီး တရားခံရှာဖွေနေသည်ဟု သတင်းရရှိသည်။ မြို့နယ်ပညာရေးမှူးနေအိမ်မှ တဆင့် လောင်ကျွမ်းရာ ဟောခန်းနှင့် ပညာရေးမှူးရုံးအတွင်း ရုံးသုံး၊အိမ်သုံးပစ္စည်း ၄၀ကျော် မီးလောင်ဆုံးရှုံးသွားသည်ဟု ဆိုသည်။မီးလောင်မှု ဖြစ်ချိန်တွင် ပညာရေးမှူး

ပြည်သူတွေ အရမ်းစိတ်နာသွားပြီ

Posted: 15 Mar 2021 06:49 AM PDT

ပြည်သူတွေ အရမ်းစိတ်နာသွားပြီ....မရမ်းကုန်းလမ်းဆုံ ဘုရင့်နောင် တံတံားလက်ရှိအခြေအနေBurma News Networkhttps://www.facebook.com/burmanewsnetwork

ဘုရင့်နောင်တံတားပေါ်ကနေ လူသတ်ဖို့ တက်ချောင်းနေတဲ့ လူသတ်အကြမ်းဖက်သမားများ

Posted: 15 Mar 2021 06:39 AM PDT

ဘုရင့်နောင်တံတားပေါ်ကနေ လူသတ်ဖို့ တက်ချောင်းနေတဲ့ လူသတ်အကြမ်းဖက်သမားများBurma News Networkhttps://www.facebook.com/burmanewsnetwork

ပို​ကောင်းတဲ့ အသစ် လိုချင်ရင်

Posted: 15 Mar 2021 06:08 AM PDT

"ပို​ကောင်းတဲ့ အသစ် လိုချင်ရင်… Min Ko Nainghttps://www.facebook.com/100044259888055/videos/479688786397926

မြစ်ကြီးနားတွင် ယ​နေ့ မနက်​စော​စော စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ မိုးမလင်းသပိတ်ပြုလုပ်။

Posted: 15 Mar 2021 06:04 AM PDT

မြစ်ကြီးနားတွင် ယ​နေ့ မနက်​စော​စော စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ မိုးမလင်းသပိတ်ပြုလုပ်။Kachinwaveshttps://www.facebook.com/kachinwavesnews

မိုးညှင်းတွင် အာဏာရှင်တော်လှန်ရင်း ကျဆုံးခဲ့သူများအား အမျှပေးရေစက်ချ၊ တပ်မတော်ထောက်ခံသည့် လူပုဂ္ဂိုလ်မိသားစုအား လောက်ကောင်ဟု ရေးသားထားသည့် စာနှင့်ပုံ ကပ်သူများအား ဖမ်းဆီးအရေးယူမည်ဟုဆို

Posted: 15 Mar 2021 06:01 AM PDT

မတ်၊၁၅မိုးညှင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့်ကျဆုံးခဲ့သူများအား ရည်စူး၍ ဆွမ်းကပ်လှူအမျှပေးရေစက်ချပွဲကို ယနေ့ မတ်(၁၅)ရက်မနက်ပိုင်းက မိုးညှင်းမြို့ရှိ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက ပြုလုပ်ခဲ့ကြသည်။မိုးညှင်းမြို့အတွင်း စစ်ကောင်စီ၏ လုံခြုံရေးယာဥ်တန်းများလှည့်လည်တင်းကြပ်နေသည့်ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်စီးသပိတ်နှင့်ခြေလျှင် သပိတ်ကို ပြောက်ကျား နည်းသုံးကာ ဆက်လက်ဆန့်ကျင်ဆန္ဒ

မြစ်ကြီးနားမြို့နယ်ရှိ CDMတွင် ပါဝင်သည့် ပညာရေး၀န်ထမ်း ဆရာ/မ များ၏ သဘောထား ထုတ်ပြန်

Posted: 15 Mar 2021 05:57 AM PDT

မတ်၊၁၅ မြစ်ကြီးနားမြို့နယ်ရှိ CDMတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများ ဆရာ/မ မှ အာဏာသိမ်း စစ်ကောင်စီနှင့် အားပေးထောက်ခံသူများ​၏ လုပ်ဆောင်ချက်များအပေါ် ယင်းတို့၏သဘောထားကို ယနေ့ မတ်လ (၁၅)ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် ပညာရေးဝန်ထမ်းများမှ မဲမသမာမှု ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ မဲမသမာမှု အကြောင်းပြ၍ စစ်အာဏာသိမ်းမှုကို ရှုံ့ချကြောင်း၊ စစ်ကောင်စီမှ ပညာရေးဝန်ထမ်း

စစ်အာဏာရှင်ကို အသက်ပေးဆန့်ကျင်သွားသောလူငယ်များနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြလိုပါသည်

Posted: 15 Mar 2021 05:56 AM PDT

စစ်အာဏာရှင်ကို အသက်ပေးဆန့်ကျင်သွားသောလူငယ်များနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြလိုပါသည်Thoolei News - KNU -Department Of Informationhttps://www.facebook.com/KNUDOIHQ/

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာချက်အမှတ် (၁၂/၂၀၂၁) မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် လုပ်ငန်းစဉ် ထုတ်ပြန်

Posted: 15 Mar 2021 05:50 AM PDT

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာချက်အမှတ် (၁၂/၂၀၂၁) မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် လုပ်ငန်းစဉ် ထုတ်ပြန်Committee Representing Pyidaungsu Hluttaw - CRPHhttps://www.facebook.com/crph.official.mm/

ကေအိုင်အေ နဲ့ တပ်မတော် တို့ ဖားကန့်အနီး တိုက်ပွဲဖြစ်

Posted: 15 Mar 2021 05:36 AM PDT

ဖားကန့်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားစဥ်ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆဒူဇွပ် ဝါရာဇွပ်အုပ်စု စံပြ ရွာဘက်မှာ မတ်လ ၁၅ ရက်နေ့ မနက် ၂နာရီခွဲခန့်က တပ်မတော်နဲ့ကေအိုင်အေတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဟာ မကြာခဏဆိုသလို တပ်မတော်နဲ့ကေအိုင်အေတို့ တိုက်ပွဲဖြစ်နေကြဖြစ်တဲ့ ဒေသဖြစ်ပေမဲ့ ၂၀၂၁ အတွင်း မှာတော့ ပထမဆုံးအကြိမ် မတ်လ ၁၅ ရက်နေ့ကဖြစ်တယ်လို့ပြောပါတယ်။အဲ့ဒီ

အောင်ပန်းသပိတ် ဒီမနက်ဖြိုခွဲခံရမှု တစ်ဦးသေဆုံး

Posted: 15 Mar 2021 05:34 AM PDT

အောင်ပန်းမြို့မှာ ဒီနေ့ မတ်လ ၁၅ ရက် မနက် ၁၀ နာရီကျော်ကျော်မှာ စစ်တပ်က အောင်မင်္ဂလာရပ်မှာ တားဆီးထားတဲ့အကာအရံတွေကို ဖျက်ဆီးပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ဒဏ်ရာရသူနှစ်ယောက်ဟာ ခါးနဲ့ပေါင်ကို ထိမှန်ခဲ့တယ်လို့ သိရပြီး ခါးထိတဲ့တစ်ယောက်က သတိမေ့နေဆဲလို့ ဒဏ်ရာရသူကို ကယ်ဆယ်ခဲ့သူက ဘီဘီစီ

ချောက်ရေနံမြေလုပ်သားတွေ အလုပ်ပြန်ဆင်းမည်မဟုတ်

Posted: 15 Mar 2021 05:32 AM PDT

ချောက်မြို့ CDM လှုပ်ရှားမှု။ (ဓာတ်ပုံ-ဒေသခံများ)ချောက်ရေနံမြေ အလုပ်သမားတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှု တလကျော်လာနေပြီး အလုပ်ပြန်ဆင်းဖို့ အကြောင်းမရှိဘူးလို့ တက်ကြွလှုပ်ရှားသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ချောက်ရေနံမြေ အလုပ်သမားတွေရဲ့ အလုပ်မတက်ရေးလှုပ်ရှားမှု အခြေအနေကို မခွါညို တင်ပြပေးထားပါတယ်။ချောက်မြို့ ရေနံမြေအလုပ်သမားတွေဟာ စစ်ဘက်က အုပ်ချုပ်မှုကို မလိုလားတဲ့အတွက် အလုပ်မဆင်းတော့

ဥပဒေနှင့်အညီ ခုခံကာကွယ်ခြင်းသည် ပြစ်မှုမမြောက် - CRPH

Posted: 15 Mar 2021 05:30 AM PDT

မြောက်ဥက္ကလာပမြို့နယ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲမှုမြင်ကွင်း။နိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ရဲတို့က အကြမ်းဖက်မှုတွေ ကျူးလွန်လာမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဥပဒေနဲ့အညီ မိမိကိုယ်ကိုမိမိ ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မတ်လ ၁၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ပြည်သူတွေအနေနဲ့

ဆန္ဒပြသူတွေ ပစ်ခတ်ခံရလို့ အနည်းဆုံး ၁၁ ဦး သေဆုံး

Posted: 15 Mar 2021 05:28 AM PDT

ဆန္ဒပြသူတွေ ပစ်ခတ်ခံရလို့ အနည်းဆုံး ၁၁ ဦး သေဆုံး မကွေးတိုင်း အောင်လံမြို့မှာ ၂၀၂၁ မတ် ၁၅ ရက်နေ့က သေနတ်ထိမှန်သွားသူတစ်ဦးကို သယ်ဆောင်လာစဉ် / Photo CJစစ်အာဏာရှင် ကန့်ကွက်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံးတာတွေ စံချိန်တင်မြင့်တက်နေပေမယ့် နေရာအများစုမှာ ကန့်ကွက်ဆန္ဒပြသူတွေ အများအပြား ဆက်ရှိနေပါတယ်။ ဒီနေ့ နိုင်ငံအနှံ့မှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရတာကြောင့် အနည်းဆုံး

လှိုင်သာယာပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ ဦး ရုပ်အလောင်းတွေဆေးရုံက လက်ခံရရှိထား

Posted: 15 Mar 2021 05:25 AM PDT

လှိုင်သာယာမြို့နယ်မှာ မနေ့ မတ်လ ၁၄ ရက်ဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် ဆေးရုံမှာလက်ခံထားတဲ့ သေဆုံးသူ‌ ရုပ်အလောင်း ၃၇ လောင်းရှိတယ်လို့ လှိုင်သာယာဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ဒဏ်ရာရလို့ ဆေးရုံမှာ ကုသပေးနေသူ နောက်ထပ် အယောက် ၄၀ အထိ ရှိတယ်လို့လည်း ဆိုပါတယ်။လှိုင်သာယာ ဆေးရုံကြီးဟာ CDM လုပ်နေတဲ့ ဆေးရုံဖြစ်ပြီး မနေ့က အခြေအနေကြောင့် ဆေးရုံအရေးပေါ်ဌာနဖွင့်ပြီး ကုသမှု ပေးခဲ့တာလို့လည်းသိရ

မန္တလေးမှာ သပိတ် ဖြိုခွင်းခံရပြီး တစ်ဦးသေဆုံး

Posted: 15 Mar 2021 05:24 AM PDT

မတ်လ ၁၄ ရက်နေ့က မန္တလေးမြို့မှာ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦးMPACopyright: MPAမန္တလေးမြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲက ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။မတ်လ ၁၅ ရက် မနက်ပိုင်း မြရည်နန္ဒာ ရပ်ကွက်မှာ အထိုင်သပိတ်ပြုလုပ်နေစဥ် စစ်တပ်နဲ့ ရဲဘက်က ဝိုင်းလာကာ ရပ်ကွက်အတွင်း ပစ်ခတ်တာတွေပြုလုပ်ခဲ့တာလို့ လည်းဒေသခံတွေဆီက သိရပါတယ်။ဒဏ်ရာရ သူတွေလည်းရှိတယ်လို့သိ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.