သစ္ထူးလြင္ |
- စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာမှာ တရားစွဲရုံးတင်ဖို့ အလားအလာ
- CDM ခြိမ်းခြောက်သူတွေကို CRPH အရေးယူမည်
- ယိုယွင်းလာနေတဲ့ တရုတ်-မြန်မာ ဆက်ဆံရေး
- အိန္ဒိယဘက် တိမ်းရှောင်လာတဲ့ မြန်မာတွေကို ကူညီဖို့ မီဇိုရမ်အမတ် တိုက်တွန်း
- EU ရဲ့ စီးပွားရေးပိတ်ဆို့မှု ရှေ့သီတင်းပတ် စတင်မည်
- ၁၄၉ ဦးသေဆုံး၊ ရာနဲ့ချီပျောက်ဆုံးနေဟု ကုလ သတိပေး
- လှိုင်သာယာ အခြေအနေ မျက်မြင်သက်သေ ပြောပြချက်
- ထိန်းသိမ်းခံ Open Society Myanmar ဝန်ထမ်း ချက်ချင်းပြန်လွှတ်ဖို့ George Soros ရဲ့ ပရဟိတအဖွဲ့ တောင်းဆို
- Open Society Myanmar ကို အရေးယူမယ်လို့ စစ်ကောင်စီကကြေညာ
- မြန်မာအရေး ပူးပေါင်းဆောင်ရွက်ဖို့ ကန်-ဂျပန် ဝန်ကြီးအဆင့် ဆွေးနွေး
- စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်မှု EU နောက်အပတ်အတည်ပြုမည်
- အင်ဂျန့်ယာန် စစ်ရှောင်များကို ပလန စစ်ရှောင် စခန်းသို့ ပြန်လည်နေထိုင်ရန် အာဏာသိမ်းစစ်တပ်က ခွင့်မပြု။
- ကုမ္ပဏီများအနေဖြင့် Azura Beach Resort ကို ကြော်ငြာဝန်ဆောင်မှုပေးနေမှုအား ယခု ချက်ချင်း ဖျက်သိမ်းရမည်
- လှိုင်သာယာအဝင်ကို အကာအကွယ်တွေနဲ့ ပိတ်ထား
- မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကသတင်းစာအားလုံး ရပ်ဆိုင်း
- ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာပြေလည်သည်အထိ သံဃမဟာနာယက လုပ်ငန်းတာဝန်ရပ်ဆိုင်း
- ချောင်းဦး ညသပိတ် ပစ်ခတ်ဖြိုခွဲခံရ၊ နှစ်ဦးသေဆုံး
- တောင်ကြီး စိန်ပန်း ညသပိတ် အမျိုးသားတဦး ဖမ်းခံရ
- တောင်ကြီး ပုဂ္ဂလိကဘဏ် အချို့ အချိန်ပိုင်းဖြင့် ပြန်ဖွင့်
- ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများသို့ နောက်ဆုံးအကြိမ် အသိပေး အကြောင်းကြားခြင်း။
- ပညာရေး ဝန်ထမ်းတွေကို CDM မှာ မပါဝင်ကြောင်း ကိုယ်တိုင်ရေး ခံဝန်ချက် တင်ခိုင်းနေ
- မင်္ဂလာတောင်ညွန့် မြို့နယ် ညသပိတ်မှာ အကြမ်းဖက်ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသူကို သယ်လာကြစဉ်
- စစ်အုပ်ချုပ်ရေးကြေညာပေမဲ့ ဆက်ပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ
- နိုင်ငံတော်သံဃမဟာနယက အဖွဲ့ လုပ်ငန်းတွေရပ်တော့မယ်
- ရန်ကုန်တိုင်းတွင်း ဆန္ဒပြမှုများဆက်ရှိ၊ ပစ်ခတ်မှုကြောင့်တဦးထက်မနည်း သေဆုံး
စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာမှာ တရားစွဲရုံးတင်ဖို့ အလားအလာ Posted: 16 Mar 2021 05:14 PM PDT မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crimes against humanity စွဲချက်နဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို crimes against humanity စွဲချက်အတွက် နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆိုပြီး၊ အရေးယူနိုင်မယ့် အလားအလာနဲ့ ဘယ်လို အတားအဆီးတွေ ရှိနိုင်သလဲဆိုတာကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေ |
CDM ခြိမ်းခြောက်သူတွေကို CRPH အရေးယူမည် Posted: 16 Mar 2021 05:09 PM PDT မတ်လ ၁၆ ရက်နေ့စွဲနဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးကြေညာချက်မှာ တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ ခိုင်းစေချက်အရ ဝန်ကြီးဌာနတွေမှာရှိတဲ့ အကြီးအကဲတွေက CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေး အရေးယူ အပြစ်ပေးတာတွေရှိနေတဲ့အတွက် အဲဒီလို မတရားဆောင်ရွက်နေသူတွေကို တဦးချင်းမှတ်တမ်းထား ဖော်ထုတ် အရေးယူမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တဆက်တည်းမှာ |
ယိုယွင်းလာနေတဲ့ တရုတ်-မြန်မာ ဆက်ဆံရေး Posted: 16 Mar 2021 04:55 PM PDT လှိုင်သာယာစက်မှုဇုံထဲက မီးခိုးလုံးများ(ဓာတ်ပုံ-AP)အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်နေချိန်မှာပဲ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုင်လိုင်းတွေ လုံခြုံရေး တိုးမြှင့်ဖို့ပြီးခဲ့တဲလကုန်ပိုင်းမှာပဲ မြန်မာစစ်အာဏာပိုင်တွေကို ပြောဆိုလိုက်ကြောင်း ပြင်ပကို ပေါက်ကြားခဲ့တဲ့ အစည်းအဝေးမှတ်တမ်းတခုမှာ တွေ့ရပါတယ်။ ဗွီအိုအေက ရရှိထားတဲ့ မှတ်တမ်းအရ တရုတ် |
အိန္ဒိယဘက် တိမ်းရှောင်လာတဲ့ မြန်မာတွေကို ကူညီဖို့ မီဇိုရမ်အမတ် တိုက်တွန်း Posted: 16 Mar 2021 04:53 PM PDT မီဇိုရမ်လွှတ်တော်ကိုယ်စားလှယ် K.Vanlalvenaလက်ရှိမြန်မာနိုင်ငံမှာ အကြမ်းဖက်ဖိနှိပ်နေတဲ့အခြေအနေကြောင့် နယ်စပ် မီဇိုရမ်ဘက်ကို ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို တားဆီးတာတွေမလုပ်ပဲ လက်ခံကူညီဖို့ အိန္ဒိယ ဗဟိုအစိုးရကို မီဇိုရမ် လွှတ်တော်ကိုယ်စားလှယ်က အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။မီဇိုရမ်ပြည်နယ်မှာခိုလှုံလာကြသူအများစုဟာ ရဲဝန်ထမ်းတွေဖြစ်ပြီး စစ်တပ်ရဲ့အမိန့်ကိုလက်မခံပဲ ဆန္ဒပြသူတွေဘက်က ရပ်တည်ကြသူတွေဖြစ် |
EU ရဲ့ စီးပွားရေးပိတ်ဆို့မှု ရှေ့သီတင်းပတ် စတင်မည် Posted: 16 Mar 2021 04:51 PM PDT (၁၆-၃-၂၀၂၁)မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်တွေအပေါ် စီးပွားရေးအရ ဒဏ်ခတ်မှုကို လာမယ့် တနင်္လာနေ့မှာ EU ဥရောပသမဂ္ဂက စတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပြောပါတယ်။အဲဒီဒဏ်ခတ်မှုထဲမှာ -ဥရောပမှာရှိတဲ့ မြန်မာအစိုးရပိုင် ငွေတွေကိုပြန်ထုတ်ခွင့်မပေးတာ၊ အာဏာသိမ်းစစ်အုပ်စုထဲက တာဝန်ရှိသူခေါင်းဆောင်တဦးချင်း |
၁၄၉ ဦးသေဆုံး၊ ရာနဲ့ချီပျောက်ဆုံးနေဟု ကုလ သတိပေး Posted: 16 Mar 2021 04:48 PM PDT (၁၆-၃-၂၀၂၁)ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားသေဆုံးသူ အနည်းဆုံး ၁၄၉ ဦးစာရင်းရထားပြီး ပျောက်ဆုံးနေသူက ရာနဲ့ချီရှိနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။"သေဆုံးမှုနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သိသိသာသာ တိုးလာပါတယ်။ ဘာကြောင့်လဲဆိုရင် လုံခြုံရေးတပ်တွေက လူသတ်လက်နက်တွေသုံးပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို |
လှိုင်သာယာ အခြေအနေ မျက်မြင်သက်သေ ပြောပြချက် Posted: 16 Mar 2021 04:37 PM PDT စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ အရှိန်မြင့် လုပ်ဆောင်လာနေတာမှာ အခု ရက်ပိုင်းအတွင်း အဆိုးရွားဆုံး ဖြိုခွင်းခံရတဲ့နေရာတခုကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဖြစ်ပါတယ်။ မနေ့ညက ရပ်ကွက်တွေထဲ လက်နက်ကိုင် တပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တာ၊ လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ လှိုင်သာယာမှာရှိတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ လှိုင်သာယာက နောက်ဆုံး |
Posted: 16 Mar 2021 04:35 PM PDT အာဏာသိမ်း မြန်မာ စစ်တပ်က ဖမ်းထားတဲ့ Open Society Myanmar က ဝန်ထမ်းကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဘီလျံနာ George Soros တည်ထောင်ထားတဲ့ Open Society Foundations က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပြီး တရားမဝင် ငွေကြေး စီးဆင်းမှုရှိတယ်ဆိုတဲ့ စစ်တပ်ရဲ့ စွပ်စွဲချက်ကိုလည်း ငြင်းဆိုလိုက်ပါတယ်။Open Society Myanmar အဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ မန်နေဂျာ ဒေါ်ဖြူပပသော်ကို မတ်လ ၁၂ ရက်နေ့ ကတည်းက စစ်ဆေးမေးမြန်းနေပြီး Open |
Open Society Myanmar ကို အရေးယူမယ်လို့ စစ်ကောင်စီကကြေညာ Posted: 16 Mar 2021 03:31 PM PDT ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ သြဇာကြီးမားလှသူ ဂျော့ဆိုးရော့စ်ဂျော့ဆိုးရော့စ် George Soros ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မြန်မာ Open Society Myanmar ကို အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းဖောက်ဖျက်မှုနဲ့ အရေးယူမယ်လို့ မြန်မာနိုင်ငံ အာဏာသိမ်း စစ်ကောင်စီက ထုတ်ဖော်ကြေညာလိုက်ပါတယ်။ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာရဲ့ ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဖြူပပသော်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေ |
မြန်မာအရေး ပူးပေါင်းဆောင်ရွက်ဖို့ ကန်-ဂျပန် ဝန်ကြီးအဆင့် ဆွေးနွေး Posted: 16 Mar 2021 03:26 PM PDT အမေရိကန်-ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံတဲ့ မြင်ကွင်း။ (မတ် ၁၆၊ ၂၀၂၁)အင်ဒို-ပစိဖိတ်ဒေသတွင်း ကြီးထွားလာနေတဲ့ တရုတ်လွှမ်းမိုးမှု စတဲ့ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ တိုကျိူမြို့မှာ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။" ကျနော်တို့ရဲ့ ဝေမျှထားတဲ့ တန်ဖိုးတွေနဲ့ ကျနော်တို့ယုံကြည်တဲ့ ဒီမိုက |
စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်မှု EU နောက်အပတ်အတည်ပြုမည် Posted: 16 Mar 2021 03:25 PM PDT ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Yves Le Drianမြန်မာ့ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုကို ဥရောပ သမဂ္ဂ EU က နောက်သီတင်းပတ် အတွင်း အတည်ပြုမယ့် အကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့မှာ ပြောပါတယ်။EU ရုံးစိုက်ရာ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ ဒီအရေး ဆွေးနွေးပြီးဆုံးခဲ့ပြီး လာမယ့် တနလာင်္နေ့မှာ အတည်ပြုမယ်လို့ ပြင်သစ် |
အင်ဂျန့်ယာန် စစ်ရှောင်များကို ပလန စစ်ရှောင် စခန်းသို့ ပြန်လည်နေထိုင်ရန် အာဏာသိမ်းစစ်တပ်က ခွင့်မပြု။ Posted: 16 Mar 2021 03:21 PM PDT အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် မြစ်ဆုံ-တန်ဖရဲကျေးရွာသို့ ယနေ့မနက်ဝင်ရောက်လာသော စစ်ရှောင်ပြည်သူများကို ၎င်းတို့ ယခင်နေထိုင်ခဲ့သည့် ပလန စစ်ရှောင်စခန်းသို့ ပြန်လည်နေထိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးက ခွင့်မပြုကြောင်းသိရသည်။လက်ရှိ တန်ဖရဲကျေးရွာ ကတ်သလစ်ဘုရားကျောင်းဝင်းတွင် ရောက်ရှိနေသောအင်ဂျန့်ယန် စစ်ရှောင်များသည် ယခင်က မြစ်ကြီးနား- ပလန နယ်မြေ |
Posted: 16 Mar 2021 11:33 AM PDT Tripadvisor အပါအဝင် US အခြေစိုက် booking sites အချို့တွေဖြစ်တဲ့ Booking Holdings ရဲ့ ခရီးသွားဝန်ဆောင်မှုဆိုင်ရာ အွန်လိုင်းလုပ်ငန်းတွေမှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Azura Beach Resort ကို စာရင်းမှ စတင်ဖယ်ရှားက အရေးယူဒဏ်ခတ်လိုက်တာတွေကို တွေ့ရပါပြီ။ ⚠️ သို့သော် US လုပ်ငန်းတစ်ခုဖြစ်တဲ့ Hotels.com နဲ့ တရုတ်ပိုင် Trip.com တွေမှာဖြင့် သူတို့ ကြော်ငြာပလက်ဖောင်းပေါ်မှာ ဆက်လက်ထား |
လှိုင်သာယာအဝင်ကို အကာအကွယ်တွေနဲ့ ပိတ်ထား Posted: 16 Mar 2021 11:13 AM PDT ရန်ကုန်မြို့လယ်ကနေ လှိုင်သာယာဖက်ကို ကူးတဲ့တံတားကို ဆန္ဒပြသူတွေက အကာအကွယ်အတားအဆီးတွေနဲ့ ပိတ်ထားတာပါ။စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ဆန္ဒပြသူတွေ အသေအပျောက်များခဲ့ပါတယ်။VOA Burmesehttps://burmese.voanews.com/a/5816771.html |
မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကသတင်းစာအားလုံး ရပ်ဆိုင်း Posted: 16 Mar 2021 11:10 AM PDT ရန်ကုန်မြို့ရှိ ဂျာနယ်ဆိုင်တခုမှာ တွေ့ရတဲ့ သတင်းဂျာနယ်များ။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)မြန်မာနိုင်ငံမှာ နောက်ဆုံးကျန်တဲ့ စံတော်ချိန်နေ့စဉ်သတင်းစာ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီမို့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာထုတ်ဝေမှု အားလုံး ရပ်ဆိုင်းသွားပြီဖြစ်ပါတယ်။ စံတော်ချိန် သတင်းဌာနအနေနဲ့ နေ့စဉ်ထုတ်သတင်းစာကိုရော အွန်လိုင်းအခြေခံပြီးရေးသားတဲ့ သတင်းလုပ်ငန်းအားလုံးကိုပါ ဒီကနေ့ မတ်လ ၁၇ ရက်နေ့ကစပြီး |
ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာပြေလည်သည်အထိ သံဃမဟာနာယက လုပ်ငန်းတာဝန်ရပ်ဆိုင်း Posted: 16 Mar 2021 11:08 AM PDT ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာပြေလည်သည်အထိ သံဃမဟာနာယက လုပ်ငန်းတာဝန်ရပ်ဆိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံဃမဟာနာယကအဖွဲ့။ Photo: StateSamghaMahanayaka / Facebookပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကနေ အခုကစပြီး လုပ်ငန်းတာဝန်တွေ လုံးဝရပ်ဆိုင်းကြောင်း မတ်လ ၁၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတောင်ကြီးရဲ့ အစည်းအဝေးခန်းမ |
ချောင်းဦး ညသပိတ် ပစ်ခတ်ဖြိုခွဲခံရ၊ နှစ်ဦးသေဆုံး Posted: 16 Mar 2021 11:07 AM PDT ချောင်းဦး ညသပိတ် ပစ်ခတ်ဖြိုခွဲခံရ၊ နှစ်ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ညသပိတ်။Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ညသပိတ်ကို မတ်လ ၁၆ ရက် ဒီကနေ့ ညမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့လို့ နှစ်ဦး သေဆုံးသွားတယ်လို့ ချောင်းဦးသပိတ်ဦးဆောင်သူတွေက RFA ကို အတည်ပြုပြောပါတယ်။ချောင်းဦးတောင်ပိုင်းက ကိုကျော်ခိုင် ဦးခေါင်းမှာ သေနတ်ကျည်ထိမှန်သေဆုံးသွားပြီး ကျန်တဲ့တစ်ဦး |
တောင်ကြီး စိန်ပန်း ညသပိတ် အမျိုးသားတဦး ဖမ်းခံရ Posted: 16 Mar 2021 11:05 AM PDT သျှမ်းသံတော်ဆင့်၊ မတ် ၁၆ရက်တောင်ကြီး စိန်ပန်းရပ်ကွက် ယနေ့ (မတ် ၁၆)ရက် စစ်အာဏာရှင်ကျဆုံးရေးအတွက် ညသပိတ် ပြုလုပ်ကြရာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပြီး အမျိုးသားတဦးကို ရိုက်နှက်ပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ထိုဖမ်းဆီးသွားသည့် အမျိုးသားကို ပြန်လွှတ်ပေးရန် အတွက် စိန်ပန်းရပ်ကွက်ပြည်သူများက ရဲစခန်းသို့ လိုက်သွားပြီး တောင်းဆိုသဖြင့် ရဲမှ သေနတ်ပစ် အကြမ်းဖက်ဖြိုခွင်းခဲ့သော်လည်း ပြည်သူများ |
တောင်ကြီး ပုဂ္ဂလိကဘဏ် အချို့ အချိန်ပိုင်းဖြင့် ပြန်ဖွင့် Posted: 16 Mar 2021 11:02 AM PDT သျှမ်းသံတော်ဆင့်၊ မတ် ၁၆ရက်တောင်ကြီးမြို့ ရှိ ပုဂ္ဂလိကဘဏ် အချို့ယနေ့ (မတ် ၁၆)ရက် မနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ပုဂ္ဂလိက ဘဏ်များပြန်လည် ဖွင့်လှစ်ရန် စစ်ကောင်စီ က ဖိအားပေးခဲ့ခြင်း၊ ပုဂ္ဂလိက ဘဏ်များပြန်လည်မဖွင့်လှစ် ပါက ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ် ၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ ငွေလွှဲပြောင်းပေးနိုင်ရန် နှင့် ပုဂ္ဂလိက ဘဏ်များ မဖြစ်မနေ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရန် |
Posted: 16 Mar 2021 10:59 AM PDT ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်(၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်)ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများသို့ နောက်ဆုံးအကြိမ် အသိပေး အကြောင်းကြားခြင်း။၁။ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီးမှ လူကြီးမင်းတို့ထံ အောက်ဖော်ပြပါ မေတ္တာရပ်ခံချက်များကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ရက်စွဲနှင့် အီးမေးလ်မှတဆင့် ပေးပို့အကြောင်းကြားခဲ့ပြီး ဖြစ်သည် |
ပညာရေး ဝန်ထမ်းတွေကို CDM မှာ မပါဝင်ကြောင်း ကိုယ်တိုင်ရေး ခံဝန်ချက် တင်ခိုင်းနေ Posted: 16 Mar 2021 10:51 AM PDT နေပြည်တော်၊ မတ် ၁၆၊ ၂၀၂၁ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ ဌာနခွဲတွေက အရာထမ်း၊ အမှု ထမ်း အားလုံး CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်း ရှိမရှိ ကိုယ်တိုင်ရေး ခံဝန် ချက် နဲ့ အတူ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ညွှန်ကြားထားတယ် လို့ သိရပါတယ်။"ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါမပါ ကိုယ်တိုင် ခံဝန်ချက်နဲ့ မနက်ဖြန် နောက်ဆုံး |
မင်္ဂလာတောင်ညွန့် မြို့နယ် ညသပိတ်မှာ အကြမ်းဖက်ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသူကို သယ်လာကြစဉ် Posted: 16 Mar 2021 10:48 AM PDT မင်္ဂလာတောင်ညွန့် မြို့နယ်ညသပိတ်မှာ အကြမ်းဖက်ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသူကို သယ်လာကြစဉ်(၁၆/၃/၂၀၂၁)မင်္ဂလာတောင်ညွန့် မြို့နယ် ၉၁ လမ်းနဲ့ မြန်မာ့ဂုဏ်ရည်လမ်းထိပ်မှာညသပိတ်ကို အကြမ်းဖက်ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ပစ်ခတ်ဖြိုခွဲ ခဲ့ပါတယ်။ယောက်ျားလေးတစ်ယောက် ဗိုက်ကိုထိထားတယ်သိရပါတယ်။Burma News Networkhttps://www.facebook.com/burmanewsnetwork |
စစ်အုပ်ချုပ်ရေးကြေညာပေမဲ့ ဆက်ပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ Posted: 16 Mar 2021 10:33 AM PDT ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ် ၁၆ ရက် နေ့မှာ ရပ်ကွက်ထဲအထိ စစ်သားတွေက လိုက်လံပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။မတ် ၁၄ ရက်နေ့က ရဲနဲ့စစ်သားတွေရဲ့ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် လှိုင်သာယာမြို့နယ်က သပိတ်မှောက်ပြည်သူတွေ ရာဂဏန်းနီးပါးသေဆုံးဒဏ်ရာရတွေရခဲ့ပါတယ်။လှိုင်သာယာမှာ ကျည်ထိမှန် သေဆုံးခဲ့သူ ၃၁ ဦးကို ဒီနေ့ လှိုင်သာယာ ထိန်ပင်သုသာန် မှာစျာပန အခမ်းအနား |
နိုင်ငံတော်သံဃမဟာနယက အဖွဲ့ လုပ်ငန်းတွေရပ်တော့မယ် Posted: 16 Mar 2021 10:31 AM PDT နိုင်ငံတော် သံဃမဟာနယက အဖွဲ့ဟာ သူရဲ့လုပ်ငန်းတာဝန်တွေဆောင်ရွှက်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းတော့မယ်လို့ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ ၄၇ ပါးစုံညီ ဆုံးဖြတ်ခဲ့ကြောင်း အဖွဲ့ဝင်ဆရာတော် တွေထံကနေသိရပါတယ်။လက်ရှိအချိန်ကစပြီး နိုင်ငံရေးတင်းမာမှုတွေလျော့ပြီး ပြည်သူတွေလွတ်လပ်စွာ သွားလာလှုပ်ရှားဖောက်ကားရောင်းဝယ်နိုင်တဲ့ အချိန်အထိ နဲ့ ကိုဗစ် ကပ်ရောဂါ မြန်မာနိုင်ငံမှာ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ ကြောင်း ကမ္ဘာ့ |
ရန်ကုန်တိုင်းတွင်း ဆန္ဒပြမှုများဆက်ရှိ၊ ပစ်ခတ်မှုကြောင့်တဦးထက်မနည်း သေဆုံး Posted: 16 Mar 2021 10:30 AM PDT ရန်ကုန်ဆန္ဒပြပွဲအတွင်း ဖြိုခွင်းခံရတဲ့ မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)ရန်ကုန်တိုင်းအတွင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းလို့ နေ့စဉ်ထိခိုက်သေဆုံးမှုတွေတိုးလာပေမဲ့ ဆန္ဒပြမှုတွေကတော့ ဆက်ပြီးရှိနေဆဲပါ။ ဒီကနေ့မှာတော့ ရန်ကုန်တိုင်းအတွင်း ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် တဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေလည်း ရှိနေပါတယ်။ မဆုမွန်က ပြောပြပေးပါမယ်။ဒီကနေ့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.