Thursday, March 18, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အာဏာသိမ်းစစ်တပ်အောက်ရှိ ဖားကန့် ရဲစခန်းများကို KIA က တိုက်ခိုက်

Posted: 18 Mar 2021 08:12 AM PDT

အာဏာသိမ်းစစ်တပ်အောက်ရှိ ဖားကန့် ရဲစခန်းများကို KIA က တိုက်ခိုက်ဖားကန့် နမ့်မှော်ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ်လက်အောက်ရှိ ရဲစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉အောက် တပ်ရင်း ၆ က ယနေ့ မနက်ပိုင်းက သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။နံနက် ၁နာရီခန့်မှ ၂နာရီအချိန်အထိ နန့်မှော်ကျေးရွာနဲ့ မှော်လကင်ကျေးရွာ အထက်ရှိ ရဲတပ်ရင်း အမှတ် (၃၀) တိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။"ဖြစ်တာက ဘယ်လို

ဒီပဲယင်းတွင် ရဲနှစ်ဦးသေ၊တည်တောရွာသို့ ရဲနှင့်စစ်တပ်ဝိုင်း၍ ဒေသခံ ခြောက်ဦးဖမ်းခေါ်သွား

Posted: 18 Mar 2021 08:06 AM PDT

မုံရွာ၊မတ်-၁၈စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ဖုတ္ထန်းတောရွာအနီးတွင် ယနေ့ နံနက်ပိုင်းက ရဲနှင့်​ ဒေသခံအချို့တွေ့ဆုံရာ ရဲနှစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။သေဆုံးသော ရဲနှစ်ဦးအလောင်းမှာ ဆည်မြောင်းမူးဆုံလမ်းမပေါ်တွင်ရှိနေရာ ညနေပိုင်းတွင် ရဲနှင့်စစ်တပ်မှ အခင်းဖြစ်ရာအနီး တည်တောရွာသို့ ဝိုင်းကာ ပစ်ခတ်ဖမ်းဆီးမှုများလုပ်ကြောင်း ဒေသခံများက ပြောသည်။"ဒီပဲယင်းကိုဆန္ဒပြပြီး ကားတွေက အပြန်မှာဖြစ်တာ။

ကလေးမြို့ သပိတ်စစ်ကြောင်း ပစ်ခတ် ဖြိုခွင်းမှုကြောင့် သေဆုံး သွားတဲ့ ချင်း အမျိုးသား ၂ ဦး ဈာပန ကျင်းပ

Posted: 18 Mar 2021 08:03 AM PDT

ကလေး၊ မတ် ၁၈၊ ၂၀၂၁ကလေးမြို့မှာ မတ်လ ၁၇ ရက်က တာဟန်း သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမှာ သေဆုံးသွားခဲ့သူတွေထဲက ချင်းအမျိုးသား ၂ ဦး ရဲ့ စျာပန အခမ်းအနားကို ဒီကနေ့ ကျင်းပပါတယ်။တာဟန်း သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ချင်း တိုင်းရင်းသား ၂ ဦးအနက် ဆလိုင်း ကျုံးလျံကျဲအို နဲ့ ကိုကျင်ခန့်မာန်တို့ ၂ ဦးကို ဒီကနေ့မှာ သုသာန်အသီးသီးသို့ မြို့လူထုနဲ့ ချင်း တိုင်းရင်းသားတွေက လိုက်ပါပို့ဆောင်ကြ

ဖားကန့်မှာ ရဲတပ်ရင်း စခန်း ၂ ခုနဲ့ တပ်စခန်း ၁ ခု တိုက်ခိုက်ခံရ

Posted: 18 Mar 2021 08:01 AM PDT

ဖားကန့်၊ မတ် ၁၈၊ ၂၀၂၁ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းက ရဲတပ် ရင်း စခန်း၂ ခုနဲ့ တပ်စခန်း ၁ ခုကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က မနေ့ည ၁ နာရီဝန်းကျင်မှာ လက်နက်ကြီး တွေ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါ တယ်။တိုက်ခိုက်ခံရတဲ့ ရဲတပ်ရင်း စခန်းတွေကတော့ နမ့်မှော် ကျေးရွာ နားက တပ်စခန်း၊ မော်လကင်ရွာနားက ရဲတပ်ရင်း စခန်း၊ မိုးကာ ရွာနားက စိန်လုံ ရဲတပ်ရင်း စခန်းတွေ ဖြစ်တယ်

တညီတညွတ်ထဲ တွန်းလှန်နိုင်ဖို့အတွက် CRPH အနေနဲ့က တိုင်းရင်းသားတော်လှန်ရေးတပ်မတော်ကြီးအားလုံးကို ဖိတ်ခေါ်ဖို့လိုပါတယ်

Posted: 18 Mar 2021 07:58 AM PDT

တညီတညွတ်ထဲ တွန်းလှန်နိုင်ဖို့အတွက် CRPH အနေနဲ့က တိုင်းရင်းသားတော်လှန်ရေးတပ်မတော်ကြီးအားလုံးကို ဖိတ်ခေါ်ဖို့လိုပါတယ် ပဒိုမန်းမန်းမန်းKIC - ကရင်သတင်းစဉ်https://www.facebook.com/KICNewsPage

စစ်တပ်နဲ့ KNU-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA -တပ်မဟာ(၁) တို့အကြား ပစ်ခတ်မှုမှာ စစ်တပ်ဘက်က ၅ ယောက်သေဆုံး

Posted: 18 Mar 2021 07:53 AM PDT

သထုံခရိုင်၊ ဖားအံမြို့ နယ်၊ ညောင်ကုန်းရွာသစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ KNU-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA -တပ်မဟာ(၁) တို့အကြား ပစ်ခတ်မှုမှာ စစ်တပ်ဘက်က ၅ ယောက်သေဆုံးခဲ့တယ်လို့ KNU က ပြောပါတယ်။KIC - ကရင်သတင်းစဉ်https://www.facebook.com/KICNewsPage

ကလေးမြို့ ဗုဒ္ဓဟူးနေ့ဖြိုခွဲမှုကနေ သေဆုံးသူ ၇ ဦးရှိပြီ

Posted: 18 Mar 2021 07:40 AM PDT

မတ်လ ၁၇ ရက်နေ့ ကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှု မြင်ကွင်း။ (မတ် ၁၇၊ ၂၀၂၁)နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူတွေ ရာချီရှိနေပေမဲ့ ဆန္ဒပြသူတွေကတော့ ပုံမှန်အတိုင်း ဆက်လက် ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ မုံရွာမြို့က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ သစ်တောအရာရှိ သေဆုံးခဲ့တာအပါအဝင် မနေ့က ကလေးမြို့မှာ သပိတ်

ရန်ကုန်အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့ ဖြိုခွဲတာတွေ ဆက်ဖြစ်နေဆဲ

Posted: 18 Mar 2021 07:38 AM PDT

ရန်ကုန် လှိုင်မြို့နယ် ဆန္ဒပြပွဲအတွင်း ဖြိုခွင်းခံရတဲ့ မြင်ကွင်း။ (မတ် ၁၇၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိနေတဲ့ကြားမှာပဲ ရန်ကုန်မြို့အပါအဝင် မန္တလေး၊ မုံရွာ၊ ရွှေဘို၊ နက်မောက်၊ တောင်ငူ၊ ညောင်ဦး၊ မိတ္တိလာ၊ ဖားကန့်၊ လွိုင်ကော်၊ ထားဝယ်၊ ကလေး စတဲ့နိုင်ငံတဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေဟာ လမ်းလေ ျှာက်ချီတက်တာတွေ၊ ထိုင်သပိတ်လုပ်

တာမွေမှာ ဆက်တိုက်ပစ်ခတ်နေ၊ ၁၇ ဦးဖမ်းခံရ

Posted: 18 Mar 2021 07:30 AM PDT

ရန်ကုန်၊ တာမွေမြို့နယ်ထဲမှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်ထဲမှာ မတ်လ ၁၈ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်ကစပြီး စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ဒီကနေ့ တာမွေမြို့နယ်ထဲမှာ ဖမ်းဆီးခံရတဲ့သူ အနည်းဆုံး ၁၇ ဦး ရှိတယ်လို့ နွေဦးတော်လှန်ရေး တွစ်တာ စာမျက်နှာမှာ ရေးထားပါတယ်။အသက် ၁၃ နှစ် မိန်းကလေးငယ်တစ်ဦး ပစ်ခတ်ခံခဲ့ရပြီး အသက်သေဆုံးသွားလား မသိရသေးပေမယ့် စစ်တပ်နဲ့

မန္တလေးက CDM လုပ်တဲ့ မီးရထား ဝန်ထမ်းတွေကို ဖိအားပေး

Posted: 18 Mar 2021 07:28 AM PDT

မန္တလေးက CDM လုပ်တဲ့ မီးရထား ဝန်ထမ်းတွေကို ဖိအားပေး မန္တလေးမြို့က မြန်မာ့မီးရထားဝန်ထမ်းတွေ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာကို တွေ့ရစဉ် / Photo: RFAမန္တလေးမှာ အလုပ်ခွင်မဆင်းဘဲ အာဏာဖီဆန် CDM လုပ်နေတဲ့ မီးရထားဝန်ထမ်းတွေအနေနဲ့ အလုပ် ပြန်မဝင်ရင် ဝန်ထမ်းလိုင်းခန်းတွေကနေ ဖယ်ရှားပေးဖို့ ဒီကနေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက လိုင်းခန်းတွေမှာ စာလာကပ်ခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေ

တာမွေ မှာ စစ်ကောင်စီတပ်တွေ ပစ်ခတ် ဖမ်းဆီးမှုတွေလုပ်

Posted: 18 Mar 2021 07:26 AM PDT

တာမွေ အဝိုင်းထိပ် မတ်လ ၁၈ ရက် အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြသူများတာမွေ အဝိုင်းထိပ်နဲ့ ကျောတ်မြောင်း သတိပဌာန်လမ်းမှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့က အတားအဆီးတွေကို မတ်လ ၁၈ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သလို သတိပဌာန်လမ်း သပိတ်စစ်ကြောင်းကို ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။စစ်တပ်နဲ့ ရဲက ကျည်အစစ်၊ ရာဘာကျည်၊ မျက်ရည်ယိုဗုံး၊ အသံဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ဒဏ်ရာ ရထားသူများ

လူနာပို့ပြီးပြန်လာတဲ့ ပရဟိတဝန်ထမ်း နှစ်ဦး အဖမ်းခံရပြီးထောင်တစ်လကျ

Posted: 18 Mar 2021 07:25 AM PDT

မော်လမြိုင် တပ်မတော် စစ်ဆေးရုံကို လူနာပို့ပြီး ပြန်လာတဲ့ကျိုက္ခမီက ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးဟာ မတ်လ ၁၅ ရက်နေ့က ပုဒ်မ ၁၈၈ တရားစွဲခံရပြီးနောက် ထောင်ဒဏ်တစ်လစီ ချမှတ်ခံရတဲ့လို့ ဟိကာရီ ဗုဒ္ဓဘာသာ လူငယ်များ နာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။သူတို့ကို အာဏာသိမ်းစစ်ကောင်စီ ယာဥ်တန်းက လူနာပို့ပြီးပြန်အလာမှာ ရပ်တန့်စစ်ဆေးပြီးတော့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေ

ကျောက်မြောင်း မှာ အကြမ်းဖက် ဖက်ဆစ်တွေသောင်းကျန်းနေသည်။

Posted: 18 Mar 2021 07:23 AM PDT

(၁၈/၃/၂၀၂၁)ကျောက်မြောင်း မှာ အကြမ်းဖက် ဖက်ဆစ်တွေသောင်းကျန်းနေသည်။ထိခိုက်ဒဏ်ရာရသူတွေရှိပြီး (၁၅) ဦးခန့် ပြန်ပေးဆွဲခံရဟု သိရသည်။Burma News Networkhttps://www.facebook.com/burmanewsnetwork

ဖက်ဆစ်မြန်မာတွေကို အပြီးတိုင်မောင်းထုတ်ဖို့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းပြင်ဆင်နေပြီလို့ ခေတ္တပြည်ထောင်စုဝန်ကြီး​ ဒေါက်တာဇော်ဝေစိုး ပြောပြီ

Posted: 18 Mar 2021 07:21 AM PDT

(၁၈/၃/၂၀၂၁)ဖက်ဆစ်မြန်မာတွေကို အပြီးတိုင်မောင်းထုတ်ဖို့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းပြင်ဆင်နေပြီလို့ ခေတ္တပြည်ထောင်စုဝန်ကြီး​ ဒေါက်တာဇော်ဝေစိုး ပြောပြီBurma News Networkhttps://www.facebook.com/burmanewsnetwork

မုံရွာမှာ ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ CDM သစ်တော ဝန်ထမ်းရဲ့ ရုပ်အလောင်း မိသားစုဆီပြန်ရောက်

Posted: 18 Mar 2021 07:17 AM PDT

မုံရွာ-မတ် ၊ ၁၈ ၊ ၂၀၂၁စစ်ကိုင်းတိုင်း မုံရွာမြို့  ချမ်းမြဝတီရပ်ကွက်  ကျောက္ကာလမ်း၊ မော်ကွန်းရှင် စတိုးအနီးမှာ မတ်လ ၁၅ ရက် နေ့ခင်းပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ CDM သစ်တော ဝန်ထမ်း ၁ ဦး ဖြစ်တဲ့ ကိုထွန်းထက်အောင် (ခ) ကိုဖိုးငယ် အသက် (၂၄)နှစ် ဟာ ဒီကနေ့ မတ် ၁၈ ရက် မနက် အစောပိုင်းက မန္တလေး ဆေးရုံမှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ် ။သူ့ရဲ့ ရုပ်အလောင်းကို သေဆုံးသူရဲ့ နေရပ်ဖြစ်တဲ့ မုံရွာမြို့ အလုံ မုန်တိုင်း

အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ်အားလုံးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုခြင်း။

Posted: 18 Mar 2021 07:12 AM PDT

(က) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ်အားလုံးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုခြင်း။(ခ)  အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများကောက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ သုံးစွဲမှုယူနစ်အားလုံးအတွက်ခေတ္တ ဆိုင်းငံ့ခြင်း။----------------

Committee Representing Pyidaungsu Hluttaw - CRPH ကြေညာချက် အမှတ် ( ၁၅/၂၀၂၁ )

Posted: 18 Mar 2021 07:11 AM PDT

ကြေညာချက် အမှတ် ( ၁၅/၂၀၂၁ )၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်မတ်လ (၁၈)ရက်၊ ၂၀၂၁ခုနှစ်။================၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်တီသည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ

တောင်ကိုရီးယားရောက် ကန်ဝန်ကြီး Blinken မြန်မာစစ်အာဏာသိမ်းမှု အလေးထားပြောကြား

Posted: 17 Mar 2021 05:52 PM PDT

အာရှခရီးစဉ် တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-yong နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ရာမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ ဒီမိုကရေစီရေးအတွက် စိန်ခေါ်မှုတွေ ကြုံနေရတဲ့ အခြေအနေတွေကို အလေးထား ပြောဆိုသွားပါတယ်။"မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ကျင်းပခဲ့တဲ့

ကမ္ဘောဇဘဏ်ဖြစ်စဉ်က ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ ပြောပြချက်

Posted: 17 Mar 2021 05:47 PM PDT

 ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မာလာဆောင်ရှေ့က ကမ္ဘောဇဘဏ်မှာ မတ်လ(၁၆)ရက် မနက်ပိုင်းနဲ့နေ့လည်ပိုင်းက ငွေထုတ်ကြရင် ဘဏ်တာဝန်ရှိသူတွေနဲ့ ငွေထုတ်သူတွေကြားအခြေအတင်ဖြစ်ကြရာက ငွေထုတ်သူအချို့ကို ရဲနဲ့စစ်တပ်က လာရောက်ခေါ်ဆောင်သွားတယ်ဆိုတဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ခေါ်ဆောင်သွားခံရသူတွေဟာ ဒီနေ့ ညနေပိုင်း အထိ မိသားစု ဆီ ပြန် မရောက်လာသေးပါဘူး။စစ်ကောင်စီ ဘက်ကတော့ သူတို့ဟာ CDM အာဏာဖီဆန်ရေး လှုံ့ဆော်လို့ ဖမ်းဆီးရတယ်

ဖားအံပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်နေပြီဟု ဆို

Posted: 17 Mar 2021 05:41 PM PDT

မတ်လ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီစစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုနှင့် အာဏာဖီဆန်မှု(CDM) လှုပ်ရှားမှုများကြောင့် ပိတ်ထားရသည့် ဖားအံပြည်သူ့ဆေးရုံကြီးအား ယနေ့(မတ်လ ၁၇ရက်)တွင် အများသိ ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။အမည်မဖော်လိုသည့် ဖားအံပြည်သူ့ဆေးရုံနှင့် နီးစပ်သူတစ်ဦးက "အရင်လို ပြန်ပြီးလည်ပတ်ဖို့ အကုန်လုံး လူသိရှင်ကြားဖြစ်အောင် ပြန်ဖွင့်ပြီးပေါ့။ အရင်ကလည်း ဖွင့်နေတာပဲ။ လူနာတွေကလည်း လာနေတာပဲ။

ရှမ်း၊ကယားနယ်စပ် ဆောင်ကန်းကျေးရွာတွေဘက်မှာ ရဲနဲ့စစ်တပ်ရဲ့ တစ်အိမ်တက်တစ်ဝင်ရောက်စီးနှင်းမှုခံနေရ

Posted: 17 Mar 2021 05:34 PM PDT

မတ်လ ၁၇ ရက်နေ့ ရှမ်းကယားနယ်စပ် ဆောင်ကန်းကျေးရွာတွေဘက်မှာ ရဲနဲ့စစ်တပ်ကနေပြီး ၎င်းတို့လူကိုဝင်ရှာမယ်ဆိုပြီး အနီးအနားကျေးရွာတွေအားလုံး တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရှာနေတယ်လို့ ဒေသခံတွေဆီကနေကြားသိရပါတယ်။ လူထုတွေက  ရွာထဲအဝင်မခံသောကြောင့် ဒေသခံလူထုနှင့် ရဲ၊ စစ်သားများအခြေအနေတင်းမှာလျှက်ရှိတယ်လို့ကြသိရပါတယ်။ လာရောက် ဝန်းရံကြတဲ့ ပီကင်းကောခူ၊ဝါရီကောခူ ၊ လယ်ထွန်၊ဖာလိုင်တောင်ခြေ ရွာသားတွေကို မျက်ရည်ယိုဗုံး

ပညာရေးရုံးတွေကို CDM ရုံးအဖြစ်သတ်မှတ် လုပ်ဆောင်သွားမည်

Posted: 17 Mar 2021 05:33 PM PDT

ကန္တာရဝတီတိုင်း (မ်)ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးတွေအပြင် ခရိုင်အဆင့်ပညာရေးမှူးရုံးတွေကိုပါ CDM ရုံးအဖြစ်သတ်မှတ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂအသင်းကပြောပါတယ်။ မတ်လ ၁၇ ရက်နေ့က ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ပညာရေးမှုုးရုံးတွေကို ကျောင်းသား မိဘ ဆရာတွေနဲ့ ကျေးရွာလူထုတွေက CDM ရုံးအဖြစ်သတ်မှတ်လိုက်ပြီး တခြား မြို့နယ်တိုင်းမှာရှိ

စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ သြစတြေးလျအမတ်တွေကို မြန်မာတွေတင်ပြ

Posted: 17 Mar 2021 05:19 PM PDT

စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ သြစတြေးလျအမတ်တွေကို မြန်မာတွေတင်ပြ သြစတြေးလျနိုင်ငံရောက် မြန်မာအရေး တက်ကြွလှုပ်ရှားသူ ကိုယ်စားလှယ်အဖွဲ့ကို သြစတေးလျအစိုးရတာဝန်ရှိသူတွေက မတ်လ ၁၆ ရက်နေ့က လက်ခံတွေ့ဆုံခဲ့စဥ်။ Photo: Citizen Journalistသြစတြေးလျနိုင်ငံရောက် မြန်မာအရေး တက်ကြွလှုပ်ရှားတဲ့ ကိုယ်စားလှယ်အဖွဲ့ကို သြစတေးလျအစိုးရ တာဝန်ရှိသူတွေက မတ်လ ၁၆ ရက်နေ့က မြို့တော်မဲလ်ဘုန်းမှာရှိတဲ့ ပါလီမန်အဆောက်အဦးမှာ

Wi-Fi အင်တာနက်ဖြတ်မည်ဟု စစ်ကောင်စီအမိန့်ထုတ်

Posted: 17 Mar 2021 05:18 PM PDT

Wi-Fi အင်တာနက်ဖြတ်မည်ဟု စစ်ကောင်စီအမိန့်ထုတ် မိုဘိုင်းလ်ဖုန်းဖြင့် ဖေ့စ်ဘွတ်လူမှုကွန်ရက်သုံးစွဲနေသူတဦး။ Photo: AFPမြန်မာနိုင်ငံမှာ Wi-Fi အင်တာနက်အားလုံးကို ဒီနေ့ကစလို့ ဖြတ်မယ့်အကြောင်း အာဏာသိမ်းစစ်ကောင်စီက မတ်လ ၁၇ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ နောက်ထပ်ညွှန်ကြားချက် မရမချင်း အင်တာနက်

ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ နှစ်ဦးနဲ့ ကလေးမြို့မှာ လေးဦး သေဆုံး

Posted: 17 Mar 2021 05:16 PM PDT

ကလေးမြို့တာဟန်းမတ်လ ၁၇ ရက်နေ့ကတွေ့ရစဥ်ရန်ကုန် တာမွေမြို့နယ်မှာ ရပ်ကွက်ထဲကို ပစ်ခတ်နေသောစစ်သားတစ်ဦးအာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့နဲ့ ကလေးမြို့တို့မှာ လူ ၆ ဦးခန့်သေဆုံးခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။ရန်ကုန်မြို့ တာမွေ ကျောက်မြောင်းဘက်မှာလည်း လိုက်လံ ပစ်ခတ် ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။ကလေးမြို့ အနောက်ဘက် တာဟန်းရပ်ကွက်မှာ ဒီနေ့ညနေပိုင်းအထိ ပစ်ခတ်မှုတွေ ရှိနေခဲ့ပြီး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.