Friday, March 19, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဖားကန့်ရဲစခန်းရှေ့ ဆိုင်ကယ်ဖြတ်မောင်းသူ တစ်ဦးအား ရဲမှ သေနတ်နှင့်ပစ်ခတ်သဖြင့် ဒဏ်ရာပြင်းထန်

Posted: 19 Mar 2021 08:48 AM PDT

ဖားကန့်၊မတ် - ၁၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ည (၈) နာရီခွဲအချိန်တွင် ဖားကန့်မြို့မရဲစခန့်ရှေ့၌ ဖြတ်သန်းသွားလာသူ တစ်ဦးအား ရဲမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ညာဘက်လက်ပြင်၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည် ။ အပစ်ခံရသူမှာ ကိုသောင်းနိုင်ဌေး ၊ အသက် (၃၉) နှစ် ၊ မော်ဝမ်းရပ်ကွက် (၂) ၌ နေထိုင်သူဖြစ်ပြီး ည (၈) နာရီခွဲအချိန်တွင် ဖားကန့်မြို့မရဲစခန်းရှေ့၌ ဆိုင်ကယ်ဖြင့်ဖြတ်သန်းစဉ် ရဲမှ တာဆီးသည်ကို မရပ်

ပစ်ခတ်ဖြိုခွဲမှုအတွက် တာဝန်ရှိသူတွေ ICC မှာတရားစွဲနိုင်ရေး CRPH နည်းလမ်းရှာနေ

Posted: 19 Mar 2021 08:40 AM PDT

ဦးကျော်မိုးထွန်း (ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်း ကိုယ်စားလှယ်)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုအတွက် ကျူးလွန်သူတွေကို တရားစွဲဆိုနိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က နည်းလမ်းတွေရှာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်း ကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) မှာ တရား

ဘီဘီစီသတင်းထောက်နဲ့ မဇ္စျိမသတင်းဌာန အယ်ဒီတာဟောင်း ဖမ်းဆီးခံရ

Posted: 19 Mar 2021 08:37 AM PDT

ဘီဘီစီသတင်းထောက် ကိုအောင်သူရ (ဓါတ်ပုံ ၊ ဒေါ်ခင်စိုးဝင်း ဗွီအိုအေ မြန်မာပိုင်း)နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးရှေ့မှာသတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်နဲ့ မဇ္စျိမ သတင်းဌာနအယ်ဒီတာဟောင်းတဦးတို့ ဒီကနေ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အခုချိန်မှာတော့ သူတို့ကို ဘယ်လို စွဲချက်နဲ့ ဖမ်းဆီးတယ်ဆိုတာနဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးပါဘူး။ ဒီအကြောင်း ရန်ကုန်ကရတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေး အရေးကြီးကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီးချုပ် ပြော

Posted: 19 Mar 2021 08:34 AM PDT

မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေး အရေးကြီးကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီးချုပ် ပြော မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဦးစီးချုပ်များ အွန်လိုင်းအစည်းအဝေးကို ၂၀၂၁ မတ်လ ၁၈ ရက်နေ့ကပြုလုပ်စဉ်မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းတာတွေ အခြေအနေ ပိုဆိုးလာတဲ့အတွက် အထူးပဲ စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီး

NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုး အဖမ်းခံရ

Posted: 19 Mar 2021 08:29 AM PDT

NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုး အဖမ်းခံရ NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုး ကို တွေ့ရစဉ် / Photo: CJNLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကြည်တိုးနဲ့ NLD ပါတီက လူငယ်တစ်ဦးတို့ မတ်လ ၁၈ ရက် မနေ့ညပိုင်းက ရန်ကုန်မြို့မှာ ဖမ်းဆီးခံရကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး

ရွှေဝါရောင်ဆရာတော် ဦးပဉ္ဇင်း ပုရစ် ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံရ

Posted: 19 Mar 2021 08:25 AM PDT

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးစန္ဒာသီရိ ခေါ် ဦးပဉ္ဇင်း ပုရစ်၊ ဆရာတော်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ဦးလှမိုးတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅၀ (က) နဲ့ အာဏာသိမ်းစစ်ကောင်စီကတရားစွဲလိုက်ပါတယ်။CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက် လှုံ့ဆော်ခဲ့မှု၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို သပိတ်မှောက်ပြီး ပတ္တနိကုဇ္ဇနကံ

၂၀၂၁ မြန်မာ စစ်အာဏာသိမ်း - ဘီဘီစီ သတင်းထောက် နဲ့ မဇ္စျိမ သတင်းထောက်ဟောင်း နေပြည်တော်မှာ ဖမ်းဆီးခေါ်ဆောင်ခံရ

Posted: 19 Mar 2021 08:22 AM PDT

ဘီဘီစီ မြန်မာဌာန နေပြည်တော် အခြေစိုက် သတင်းထောက် ကိုအောင်သူရ နဲ့ စစ်ကောင်စီက လုပ်ကိုင်ခွင့် ရပ်ဆိုင်းထားခံရတဲ့ မဇ္စျိမ မီဒီယာရဲ့ သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်တို့ ဒီကနေ့ နေပြည်တော်မှာ ဖမ်းဆီးခေါ်ဆောင်ခံရပါတယ်။နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နာယက ဦးဝင်းထိန်ရဲ့ တတိယအကြိမ် ရုံးထုတ်မှာ အခုလို ခေါ်ဆောင်သွားခံရတာ ဖြစ်ပါတယ်။သူတို့ကို အရပ်ဝတ်

နိုင်ငံအနှံ့ ညသပိတ်များနဲ့ လုံခြုံရေးတို့ရဲ့ နှိမ်နင်းမှု

Posted: 19 Mar 2021 07:39 AM PDT

မြန်မာဆန္ဒပြသူတွေက ဓာတ်ဆီဗုံးကို သုံးပြီး ရဲဖြိုခွဲမှုကို အံတုစဉ် (ဓာတ်ပုံ- AFP)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အာဏာပိုင်တွေက နေ့ရော၊ ညပါ အကြမ်းဖက် နှိမ်နင်းတာတွေ ရန်ကုန်မြို့ အပါအဝင် နေရာအနှံ့မှာ ဆက်လုပ်နေပါတယ်။ ဖမ်းဆီးမှုတွေ ပစ်ခတ်မှုတွေကြားမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေလည်း ရှိနေဆဲပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဝင်းမင်းက ပြောပြပေးပါမယ်။ရန်ကုန်မှာ မနေ့ညက

တွံတွေးမြို့နယ် အိမ်တချို့ ဝင်ရောက်စီးနင်းခံရတဲ့ အခြေအနေ (မျက်မြင်သက်သေပြောပြချက်)

Posted: 19 Mar 2021 07:37 AM PDT

မတ်လ ၁၂ ရက်နေ့က တွံတွေးမြို့ဆန္ဒပြပွဲအတွင်း ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲ (Citizen Journalist )ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေကို လွန်ခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်တပ်ကနေ ပြင်းပြင်းထန်ထန်ဖြိုခွဲနှိမ်နင်းနေရာမှာ သေဆုံးသူ လေးယောက်ရှိခဲ့ပြီး ကျေးရွာနေအိမ်တွေထဲကိုလည်းဝင်ရောက် ဖျက်စီးလုယက်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ကြာသာပတေးနေ့က ဇီးဖြူကုန်းရွာ နေအိမ်တွေထဲကို

စာသင်ကျောင်းတွေမှာ တပ်စွဲထားတာတွေ ချက်ချင်းရုတ်သိမ်းဖို့ နိုင်ငံတကာအဖွဲ့တွေတောင်းဆို

Posted: 19 Mar 2021 07:35 AM PDT

စာသင်ကျောင်းတွေမှာ တပ်စွဲထားတာတွေ ချက်ချင်းရုတ်သိမ်းဖို့ နိုင်ငံတကာအဖွဲ့တွေတောင်းဆို ရန်ကုန်မှာတွေ့ရတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံတပ်သားများ။ Photo: RFAမြန်မာစစ်တပ်က စာသင်ကျောင်းတွေမှာ တပ်စွဲထားတာဟာ ကလေးတွေရဲ့ အခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေတာ ဖြစ်တယ်လို့ နိုင်ငံတကာ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့တွေက မတ်လ ၁၉ ရက် ဒီနေ့မှာ ကြေညာပါတယ်။ဒါကြောင့် စာသင်ကျောင်းတွေကနေ စစ်တပ်တွေချက်ချင်း

အောင်ပန်းမှာ ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရ၊ လတ်တလော ရှစ်ဦးသေဆုံး

Posted: 19 Mar 2021 07:33 AM PDT

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ ဒီကနေ့ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ ရှစ်ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ တခြား မြို့ကြီးတွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဖြိုခွင်းခံရတာတွေ၊ အဖမ်းခံရတာတွေလည်း ရှိနေဆဲပါ။ဒဏ်ရာရသူတွေ အဖမ်းခံရသူတွေလည်းရှိနေပြီး RFA က အတည်ပြုနိုင်ရေး ဆက်လက်စုံစမ်းနေဆဲပါ။စစ်ကိုင်းတိုင်း ကောလင်း

မအူပင်မြို့ပေါ်က ပရဟိတဖောင်ဒေးရှင်းတစ်ခု ဝင်ရောက်စီးနင်းခံရ

Posted: 19 Mar 2021 07:16 AM PDT

၀င်ရောက်ရှာဖွေခံခဲ့ရတဲ့ အဖွဲ့ထူထောင်သူရဲ့အိမ်မအူပင်မြို့ပေါ်မှာရှိတဲ့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းကို စစ်သားနဲ့ရဲ ၄၀ နီးပါးက မနေ့ မတ်လ ၁၈ ရက်ညမှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပြီး ဖောင်ဒေးရှင်း ထူထောင်သူရဲ့အိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့တယ်လိ့ု ဒီဖြစ်စဉ်နဲ့နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။ဒါပေမဲ့ ထူထောင်သူဟာ အစောပိုင်းကတည်းက တိမ်းရှောင်နေတာကြောင့် အဖမ်းအဆီးတော့ မရှိခဲ့ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်

အောင်ပန်းမြို့ပေါ်က ပစ်ခတ်မှု သေဆုံးသူ ၈ ဦးအထိရှိလာ

Posted: 19 Mar 2021 07:15 AM PDT

အောင်ပန်းမြို့ပေါ်မှာ ဒီနေ့ မတ်လ ၁၉ ရက် အစောပိုင်းကတည်းက စတင်ပြီး စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၈ ရှိလာပြီလို့ မျက်မြင်တွေနဲ့ ကူညီပေးနေသူတွေကပြောပါတယ်။'လောလောဆယ် ကျနော်တို့ သေဆုံးသူ အလောင်း ၆ လောင်းကို ကောက်ထားရတယ်။ နောက်ထပ် အလောင်း ၁ လောင်းကိုတော့ သက်ဆိုင်ရာအိမ်ကို ပို့ပေးခဲ့ပြီးပြီ။ ဆေးရုံကို ပထမပို့ထားတဲ့ ဒဏ်ရာရသူ ၂ ယောက်ထဲက ၁ ယောက်ဆုံးသွားပြီလို့ သိရတယ်။ လောလောဆယ်

လွိုင်ကော်မြို့ မှိုင်းလုံးရပ်သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွဲစဥ် ဆီးစပ်ကျည်ထိမှန်သူ သေဆုံး

Posted: 19 Mar 2021 07:13 AM PDT

မတ် ၁၈-၂၀၂၁ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒီနေ့ မတ် ၁၉ရက်နေ့ မနက် ၁၁ နာရီလောက်က မှိုင်းလုံးရပ် သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲစဥ် ဆီးစပ်ကျည်ထိမှန်ခဲ့တဲ့ အမျိုးသားတဦး သေဆုံးသွားပြီဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။"သေဆုံးသူက မှိုင်းလုံးရပ်ကွက်ကပါပဲ။ ‌သူကဆီးစပ်မှာ ကျည်ထိမှန်ခဲ့ပြီး သူနာပြုက ပေါင်ကိုထုတ်ချင်းပေါက်သွားခဲ့တာပါ။ ကနေ့ လွိုင်ကော်မှာ ကျည်စစ်ထိမှန်သေဆုံးမှု ပထမဆုံးအကြိမ်

အောင်ပန်းသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ၂ဦးသေ ၇ဦး ဒဏ်ရာရ

Posted: 19 Mar 2021 07:12 AM PDT

မတ် ၁၉-၂၀၂၁ဒီနေ့ မတ် ၁၉ရက် မနက်ပိုင်းက အောင်ပန်းမြို့က သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေအပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွင်းခဲ့လို့ ၂ဦးသေဆုံးပြီး ၇ဦးလောက် ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။ကိုကျော်သူဝင်းနဲ့ ကိုထွန်းအောင်ကျော်ဆိုသူတို့ သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ကိုအောင်နိုင်ဝင်း၊ ကိုဖိုးသဲ၊ ကိုဇော်ထွန်း၊ ပါပွတ်(ခ)ကိုရဲနိုင်ထွန်း၊ ကိုနိုင်စိုး၊ ကိုချစ်

မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ကြေညာချက်

Posted: 19 Mar 2021 07:08 AM PDT

မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ကြေညာချက်မြန်မာနိုင်ငံအတွင်း လှိုင်သာယာမြို့နယ်နှင့် အခြားသောဒေသများတွင် လက်နက်မဲ့အရပ်သားများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏဆိုသလို အမှောင်ထုကို အခွင့်ကောင်းယူ၍ ရက်စက်စွာအကြမ်းဖက်ခြင်းသည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နှင့်မလျော်ညီသည့်အပြင် ကာကွယ်ရန်အလွန်ခက်ခဲပါသည်။ မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံးရပ်တန့်ရန်၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးရန်

မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း

Posted: 19 Mar 2021 07:07 AM PDT

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနအမိန့်ကြေညာစာအမှတ် (၃/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်(၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်)-----------------------------မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့်

CDM မှာပါဝင်လာတဲ့ ပါရီရောက် မြန်မာသံဝန်ထမ်း နဲ့ ဆက်သွယ်မေးမြန်းချက်

Posted: 18 Mar 2021 04:59 PM PDT

CDM မှာပါဝင်လာတဲ့ ပါရီမြို့မှာ ဒုတိယ အတွင်းဝန်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဒေါ် ဝတ်ရည်ဖြိုးချစ်နဲ့ ဒေါ်ဖီဂရေ့စ်မီးမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ရက်ပေါင်း ၄၀ ကျော်ရှိလာနေပေမဲ့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေက ပုံစံမျိုးစုံနဲ့ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။ ဒီအထဲ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး Civil Disobedience Movement(CDM) လှုပ်ရှားမှုမှာ ပြည်တွင်းက ဝန်ထမ်းတွေ ပူးပေါင်းပါဝင်နေသလို ပြည်ပ မြန်မာ

ရှမ်း-ကယားနယ်စပ်က ဒေသခံပြည်သူ ၃၀ ခန့်နဲ့ သပိတ်ကော်မတီဝင်တစ်ဦးကို စစ်တပ်မှ ဖမ်းဆီး

Posted: 18 Mar 2021 04:34 PM PDT

စစ်သား ၄ဦးပျောက်ဆုံးမှုကိုအကြောင်းပြုပြီး ရှမ်း-ကယားနယ်စပ်က ကျေးရွာတွေမှာ ရှာဖွေမှုတွေပြုလုပ်နေတဲ့ စစ်တပ်ဟာ အဲဒီကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူ ၃၀ ခန့်နဲ့ အတူ ကြားဝင်ညှိနှိုင်းပေးတဲ့ ကယားပြည်နယ် သပိတ်ကော်မတီဝင် ခွန်းမျိုးလှိုင်ဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကယားပြည်နယ် စစ်အာဏာရှင်စနစ် ဆန့်ကျင့်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။သူတို့ကို မတ်လ ၁၈ ရက် ညနေ ၄နာရီ ခန့်မှာ ဖမ်းဆီး

ပဲခူးအနီးက အကြမ်းဖက်စစ်တပ် -၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ

Posted: 18 Mar 2021 04:22 PM PDT

(၁၈/၃/၂၀၂၁)ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးတိုက်နယ်၊ ဘောနတ်ကြီးကျေးရွာအုပ်စု၊ ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံအကြမ်းဖက်တပ်ရင်းကို (၁၈) ရက်မနက်အစောပိုင်းက ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေးရှိ ဝါးကတုတ် ဆည်ပေါ်နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်ကနေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရသူက ဝန်ခံပြောဆိုထားပါတယ်။၁၀၇ မမ ရှော့တိုက်ဒုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ပေမဲ့ လူ

အရပ်သားတွေအပေါ် အင်အားမသုံးဖို့ မြန်မာစစ်ခေါင်းကို စင်္ကာပူ ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

Posted: 18 Mar 2021 04:16 PM PDT

အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ စင်္ကာပူကာကွယ်ရေး ဝန်ကြီး Melvyn Ong တက်ရောက်မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ စင်္ကာပူကာကွယ်ရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်တဲ့ ကြာသပတေးနေ့ အွ

နှိမ်နင်းမှု တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေ အရ အရေးယူနိုင်ဖို့ ကုလကျွမ်းကျင်သူတွေ တိုက်တွန်း

Posted: 18 Mar 2021 04:14 PM PDT

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့လုပ်ရပ်တွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တာကြောင့် တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူနိုင်အောင် စဉ်းစားကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းလိုက်ပါတယ်။အတင်းအကြပ် ပြောင်းရွှေ့ခိုင်းတာ၊ ဥပဒေမဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်

စစ်ကောင်စီ ဥပဒေမဲ့ လုပ်ရပ်တွေကို ကုလ ရှုတ်ချ

Posted: 18 Mar 2021 04:11 PM PDT

လှိုင်သာယာမှာ မတ်၁၄ ရက် ပစ်ခတ်မှုကြောင့်သေဆုံးသွားသူတစ်ဦးမီးရထားဝန်ထမ်းအတော်များများနဲ့ မိသားစုဝင်တွေကိုဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်တဲ့အတွက် နေအိမ်တွေကနေ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းမြန်မာနိုင်ငံတွင်း ဒီမိုကရေစီအရေးတောင်းဆိုနေကြတဲ့ ဆန္ဒပြသမားတွေကို အာဏာသိမ်းစစ်ကောင်စီဘက်က သတ်ဖြတ်တာ၊ ဥပဒေမဲ့ ဖမ်းဆီးတာ၊ နေအိမ်တွေကနေ အဓမ္မ မောင်းထုတ်နေတာတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ရှုတ်ချ

မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ၊ ကေအန်ယူတို့တိုက်ပွဲတွေဖြစ်ပွား

Posted: 18 Mar 2021 04:09 PM PDT

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ (၂၀၁၁ ခုနှစ်)ဖားကန့်နမ့်မှော်ကျေးရွာအနီး မြန်မာ့တပ်မတော်လက်အောက်ရှိ ရဲစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၁၈ ရက်မနက် ၃ နာရီ ၄ နာရီအချိန်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းကို KIA ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။ နေ့ခင်းအချိန်အထိ

ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာသူ လူ တစ်ထောင်နီးပါးရှိ

Posted: 18 Mar 2021 10:14 AM PDT

စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်း ဆန့်ကျင်ကန့်ကွက်နေတဲ့ ဆန္ဒပြသမားတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းတာတွေ ဆက်တိုက်လုပ်လာခဲ့ပြီးတဲ့နောက် ထိုင်းမြန်မာနယ်စပ်က ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ရာ နယ်မြေတွေအတွင်းကို ထွက်ပြေးတိမ်းရှောင်လာသူ လူ တစ်ထောင် နီးပါးရှိတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ ဆန္ဒပြခေါင်းဆောင်တွေပါသလို၊ ပြည်သူ့အာဏာဖီဆန်မှု CDM

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.