Tuesday, March 2, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ပဲခူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆက်လက်ဆန္ဒထုတ်ဖော်

Posted: 01 Mar 2021 08:32 PM PST

 ဆန္ဒပြလူထုကို အင်အားသုံးဖြိုခွဲတာတွေဆက်တိုက်လုပ်နေပေမယ့် ပဲခူးမြို့မှာ ဒီကနေ့တောင်သူလယ်သမားနေ့မှာ လူအင်အားအမြောက်အမြား ဆက်လက်ဆန္ဒထုတ်ဖော်နေပါတယ်။ အစိုးရဝန်ထမ်းအချို့နဲ့ ပြည်သူတွေ ပါဝင်တာကိုတွေ့ရပါတယ်။BBC Burmesehttps://www.facebook.com/BBCnewsBurmese/

မြန်မာအရေး အထူးအကြံပေးကောင်စီတစ်ရပ် ဖွဲ့စည်း

Posted: 01 Mar 2021 08:29 PM PST

ဒီနေ့ဟာ ၆၂ တုန်းက စစ်အာဏာသိမ်းတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။အနှစ် ၆၀ နီးပါး ကြာခဲ့ချိန် ဒီကနေ့ မြန်မာပြည်မှာ စစ်တပ်ရဲ့  နောက်ကြောင်းပြန် အာဏာသိမ်းမှုနဲ့ ကြုံတွေ့ နေရပြီး ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို အသက်နဲ့ရင်းပြီး အံတုတော်လှန် နေကြရဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း လှုပ်ရှားမှုတွေ တွေ့မြင်နေရပါတယ်။မြန်မာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ

မြစ်ကြီးနားမှာ စစ်အာဏာရှင်နဲ့ အာဏာရှင်လက်ပါးစေ အလိုမရှိ ကမ်ပိန်းပြုလုပ်

Posted: 01 Mar 2021 08:06 PM PST

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကမ်းနားလမ်းမှာ စစ်အာဏာရှင်နဲ့ အာဏာရှင်လက်ပါးစေ အလိုမရှိကြောင်း ဗီနိုင်းကမ်ပိန်းလှုပ်ရှားမှုကို လူငယ်တွေက ဒီမနက် ၆ နာရီခန့်က ပြုလုပ်ခဲ့ကြပါတယ်။ ဒီမနက် ၉ နာရီမှာတော့ ရဲတွေက လာဖြုတ်သွားပြီဖြစ်ပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

စစ်အာဏာရှင်လက်အောက် တာဝန်မထမ်းဆောင်ချင်တဲ့ ရဲလေးဦး CDM လုပ်

Posted: 01 Mar 2021 08:04 PM PST

စစ်အာဏာရှင်စနစ်အောက်မှာ ဆက်လက်တာဝန် မထမ်းဆောင်ချင်တော့တဲ့အတွက် အမှတ် ၁၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ဒုရဲအုပ် တစ်ယောက်နဲ့ ရဲတပ်သား သုံးယောက်တို့ဟာ CDM လုပ်တဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး စခန်းကထွက်လာတယ်လို့ RFA ကို ဆက်သွယ်ပြောကြားလာပါတယ်။သူတို့ဟာ စခန်းကထွက်လာချိန်မှာ လက်နက်ပစ္စည်းတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေလည်း မယူဆောင်လာဘူးဆိုတဲ့ အသိပေးမှုကိုလည်း နုတ်ထွက်ခွင့်ပြုဖို့ တင်ပြတဲ့ အကြောင်းကြားစာမှာ

မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

Posted: 01 Mar 2021 07:57 PM PST

မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်။ဓာတ်ပုံ-နောင်ရူပ TheMandalayNewsJournalhttps://www.facebook.com/TheMandalayNewsJournal

ကလေးမြို့ဆန္ဒဖော်ထုတ်မှု ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်း အခြေအနေတင်းမာနေ

Posted: 01 Mar 2021 07:53 PM PST

ကလေးမြို့ဆန္ဒဖော်ထုတ်မှု ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်း အခြေအနေတင်းမာနေKhonumthung Burmesehttps://www.facebook.com/KhonumthungBurmese/

ရန်ကုန်တက္ကသိုလ်က ဆရာဒေါက်တာအာကာမိုးသူအဖမ်းခံရ

Posted: 01 Mar 2021 07:39 PM PST

ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင် တက္ကသိုလ်ပညာရေးဝန်ထမ်း CDM သပိတ်စစ်ကြောင်း ဟာ ပါရမီလမ်းပေါ်က MICT Park ရှေ့မှာ ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ ဒေါက်တာအာကာမိုးသူကို သေနတ်နဲ့ ချိန်ပြီး ဖမ်းဆီးသွားတယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။ "လူစုနေတဲ့အချိန်မှာ ရဲတွေက အရပ်ဝတ်နဲ့ ပြီးတော့ အိမ်ကားတွေနဲ့ရောက်လာပြီးတော့ ဆရာအာကာမိုးသူကို သေနတ်နဲ့ ချိန်ပြီးတော့ ဖမ်း

ပဲခူးနဲ့ လှည်းကူးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆက်လက်ဆန္ဒထုတ်ဖော်

Posted: 01 Mar 2021 07:36 PM PST

ဆန္ဒပြလူထုကို အင်အားသုံးဖြိုခွဲတာတွေဆက်တိုက်လုပ်နေပေမယ့် ပဲခူးမြို့နဲ့ ရန်ကုန်က လှည်းကူးမြို့နယ်တို့မှာ ဒီကနေ့တောင်သူလယ်သမားနေ့မှာ လူအင်အားအမြောက်အမြားနဲ့ ဆက်လက်ဆန္ဒထုတ်ဖော်နေပါတယ်။ အဲဒီလိုဆန္ဒဖော်ထုတ်ရာမှာ အစိုးရဝန်ထမ်းအချို့နဲ့ ပြည်သူတွေ ပါဝင်တာကိုတွေ့ရပါတယ်။ပဲခူးမှာတော့ ရဲနဲ့ စစ်ကားတွေအမြောက်အမြား ချထားတာတွေ့ရပြီး ဂိတ်တွေကိုလည်း ပိတ်ထားတာတွေ့ရပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/

ကြွေးကြော်သံ အိမ်ထဲက အော်ဟစ်တဲ့ ရန်ကုန်ည ဆန္ဒပြပွဲများ

Posted: 01 Mar 2021 07:34 PM PST

(မှတ်တမ်းဓါတ်ပုံ- ၂၀၁၅ နိုဝင်ဘာတုန်းက ရန်ကုန်မြို့နေသူများကို တိုက်ခန်းပေါ်တွင် တွေ့ရစဉ်)စစ်အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ နေ့ခင်းဖက်မှာသာမကပဲ ပုဒ်မ(၁၄၄) အမိန့်ထုတ်ထားတဲ့ ညဘက်အချိန်မှာပါ ရန်ကုန်ရဲ့ မြို့နယ်တချို့မှာ စတင်လုပ်ဆောင်လာနေတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။" သပိတ် သပိတ် မှောက် .. မှောက် ၊ ဒီမိုကရေစီရရှိရေး တို့အရေး.. တို့အရေး ၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး .. တို့

မြန်မာကျန်းမာရေး လုပ်သားတွေ ဖမ်းဆီးခံရမှု WHO စိုးရိမ်

Posted: 01 Mar 2021 07:32 PM PST

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တုန်းက ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြစဉ် (Photo by Sai Aung Main / AFP)မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ တရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးထိန်းသိမ်းတဲ့ အထဲမှာ ကျန်းမာရေးလုပ်သားတွေပါ ပါဝင်နေတာအတွက် စိုးရိမ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့

လှည်းတန်းမှာကျဆုံးသွားတဲ့ နှစ်ဦးအတွက် ဆွမ်းကပ်အမျှဝေ၊ ပန်းစည်းချအလေးပြု

Posted: 01 Mar 2021 07:31 PM PST

စစ်အာဏာသိမ်းပြီး  ၂၈ ပြည့် စစ်တပ်အာဏာသိမ်းမှုကို လှည်းတန်းလမ်းမပေါ်မှာ ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွဲတာကြောင့် ကျဆုံးသွားတဲ့ ကိုညီညီအောင်ထက်နိုင်နှင့် ကိုဇင်လင်းထက်တို့ နှစ်ဦး ကျဆုံးခဲ့သည့်နေရာမှာ ဒီနေ့ ပြည်သူတွေက ဆွမ်းကပ်အမျှပေးဝေကြပြီး ပန်းစည်းချအလေးပြုနေကြပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ မိခင်တွေရဲ့သောက

Posted: 01 Mar 2021 07:26 PM PST

အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လက်အောက်ခံ စစ်တပ်နဲ့ရဲတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ကြိုတင်သတိပေးခြင်းမရှိပဲ ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်နေတာပါ။ သေဆုံးသူအများစုဟာ စစ်အာဏာရှင်စနစ် လက်အောက်မှာ မိမိတို့ အနာဂတ် ပျက်စီးသွားမှာကို စိုးရိမ်နေတဲ့ လူငယ်တွေဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွေမှာ အသက်ဆုံးပါးသွားခဲ့တဲ့လူငယ်တယောက်ရဲ့ မိခင်တယောက်ရဲ့ ကြေကွဲစကားကို အခုလိုကြားခဲ့ရ

မြန်မာသံအမတ်ကြီးကို ဂျာမနီနိုင်ငံခြားရေးရုံး ဆင့်ခေါ်ရှုတ်ချ

Posted: 01 Mar 2021 05:46 PM PST

ဂျာမနီ ဝန်ကြီးချုပ် Angela Merkel ရဲ့ ပြောခွင့်ရ Steffen Seibertမြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွဲမှု အတွင်း ဆန္ဒပြသူတွေ သေဆုံး ထိခိုက်ဒဏ်ရာရမှု အပေါ် ဂျာမနီ အစိုးရက အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပြီး ဂျာမနီဆိုင်ရာ မြန်မာ သံအမတ်ကြီးကိုလည်း တနလာင်္နေ့က ဆင့်ခေါ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှု တလပြည့်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အတွင်း လူ ၂၀

မြန်မာစစ်အာဏာသိမ်းမှုအပေါ် အရေးယူမှု တိုးမြှင့်ဖို့ ဗြိတိန် နည်းလမ်းရှာ

Posted: 01 Mar 2021 05:42 PM PST

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Dominic Raabမြန်မာနိုင်ငံ စစ်အာဏာသိမ်း အဖွဲ့တွင်းက လူပုဂ္ဂိုလ်တွေကို အရေးယူနိုင်ရေး ဗြိတိန်က ဆက်လက် လေ့လာ သုံးသပ်နေတဲ့ အပြင် မြန်မာနိုင်ငံတွင်း စစ်တပ် ထိန်းချုပ်တဲ့ လုပ်ငန်းကြီးတွေနဲ့ စီးပွားရေး လုပ်နေတဲ့ လုပ်ငန်းတွေကိုလည်း သုံးသပ်နေကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Dominic Raab က တနလာင်္နေ့မှာ ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ ဆန္ဒပြသူ ၂၀ ကျော် သေဆုံး

" ကျောက်မြောင်း ဟု ခေါ်သည် "

Posted: 01 Mar 2021 05:32 PM PST

" ကျောက်မြောင်း ဟု ခေါ်သည် "

NLD အစိုးရကို တရားဝင် အသိအမှတ်ပြုဆဲ (ကန်နိုင်ငံခြားရေးပြောခွင့်ရ)

Posted: 01 Mar 2021 05:17 PM PST

အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Priceမြန်မာ့ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို နောက်ထပ် ဒဏ်ခတ် အရေးယူဖို့ ရှိကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က တနင်္လနေ့မှာ ပြောပါတယ်။ လူတွေ သေဆုံးရမှုဟာဆိုရင်လည်း စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေ အပေါ် ပိုပြီး ဖြိုခွဲမှုရဲ့ ရလဒ် ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က တနလာင်္နေ့ သတင်းစာ

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး အပြောင်းအလဲမရှိသေး

Posted: 01 Mar 2021 05:15 PM PST

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တနလာင်္နေ့မှာ ပုံမှန် အတိုင်းဘဲ ရုံးတက် ( ဓါတ်ပုံ- KyawSoe Latt)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အတွက် ကုလသမဂ္ဂ ဘက်က အတတ်နိုင်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တနလာင်္နေ့မှာ ပုံမှန် အတိုင်းဘဲ ရုံးတက်ပြီး မူလတာဝန်ကို ထမ်းဆောင်နေပါတယ်။

ရခိုင်ပြည်နယ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ ဖမ်းဆီးအရေးယူခံရ

Posted: 01 Mar 2021 05:12 PM PST

ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့တွေမှာ ပြီးခဲ့တဲ့လအတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ဖမ်ဆီးခံနေရသူတွေဟာ ကိုရန်ပိုင်ထွေး၊ ဦးခင်မောင်၊ မမြမြဝင်းနဲ့ ကိုအောင်ခိုင်မြင့်တို့ဖြစ်ပါတယ်။ သူတို့လေးဦးလုံးကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ ငြိမ်းစုစီဥပဒေတွေနဲ့ တရားစွဲဆိုထားတယ်လို့ ရှေ့နေ ဦးညွန့်မောင်က RFA ကိုပြောပါတယ်။"ဒီနေ့မှာတော့ သံတွဲမှာ

ရဲဘော်မှသည် ရဲဘော်များဆီသို့

Posted: 01 Mar 2021 04:04 PM PST

""""ရဲဘော်တို့ သတ္တိရှိလိုက်ပါ"""ခွန်အောင်ကိုကို နေပြည်တော်

စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးသူ စုစုပေါင်းအနည်းဆုံး ၂၃ ဦးရှိ

Posted: 01 Mar 2021 12:56 PM PST

ပစ်ခတ်မှုကြောင့် အများအပြားသေဆုံးခဲ့ပေမဲ့ ဆက်လက်ဆန္ဒပြနေဆဲဖေဖော်ဝါရီလ ၂၈ နေ့က မြန်မာနိုင်ငံမြို့ကြီးအများအပြားမှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုကြောင့် မြန်မာတနိုင်ငံလုံးမှာ အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပါတယ်။သေဆုံးသူအဖြစ် အတည်ပြုလို့မရသေးဘဲ သေဆုံးစာရင်းထွက်ပေါ်နေသူတွေ၊ ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်မတိုင်ခင်အထိ သေဆုံးသူစုစုပေါင်း ၈ ဦးရှိ

အာဆီယံဝန်ကြီးများ မြန်မာ့အရေး အထူးစည်းဝေးပွဲ ကျင်းပမည်

Posted: 01 Mar 2021 12:49 PM PST

မှတ်တမ်းဓါတ်ပုံ- ၂၀၂၀ နိုဝင်ဘာတုန်းက အာဆီယံအစည်းအဝေးအတွင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ပြောကြားစဉ်မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရေးတောင်းဆိုမှု အပါအဝင် မြန်မာ့အရေး ဆွေးနွေးဖို့ ဒီကနေ့ အင်္ဂါနေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းဝေးတရပ် ကျင်းပဖို့ရှိကြောင်း စင်္ကာပူ

ရဲများက အိမ်အတွင်းဝင်၍ ခြေမသန်သူအား ရော်ဘာကျည်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့

Posted: 01 Mar 2021 12:42 PM PST

ရန်ကုန်၊ မတ် ၁စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်) ရပ်ကွက်ရှိ ခြေတစ်ဖက်မသန်စွမ်းသူ၏နေအိမ်တံခါးကို ရိုက်ချိုးကာ ရော်ဘာကျည်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်မှုတစ်ခု မတ်လ ၁ရက်နေ့ ညနေ ၄နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။ ရဲများက သီရိမင်္ဂလာလမ်းအတွင်းရှိ နေအိမ်သစ်သားတံခါးကို ရိုက်ချိုး၍ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်နေစဉ်အချိန်၌လည်း "မင်းလုပ်ထားတာမင်းသိတယ်နော်" ဟု အော်ဟစ်ပြောဆိုသွားခဲ့ကြောင်း အပစ်ခံရ

DVB သတင်းထောက် နေအိမ်မှာ အကြမ်းဖက်ဖမ်းဆီးခံရ

Posted: 01 Mar 2021 12:24 PM PST

တနသာၤရီတိုင်း မြိတ်မြို့ရဲ့ DVB သတင်းထောက်ကိုအောင်ကျော်ကို စစ်တပ်က ဒီကနေ့ ည ၁၁ နာရီမှာ လာဖမ်းသွားတယ်လို့ သူ့ရဲ့ ဇနီးက RFA ကိုအတည်ပြုပြောပါတယ်။ကိုအောင်ကျော်ကို စစ်တပ်က နေအိမ်အောက်ကနေ သေနတ်နဲ့ ပစ်ခတ်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တာကို သူအဖမ်းမခံရခင် DVB သတင်းဌာနကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာတွေ့ရပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ ကိုအောင်ကျော်က ပစ်ခတ်မှုကြောင့် သူ့ခေါင်းကို ထိမှန်သွားတယ်လိုလည်း

လက်နက်မဲ့ပြည်သူတွေကို ဒီလိုအနိုင်ကျင့်နေပုံ

Posted: 01 Mar 2021 12:23 PM PST

ဒီညနေ ၆ နာရီမထိုးခင် ကျွန်တော်တို့ကိုလိုက်ပစ်ထားတဲ့ Video ပါ .. လှိုင် သုခကနေ ကန်လမ်း (လှိုင်မြင့်မိုရ်) အထိ ဒေါက်လျှောက်လိုက်ပစ်ပြီး ကန်လမ်းထဲဝင်ပြေးတော့ လမ်းထဲထိလိုက်ပစ်တာပါ .. ခုမှပြန်ကြည့်မိတယ် သေနတ်ကြီးတွေကိုင်ပြီး one by one ထိုးမလားဆိုပဲ ... အဲ့ကမပြီးသေးပဲ ၇ နာရီလောက်ထိ လမ်းပေါ်ကဆိုင်တွေ ပိတ်ကန် . ပိတ်ထားတဲ့ အတားအစီးတွေကြားက ချောင်းပြီး ပတ်ပစ်သွားကြပါတယ် .. တစ်ယောက်မှ ထိခိုက်သံတော့မကြားရ

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အမေရိကန်ဖိအားပေးဖို့ရှိ

Posted: 01 Mar 2021 12:12 PM PST

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုက မတ်လ ၁ ရက်နေ့ကစလို့ တစ်လတိတိ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူရမှာဖြစ်ပါတယ်။ကမ္ဘာတဝန်းက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံအရေးက ရှေ့တန်းက ပါဝင်လာလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က RFA မေးမြန်းချိန်မှာ ပြောဆိုခဲ့ပါတယ်။ဒီကနေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.