Wednesday, March 3, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဆန္ဒပြမှုအကြမ်းဖက်ခံရမှု မုံရွာ ၆ ဦး၊ မန္တလေး၂ ဦး သေဆုံး

Posted: 03 Mar 2021 08:10 AM PST

မန္တလေးမြို့ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာ တလကျော်လာပြီ ဖြစ်ပေမဲ့ လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အရှိန်ကောင်းလာနေဆဲ ရှိပါတယ်။ ဒီကနေ့မှာတော့ စစ်အုပ်ချုပ်ရေးကောင်စီဘက်ကနေ မုံရွာ၊ မန္တလေး၊ မကွေးတို့မှာ အင်အားသုံးဖြိုခွင်းတာတွေကြောင့် လူ ၈ ဦး ထပ်မနည်း သေဆုံးခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက စုစည်းတင်ပြသွား

စစ်မြေပြင်ကြီးအလား မြောက်ဥက္ကလာ ( YGN )

Posted: 03 Mar 2021 08:20 AM PST

 စစ်မြေပြင်ကြီးအလားမြောက်ဥက္ကလာ  ( YGN )ပစ်ခတ်နှိမ်နင်းမှု ရန်ကုန် မြောက်ဥက္ကလာပ သေဆုံးသူ ၁၆ ဦးထက်မနည်း 

ရန်ကုန်မြို့ဆန္ဒပြသူ ရာနဲ့ချီဖမ်းဆီးခံရ၊ ဒဏ်ရာရသူများပြား

Posted: 03 Mar 2021 07:57 AM PST

ရန်ကုန်မြို့က ဆန္ဒပြသူများကို ရဲများက ဖမ်းဆီးသွားတဲ့ မြင်ကွင်း။ (မတ် ၂၊ ၂၀၂၁)ရန်ကုန်တစ်မြို့လုံး အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းပတမ်း ဖြိုခွင်းတာကြောင့် ခြောက် ဦး ထက်မနည်း သေကြေရသလို လူဦးရေ ရာနဲ့ချီ အဖမ်းခံထားရပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းပေမဲ့ ဆန္ဒပြပြည်သူတွေ အရင်ကထက် ပိုမိုပြင်းထန်လာပါတယ်။ ရန်ကုန်အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂ

ဆန္ဒပြပွဲများအကြမ်းဖက်ခံရမှု တနိုင်ငံလုံး သေဆုံးသူ ၃၀ နီးပါးရှိ

Posted: 03 Mar 2021 07:55 AM PST

ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ရန်ကုန် မြောက်ဥက္ကလာပမှာ သေဆုံးသူ ၁၆ ဦးထက်မနည်းရှိသွားပြီလို့ ဗွီအိုအေက စုံစမ်းအတည်ပြုလို့ရပါတယ်။ မြောက်ဥက္ကလာပ ဆေးရုံကြီးပေါ်မှာ သေဆုံးသူ ၅ ဦးရှိပြီး၊ အပြင်းအထန်ဒဏ်ရာရထားသူ ၂၀ ရှိတယ်လို့ သိရပါတယ်။ အခြားသေဆုံးမှုတွေကတော့ ပုဂ္ဂလိကဆေးရုံတွေကို ရောက်လာတဲ့ ဒဏ်ရာရသူတွေဖြစ်တယ်လို့သိရပါတယ်။ဆန္ဒပြမှုတွေကို ပစ်ခတ်နှိမ်နင်းလို့ တ

နိုင်ငံခြားရေးရာနှင့်သံတမန်ရေးရာကိစ္စရပ်များစီမံခန့်ခွဲရန် ဖြည့်စွက်တာဝန်ပေးအပ်ခြင်း

Posted: 03 Mar 2021 07:48 AM PST

၃ မတ် ၂၀၂၁နိုင်ငံခြားရေးရာနှင့်သံတမန်ရေးရာကိစ္စရပ်များစီမံခန့်ခွဲရန် ဖြည့်စွက်တာဝန်ပေးအပ်ခြင်းNational League for Democracyhttps://www.facebook.com/nldparty

ဖိနှိပ်မှုများ ကြုံတွေ့ခံစားနေရသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကြောင်း ဂျာမဏီပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌက CRPH သို့ သဝဏ်လွှာပို့

Posted: 03 Mar 2021 07:45 AM PST

ဖိနှိပ်မှုများ ကြုံတွေ့ခံစားနေရသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကြောင်း ဂျာမဏီပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌက CRPH သို့ သဝဏ်လွှာပို့ခဲ့ပါသည်။Committee Representing Pyidaungsu Hluttaw - CRPHhttps://www.facebook.com/crph.official.mm/

ဇယား(၁)ပါအခွန်အ‌ကောက်များစည်းကြပ်ကောက်ခံခြင်းအား ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဆိုင်းငံလိုက်သည့် ဥပဒေထုတ်ပြန်လိုက်သည်။

Posted: 03 Mar 2021 07:44 AM PST

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် အောက်ပါရည်ရွယ်ချက်များဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ပေးပို့လာသည့် ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ပူးတွဲပါအတိုင်း ပြဌာန်းထုတ်ပြန်လိုက်သည်။၁။ အခွန်ထမ်းပြည်သူများ တာဝန်သိစွာ ပေးဆောင်ထားသည့် အခွန်ဘဏ္ဍာငွေများအား အလွဲသုံးစားပြု၍ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူလူထုအား အကြမ်းဖက်

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို တရားဝင် ဒေသန္တရ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးခွင့်ရှိသော အဖွဲ့များအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက အတည်ပြုလိုက်သည်။

Posted: 03 Mar 2021 07:41 AM PST

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရပြည်ထောင်စုအဖွဲ့ရုံးဝန်ကြီးဌာနအမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်(၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်)၁။  နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် တရားဝင် ပြည်သူ့အစိုးရထံမှ အဓမ္မနည်းဖြင့် သိမ်းယူထားသည့် အာဏာသိမ်းစစ်အုပ်စု (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ) အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက

ပြည်မြို့မှာ ဆန္ဒပြသူတွေ ရိုက်နှက်ဖြိုခွဲခံရပြီး သတင်းထောက် တစ်ယောက် အပါအဝင် ၄ ဦး ဖမ်းဆီးခံရ

Posted: 03 Mar 2021 07:14 AM PST

ဖမ်းဆီးခံရတဲ့ သတင်းထောက် ကိုမင်းညိုဒီနေ့ မတ်လ ၃ ရက် မနက်ပိုင်း စစ်အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြကြဖို့ လူတွေ ပြည်မြို့ နာရီစင်မှာ အယောက်လေးငါးဆယ်လောက် စတင် စုဝေးနေစဉ်မှာပဲ စစ်ကား ၂ စီးနဲ့ ရဲကား ၂စီး ရောက်လာပြီး လိုက်လံဖမ်းဆီး ဖြိုခွဲတဲ့အတွက် လူတွေ အပြေးအလွှား ထွက်ပြေး ခဲ့ကြရတယ်လို့ ဒေသခံ သတင်းထောက်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။DVB က သတင်းထောက် ကိုမင်းညိုနဲ့ ဆန္ဒပြသူတချို့ အနီးအနားမှာ ရှိတဲ့ အိမ်

မြန်မာမှာ ဖိနှိပ်မှုတွေအစား တွေ့ဆုံညှိနှိုင်းဖို့ ပုပ် ဖရန်စစ်ပြော

Posted: 03 Mar 2021 07:12 AM PST

 မြန်မာမှာ ဖိနှိပ်မှုတွေအစား တွေ့ဆုံညှိနှိုင်းဖို့ ပုပ် ဖရန်စစ်ပြောပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဖိနှိပ်မှုတွေအစား တွေ့ဆုံညှိနှိုင်းမှုကို ဦးစားပေးလုပ်ကြဖို့ လူထုပရိသတ်နဲ့ အပတ်စဥ် တွေ့ဆုံစဥ် တိုက်တွန်းလိုက်ပါတယ်။မြန်မာမှာ သွေးထွက်သံယို ထိပ်တိုက်တွေ့မှုတွေနဲ့ လူ့အသက်တွေ ဆုံးရှုံးနေတဲ့ ဝမ်းနည်းဖွယ်သတင်းတွေ ကြားနေရတုန်းပဲလို့ ပြောပါတယ်။မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို အကြမ်းဖက်မှုတွေနဲ့ မနှိမ်နင်း

ဖမ်းဆီးခံရသူတချို့ မိသားစု ဆက်သွယ်လို့မရ

Posted: 03 Mar 2021 07:10 AM PST

မြန်မာ့တပ်မတော်က နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထင်ရှားကျော်ကြားသူတွေကိုပါ ညသန်းခေါင်းကျော်မှာ စစ်သားတွေကဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးထားသူတွေကို မိသားစုနဲ့ တွေ့ခွင့်မရသလို ဘာ စွဲချက်တွေ တင်ထားလည်းဆိုတာ မသိရပါဘူး။ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။မသိင်္ဂီထိုက်/ VOA Burmesehttps://burmese.voanews.com/a/myanmar-detainees-families/5799870.html

အမေရိကန်နဲ့ မြန်မာကုလ သံအမတ်ကြီးနှစ်ဦး အွန်လိုင်းတွေ့ဆုံ

Posted: 03 Mar 2021 07:08 AM PST

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်း (ဝဲ) နဲ့ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (ယာ)။ (မှတ်တမ်းဓာတ်ပုံ (Combo))မြန်မာလူထုနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အမေရိကန်ပြည်ထောင်စုက ထောက်ခံတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အင်္ဂါနေ့က ပြောခဲ့ပါတယ်။

တပ်နဲ့ KNU စစ်ရေးတင်းမာနေ

Posted: 03 Mar 2021 07:06 AM PST

KNU နဲ့ မြန်မာစစ်တပ်အကြားမှာ လမ်းဖောက်တာ၊ ရိက္ခာပို့တာစတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတွေကြောင့် အပစ်ခတ်ရပ်စဲထားပေမယ့် တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ ကြားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက တောက်လျှောက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။စစ်တပ်က အာဏာသိမ်းတာကို KNU က လက်မခံဘူးလို့ ပြောထားပြီး တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ နေရာအပြင် ကော့ကရိတ်ဘက်မှာလည်း မြန်မာစစ်တပ်ဘက်က နယ်မြေကျော်လာတာကြောင့် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။တပ်မဟာ ၅ နယ်မြေ

ရဲနဲ့စစ်သားတွေ ဥပဒေမဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ဝေဖန်ထောက်ပြ

Posted: 03 Mar 2021 07:03 AM PST

အာဏာသိမ်းစစ်ကောင်စီရဲ့ အဓိကရုန်းနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ စစ်သားတွေဟာ ဆန္ဒပြပွဲနဲ့ မသက်ဆိုင်တဲ့ သူတွေကို လမ်းကြားတွေအထိ နေအိမ်၊ တိုက်ခန်းတွေထဲအထိ မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ အလွန်အကျွံ ပစ်ခတ်နေကြပါတယ်။ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း အသက်အန္တရာယ်စိုးရိမ်နေရလို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဝေဖန်ပြစ်တင်နေကြပါတယ်။တစ်ပြည်လုံးကမြို့တွေမှာ ဆန္ဒပြတာတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်

ကလေးတွေကို ကျည်အစစ်အသုံးပြုတာ ယူနီဆက်ရှုတ်ချ

Posted: 03 Mar 2021 07:01 AM PST

ကလေးတွေကို ကျည်ဆန်အစစ်တွေ အသုံးပြုတာ အပါအဝင် အင်အားသုံးဖြိုခွင်းတာကို ယူနီဆက်မှ ရှုတ်ချလိုက်ပါတယ်။ပဲခူးနဲ့ မန္တလေးတို့မှာ ကလေးသူငယ်တချို့ သေဆုံးမှုရှိခဲ့ပြီး ကချင်ပြည်နယ်မှာ ကလေးသူငယ် ဒဏ်ရာရရှိမှုရှိခဲ့ကြောင်းနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေအားလုံးကို စောင့်ထိန်းလိုက်နာဖို့ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို ထပ်မံသတိပေးလိုက်တယ်လို့ ယူနက်ဆက် မြန်မာက ဖေ့စ်ဘွတ်ခ်မှာ ပြောကြားပါတယ်။BBC Burmesehttps:/

လန်ဒန်မြို့ မြန်မာသံရုံးအဖွဲ့ဝင်တွေ CDM မှာပါဖို့ တိုက်တွန်းထားတဲ့စာကို သံရုံးကို ပေးအပ်

Posted: 03 Mar 2021 06:58 AM PST

ယူကေနိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးအဖွဲ့ဝင်အားလုံး CDM မှာ ပါဝင်ကြဖို့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံတကာဆက်ဆံ‌ရေး တာဝန်ခံ ဦးထင်လင်းအောင်က တိုက်တွန်း ပေးပို့လိုက်တဲ့စာကို မတ်လ ၃ ရက်နေ့ မနက် ၁၁ နာရီမှာ CRPH Supporters UK အဖွဲ့က လန်ဒန်မြို့သံရုံးထံ ကိုယ်စားသွားရောက်ပေးခဲ့ပါတယ်။ပထမပိုင်းမှာ မြန်မာသံရုံးက ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက ထွက်ပြီး စာလက်ခံယူဖို့ လုပ်ခဲ့ပေမဲ့ စာ

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံခြားရေးနဲ့ သံတမန်ရေးစီမံခန့်ခွဲဖို့ CRPH တာဝန်ပေး

Posted: 03 Mar 2021 06:56 AM PST

နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိ တာဝန်ဝတ္တရားတွေအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးရာနဲ့ သံတမန်ရေးရာ ကိစ္စရပ်တွေကိုပါ စီမံခန့်ခွဲနိုင်ဖို့ဆိုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု

မြင်းခြံဆန္ဒပြပွဲ အကြမ်းဖက်ခံရမှု တဦးသေဆုံး၊ ၂၀ ဒဏ်ရာရ

Posted: 03 Mar 2021 06:53 AM PST

မြင်းခြံမြို့ရှိ လမ်းတခုမှာတွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်သားတဦး။ (မတ် ၀၃၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တလကျော်လာချိန်ထိ လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြ နေကြဆဲဖြစ်ပြီး ဒီကနေ့မှာ ဆိုရင်လည်း မြင်းခြံမြို့နယ်မှာ အာဏာရှင်ဆန့်ကျင် လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့တာပါ။ မန္တလေးတိုင်း မြင်းခြံမြို့နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်က

တစ်ရက်တည်း ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦး ကျည်အစစ် ထိမှန်သေဆုံး

Posted: 03 Mar 2021 06:45 AM PST

အာဏာသိမ်း စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြသူတွေ မြို့နယ်အများစုမှာ ဒီနေ့ဆက်ရှိနေပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တချို့နေရာတွေမှာ ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့် ဒီနေ့ တစ်ရက်တည်းမှာတင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့ပါတယ်။တပ်မတော် အာဏာသိမ်းထားတဲ့ ၃၁ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာလည်း ဆန္ဒပြသူတွေဟာ မြို့နယ် အသီးသီးမှာ အများအပြား လမ်းတွေပေါ်မှာ

မုံရွာမှာ ဆန္ဒပြပြည်သူ ၆ ဦး ပွဲချင်းပြီး သေဆုံး

Posted: 03 Mar 2021 06:42 AM PST

မုံရွာမှာ ဆန္ဒပြပြည်သူ ၆ ဦး ပွဲချင်းပြီး သေဆုံး စစ်ကိုင်းတိုင်း မုံရွာမြို့ / Graphic- Thikeမတ်လ ၃ ရက်နေ့ ဒီကနေ့ ဆန္ဒပြပွဲအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လူ ၆ ဦးသေဆုံးသွားပါတယ်။သေဆုံးတဲ့သူတွေဟာ အသက် (၂၅) နှစ် မကျော့နန္ဒအောင်၊ ကိုဖိုးသဲ၊ ကိုဇော်သိန်းအောင်၊ အသက် (၃၆) နှစ် ကျောင်းဆရာမ ဒေါ်မြင့်မြင့်ဇင်၊ အသက် (၂၃) နှစ် ကျူရှင်ဆရာ ကိုမိုးအောင်နဲ့

မုံရွာမြို့လယ် ပစ်ခတ်မှု ၅ ဦးသေဆုံး

Posted: 03 Mar 2021 06:39 AM PST

မုံရွှာ မတ်လ ၃ ရက် ပစ်ခတ်မှုမုံရွှာ မတ်လ ၃ ရက် ပစ်ခတ်မှု ဒဏ်ရာရသူတစ်ဦးမုံရွှာမြို့လယ်က ဘုရားနီလမ်းနဲ့ ပြည်ထောင်စုလမ်းထောင့် မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မတ်လ ၃ ရက်နေ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦး အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။သေဆုံးခဲ့သူ ၅ ဦးအနက် အချို့ကို လက်တလော အမည်နဲ့တကွ အတည်ပြုနိုင်ပြီးတော့ သေဆုံးသူတွေထဲမှာ ဆရာမ တစ်ဦးနဲ့ ကျူရှင်ဆရာတစ်ဦး အသက် ၂၀

မြောက်ဥက္ကလာကဆန္ဒပြသူတွေကိုပစ်ခတ်ဖြိုခွင်းမှု သေဆုံးသူ ၁၀ ဦးကျော်ရှိလာကြောင်း မျက်မြင်တွေပြော

Posted: 03 Mar 2021 06:37 AM PST

မြောက်ဥက္ကလာမှာ ဒီနေ့ မြို့နယ်လူထုအများစုပါဝင်တဲ့ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွင်းခံရတာကြောင့် သေဆုံးသူ စုစုပေါင်းဟာ ဒီနေ့မတ်လ ၃ ရက်ညနေအထိ ၁၁ ဦးရှိလာတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။(ဇ) ရက်ကွက်လမ်းတွေထဲ မွန်းလွဲပိုင်း ဆန္ဒပြချိန် ဖြိုခွင်းခံရတုန်းက လုံထိန်းတွေရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ၂ ရက်ကွက် အာသာဝတီ ၅ လမ်းမှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဟာ ဗိုက်ကို ကျည်ထိမှန်ပြီး

ဆန္ဒပြပွဲများအကြမ်းဖက်ခံရမှု ရန်ကုန်မြို့ သေဆုံးသူ ၁၀ ဦးထက်မနည်း

Posted: 03 Mar 2021 06:34 AM PST

ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ဒီကနေ့မှာလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။သေဆုံးသူတွေထဲမှာ လူငယ်အများစုပါဝင်ပြီး ဦးခေါင်းကို တည့်တည့်ပစ်ခံရလို့ သေဆုံးသွားသူတွေရဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို လူမှုကွန်ယက်မှာ တွေ့ရပါတယ်။အခုချိန်ထိရထားသမ ျှ အတည်ပြုစာရင်းတွေအရ မုံရွာမှာ ၆ ဦး၊ မန္တလေးမှာ ၂

ဆန္ဒပြပွဲများအကြမ်းဖက်ပစ်ခတ်ခံရ၊ နိုင်ငံတဝန်း ၁၀ ဦးထက်မနည်း သေဆုံး

Posted: 03 Mar 2021 06:31 AM PST

မတ်လ ၃ ရက်နေ့ ဖြိုခွင်းခံခဲ့ရတဲ့ မန္တလေးမြို့မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲနဲ့ စစ်တပ်က ဒီကနေ့မှာလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။သေဆုံးသူတွေထဲမှာ လူငယ်အများစု ပါဝင်ပြီး ဦးခေါင်းကို တည့်တည့်ပစ်ခံရလို့ သေဆုံးသွားသူတွေရဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို လူမှုကွန်ယက်မှာ တွေ့ရပါတယ်။အခုချိန်ထိရထားသမ ျှ အတည်ပြုစာရင်းတွေအရ မုံရွာ

မန္တလေးအထိုင်သပိတ်ကို မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ ဖြိုခွင်း

Posted: 02 Mar 2021 08:12 PM PST

 မန္တလေးမြို့ ၈၄ လမ်း၊ လမ်း ၃၀ က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ထိုင်သပိတ်ကို စစ်တပ်နဲ့ ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့ပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.