Thursday, March 4, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဒဏ်ခတ်အရေးယူမှု ကျင့်သားရနေပြီလို့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီ တုံ့ပြန်

Posted: 04 Mar 2021 07:46 AM PST

နေပြည်တော်ရှိ လမ်းတခုပေါ်တွင် တွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)စစ်တပ်က အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့အပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတချို့က ပစ်မှတ်ထားဒဏ်ခတ်မှုတွေ လုပ်နေချိန်မှာပဲ ဒီဒဏ်ခတ်မှုတွေကို မမှုတဲ့ပုံစစ်တပ်က တုံ့ပြန်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener ကပြောကြားပါတယ်။ မြန်မာစစ်တပ်နဲ့ ဆွေးနွေးခဲ့တဲ့

အရေးယူပိတ်ဆို့မှုတွေကို ခံနိုင်ကြောင်းနဲ့မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ဆက်သွားမယ်လို့ စစ်ကောင်စီပြော

Posted: 04 Mar 2021 07:44 AM PST

ဆန္ဒပြသူတစ်ဦးကိုစစ်တပ်က ဖမ်းဆီးထားစဉ်အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကိုခံနိုင်ကြောင်းနဲ့ မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ရှေ့ဆက်သွားမယ်ဆိုတဲ့အကြောင်း အာဏာသိမ်း စစ်ကောင်စီ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Christine Schraner Burgener က ထုတ်ပြောလာပါတယ်။မြန်မာ့အရေးနဲ့ပတ်သက်လို့ မတ်လ ၃ ရက်က ပြုလုပ်တဲ့ နယူးယောက်မြို့က သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံထဲနေ စင်္ကာပူနိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ စင်္ကာပူအစိုးရညွှန်ကြား

Posted: 04 Mar 2021 07:42 AM PST

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွဲတာကို စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း ရှုတ်ချမြန်မာနိုင်ငံမှာ လောလောဆယ် ရှိနေတဲ့ စင်္ကာပူနိုင်ငံသားတွေ အမြန်ဆုံး ထွက်ခွာကြဖို့ စင်္ကာပူအစိုးရက ကြေညာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ စင်္ကာပူနိုင်ငံသားတွေမြန်မာနိုင်ငံကို မသွားကြဖို့ကိုလည်း အကြံပေးထားပါတယ်။မနေ့တုန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ထိန်းသိမ်းခံထားရတဲ့နေရာကို မသိရသေး

Posted: 04 Mar 2021 07:40 AM PST

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ထိန်းသိမ်းခံထားရတဲ့နေရာကို မသိရသေး ၂၀၂၁ ခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးညီပုကို မြင်တွေ့ခဲ့ရစဉ် / Photo: RFAနိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦညီပုကို ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ်တရားရုံးမှာ ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပါတယ်။ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်တာမဟုတ်ဘဲ အချုပ်နဲ့ရုံးထုတ်လို့ရတယ်

ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ နေအိမ်ပြန်ခွင့်ရ

Posted: 04 Mar 2021 07:39 AM PST

ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ နေအိမ်ပြန်ခွင့်ရ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် ( အလယ်) ကို မြင်တွေ့ရစဉ် / Photo: U Soe Htet Facebookချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအားလုံးကို စစ်ကောင်စီက ဝန်ကြီး အိမ်ရာမှာ နေအိမ်အကျယ် ချုပ် ထားရှိထားရာကနေ မနေ့က နေအိမ်တွေကနေ ပြောင်းရွှေ့ဖို့ပြောလို့ နေအိမ်တွေကနေ ပြောင်းရွှေ့သွား ကြပါတယ်။"မနေ့က ၃ နာရီလောက်ကတည်း ပြန်ခွင့်ပြုတော့ အားလုံး

မြန်မာစစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ငန်း Kirin ကုမ္ပဏီအဆုံးသတ်မှု နော်ဝေးရန်ပုံငွေအဖွဲ့ စောင့်ကြည့်သွားမယ်

Posted: 04 Mar 2021 07:37 AM PST

ဂျပန် Kirin ဘီယာ။ (မတ် ၂၊ ၂၀၁၂)မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်နေတဲ့ ဂျပန် Kirin ဘီယာကုမ္ပဏီကို နော်ဝေး ငွေကြေးစုဆောင်းမှု ရန်ပုံငွေအဖွဲ့ထဲကနေ ထုတ်ပစ်နိုင်ခြေ အလားအလာအတွက် စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းလိုက်ပြီလို့ နော်ဝေးဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့ကပြောပါတယ်။မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ ဖက်စပ်လုပ်နေတဲ့ Kirin ဘီယာကုမ္ပဏီက အခုလို မြန်မာနိုင်ငံထဲ ဒီမိုကရေစီအစိုးရကို စစ်တပ်က

မြန်မာနဲ့ စင်္ကာပူကြား သံသယဖြစ်ဖွယ် ငွေအလွှဲအပြောင်း သတိထားစောင့်ကြည့်ဖို့ စင်္ကာပူဗဟိုဘဏ်ညွှန်ကြား

Posted: 04 Mar 2021 07:36 AM PST

မတ်လ ၃ ရက်နေ့က မန္တလေးမြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)စင်္ကာပူနဲ့ မြန်မာနိုင်ငံအကြား သံသယဖြစ်ဖွယ် ငွေအလွှဲအပြောင်းတွေကို သတိထားစောင့်ကြည့်ဖို့ ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို စင်္ကာပူဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။မြန်မာနဲ့ စင်္ကာပူအကြား ငွေကြေးဆိုင်ရာပြစ်မှု မြောက်နိုင်တဲ့ သံသယဖြစ်စရာ ငွေအလွွှဲအပြောင်းနဲ့ ငွေစီးဆင်းမှုတွေကို အထူးသတိထားစောင့်ကြည့်ဖို့ ငွေကြေးဆိုင်ရာအဖွဲ့တွေကိုပေးပို့တဲ့ စ

အခွန်အကောက် များအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်။

Posted: 04 Mar 2021 07:34 AM PST

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ               နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန           အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)         ၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်                  (၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်)၁။  ပြည်ထောင်စုလွှတ်တော်သည် ၂၀၂၀ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ပါသည်။ ယင်းအဥပဒေအရ အခွန်

ဆားကျင်းသုသာန်မှာ မျက်ရည်ပင်လယ်ဝေတဲ့နေ့

Posted: 04 Mar 2021 06:52 AM PST

မုံရွာဂေဇက်မုံရွာ၊မတ်-၄မုံရွာနွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူ ၅ ဦး၏ ဈာပနာကို ယနေ့ မွန်းလွဲပိုင်းက  ဆားကျင်းသုသာန်(ခ)မြို့မသုသာန်တွင် ပြုလုပ်သည်။သုသာန်သို့သွားရာ လမ်းတလျောက် ပြည်သူ သောင်းချီမှ မျက်ရည်များဖြင့် နှုတ်ဆက်ကြသည်။ယနေ့ မြို့မသုသာန်သို့သဂြိုလ်သူများမှာ ဆရာမဒေါ်မြင့်မြင့်ဇင်၊ကိုမိုးအောင်၊ဖိုးသဲ(ခ)မင်းခန့်ကျော်၊ ဦးနိုင်ဝင်း၊ကဗျာဆရာ ကေဇဝင်း (ခ)ကိုချမ်းသာဆွေ တို့ (၅)ဦး ဖြစ်သည်။မောင်ဇော်သိန်း

မုံရွာ ပစ်ခတ်ဖြိုခွင်းမှု ကျဆုံးသူနှစ်ဦးရုပ်အလောင်း ဆေးရုံမှ ပြန်ထုတ်၊ ကဗျာဆရာကေဇဝင်း ယနေ့သဂြိုလ်

Posted: 04 Mar 2021 06:46 AM PST

မုံရွာဂေဇက်မုံရွာ၊မတ်-၄ယမန်နေ့က မုံရွာမြို့ ဘုရားနီအနီး ပစ်ခတ်ဖြိုခွင်းမှု တွင် ရဲမှ အချုပ်ကားပေါ်တင်သွားသည့် ကျဆုံး ရုပ်အလောင်းနှစ်လောင်းကို မိသားစုများက ဆေးရုံကြီး ရင်ခွဲရုံသို့ ယနေ့သွားရောက်ထုတ်ယူခဲ့ရကြောင်း သိရသည်။အဆိုပါ နှစ်ဦးမှာ လက်ပံတောင်းရွာသား ကဗျာဆရာ 'ကေဇဝင်း' နှင့် မုံရွာ နတ်လူထိပ္ပန်အနီး မြို့ဝင်ရပ်မှ ကိုဝေယံံ( ခ )ကံချွန် တို့ဖြစ်ကြောင်း မိသားစုများက အတည်ပြုခဲ့သည်။ကဗျာဆရာ ' ကေဇဝင်း'

စစ်အာဏာရှင်ကန့်ကွက်သူတွေ နေရာအသီးသီးမှာ ဆက်လက် ဆန္ဒပြနေ

Posted: 04 Mar 2021 06:45 AM PST

စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် မနေ့က တစ်ရက် တည်းမှာတင် အနည်းဆုံး ၂၅ ဦးကျော် သေဆုံးခဲ့ပေမယ့် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ မြို့တွေမှာတင် ဆန္ဒပြသူတွေ ကတော့ ဒီနေ့မှာလည်း ဆက်ရှိနေပါတယ်။ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ဆန္ဒပြနေသူတွေရဲ့ ကျွန်းတောလမ်း သပိတ်စခန်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မီးခိုးဗုံးတွေသုံးပြီး ဒီနေ့မနက် ၁၀ နာရီကျော်က စတင်ဖြိုခွဲခဲ့ပါတယ်။

စစ်သားနဲ့ ရဲတွေက ကယ်ဆယ်ရေး လုပ်နေသူတွေကိုလည်း ရိုက်နှက်ဖမ်းဆီးနေကြ

Posted: 04 Mar 2021 06:41 AM PST

မတ်လ ၃ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက် ပစ်သတ်ခဲ့ကြတာကြောင့် ဆန္ဒပြသူ အမြောက်အများ ထိခိုက်သေဆုံးကြသလို ကယ်ဆယ်ရေးလုပ်ပေးကြတဲ့ ပရဟိတအသင်းက လူငယ်တွေကိုပါ ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့ကြပြီး ကားတွေကို ဖျက်စီးခဲ့ကြပါတယ်။မြောက်ဥက္ကလာက လူနာတင်ဖို့သွားတဲ့ မွန်မြတ်စိတ်ထား ပရဟိတအဖွဲ့

စစ်တပ်အာဏာသိမ်းပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၄ ဦးရှိပြီလို ကုလ ပြော

Posted: 04 Mar 2021 06:38 AM PST

ကုလသမဂ္ဂ လူ့အခွင့်ရေး‌ ကောင်စီ အထူးအစည်းဝေးစစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထဲကစပြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၅၄ ယောက်ထက်မနည်း ရှိတယ်ဆိုတာကို အတည်ပြုထားနိုင်ပြီး ဒီထက်မက အများကြီး ရှိနိုင်သေးတယ်‌ လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဗုဒ္ဓဟူးနေ့က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ မွန်ပြည်နယ်တို့ မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံး

ကလေးမြို့ ပစ်ခတ်ဖြိုခွင်းမှုက ဒဏ်ရာရသူတစ်ဦး ကွယ်လွန်

Posted: 04 Mar 2021 06:33 AM PST

Kalay FBCopyright: Kalay FBKalay FBCopyright: Kalay FBကလေးမြို့မှာ မတ်လ ၂ ရက်နေ့ မနက်က စစ်အာဏာရှင်တော်လှန်ရေးသပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဒဏ်ရာ ရှိခဲ့သူတွေထဲက အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး မတ်လ ၃ ရက်နေ့ ကသေဆုံးသွားကြောင်း ကလေးမြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။သေဆုံးသွားသူဟာ ဒဏ်ရာရ ရှိခဲ့သူ ၅ ဦးအနက် တစ်ဦးဖြစ်ပြီး မောင်ဇင်မျိုးမောင် ဖြစ်ကြောင်းလည်း သူက

ဒီနေ့ သုံးခွမြို့ စစ်အာဏာရှင် ကျရှုံးရေး ပြည်သူများဆန္ဒပြတောင်းဆို

Posted: 03 Mar 2021 07:47 PM PST

 4.2.2021.  THURSDAY   ဒီနေ့ သုံးခွမြို့ စစ်အာဏာရှင် ကျရှုံးရေး  ပြည်သူများဆန္ဒပြတောင်းဆို       

မန္တ​လေးမြို့ထိုင်သပိတ်

Posted: 03 Mar 2021 07:38 PM PST

မန္တ​လေးမြို့ထိုင်သပိတ်https://www.facebook.com/rfaburmese

မန္တလေးမြို့ ကောင်းကင်တွင် တိုက်လေယာဉ် (၅)စီး ပျံသန်းပြနေသည်။

Posted: 03 Mar 2021 06:52 PM PST

M A N D A L A Y  4-3-2021 (8:50 AM)မန္တလေးမြို့ ကောင်းကင်တွင် တိုက်လေယာဉ် (၅)စီး ပျံသန်းပြနေသည်။ဓာတ်ပုံ-ငြိမ်းနောင် TheMandalayNewsJournalhttps://www.facebook.com/TheMandalayNewsJournal/

စစ်ကောင်စီခန့် ကုလအမြဲတန်းကိုယ်စားလှယ် ဦးတင်မောင်နိုင် ရာထူးကနုတ်ထွက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)

Posted: 03 Mar 2021 06:10 PM PST

ဦးတင်မောင်နိုင် (ဓါတ်ပုံ- Ministry of Foreign Affairs Myanmar)စစ်အာဏာသိမ်းမူကိုဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ CDM အာဏာဖီဆန်ရေးလူပ်ရှားမူကို ထေ ာက်ခံလိုက်တဲ့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနေရာကို အစားထိုးဖို့၊ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်ထားလိုက်သူ လက်ရှိ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်ဟာ ရာထူးကနုတ်ထွက်ဖို့ပြောထားပြီး၊ သူ့ Facebook စာမျက်နှာမှာလည်း

မြောက်ဥက္ကလာနဲ့ တာမွေအခြေအနေ ဆရာဝန်တဦးနဲ့ မေးမြန်းချက်

Posted: 03 Mar 2021 06:07 PM PST

မြောက်ဥက္ကလာဆန္ဒပြပွဲမြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)သေဆုံး ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိနေတဲ့ မြောက်ဥက္ကလာပဆေးရုံကြီးက အရေးပေါ်အခြေအနေမှာ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း အင်အားအရေးတကြီး လိုအပ်နေပေမဲ့ လုံခြုံရေးတပ်တွေဘက်က လမ်းပိတ်ဆို့ထားတဲ့အတွက် ကူညီကယ်ဆယ်ပေးဖို့ သွားနေတဲ့ဆရာဝန်တွေ အခက်ကြံုနေရတယ်လို့ ကိုယ်တိုင်သွားရောက်ကူညီကယ်ဆယ်ပေးဖို့ကြိုးစားနေတဲ့ ဆရာဝန်တဦးကပြောပါတယ်။ မြောက်ဥက္ကလာပ ပစ်ခတ်မှုတွေအတွင်း

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်း ၄၀၀၀ ခန့် CDM မှာပါဝင်

Posted: 03 Mar 2021 06:02 PM PST

နေပြည်တော်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ရုံးချုပ်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ လက်အောက်ခံ ရုံးအားလုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်း ၄၀၀၀ လောက်ဟာ၊ တရားမဝင် အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီရဲ့ လက်အောက်မှာ မနေလိုဘဲ၊ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကိုသာ သစ္စာစောင့်သိလိုက်တာကြောင့် မတ်လ ၁ ရက်နေ့ကစလို့ လုံးဝ အလုပ်မသွားဘဲ အာဏာဖီဆန်ရေးကို ရာနှုန်းပြည့်

ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ အမေရိကန် တောင်းဆို

Posted: 03 Mar 2021 05:58 PM PST

AP သတင်းထောက် ကိုသိန်းဇော်မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းရာက ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။အမေရိကန် သတင်းဌာနတခုဖြစ်တဲ့ AP သတင်းထောက် ကိုသိန်းဇော်နဲ့ နောက်ထပ်သတင်းသမား ၅ ယောက်ကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ

မြန်မာစစ်တပ် ရက်စက်အကြမ်းဖက်မှုကို တညီတညွတ်တည်း ရှုတ်ချဖို့ အမေရိကန်ဆော်သြ

Posted: 03 Mar 2021 05:57 PM PST

ဆန္ဒပြသူများကို မန္တလေးတွင် အကြမ်းဖက် ဖြိုခွဲစဉ်မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။"အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ရရှိဖို့ ငြိမ်းချမ်းစွာ ကြိုးပမ်းတောင်းဆိုနေတဲ့ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူနေတဲ့ လုပ်ရပ်တွေကို တွေ့မြင်ရတဲ့အတွက် စိတ်ပျက် တုန်လှုပ်မိကြောင်း" အမေရိကန်

ပြည်သူတွေ တိုက်ခိုက်ခံရမှုကို လုံခြုံရေးကောင်စီမှာ သက်သေနဲ့ တင်ပြမယ်လို့ CRPH ပြော

Posted: 03 Mar 2021 05:55 PM PST

သောကြာနေ့ ပြုလုပ်မယ့် လုံခြုံရေးကောင်စီ အထူးအစည်းအဝေးမှာ စစ်ကောင်စီက လက်နက်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှု၊ ပြည်သူလူထုရဲ့ လူနေ အိမ်ခြေတွေကို စစ်မြေပြင်လို အငြိုးတကြီး တိုက်ခိုက်နေတဲ့ ရာဇဝတ်မှုတွေကို သက်သေ သာဓက အထောက်အထားတွေနဲ့ တင်ပြမယ်လို့ ခေတ္တ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က CRPH စာမျက်နှာမှာ ဗီဒီယိုနဲ့ ပြည်သူလူထုကို ပြောထားပါတယ်။ပြည်သူလူထုအတွက် တရားမျှတမှု ပြန်ရဖို့ နိုင်ငံတကာ

စစ်တပ်ခေါင်းဆောင်တွေကို ICC က အရေးယူဖို့ တောင်းဆိုကြ

Posted: 03 Mar 2021 05:53 PM PST

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေက လူမဆန်စွာ သတ်ဖြတ်ညှဉ်းပန်းမှုတွေ တနေ့တခြား ဆိုးဝါးလာနေတာနဲ့ ပတ်သက်ပြီး လူထုအတွင်း မကျေနပ်မှုတွေ အကြီးအကျယ်ပေါ်ပေါက်လာနေသလို အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတင် စစ်ဆေးဖို့ ပြောဆိုသံတွေလည်း ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာနေပါတယ်။လက်ရှိ အာဏာသိမ်းစစ်အုပ်စုသြဇာခံ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြနေသူတွေကို ကြိုတင်

Posted: 03 Mar 2021 06:53 PM PST

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂကိုယ်စားလှယ်တိုက်တွန်းမြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့ဟာ သွေးထွက်သံယို အများဆုံးဖြစ်တဲ့နေ့လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ (Christine Burgener) က ပြောလိုက်ပါတယ်။"ဒီနေ့ တရက်တည်းမှာတင် ၃၈ ဦး သေဆုံးခဲ့တာကြောင့် ဒီကနေ့ဟာ သွေးအစွန်းထင်းဆုံးနေ့ ဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.