Friday, March 5, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မန္တလေးယူနန်သင်္ချိုင်းက မကြယ်စင်ရဲ့ အုတ်ဂူ ဖောက်ထွင်းခံရ

Posted: 05 Mar 2021 07:02 AM PST

မန္တလေးယူနန်သင်္ချိုင်းက မကြယ်စင်ရဲ့ အုတ်ဂူ ဖောက်ထွင်းခံရ မန္တလေးယူနန်သင်္ချိုင်းက မကြယ်စင်ရဲ့ အုတ်ဂူ / Photo-CJမန္တလေးမြို့ အေးရိပ်ငြိမ် (ယခင် ကြာနီကန်) သုဿန်မှာရှိတဲ့ ယူနန်တရုတ်သချိုင်းမှာ မနေ့က မြုပ်နှံခဲ့တဲ့ မကြယ်စင်(၁၉ နှစ်)ရဲ့ ဂူဗိမာန်ကို မတ်လ ၅ ရက်နေ့ ဒီနေ့ ညပိုင်းမှာ စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး အုတ်ဂူကို ဖောက်ထွင်း တူးဖော်သွားတယ်လို့ သုဿန်အနီးမှာ နေထိုင်သူတွေက RFA ကိုပြောပါတယ်။ဒီကနေ့ ညနေ

လာရှိုးအနီး TNLA လှုပ်ရှားမှု နယ်မြေစိုးမိုးရေး ဆောင်ရွက်တာဖြစ်တယ်လို့ပြော

Posted: 05 Mar 2021 06:59 AM PST

လာရှိုးအနီး TNLA လှုပ်ရှားမှု နယ်မြေစိုးမိုးရေး ဆောင်ရွက်တာဖြစ်တယ်လို့ပြော ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာမှာ ၂၀၂၁၊ မတ် ၅ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် / Photo: CJလားရှိုးမြို့နဲ့ ခြောက်မိုင်လောက်အကွာမှာရှိတဲ့ မယ်ဟန်ကျေးရွာမှာ TNLA တပ်ဖွဲ့တွေ လှုပ်ရှားတာဟာ ပုံမှန်အတိုင်း နယ်မြေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ကင်းလှည့်ဆောင်ရွက်တာသာဖြစ်

အိမ်ရှေ့လမ်းပေါ်ထွက်ကြည့်နေသူကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆဲဆိုကျိန်းမောင်းကာ လေးခွနှင့်ပစ်ခတ်ပြီး အိမ်ထဲအထိ ဝင်ရောက် ရိုက်နှက်

Posted: 05 Mar 2021 06:57 AM PST

ဒီနေ့ ညနေပိုင်းမှာ စမ်းချောင်း ကျွန်းတောလမ်းကို ရဲအင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းချိန် ရပ်ကွက် အတွင်း အိမ်ရှေ့လမ်းပေါ်ထွက်ကြည့်နေသူကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆဲဆိုကျိန်းမောင်းကာ လေးခွနှင့်ပစ်ခတ်ပြီး အိမ်ထဲအထိ ဝင်ရောက် ရိုက်နှက်ခဲ့တယ်လို့ မျက်မြင် တွေ့ကြုံခဲ့သူမှ ဘီဘီစီကို ပြောပါတယ်။BBC Burmesehttps://www.facebook.com/BBCnewsBurmese

စစ်ကိုင်းမှာ ဆန္ဒပြမှုတွေ ဆက်ရှိ၊ ဖြိုခွင်းမခံရဘူးလို့ ဒေသခံတွေပြော

Posted: 05 Mar 2021 06:55 AM PST

စစ်ကိုင်းမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင် သပိတ်တွေ အရင်နေ့တွေက ဖြိုခွင်းခံရပေမယ့် ဒီ‌ကနေ့မှာ အဖွဲ့ပေါင်းစုံ ပေါင်းစုပြီး ဆန္ဒပြကြပါတယ်။တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ ပညာရေး၀န်ထမ်း‌တွေ အရပ်ဘက်အဖွဲ့စည်းတွေ ပါဝင်ပြီးငါးထပ်ကြီးဘုရားလမ်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံနဲ့ မြို့တွင်းလှည့်လည် ဆန္ဒပြပါတယ်။ ဒီနေ့မှာတော့ ဆန္ဒပြစစ်ကြောင်းကို ဖြိုခွင်းမခံရဘူးလို့ ဒေသခံတွေကပြောပါတယ်။မတ်လ ၃ ရက်က စစ်

ဦးဝင်းထိန်ကို ကျန်းမာရေးအရ ပြန်လွှတ်ပေးဖို့ ရှေ့နေလျှောက်ထား

Posted: 05 Mar 2021 06:50 AM PST

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်ပြနေသည့် NLD ပါတီ နာယက ဦးဝင်းထိန် (၀၂၊ ၀၂၊ ၂၁)ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်ကို ကျန်းမာရေးအခြေအနေကြောင့် အာမခံနဲ့ ပြန်လွှတ်ပေးဖို့ သူ့ရဲ့အကျိုးဆောင်ရှေ့နေက ဒဏ္ခိဏခရိုင် တရားရုံးမှာ ဦးတိုက်လေ ျှာက်ထားခဲ့ပါတယ်။" အသက် ၈ဝ နှစ် ရှိပြီးတော့မှ ဘီးတပ်ကုလားထိုင်နဲ့သွားလာနေရတဲ့အကြောင်း ၊ အိပ်ရင် အသက်

ပွင့်ဖြူမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားရာက လူ ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရ

Posted: 05 Mar 2021 06:39 AM PST

မတ် -၅ -၂၀၂၁မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာမှာ ဒီကနေ့ မတ် ၅ ရက် နေ့ခင်းပိုင်းက အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာကနေ လူ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ပွင့်ဖြူမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ယောက် ပြောပြတာက "နေ့ခင်း ၁၂ နာရီဝန်းကျင်က အခင်းဖြစ်တယ် ၊ သေဆုံးသူက ၂ယောက်ဖြစ်တယ်။ သေဆုံးသူက ဦးချစ် နဲ့ မောင်နန်းဝေ အသက် (၁၇) နှစ်တို့ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံး

Youtube က စည်းကမ်းချက်တွေမလိုက်နာလို့ မြန်မာစစ်တပ်ရဲ့ရုပ်သံလိုင်းတွေကိုဖယ်ရှား

Posted: 05 Mar 2021 06:42 AM PST

သတင်း၊ဓာတ်ပုံ- Irish Examinerရန်ကုန်၊မတ်လ - ၅ ရက်YouTube က၎င်းသည်၎င်းရဲ့စည်းမျဉ်းတွေကိုမလိုက်နာတာကြောင့် မြန်မာစစ်တပ်ပိုင် ရုပ်သံလိုင်း ၅ ခုကိုဖယ်ရှားလိုက်တယ်လို့မတ်လ ၅ ရက်ကကြေညာခဲ့တယ်လို့ Irish Examiner သတင်းကဖော်ပြပါတယ်။ဆန္ဒပြသူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်မှုတွေမြင့်တက်နေချိန်မှာ ကြေညာချက်ထွက်ပေါ်ခဲ့တာဖြစ်ပြီး မြန်မာရဲ့နိုင်ငံရေးအကြပ်အတည်းကိုလည်း ကုလလုံခြုံရေးကောင်စီမှာအထူးအစည်းအဝေး

ချင်းပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် CDM ဝင်ဝန်ထမ်းအချို့မှ သဘောထားထုတ်ပြန်ထား

Posted: 05 Mar 2021 06:31 AM PST

ချင်းပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် CDM ဝင်ဝန်ထမ်းအချို့မှ သဘောထားထုတ်ပြန်ထားတာဖြစ်ပါတယ်။ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် CDM ဝင်ဝန်ထမ်း ၈၀ ကျော်ပါဝင်ပြီ ဖြစ်ကြောင်းလည်းသိရသည်။Chin Worldhttps://www.facebook.com/Chin-World-167011980026853

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ် သေ့မော်ကူးနှင့် ဝါ့မီကလားကျေးရွာအုပ်စုမှ ထောင်နှင့်ချီသည့် ဒေသခံရွာသားများ၏ ယနေ့ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှု မြင်ကွင်း။

Posted: 05 Mar 2021 06:31 AM PST

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ် သေ့မော်ကူးနှင့် ဝါ့မီကလားကျေးရွာအုပ်စုမှ ထောင်နှင့်ချီသည့် ဒေသခံရွာသားများ၏ ယနေ့ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှု မြင်ကွင်း။KIC - ကရင်သတင်းစဉ်https://www.facebook.com/KICNewsPage

လှိုင်းဘွဲမြို့နယ် ပိန္နဲတောကျေးရွာမှ ဆန္ဒပြမှုမှ လူငယ်များ၏ ပြောစကား

Posted: 05 Mar 2021 06:27 AM PST

(KIC) ၅.၃.၂၀၂၁လှိုင်းဘွဲမြို့နယ် ပိန္နဲတောကျေးရွာမှ ဆန္ဒပြမှုမှ လူငယ်များ၏ ပြောစကားကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပိန္နဲတောကျေးရွာမှ ကွမ်ဘီကျေးရွာအထိ ကျေးရွာအုပ်စု ၁၀စုကျော်မှဒေသခံရွာသားများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုမှ လူငယ်များ၏ ပြောစကား - KIC - ကရင်သတင်းစဉ်https://www.facebook.com/KICNewsPage/videos/952325512174458

ပစ်ခတ်သတ်ဖြတ်တဲ့ စစ်သားနဲ့ရဲတွေ နိုင်ငံတကာဥပဒေအရ အရေးယူခံရနိုင်

Posted: 05 Mar 2021 06:11 AM PST

မြန်မာနိုင်ငံက ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်သားတွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းပြီး၊ ကျည်အစစ် နဲ့ ပစ်ခတ်သတ်ဖြတ်နေတာဟာ နိုင်ငံတကာကသတ်မှတ်ထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး စံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာဥပဒေအရ အရေးယူအပစ်ပေးလို့ ရတယ်လို့ အမေရိကန်တပ်မတော် အငြိမ်းစား ဒုဗိုလ်မှူးကြီး တစ်ဦးဖြစ်တဲ့၊ ဟာဝိုင်အီကျွန်း ဟိုနိုလူလူမြို့ လုံခြုံရေးဆိုင်ရာ အာရှ-ပစိဖိတ် လေ့လာရေးဌာန

နိုင်ငံတကာနှင့်ပေါင်းပြီး စစ်အာဏာရှင်တွေကို သုတ်သင်ရှင်းလင်းမယ်လို့ KNU ပြော

Posted: 05 Mar 2021 06:08 AM PST

နိုင်ငံတကာနှင့်ပေါင်းပြီး စစ်အာဏာရှင်တွေကို သုတ်သင်ရှင်းလင်းမယ်လို့ KNU ပြော ကရင်အမျိုးသားအစည်းအရုံး KNU တပ် / Photo- AFP(file)စစ်အာဏာရှင်စနစ်ကို နိုင်ငံတကာနဲ့ပေါင်းပြီး အမြစ်ပြတ်သုတ်သင်ရှင်းလင်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က မတ်လ ၅ ရက်နေ့ ဒီကနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ဆက်လက်အနှောင့်အယှက်ပေး ပစ်ခတ်သတ်ဖြတ်

KNU ထိန်းချုပ်နယ်မြေတွင်းဆန္ဒပြပွဲ တပ်ဖွဲ့တွေနဲ့ ဝန်းရံပေးခဲ့

Posted: 05 Mar 2021 06:07 AM PST

ကရင်ပြည်နယ် ဖာပွန်ခရိုင်နဲ့ ဘားအံခရိုင်တွေမှာ ကရင်လူထု ၄ သောင်းထက်မနည်းစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ရာမှာ ကေအန်ယူ တပ်များက ဝန်းရံပေးခဲ့ကြတဲ့သတင်းကို မအေးအေးမာက ပြောပြပေးပါမယ် ။ကရင်ပြနယ်ဘားအံခရိုင်နဲ့ ကရင်လို့မူတြော်ခရိုင်လို့ခေါ်တဲ့ဖာပွန်ခရိုင်မှာတော့ကရင်လူငယ်တွေကရင်ပြည်သူတွေ သောင်းနဲ့ချီပြီး မတ်လ ၅ရက်နေ့မှာဆန္ဒထုတ်ဖော်နေကြကြောင်းကရင်သတင်းစဉ်ရဲ့အမူ့ဆောင်အယ်ဒီတာချုပ် နန့်ဖောဂေ ကအခုလိုပြောပြပါ

မန္တလေးဆန္ဒပြပွဲ ဖြိုခွင်းဖို့သွားတဲ့ စစ်တပ်ကပစ်လို့ လူငယ်တစ်ဦးသေဆုံး

Posted: 05 Mar 2021 06:05 AM PST

မန္တလေးဆန္ဒပြပွဲ ဖြိုခွင်းဖို့သွားတဲ့ စစ်တပ်ကပစ်လို့ လူငယ်တစ်ဦးသေဆုံးဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အပေါ် ကန့်ကွက် ဆန္ဒပြနေကြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းတာတွေ ပိုဆိုးလာနေပြီး သေဆုံးသူအရေအတွက်လည်း ပိုတိုးလာနေပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့မှာလည်း မန္တလေးက အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့လာတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လမ်းဘေးမှာ ရပ်ကြည့်နေသူလူငယ်တစ်

Tedim Baptist Convention မှ ဦးဆောင်မှုဖြင့် တီးတိန်မြို့ရှိ ဂိုဏ်းပေါင်းစုံမှ မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲ

Posted: 05 Mar 2021 06:03 AM PST

Tedim Baptist Convention မှ ဦးဆောင်မှုဖြင့် တီးတိန်မြို့ရှိ ဂိုဏ်းပေါင်းစုံမှ မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲ CCJ ခန်းမChin Worldhttps://www.facebook.com/Chin-World-167011980026853

အသက်(၂၀)အရွယ်ရှိ ကိုဇော်မျိုး မန္တလေးမြို့ ၁၁၁ လမ်း၊ ၄၈ - ၄၉ ကြားတွင် ရဲနှင့် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လည်ပင်း သေနတ်ကျည်မှန် ကျဆုံးကြောင်း သတင်းရရှိ

Posted: 05 Mar 2021 06:32 AM PST

ဓာတ်ပုံ-ဥက္ကာကျော်M A N D A L A Y  (5-3-2021)မန္တလေးမြို့ ၁၁၁ လမ်း၊ ၄၈ - ၄၉ ကြားတွင် ရဲနှင့် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူတစ်ဦး လည်ပင်း သေနတ်ကျည်မှန် ကျဆုံးကြောင်း သတင်းရရှိသည်။ လည်ပင်း သေနတ်ကျည်မှန် ကျဆုံးသူမှာ အသက် (၂၀)အရွယ်ရှိ ကိုဇော်မျိုးဖြစ်ကြောင်း သိရသည်။ TheMandalayNewsJournalhttps://www.facebook.com/TheMandalayNewsJournal

အကြမ်းဖက်မှုတွေ ရပ်တန့်ရန် နိုင်ငံတကာကြက်ခြေနီအဖွဲ့တောင်းဆို

Posted: 05 Mar 2021 05:54 AM PST

(၅-၃-၂၀၂၁)ဒဏ်ရာရသူတွေကို ကယ်ဆယ်ကူညီပေးတဲ့ စေတနာ့ဝန်ထမ်းကြက်ခြေနီတွေဟာ ဘယ်သောအခါမှ ပစ်မှတ်မဖြစ်သင့်ဘူး။ အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်ပါ- လို့ နိုင်ငံတ ကာကြက်ခြေနီအဖွဲ့ (IFRC) က အာဏာသိမ်းစစ်ကောင်စီကို ဒီနေ့ တောင်းဆိုက်ပါတယ်။လူနာတွေကို ကယ်ဆယ်နေတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေကို လုံခြံရေးတပ်တွေက ဖမ်းဆီး ရိုက်နှက်ပြီးနောက်၊ လုံခြုံရေးတပ်တွေက လူသတ်လက်နက်သုံးပြီး ပစ်ခတ်တဲ့အတွက် လပေါင်း ၅၀ ကျော်သေဆုံးပြီး

စစ်ကောင်စီပိုင် မီဒီယာများကို YouTube က ပိတ်ပင်

Posted: 05 Mar 2021 05:53 AM PST

(၅-၂-၂၀၂၁)လူ့မှုအသိုင်းဝိုင်းက လက်မခံနိုင်တဲ့၊ အဆင့်အတန်းမရှိတဲ့ သတင်းတွေတင်တာကြောင့် အာဏာသိမ်းစစ်ကောင်စီပိုင် မီဒီယာ ၅ ခုကို ဒီနေ့ စတင်ပိတ်လိုက်တယ်လို့ YouTube ချာနယ်က သတင်းထုတ်ပြန်ပါတယ်။အဲဒီ ၅ ခုကတော့ Myawaddy Media, MRTV, WD Online Broadcasting, MWD Variety နဲ့ MWD Myanmar တို့ဖြစ်ပါတယ်။ "လူမှုအသိုင်းအဝိုင်းကလက်ခံထားတဲ့ စံ community guidelines ကိုချိုးဖောက်နေတဲ့ ချာနယ်တွေကို ကျနော်ရပ်ဆိုင်းပါ

စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ Generation Z နဲ့ ရဟန်းရှင်လူပြည်သူလူထုတရပ်လုံးကို လေးစားဂုဏ်ပြုပါကြောင်း ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ရဲ့ ဂုဏ်ပြုစကား

Posted: 05 Mar 2021 05:50 AM PST

(၅/၃/၂၀၂၁)စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ Generation Z နဲ့ ရဟန်းရှင်လူပြည်သူလူထုတရပ်လုံးကို လေးစားဂုဏ်ပြုပါကြောင်း ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ရဲ့ ဂုဏ်ပြုစကားBurma News Networkhttps://www.facebook.com/burmanewsnetwork

မကွေးမြို့က ဖမ်းဆီးခံကျောင်းသားတွေကို ပြန်မလွှတ်သေး

Posted: 05 Mar 2021 05:47 AM PST

ဖေဖော်ဝါရီ ၂၈ ရက်က မကွေးမြို့သပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ၃၄ယောက်ကို ခြောက်ရက်ကြာတဲ့အထိ မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။မကွေးဆေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မကွေးနည်းပညာတက္ကသိုလ်နဲ့ AGTI မကွေး စတဲ့ ကျောင်း (၄) ကျောင်းပေါင်း သပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံရလိုက်ရတာဖြစ်ပြီး အဲ့ဒီနေ့ကတစ်ရက်တည်း ကျောင်းသား (၅၃) ယောက်ကို ဖမ်းဆီးသွားခဲ့ကာ မတ်လ ၁ ရက်မှာတော့ (၁၉) ယောက်ပြန်လွှတ်ပေးခဲ့တာပါ။ "ဘာ

ရသေ့တောင်က ဒဏ်ရာရကလေးတစ်ဦး စစ်တွေဆေးရုံရောက်ရှိ

Posted: 05 Mar 2021 05:46 AM PST

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကလေးနှစ်ဦးအနက် ဒဏ်ရာပြင်းထန်တဲ့ အသက် ၈ နှစ်အရွယ် မောင်ရဲထွန်းဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ညနေပိုင်းမှာ စစ်တွေဆေးရုံကိုရောက်ရှိလာခဲ့ပါတယ်။လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကလေးနှစ်ဦးဟာ ညီအစ်ကိုအရင်းတွေဖြစ်ကြပြီး ညီဖြစ်သူ မောင်ရဲထွန်းမှာ အဆုတ်ပေါက်သွားပြီး မျက်နှာမှာလည်း ထိခိုက်ခဲ့ကာ အသက် ၁၀

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်အသက်ဝင်စေရေးကိုလည်း မိမိတို့တောင်းဆိုလိုက်သည်

Posted: 05 Mar 2021 05:41 AM PST

"မြန်မာနိုင်ငံအတွင်းဆန္ဒပြသူများအပေါ် ထိတ်လန့်တုန်လှုပ်ဖွယ်အသက်သေဆုံးစေခဲ့သော အကြမ်းဖက်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများနှင့်နည်းပညာများကို မြန်မာစစ်အစိုးရက ရယူနိုင်ခြင်းမရှိစေရန် ကန့်သတ်ချုပ်ချယ်လိုက်သည့်အကြောင်း ထပ်တိုးကန့်သတ်ချက်ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်အသက်ဝင်စေရေးကိုလည်း မိမိတို့တောင်းဆိုလိုက်သည်" -

နိုင်ငံရေးရည်မှန်းချက်

Posted: 05 Mar 2021 05:38 AM PST

နိုင်ငံရေးရည်မှန်းချက်၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသားပြည်သူများသည် စစ်အာဏာ ရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို စစ်အာဏာရှင်များက လက်နက်အင်အား အသုံးပြု၍ သိမ်းယူခဲ့သည်ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ စစ်အာဏာရှင် အဆက်ဆက်၏ အာဏာအလွဲ သုံးစားပြုမှု၊ ကိုယ်ကျိုးရှာမှု၊ နိုင်ငံချစ်စိတ်ကင်းမဲ့မှုတို့ကြောင့် မြန်မာနိုင်ငံ

"ရုံးတက်ရင်း ရုန်းထွက်" ကြမယ့် ဝါရှင်တန်မြို့တော်က မြန်မာသံဝန်ထမ်းတချို့ (ဦးကျော်စွာထွန်းနဲ့ ဆက်သွယ်မေးမြန်း)

Posted: 04 Mar 2021 08:26 PM PST

ဝါရှင်တန်မြို့တော်က မြန်မာသံရုံးသံရုံးတွေမှာ ဆက်လက်တာဝန်ထမ်းဆောင်ရင်း CDM အမိန့်မနာခံရေး အကြမ်းမဖက်လှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ မြန်မာသံရုံး တတိယအတွင်းဝန် ဦးကျော်စွာထွန်းက ဗွီအိုအေ ကို ပြောပါတယ်။ ကြာသပတေးနေ့က ဝါရှင်တန် မြန်မာသံရုံးက သံဝန်ထမ်းငါးဦးဟာ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြောင်း ထုတ်ဖေါ်ကြေညာ

မြန်မာပြည်သူတွေကို ကုလကူညီဖို့ ဘန်ကောက်ရောက်မြန်မာတွေ ဆန္ဒပြတောင်းဆို

Posted: 04 Mar 2021 08:24 PM PST

မတ်လ ၄ရက်နေ့ညက UNHCR ရုံးရှေ့မှာမြန်မာအလုပ်သမားတွေ ဆုတောင်းပွဲနဲ့ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ပုံမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရာနဲ့ချီပြီး ဘန်ကောက်မြို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက် နှိမ်နင်းရာက ထိခိုက်သေဆုံးရသူတွေ အတွက်လည်း ဆုတောင်းခဲ့ကြတယ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.