Saturday, March 6, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့ တောင်ကိုရီးယားပြော

Posted: 06 Mar 2021 08:01 AM PST

မြန်မာပြည်သူတွေကို အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့နဲ့ ပြည်သူတွေနဲ့အတူ ရှိနေတယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ဆိုရှယ်မီဒီယာတွေမှာ အခုလို ရေးသားခဲ့ပါတယ်။"မြန်မာပြည်သူတွေကိုအကြမ်းဖက်တာတွေအခုရပ်ပေးရမယ်။နောက်ထပ်အသက်တွေမဆုံးရှုံးသင့်တော့ဘူး။ဆန္ဒပြမှုတွေကိုစစ်နဲ့ ရဲ တပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းတာကိုကျွန်တော်တို့ ရှုတ်ချတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ချက်ချင်း

မန္တလေးက မကြယ်စင်ကို ထိမှန်တာ ရဲတပ်ဖွဲ့ကျည်မဟုတ်ဘူးလို့ဆို

Posted: 06 Mar 2021 07:59 AM PST

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးခေါင်းကို ကျည်ထိ သေဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ ဦးခေါင်းမှာ တွေ့ရတဲ့ ခဲသတ္တုဟာ ရဲတပ်ဖွဲ့ အသုံးပြုတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ကျည်မဟုတ်ဘူးလို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။အဲဒါဟာ ဒသမ ၃၈ ကျည်နဲ့ ပစ်ခတ်နိုင်တဲ့ ပွိုင့်တာသေနတ်နဲ့ ပစ်ခတ်တဲ့ ခဲယမ်းဖြစ်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။အဲဒီလို စစ်ဆေးနိုင်ဖို့ မကြယ်စင်ရဲ့ ဖခင်ဆီမှာ ခွင့်တောင်းပြီး မတ်လ ၅ ရက်က

ယ​နေ့ည မြစ်ကြီးနား တက္ကသိုလ်​ရှေ့လက်ရှိအ​ခြေအ​နေ

Posted: 06 Mar 2021 05:47 AM PST

ည ၇:၅၀ ယ​နေ့ည မြစ်ကြီးနား တက္ကသိုလ်​ရှေ့လက်ရှိအ​ခြေအ​နေ ယနေ့ည မြစ်ကြီးနား တက္ကသိုလ်ရှေ့ လက်ရှိ အခြေအနေပြည်သူများက လမ်းပိတ်ကာကွယ်ထားရန် ပြင်ဆင်နေကြသည်။ရဲကား၊ စစ်ကား၊ အချုပ်ကားများ အစီး ၃၀ ခန့် တက္ကသိုလ်ဝင်းထဲ ထပ်ဝင်သွားတာကိုလည်း တွေ့ရပါတယ်။Kachinwaveshttps://www.facebook.com/kachinwavesnews

CRPH နိုင်ငံရေးရည်မှန်းချက်ထုတ်ပြန်၊ ဆန္ဒပြပွဲတွေ အားကောင်းနေဆဲ

Posted: 06 Mar 2021 05:33 AM PST

CRPH က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကြိုဆိုလိုက်ပြီး တချိန်တည်းမှာပဲ တိုင်းရင်းသားတွေ ပူးပေါင်းလာဖို့ဆိုရင် CRPH အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာဖို့လိုတယ်လို့ SNLD ဒု-ဥက္ကဋ္ဌ ဦးစိုင်းလိတ်က ပြောပါတယ်။"CRPH က အခုလို ကြေညာလိုက်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေး ရည်မှန်းချက်လို့ပဲ ပြောတာကိုး။ တကယ်တမ်း

အိန္ဒိယနိုင်ငံခုံလှုံတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေပြန်အပ်ဖို့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီတောင်းဆို

Posted: 06 Mar 2021 05:31 AM PST

ရန်ကုန်စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြပွဲအိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံသွားတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်တွေကို ပြန်လွှဲပြောင်းပေးဖို့ မြန်မာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက အိန္ဒိယကို တောင်းဆိုထားတယ်လို့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက တာဝန်ရှိသူတစ်ဦးကို ဒီကနေ့ပြောတဲ့အကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ရေးထားပါတယ်။ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲခိုင်းတာ မလုပ်ချင်တဲ့အတွက် မြန်မာရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစု အယောက်

၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးဟာနိုင်ငံရေးရည်ရွယ်ချက်တခုဖြစ်ကြောင်း CRPH ထုတ်ပြန်

Posted: 06 Mar 2021 05:29 AM PST

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်အခြေခံတဲ့ ဖွဲ့စည်းပုံပေါ်လာရေးဟာ အဓိကနိုင်ငံရေး ရည်မှန်းချက် ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။အမျိုးသားညီညွတ်ရေးအစိုးရ တရပ်အတွက် တိုင်းရင်းသားတွေနဲ့ ဘယ်လိုညှိနှိုင်းယူမလဲဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက်ပိုင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးက ဝန်ထမ်း ၈၀ ကျော် CDM မှာပါဝင်

Posted: 06 Mar 2021 05:26 AM PST

ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေးခဲ့ကြတဲ့ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် ဦးဆောင်တဲ့စစ်ကောင်စီလက်အောက်မှာဆက်လက်တာဝန်မထမ်းဆောင်လိုတာကြောင့် CDM လှုပ်ရှားမှုမှာ ဖေဖော်ဝါရီ ၈ ရက်တည်းက ပါဝင်နေတာဖြစ်တယ်လို့ ကော်မရှင်ဝန်ထမ်း ၈၅ ဦးက မတ်လ ၅ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီလို CDM လုပ်နေသူတွေကို ရုံးပြန်တက်ဖို့အပါအဝင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနဲ့အညီ အရေးယူမယ်လို့

ရန်ကုန်မှာ ကိုကိုကျွန်းမှအပ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ပြီးပြီလို့ ကြေညာ

Posted: 06 Mar 2021 05:25 AM PST

ရန်ကုန်တိုင်းမှာ ကိုကိုကျွန်းမြို့နယ်ကလွဲလို့ မြို့နယ်အားလုံးမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးပြီလို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ CRYH က ဒီကနေ့ ကြေညာလိုက်ပါတယ်။အဲဒါနဲ့အတူ တခြားပြည်နယ်နဲ့ တိုင်းတချို့မှာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတဲ့ သတင်းတွေကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကြေညာနေပါတယ်။BBC Burmesehttps://www.bbc.com/

မြစ်ကြီးနား တက္ကသိုလ်ရှေ့ လက်ရှိအ​​ခြေအ​နေ။

Posted: 06 Mar 2021 05:24 AM PST

မြစ်ကြီးနား တက္ကသိုလ်သို့ လာ​ရောက်၀န်းရံသူများကို လူစုခွဲ။မြစ်ကြီးနား တက္ကသိုလ်အတွင်းရှိ ဆရာ၊ ဆရာမများအား အမည်၊ ရာထူး၊ ဌာန စာရင်းလိုက်​ကောက်​နေ​ကြောင်း သတင်းရရှိသည်။ မြစ်ကြီးနား တက္ကသိုလ်ရှေ့ လက်ရှိအ​​ခြေအ​နေ။မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် တက္ကသိုလ်လမ်းကို ကာကွယ်ပိတ်ဆို့ထား။နေရာ တော်တော်များများတွင် စစ်သားနဲ့ရဲတွေ နေရာယူထားကြောင်းသိရ။Kachinwaveshttps://www.facebook.com/kachinwavesnews

CDM လုပ်သူများကို ပုဒ်မ ၅၀၅-က ဖြင့် ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြစ်ကြီးနား တက္ကသိုလ် ရှေ့မှာ စာလာကပ်ထား။

Posted: 06 Mar 2021 05:15 AM PST

CDM လုပ်သူများကို ပုဒ်မ ၅၀၅-က  ဖြင့် ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြစ်ကြီးနား တက္ကသိုလ် ရှေ့မှာ စာလာကပ်ထား။CDM မလုပ်သူများကို လုံခြုံရေးအတွက် အပြည့်အ၀ တာဝန်ယူသွားမည်ဟုလည်း ပါရှိ။ လက်ရှိ တက္ကသိုလ်ဝင်းအတွင်း စစ်ကား ၁၀ စီးကျော် ရောက်ရှိနေပြီး တံခါးပိတ်ထားသည်ကို တွေ့ရသည်။ ဝင်းတံခါးဝမှာ ရှိနေသူ စစ်သားတစ်ဦး၏ ပြောကြားချက်အရ မကြာမီ တံခါးပြန်ဖွင့်ပေးမည်ဟုလည်း သိရသည်။Kachinwaveshttps://

မုံရွာမြို့ခံအချို့ မြန်မာဘီယာဖြင့် ခြေဆေး

Posted: 06 Mar 2021 05:12 AM PST

မုံရွာ၊မတ်-၆မြန်မာဘီယာဖြင့် ခြေထောက်ဆေးခြင်းကမ်ပိန်းကို မုံရွာဒေသခံအချို့ ဗန္ဓုလလမ်းတွင် ယနေ့ မွန်းလွဲ ၃နာရီခန့်က ပြုလုပ်သည်ကို တွေ့ရသည်။"တပ်နဲ့ဆက်နွယ်လို့ပါ၊ မသောက်ဖူး ၊ခြေဆေးပစ်တာ၊ဆိုင်ကလည်း လက်ကျန်ဖြတ်တာ၊မရောင်းတော့ဘူးဆိုလို့ "ဟု ပါဝင်သူတစ်ဦးကပြောသည်။ကမ်ပိန်းတွင် လမ်းသွားလမ်းလာများ မည်သူမဆို ပါဝင်ဆေးကြရန်ဖိတ်ခေါ်ခဲ့ပြီး ဝင်ရောက်ဆေးသူများရှိသည်ကိုလည်း  တွေ့ရသည်။#MonywaGazette #မြန်မာဘီယာMonywa

မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာချက်ထုတ်ပြန်

Posted: 06 Mar 2021 05:08 AM PST

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၅) မြို့နယ်တွင်ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းပြီးကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာချက်ထုတ်ပြန်။Source: မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီCommittee Representing Pyidaungsu Hluttaw - CRPHhttps://www.facebook.com/crph.official.mm/

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ-CRYH မှ ကြေညာချက် (၁၁/၂၀၂၁)ထုတ်ပြန်

Posted: 06 Mar 2021 05:07 AM PST

ရန်ကုန်တိုင်းဒေသကြီးအတွင်း(ကိုကိုးကျွန်းမြို့နယ်) မှအပ မြို့နယ်အားလုံးတွင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းပြီးဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ-CRYH မှ ကြေညာချက် (၁၁/၂၀၂၁)ထုတ်ပြန်Committee Representing Pyidaungsu Hluttaw - CRPHhttps://www.facebook.com/crph.official.mm/

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ရေးရာဆပ်ကော်မတီ၏ ပြည်သူသို့အသိပေးတင်ပြခြင်း

Posted: 06 Mar 2021 05:06 AM PST

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ရေးရာဆပ်ကော်မတီ၏ ပြည်သူသို့အသိပေးတင်ပြခြင်းCommittee Representing Pyidaungsu Hluttaw - CRPHhttps://www.facebook.com/crph.official.mm/

စစ်ဆန့်ကျင်ရေးဆန္ဒပြကျောင်းသားတွေကို ဘေးစီမံဥပဒေနဲ့ ထပ်စွဲ

Posted: 05 Mar 2021 09:26 PM PST

ရခိုင်မှာ စစ်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေများပြားလာနေတဲ့အတွက် စစ်ဆန့်ကျင်ရေးဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသားလေးဦးကို ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၉ နဲ့ ထပ်မံ စွဲဆိုလိုက်တယ်လို့ သိရပါတယ်။၂၀၂၀ ခုနှစ် ၊ အောက်တိုဘာ ၁၉ ရက်နေ့က စစ်ပွဲတွေရပ်စဲဖို့နဲ့ အရပ်သားတွေကိုထိခိုက်မှုမရှိစေဖို့ မြို့ပတ်ဆန္ဒထုတ်ဖော်နေစဉ်မှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရကာ

ဖြိုခွင်းမှုတွေရှိပေမယ့် မြစ်ကြီးနားမှာ တည်ငြိမ်စွာဆန္ဒပြ

Posted: 05 Mar 2021 09:24 PM PST

ဖြိုခွင်းမှုတွေရှိပေမယ့် ဒီနေ့မတ်လ ၆ ရက်မှာတော့ မြစ်ကြီးနား မြို့မှာ ဆန္ဒဖော်ထုတ်မှုတွေ ဆက်ရှိနေဆဲပါ။မြစ်ကြီးနားမြို့၊ ရန်ကြီးအောင် ၊ ဒူကထောင်၊ ယုဇန စတဲ့ ရပ်ကွက်တွေမှာ လူငယ်တွေက ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်တဲ့ လူငယ်တွေဟာ ခါတိုင်းလို တစ်နေရာတည်းမှာ လူမစုတော့ဘဲ ကွက်ကျားလူစုပြီးတော့ ချီတက်လမ်းလျှောက်နေကြတာဖြစ်ပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56245583

မတ်လ ၆ရက်နေ့ လွိုင်ကော် သပိတ်မြင်ကွင်းတချို့

Posted: 05 Mar 2021 09:05 PM PST

 မတ်လ ၆ရက်နေ ပြည်နယ်. ခရိုင်. မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ CDM မှာပါဝင်ကြတဲ့ ဝန်ထမ်းတွေ စုပေါင်း ဆန္ဒထုတ်ဖော်မတ်လ၆ရက်နေ့ အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု သပိတ်ကော်မတီ ကယားပြည်နယ် လူထုလုံခြုံရေးအဖွဲ့ချီတက်မှု မြင်ကွင်းမတ်လ ၆ရက်နေ့ လွိုင်ကော် သပိတ်မြင်ကွင်းတချို့Kantarawaddy Timeshttps://www.facebook.com/KantarawaddyTimes

မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း၊ သပိတ်စစ်ကြောင်း ဆက်လက်ချီတက်။

Posted: 05 Mar 2021 08:15 PM PST

(တိုက်ရိုက်ထုတ်လွှင့်။ ၆.၃.၂၀၂၁)မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း၊ သပိတ်စစ်ကြောင်း ဆက်လက်ချီတက်။Kachinwaveshttps://www.facebook.com/kachinwavesnews

ဒီမနက် ၅နာရီမှာ ပြုလုပ်တဲ့ မြစ်ကြီးနားမြို့ သပိတ်ဖြိုခွဲခံရတယ်။

Posted: 05 Mar 2021 08:13 PM PST

ဒီမနက် ၅နာရီမှာ ပြုလုပ်တဲ့ မြစ်ကြီးနားမြို့ သပိတ်ဖြိုခွဲခံရတယ်။Kachinwaveshttps://www.facebook.com/kachinwavesnews

ယနေ့ မုံရွာအခြေအနေ

Posted: 05 Mar 2021 08:10 PM PST

ဓာတ်ပုံ-သာစည်လမ်းတနေရာမုံရွာ၊မတ်-၆ယနေ့တွင် မုံရွာ ကျောက္ကာလမ်း၊ပေ ၈၀ လမ်းထောင့် ၊သာစည်လမ်းတို့တွင် ရဲနှင့် စစ်တပ်များ ထူထပ်စွာချထားသည်။ဆန္ဒပြ ပင်မသပိတ်နှင့် ရဲ၊စစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံခြင်းများမရှိဘဲ လမ်းအချို့တွင်မှု လူထုဆန္ဒပြမှုများရှိသည်။Monywa Gazettehttps://www.facebook.com/monywagazette

မုံရွာမြို့တောင်ဘက်ခြမ်း ကျေးရွာအုပ်စုများ စုပေါင်း၍ သပိတ်စစ်ကြောင်းတစ်ဖွဲ့ ယနေ့ပူးပေါင်းချီတက်ခဲ့ကြသည်။

Posted: 05 Mar 2021 08:08 PM PST

မုံရွာ၊ မတ်၊ ၆မုံရွာမြို့တောင်ဘက်ခြမ်း ကျေးရွာအုပ်စုများ စုပေါင်း၍ သပိတ်စစ်ကြောင်းတစ်ဖွဲ့ ယနေ့ပူးပေါင်းချီတက်ခဲ့ကြသည်။ #MonywaGazette #သပိတ်စစ်ကြောင်း #ကျေးရွာMonywa Gazettehttps://www.facebook.com/monywagazette

ကျိုက်ထိုမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆရာမနဲ့ ကျောင်းသားတွေကို ဖမ်းဆီး

Posted: 05 Mar 2021 07:53 PM PST

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူ့သပိတ်စစ်ကြောင်းဟာ မတ် ၆ ရက်နေ့ နံနက် ၈ နာရီခွဲကျော်က စတင်လူစုချိန် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲပြီး သပိတ်စစ်ကြောင်းကို ဝင်ရောက်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် CDM လုပ်တဲ့ ဆရာမ နှစ်ဦးနဲ့ ကျောင်းသား လေးဦး အဖမ်းခံခဲ့ရပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့အထွေထွေသပိတ်။

Posted: 05 Mar 2021 07:47 PM PST

မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့အထွေထွေသပိတ်။Kachin News Grouphttps://www.facebook.com/theKachinNews

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ အထူးထုတ်ပြန်ကြေညာချက် (၁/၂၀၂၁) ထုတ်ပြန်

Posted: 05 Mar 2021 07:40 PM PST

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ အထူးထုတ်ပြန်ကြေညာချက် (၁/၂၀၂၁) ထုတ်ပြန်National League for Democracyhttps://www.facebook.com/nldparty/

ကယားပြည်နယ် ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ပူးပေါင်း

Posted: 05 Mar 2021 07:25 PM PST

Photo- Ven Revataကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လှုပ်ရှားမူတွေမှာ ဆက်တိုက်ပါဝင်လာရာမှာ ကယားပြည်နယ်မှာတော့ ဒီရက်ပိုင်းအတွင်း CDMလုပ်တဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ကျော်သွားပြီ ဖြစ်ပါတယ်။ ဒီသတင်းကို မအေးအေးမာက ပြောပြပေးမှာပါ။ကယားပြည်နယ်မှာတော့ လူထုဆန္ဒပြပွဲတွေက နေစဉ်ရှိနေပြီး သပိတ်ကော်မတီကို လာရောက်ပူးပေါင်းတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ကျော်သွားပြီ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.