သစ္ထူးလြင္ |
- NLD ပါတီရပ်ကျေး ခေါင်းဆောင်တဦး ဖမ်းဆီးခံရစဉ်သေဆုံး
- ပုဂ္ဂလိကဘဏ်တွေဖွင့်ဖို့ ဖိအားပေးခံရပေမယ့် ပြန်ဖွင့်ဖို့ခက်ခဲ
- ဝေဘာဂီ ဆေးရုံအနီး ညပိုင်း ပစ်ခတ်မှုဖြစ် တစ်ဦးဒဏ်ရာရ
- ရန်ကုန်မြို့အနှံ့ ညပိုင်း သေနတ်သံတွေ ကြားနေရ
- မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်
- မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းချက်
- CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူ ရဲတပ်ဖွဲ့ဝင်တွေ ပိုများလာ
- အစ္စရေးလ်-ကနေဒါ နိုင်ငံသားတဦးကို အကျိုးဆောင်အဖြစ် မြန်မာစစ်အာဏာပိုင်တွေငှားရမ်း
- အစ္စရေးနိုင်ငံမြန််မာသံအမတ် လေတပ်အရာရှိဟောင်း မောင်မောင်လင်း စစ်အုပ်စုရဲ့ အဓိကဒေါက်တိုင်ဖြစ်နေသလား
- ကလေးမြို့ ဆန္ဒပြမြင်ကွင်း
- ဝါရှင်တန်ဒီစီမှာ မြန်မာတွေ ဆန္ဒပြ
- အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေနဲ့ CRPH ကုလကိုယ်စားလှယ် ဒေါက်တာဆာဆာ မြန်မာ့အရေးဆွေးနွေး
- ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအပေါ် အန္တရာယ်ပြုလာမည်ကို တရုတ် အစိုးရ စိုးရိမ်နေ
- ရဲဖမ်းသွားသည့် မူဆယ်ဆန္ဒပြပြည်သူတစ်ဦး သေဆုံးမှုနှင့်ပတ်သတ်ပြီး ဇနီးဖြစ်သူမှ ရှင်းလင်းပြောကြားချက်
- NLD ပါတီဝင်တွေ အပါအဝင် လူအများအပြား စနေညက ဖမ်းဆီးခံရ
- အိန္ဒိယနိုင်ငံဘက် တိမ်းရှောင်သူ မြန်မာ ၅၀ ခန့်နဲ့ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းသူတွေရှိ
- မြစ်ဆုံစီမံကိန်း ကန့်သတ်နယ်မြေအဖြစ် ထုတ်ပြန်ချက် ပုံမှန်သက်တမ်းတိုးခြင်းသာဖြစ်တယ်လို့ ဒေသခံတွေပြော
- ကယားပြည်နယ်သပိတ်ကော်မတီသည် ပြည်နယ်ထဲရှိ အစုအဖွဲ့ပေါင်း သုံးဆယ်ကျော်နှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ကြောင်း ယနေ့အတိအလင်း ကြေညာ
- လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့များ ဝင်ရောက်အခြေချမှုကို ကန့်ကွက်တဲ့အတွက် ပြန်လည်ထွက်ခွာ
- အမှန်တရားဘက်ကပဲ ရပ်တည်ပါမည် ( ဒုအတွင်းဝန် MOFA နေပြည်တော်)
- ဆန္ဒပြသူများပစ်ခတ်နှိမ်နင်းခံရမှု ပြည်ပရောက်မြန်မာဆရာဝန်များရှုတ်ချကန့်ကွက်
- လက်နက်နဲ့ ပြည်သူ့ အသက်အိုးအိမ်ဖျက်ဆီးနေတာကို လက်မခံနိုင်ဘူးလို့ CDM ရဲဝန်ထမ်း ပြော
- ဂျပန်နိုင်ငံ မြန်မာသံရုံးမှ ဝန်ထမ်းနှစ်ဦး CDM မှာ ပူးပေါင်းပါဝင်
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ကို ICC (နိုင်ငံတကာရာဇဝတ်ခုံရုံး)ကတစ်ဆင့် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးစားမယ်လို့ ဒေါက်တာဆာဆာ ပြော
- ဒီမိုကရေစီတိုက်ပွဲမှာ အကြမ်းဖက်ပြစ်သတ်ခံခဲ့ရသူတွေအတွက် ချင်းတွင်းမြစ် သဲသောင်ပြင်မှာ ဒေသခံတွေက ဆီမီးထွန်း ဂုဏ်ပြုဆုတောင်းခဲ့ကြပါသည်။
NLD ပါတီရပ်ကျေး ခေါင်းဆောင်တဦး ဖမ်းဆီးခံရစဉ်သေဆုံး Posted: 07 Mar 2021 08:10 AM PST ညဘက်အဖမ်းခံရပြီး မနက်ပိုင်းသေဆုံးသွားတဲ့ NLD ပန်းဘဲတန်း ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ် (မတ်လ ၇၊ ၂၀၂၁)ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်တွင်းက NLD ပါတီ ရပ်ကျေးခေါင်းဆောင်တဦးကို မနေ့ မတ်လ ၆ ရက်နေ့ညက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီနေ့မနက် မင်္ဂလာဒုံစစ်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ဖြစ်ရပ်ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျမ မေခ စုံစမ်းမေးမြန်းထားပါတယ်။သေဆုံးသွားသူကတော့ NLD ပါတီ ပန်းဘဲတန်းမြို့နယ် ရပ်ကျေး |
ပုဂ္ဂလိကဘဏ်တွေဖွင့်ဖို့ ဖိအားပေးခံရပေမယ့် ပြန်ဖွင့်ဖို့ခက်ခဲ Posted: 07 Mar 2021 08:06 AM PST စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး မြန်မာ့ဗဟိုဘဏ်ရှေ့မှာ ဆန္ဒပြနေသူများ။ February 16, 2021. (Photo by YE AUNG THU / AFP)မြန်မာနိုင်ငံမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုလုပ်နေကြတဲ့ ပုဂ္ဂလိကပိုင်ဘဏ်တွေကို နက်ဖြန် မတ်လ ၈ ရက်နေ့မှာ ပြန်ဖွင့်ဖို့ အာဏာပိုင်တွေက ပြောထားပေမဲ့ ဖွင့်ဖို့ အခက်အခဲရှိနေတယ်လို့ ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။ဘဏ်ဝန်ထမ်းတော်တော်များများ CDM မှာပါဝင်နေကြသလို လုံခြုံရေးနဲ့ |
ဝေဘာဂီ ဆေးရုံအနီး ညပိုင်း ပစ်ခတ်မှုဖြစ် တစ်ဦးဒဏ်ရာရ Posted: 07 Mar 2021 08:04 AM PST မြောက်ဥက္ကလာပ ဝေဘာဂီ ဆေးရုံအတွင်း ဝင်ရောက်တပ်စွဲဖို့ပြင်နေတဲ့ စစ်တပ်ကို ရပ်ကွက်လူထုက ကန့်ကွက်နေကြပြီးတော့ ပြီးခဲ့တဲ့မိနစ်ပိုင်းက ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် လူတစ်ဦးဒဏ်ရာရှိသွားတယ်လို့ ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။ပစ်ခတ်မှုတွေရှိနေဆဲဖြစ်ပြီး စစ်ကားတွေအ များအပြားထပ်ရောက်လာပြီးလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56245583 |
ရန်ကုန်မြို့အနှံ့ ညပိုင်း သေနတ်သံတွေ ကြားနေရ Posted: 07 Mar 2021 08:02 AM PST ရန်ကုန်မြို့က မြို့နယ်အချို့မှာ ည ၈နာရီနောက်ပိုင်း သေနတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဘီဘီစီက မေးကြည့်သလောက်ကတော့ တောင်ဥက္ကလာ ၊မြောက်ဥက္ကလာ၊ ကမာရွတ်၊ရွှေပြည်သာ၊ ကြည့်မြင်တိုင် ချော်တွင်းကုန်းနဲ့ ပါရမီ မီးပွိုင့်အနီး မှာလည်း သေနတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြပါတယ်။လှိုင်သာယာ ကျန်စစ်သားအိမ်ရာ မှာတော့ သေနတ်သံ မကြားရဘဲ ဒရုန်းတွေ ကောင်းကင်မှာ ပျံနေတာတွေ့ရတယ်လို့ မျက်မြင် |
မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ် Posted: 06 Mar 2021 07:39 PM PST M A N D A L A Y (7-3-2021)မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်။Photo-Ye Htut OoTheMandalayNewsJournalhttps://www.facebook.com/TheMandalayNewsJournal |
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းချက် Posted: 06 Mar 2021 07:33 PM PST စစ်တပ်ကအာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လူထုလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွဲနေပြီး ဆရာ ဆရာမတွေ၊ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံနေရပါတယ်။ ဒီလိုဖမ်းဆီးမှုတွေရှိနေပေမယ့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM ကို စစ်အာဏာရှင် မပြုတ်ကျမချင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ |
CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူ ရဲတပ်ဖွဲ့ဝင်တွေ ပိုများလာ Posted: 06 Mar 2021 07:22 PM PST CDM တွင်း ပူးပေါင်းလာကြသည့် ရဲမေများမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင် ဆန္ဒပြသူနေသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းတာကို မကျေနပ်တာကြောင့် အာဏာဖီဆန်ရေး ဆန့်ကျင်တဲ့လှုပ်ရှားမှု CDM မှာ ပူးပေါင်းလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း တိုးလာနေပါတယ်။ နိုင်ငံအဝန်းက အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းလာကြတဲ့ ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားပြီး၊ ချင်းပြည်နယ်က |
အစ္စရေးလ်-ကနေဒါ နိုင်ငံသားတဦးကို အကျိုးဆောင်အဖြစ် မြန်မာစစ်အာဏာပိုင်တွေငှားရမ်း Posted: 06 Mar 2021 07:20 PM PST ကနေဒါနိုင်ငံသား အစ္စရေးလ် ထောက်လှမ်းရေး အရာရှိဟောင်း Ari Ben-Menashe (photo - twitter)မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေက အကျိုးဆောင်အဖြစ် သူနဲ့သူ့ကုမ္ပဏီကို ငှားရမ်းထားကြောင်း ကနေဒါနိုင်ငံ Dickens & Madson ကုမ္ပဏီက အစ္စရေး- ကနေဒါနိုင်ငံသားက ပြောလိုက်ပါတယ်။မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ်မှာရော၊ အာဏာသိမ်းမှုကို |
အစ္စရေးနိုင်ငံမြန််မာသံအမတ် လေတပ်အရာရှိဟောင်း မောင်မောင်လင်း စစ်အုပ်စုရဲ့ အဓိကဒေါက်တိုင်ဖြစ်နေသလား Posted: 06 Mar 2021 07:19 PM PST (၇/၃/၂၀၂၁)အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာ သံအမတ် လေတပ်ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်လင်း (လေ ၁၉၁၇) ဟာ စစ်ကောင်စီအတွက် လက်နက်ဝယ်ယူပေးဖို့နဲ့ ငွေဖြူဖော်ပေးတဲ့လုပ်ငန်းကို အဓိက တာဝန်ယူပေးနေသူလို့ အစ္စရေးလက်နက်ပွဲစားအသိုင်းအဝိုင်းနဲ့ရန်ကုန်အစ္စရေးသံရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံတကာဝါဒဖြန့်ချီရေးအတွက် ဒေါ်လာသန်းချီပေးရတဲ့ အစ္စရေးနိုင်ငံသားပိုင် ကနေဒါအခြေစိုက်ကုမ္ပဏီ (Dickens& Madson |
Posted: 06 Mar 2021 07:14 PM PST ကလေးမြို့ ဆန္ဒပြမြင်ကွင်းChin Worldhttps://www.facebook.com/Chin-World-167011980026853 |
ဝါရှင်တန်ဒီစီမှာ မြန်မာတွေ ဆန္ဒပြ Posted: 06 Mar 2021 05:44 PM PST အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မြန်မာတွေစုဝေးပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်း မတ်လ ၆ ရက်နေ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်သမ္မတအနေနဲ့ မြန်မာနိုင်ငံ အကူအညီပေးဖို့၊ ကုလသမဂ္ဂ UN အနေနဲ့ "Responsibility to Protect (R2P)" လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း လိုက်နာဆောင်ရွက်ဖို့ အဓိကထားတောင်းဆိုခဲ့ကြပါတယ်။Photo - Saw Phoe Khwar/RFARFA Burmesehttps:// |
အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေနဲ့ CRPH ကုလကိုယ်စားလှယ် ဒေါက်တာဆာဆာ မြန်မာ့အရေးဆွေးနွေး Posted: 06 Mar 2021 04:24 PM PST ဒေါက်တာဆာဆာ နှင့် အမေရိကန်ပြည်ထောင်စုရောက် ချင်းတိုင်းရင်းသား ခေါင်ဆောင်များ အွန်လိုင်းမှာ စည်းဝေးပွဲကျင်းပ။မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အကြပ်အတည်းကို ကျော်လွှားလွန်မြောက်နိုင်ဖို့ ဘာတွေ ကူညီလုပ်ဆောင်သင့်သလဲ ဆိုတာကို CRPH ရဲ့ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာနဲ့ အမေရိကန်ပြည်ထောင်စုရောက် ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ မတ်လ(၆)ရက်နေ့က အွန်လိုင်းကတဆင့် |
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအပေါ် အန္တရာယ်ပြုလာမည်ကို တရုတ် အစိုးရ စိုးရိမ်နေ Posted: 06 Mar 2021 04:24 PM PST လက်ရှိ မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများဖြစ်ပေါ်နေပြီး တရုတ်-မြန်မာ ရေနံပိုက်လိုင်းကို ဖျက်ဆီးရမ် လှုံ့ဆော်မှုများ၊ တရုတ်ဆန့်ကျင်ရေးလှုံ့ဆော်မှုများကြောင့် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းအပေါ် အန္တရာယ်ပြုလာနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ပလုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Bai Tian က ပြောဆိုလိုက်သည်။#SHANBurmese #သျှမ်းသံတော်ဆင့် #shannews #rejectmilitarycoupmyanmar # |
ရဲဖမ်းသွားသည့် မူဆယ်ဆန္ဒပြပြည်သူတစ်ဦး သေဆုံးမှုနှင့်ပတ်သတ်ပြီး ဇနီးဖြစ်သူမှ ရှင်းလင်းပြောကြားချက် Posted: 06 Mar 2021 07:16 PM PST ရဲဖမ်းသွားသည့် မူဆယ်ဆန္ဒပြပြည်သူတစ်ဦး သေဆုံးမှုနှင့်ပတ်သတ်ပြီး ဇနီးဖြစ်သူမှ ရှင်းလင်းပြောကြားချက်မူဆယ်မြို့ ရဲမှ ဆန္ဒထုတ်ဖော်သူတဦးကို (၅)ရက်ကြာ ဖမ်းဆီးပြီး ရုပ်အလောင်းကိုနေအိမ်ပြန်ပို့သျှမ်းသံတော်ဆင့်၊ မတ် (၆)ရက် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မှ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒထုတ်ဖော်သူတဦးကို ရဲမှ (၅)ရက်ကြာ ဖမ်းဆီးသွားပြီး ယမန်နေ့ (မတ် ၅)ရက်တွင် ထိုသူ၏ ရုပ်အလောင်း ကို နေအိမ်သို့ ပြန်ပို့ပေးခဲ့ |
NLD ပါတီဝင်တွေ အပါအဝင် လူအများအပြား စနေညက ဖမ်းဆီးခံရ Posted: 06 Mar 2021 03:51 PM PST ပိတ်ဆို့ထားတဲ့ လမ်းကို ဖမ်းရှားရှင်းလင်းနေတဲ့ တပ်ဖွဲ့ဝင်များ ( Photo - Nay Zaw Win Maung )ရန်ကုန်မြို့ နေရာအတော်များများမှာတော့ မနေ့ညက စစ်တပ် ၊ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက နေအိမ်တွေအတော်များများကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ အတော်များများ အဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် တာမွေ မြို့နယ် ကျောက်မြောင်း နဲ့ ပန်းဘဲတန်းမြို့နယ်အတွင်းမှာလည်း ပစ်ခတ်တာတွေ |
အိန္ဒိယနိုင်ငံဘက် တိမ်းရှောင်သူ မြန်မာ ၅၀ ခန့်နဲ့ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းသူတွေရှိ Posted: 06 Mar 2021 02:34 PM PST အိန္ဒိယ-မြန်မာ နယ်စပ် တနေရာ။စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံကနေ အိန္ဒိယဘက်ကို ထွက်ပြေးလာသူ ၅၀ နီးပါး ရှိနေပြီး အိန္ဒိယနိုင်ငံထဲ ဝင်ရောက်နိုင်ရေး နယ်စပ်မှာ စောင့်ဆိုင်းနေသူတွေလည်း ရှိနေကြောင်း အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။ဒီသီတင်းပတ်အတွင်း အိန္ဒိယကို ထွက်ပြေးခဲ့တဲ့ မြန်မာ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ပြန်လွှဲပေးဖို့ မြန်မာအာဏာပိုင်တွေက အိန္ဒိယကို တောင်းဆိုထား |
မြစ်ဆုံစီမံကိန်း ကန့်သတ်နယ်မြေအဖြစ် ထုတ်ပြန်ချက် ပုံမှန်သက်တမ်းတိုးခြင်းသာဖြစ်တယ်လို့ ဒေသခံတွေပြော Posted: 06 Mar 2021 02:31 PM PST စီမံကိန်းအတွက် ၂၀ဝ၆ ခုနှစ်ကတည်းက လေ့လာမှုတွေရှိခဲ့တယ်လို့ဆိုမြစ်ဆုံစီမံကိန်းဧရိယာကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတာက စီမံကိန်းကို စတင်အကောင်အထည် ဖော်မယ့်အချိန် ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီး ရန်ကုန်မြို့အပါအဝင်၊ မြို့ကြီးတွေ အနှံ့ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြနေတဲ့ အခုအချိန်မှာမှ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။"အဲဒီ ပုဒ်မ ၁၄၄ ထုတ်ပြန်တာက တစ်လ ဒါမှမဟုတ် နှစ်လကို တစ်ခါ သက်တမ်းတိုးလာတာ |
Posted: 06 Mar 2021 10:11 AM PST ကန္တာရဝတီတိုင်း(မ်)စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ကယားပြည်နယ်မှာဆိုရင် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်ကော်မတီ ကို ဖေဖော်ဝါရီ(၉)ရက်နေ့က ဖွဲ့စည်းထားခဲ့ပါတယ်။ သပိတ်ကော်မတီကိုဖွဲ့စည်းရာမှာ တစ်ဦးတစ်ယောက်ကနေပြီး ဦးဆောင်ဖွဲ့စည်းထားတာမဟုတ်ဘဲ ပြည်နယ်အတွင်းက အစုအဖွဲ့ပေါင်း သုံးဆယ်ကျော်(၃၃)ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်ဆိုပြီး ဒီကနေ့(မတ္လ ၆) မွာ ပြုလုပ်တဲ့ လွိုင်ကော်သပိတ်စစ်ကြောင်းမှာ ပြည်သူ |
Posted: 06 Mar 2021 10:10 AM PST ကန္တရဝတီတိုင်း(မ်)လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ဒီကနေ့ ညနေ၃နာရီဝန်းကျင်က ရဲတပ်ဖွဲ့အင်အား ၁၆ယောက်ခန့်က အိပ်ယာအသုံးအဆောင်အပြည့်နဲ့ ဝင်ရောက်နေထိုင်မှုကို ကျောင်းဆရာ/များ၊ ကျောင်းသားများ၊ ပြည်သူလူထုတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့တာကြောင့် ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ "လွိုင်ကော်တက္ကသိုလ်မှာနေရာလာယူဖို့ကတော့ သူတို့အထက်က ညွှန်ကြားမှုကြောင့်လာတယ် သူတို့ကိုယ်၌က ဘာအတွက်မှန်းမသိဘူးလို့ပြောတယ်။ |
အမှန်တရားဘက်ကပဲ ရပ်တည်ပါမည် ( ဒုအတွင်းဝန် MOFA နေပြည်တော်) Posted: 06 Mar 2021 10:04 AM PST (၆/၃/၂၀၂၁)အမှန်တရားဘက်ကပဲ ရပ်တည်ပါမည်( ဒုအတွင်းဝန် MOFA နေပြည်တော်)Burma News Networkhttps://www.facebook.com/burmanewsnetwork |
ဆန္ဒပြသူများပစ်ခတ်နှိမ်နင်းခံရမှု ပြည်ပရောက်မြန်မာဆရာဝန်များရှုတ်ချကန့်ကွက် Posted: 06 Mar 2021 09:45 AM PST မြန်မာနိုင်ငံတက္ကသိုလ် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးပြည်ပရောက် မြန်မာဆရာဝန်များအဖွဲ့ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကဖွဲ့စည်းထားတဲ့ CRPH ကိုထောက်ခံကြောင်းနဲ့ ဒီ CRPH ကခန့်အပ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ လမ်းညွှန်မှုအောက်မှာ မြန်မာပြည်အကျိုးကို သယ်ပိုးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အင်္ဂလန်နိုင်ငံ၊ Livewell South West Plymouth က စိတ် |
လက်နက်နဲ့ ပြည်သူ့ အသက်အိုးအိမ်ဖျက်ဆီးနေတာကို လက်မခံနိုင်ဘူးလို့ CDM ရဲဝန်ထမ်း ပြော Posted: 06 Mar 2021 09:41 AM PST လှိုင်သာယာမြို့နယ်၊ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ အမှတ် (၃) တပ်ခွဲမှာ တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် ဝင်းသန်းထွန်း ကိုယ်ပိုင်အမှတ် လ - ၁၉၀၅၉၉ဟာ မတ် ၆ ရက်နေ့ ဒီနေ့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့ဟာ လက်ရှိမှာ ပြည်သူ့အသက်အိုးအိမ်ကို ဖျက်ဆီးနေပြီး ပြည်သူက အပ်နှင်းတဲ့ လက်နက်နဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး ပြည်သူ့ကို သတ်နေ |
ဂျပန်နိုင်ငံ မြန်မာသံရုံးမှ ဝန်ထမ်းနှစ်ဦး CDM မှာ ပူးပေါင်းပါဝင် Posted: 06 Mar 2021 09:39 AM PST ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့ ဒုတိယအတွင်းဝန် ဒေါ်အိန္ဒြာသန်း တို့ နှစ်ဦးဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မတ်လ ၆ ရက် ဒီကနေ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ဦးအောင်စိုးမိုးက သူ့အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး နိုင်ငံသားတယောက်ရဲ့ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ဖို့အတွက် ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်လာတာလို့ သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။ သူဟာ |
Posted: 06 Mar 2021 08:24 AM PST သောကြာနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအတွက် CRPH ဘက်က တင်ပြတောင်းဆိုထားပေမယ့် လုံခြုံရေးကောင်စီက အားလုံးသဘောတူကြေညာချက်ထုတ်ပြန်နိုင်မှု မရှိခဲ့တာနဲ့ပတ်သက်လို့ CRPH ရဲ့ ကုလသမဂ္ဂအထူးသံတမန် ဒေါက်တာဆာဆာကတော့ R2P - Responsibility to Protect ကုလတပ်တွေ ဝင်ရောက်ကာကွယ်ခွင့်အပြင် တခြားသံတမန်နည်းလမ်းတွေ၊ နောက်ပြီး အိုင်စီစီ လမ်းကြောင်းကနေပါ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြော |
Posted: 06 Mar 2021 08:12 AM PST (၆/၃/၂၀၂၁)ဒီမိုကရေစီတိုက်ပွဲမှာ အကြမ်းဖက်ပြစ်သတ်ခံခဲ့ရသူတွေအတွက် ချင်းတွင်းမြစ် သဲသောင်ပြင်မှာ ဒေသခံတွေက ဆီမီးထွန်း ဂုဏ်ပြုဆုတောင်းခဲ့ကြပါသည်။Burma News Networkhttps://www.facebook.com/burmanewsnetwork/ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.