သစ္ထူးလြင္ |
- မန္တလေးမှာ စစ်တပ်နဲ့ရဲ လက်ချက်ကြောင့် ငါးယောက်သေဆုံး
- မိုဘိုင်းအင်တာနက်တွေ ပြန်ဖွင့်ပေးဖို့မရှိသေးကြောင်း စစ်ကောင်စီပြော
- မြန်မာနိုင်ငံထဲက သြစတေးလျနိုင်ငံသားတွေကို လုံခြုံရေးအသိမြှင့်ထားဖို့ သံရုံးကြေညာ
- အကြမ်းဖက်ခံရမှုကြားက ရန်ကုန်သပိတ်များ
- တိမ်းရှောင်လာတဲ့ မြန်မာတွေကို လက်ခံရေး မီဇိုရမ် ဝန်ကြီးချုပ်နဲ့ ဆက်သွယ်မေးမြန်းချက်
- ဟားခါးက CDM ပါဝင်တဲ့ ဝန်ထမ်းနှစ်ဦးကို ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်
- မန္တလေး စည်ပင်အောက်ခြေဝန်ထမ်းတွေ အလုပ်ထုတ်ပယ်ခံရ
- အာဏာသိမ်း စစ်ကောင်စီကို ရှုတ်ချကြောင်း AA အဖွဲ့ ကြေညာ
- နေအိမ်အတွင်းရှိနေတဲ့ အသက် ၈ နှစ်ခန့်အရွယ်ကလေးကို စစ်အုပ်စုက အကြမ်းဖက်ပစ်သတ်
- ထိုင်း/မြန်မာ နယ်စပ် ရှိ စစ်ကောင်စီ၏တပ်များ သေနတ်ပစ်ခတ်မှုကြောင့် သော်လဲထာမှ ပြည်သူများထိန့်လန့်ကြောက်ရွံ့
- ရန်ကုန်က ဖမ်းဆီးခံရသူ အားလုံး အင်းစိန် ထောင်တွင်း ယာယီ တရားရုံးမှာပဲ အမှုစစ်မယ်လို့ ဆို
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၏ ပြည်သူသို့တင်ပြချက်။
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုဝန်ကြီးတာဝန်ဆက်လက်ထမ်းဆောင်ခြင်း
- အကြမ်းဖက်နှိပ်ကွပ်မှု ရပ်ဆိုင်းဖို့ ကုလဆက်လက်တောင်းဆို
- နယူးယောက်ပြည်နယ် အဲလ်ဘာနီမြို့က မြန်မာပြည်အတွက် ဆုတောင်းပွဲ
- ဂျပန်ရောက် မြန်မာတွေ ၄၈ နာရီ အစာငတ်ခံပြီး ကုလသမဂ္ဂကို တောင်းဆို
- ဒေါပုံ နွယ်အေးရပ်ကွက်ရုံး မီးလောင်ပြီး ပစ်ခတ်မှုတွေရှိနေ
- မြန်မာ့အရေး အာဆီယံမှာ ဆွေးနွေးနိုင်ဖို့ စင်ကာပူဝန်ကြီး ကြိုးစားနေ
- စစ်ကောင်စီခန့် ရဲချုပ်နှင့် အထူးစစ်ဆင်ရေမှူးတဦးကို အမေရိကန်က အရေးယူ
- အမေရိကန်ရဲ့ မြန်မာအရေးယူမှုစာရင်း ထပ်တိုး
- EU ရဲ့ မြန်မာအရေးယူမှုစာရင်းထဲ ၁၁ ဦးထပ်တိုး
- စစ်ကောင်စီက ဖမ်းထားတဲ့ နေပြည်တော် NLD အမတ်တွေ ရုံးထုတ်
- ဘီဘီစီ သတင်းထောက် ကိုအောင်သူရ ပြန်လည်လွတ်မြောက်
- ရန်ကုန်က မြို့နယ်အချို့မှာ ဧည့်စာရင်းတိုင်ဖို့ လိုက်ကြေညာနေ
- ဧည့်စာရင်း တိုင်သင့် မတိုင်သင့်
မန္တလေးမှာ စစ်တပ်နဲ့ရဲ လက်ချက်ကြောင့် ငါးယောက်သေဆုံး Posted: 23 Mar 2021 08:12 AM PDT စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ပြီးအားကောင်းနေတဲ့ မန္တလေးမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ မတ် ၂၃ ရက် ဒီနေ့သေဆုံးသူ စုစုပေါင်း ၅ ဦးရှိခဲ့ပါတယ်။ ဒီကနေ့မနက်က စစ်တပ်နဲ့ ရဲက ပစ်သတ်တဲ့အတွက် ကိုချမ်းသာထွေး ဆိုတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန် သေဆုံးသွားရပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းမ ၅၉ လမ်းနဲ့ လမ်း ၆၀ ကြားမှာ သေဆုံးရ တာပါ။မန္တလေးမြို့မှာ မတ်လ ၂၁ ရက် |
မိုဘိုင်းအင်တာနက်တွေ ပြန်ဖွင့်ပေးဖို့မရှိသေးကြောင်း စစ်ကောင်စီပြော Posted: 23 Mar 2021 08:10 AM PDT မိုဘိုင်းအင်တာနက်ကွန်ရက်ကိုသုံးပြီး အဖျက်အမှောင့်လုပ်ငန်းတွေကိုအွန်လိုင်းကနေချိတ်ဆက် လုပ်နေကြလို့ လတ်တလော ပြန်ဖွင့်ပေးဖို့မရှိသေးဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ဒီကနေ့ နေပြည်တော်ပြန်ကြားရေး ဝန်ကြီးဌာနမှာပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောခဲ့တာပါ။မြန်မာနိုင်ငံထဲ မိုဘိုင်းကွန်ရက်ကနေ အသုံးပြုရတဲ့အင်တာနက် |
မြန်မာနိုင်ငံထဲက သြစတေးလျနိုင်ငံသားတွေကို လုံခြုံရေးအသိမြှင့်ထားဖို့ သံရုံးကြေညာ Posted: 23 Mar 2021 08:09 AM PDT မြန်မာနိုင်ငံထဲမှာရှိနေသေးတဲ့ သြစတေးလျနိုင်ငံသားတွေအနေနဲ့ ဘေးကင်းခိုလှုံတဲ့နေရာအသင့်ရှိနေဖို့၊ လိုအပ်တဲ့ပစ္စည်းတွေစုဖို့၊ ငွေသားလက်ထဲမှာထားရှိဖို့၊ လုံခြုံရေးအသိမြှင့်ထားဖို့နဲ့ မီဒီယာပေါ်က သတင်းအချက်အလက်တွေကို စောင့်ကြည့်ဖို့ မြန်မာနိုင်ငံဆိုင်ရာသြစတေးလျသံရုံးက ဒီနေ့ မတ်လ ၂၃ ရက်မွန်းလွဲပိုင်းမှာပဲ လူမှုကွန်ယက်ကနေ ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့သောကြာနေ့တုန်းက မြန်မာနိုင်ငံထဲကနေ ကယ်ဆယ်ရေးခရီးစဉ်နဲ့ |
အကြမ်းဖက်ခံရမှုကြားက ရန်ကုန်သပိတ်များ Posted: 23 Mar 2021 08:04 AM PDT စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ရန်ကုန်မြို့ရှိ မြို့ထဲတနေရာမှာ တွေ့ရ။ (မတ် ၂၂၊ ၂၀၂၁)စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲနေတဲ့ကြားကပဲ၊ ရန်ကုန်တိုင်းအတွင်း တိုင်းလုံးကျွတ်အသံတိတ်သပိတ်စတင်ဖို့ ဒီနေ့ စည်းရုံးဟောပြောကြသလို၊ အရုဏ်ဦးသပိတ်၊ ရွေ့လျားသပိတ်၊ လမ်းလျှောက်သပိတ် ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေကြပါတယ်။ ရန်ကုန်ကရတဲ့ သတင်းကို မဆုမွန်ပြောပြပါမယ်။ |
တိမ်းရှောင်လာတဲ့ မြန်မာတွေကို လက်ခံရေး မီဇိုရမ် ဝန်ကြီးချုပ်နဲ့ ဆက်သွယ်မေးမြန်းချက် Posted: 23 Mar 2021 08:02 AM PDT မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga ကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်ဖြင့် ဆက်သွယ်မေးမြန်းစစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ဘေးလွတ်ရာထွက်ပြေးခိုလှုံဖို့မြန်မာပြည်သူတွေအတွက် အိန္ဒိယရဲ့ အကူအညီအလွန်အရေးတကြီးလိုအပ်နေချိန်မှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည်သူတွေအပေါ် သစ္စာမဖောက်သင့်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် က ဗွီအိုအေနဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းမှာ |
ဟားခါးက CDM ပါဝင်တဲ့ ဝန်ထမ်းနှစ်ဦးကို ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ် Posted: 23 Mar 2021 08:00 AM PDT ဟားခါးက CDM ပါဝင်တဲ့ ဝန်ထမ်းနှစ်ဦးကို ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရှရွန်းပါရ် (ဝဲ နဲ့ ထန်တလန်မြို့နယ် နှာရိန်းမြို့က ကျောင်းဆရာမ မဒေါ့သ်ရွှေ တို့ရဲ့ ပုံတွေကို တွေ့ရစဉ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ကျန်းမာရေး လက်ထောက်ညွှန်မှူးနဲ့ ဆရာမတစ်ဦး ကို ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲထားပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ |
မန္တလေး စည်ပင်အောက်ခြေဝန်ထမ်းတွေ အလုပ်ထုတ်ပယ်ခံရ Posted: 23 Mar 2021 07:57 AM PDT မန္တလေး စည်ပင်အောက်ခြေဝန်ထမ်းတွေ အလုပ်ထုတ်ပယ်ခံရ စစ်အာဏာရှင်ဆန့်ကျင်ရေး စည်ပင်ဝန်ထမ်းတွေ ဆန္ဒပြကြစဉ် / Photo: RFAမန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ဝန်ထမ်း ၇၇ ဦးကို အလုပ်တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ် လို့ စည်ပင်တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း လက်မှတ်ရေးထိုးပြီး ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ဒီဝန်ထမ်း ၇၇ ဦးဟာ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်တာ၊ ခွင့်မဲ့ပျက်ကွက်တာ၊ ခွင့်ရက် |
အာဏာသိမ်း စစ်ကောင်စီကို ရှုတ်ချကြောင်း AA အဖွဲ့ ကြေညာ Posted: 23 Mar 2021 07:50 AM PDT (၂၃-၃-၂၀၂၁)ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တွေထုတ်ပြန်ခဲ့ပေမယ့် AA ရခိုင်တပ်မတော်ကတော့ ဘာမှမပြောပဲ ငြိမ်နေခဲ့ပါတယ်။ဒီနေ့မှာတော့ AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက -"အပြစ်မဲ့အရပ်သားတွေ အသတ်ခံရမှုအပေါ် အထူးဝမ်းနည်းရပါတယ်။ ကျနော်တို့အားလုံး ပြည်သူနဲ့အတူ ရပ်တည်နေပါတယ်" လို့ ပြောဆိုလိုက်ပါတယ်။"မြန်မာစစ်တပ်နဲ့ |
နေအိမ်အတွင်းရှိနေတဲ့ အသက် ၈ နှစ်ခန့်အရွယ်ကလေးကို စစ်အုပ်စုက အကြမ်းဖက်ပစ်သတ် Posted: 23 Mar 2021 07:48 AM PDT မန္တလေး မတ် ၂၃နေအိမ်အတွင်းရှိနေတဲ့အသက်၈ နှစ်ခန့်အရွယ်ကလေးကိုစစ်အုပ်စုက အကြမ်းဖက် ပစ်သတ်ခဲ့ပါတယ်။ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နဲ့ မြရည်နန္ဒာ ရပ်ကွက်တွေဘက်ကို စစ်အုပ်စုက ဆက်တိုက်ဆိုသလို နေ့၊ည အကြမ်းဖက် ပစ်ခတ်တာတွေလုပ်နေတာ ၃ ရက်ရှိပါပြီ။ ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း ကျဆုံးခဲ့သူ အယောက် ၂၀ ကျော်ရှိပြီ ဖြစ်ပါတယ်။သေဆုံးမှုတွေမှာ အပြစ်မဲ့ ကလေးငယ်တွေပါဝင်နေပြီး ဒီနေ့မှာ အသက်၈နှစ်ခန့် |
Posted: 23 Mar 2021 07:37 AM PDT ၂၃ မတ်လ ၂၀၂၁ ခုနှစ်၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ထိုင်း/မြန်မာ နယ်စပ် သော်လဲထာ မှာ အခြေစိုက်နေထိုင်သော စစ်ကောင်စီ၏တပ်များ သေနတ်ပစ်ခတ်မှုပြုသောကြောင့် ထိုင်းဘက်ရှိပြည်သူလူထုများ ထိန့်လန့်ကြောက်ရွံ့ပြီး တစ်ချို့နေရာပြောင်းရွေ့မှုရှိခဲ့ကြပါသည်။ဖြစ်စဥ်မှာ သော်လဲထာ သံလွင်မြစ်ကမ်းသို့ ရောက်ရှိလာသော အာဏာသိမ်းစစ်ကောင်စီ၏ တပ်ရိက္ခာဆန်အိတ်များကို ထိုနေရာ၌ ထားသိုမှုပြုခြင်းကို ပြည်သူလူထုများမှ အလိုမရှိကြသ |
ရန်ကုန်က ဖမ်းဆီးခံရသူ အားလုံး အင်းစိန် ထောင်တွင်း ယာယီ တရားရုံးမှာပဲ အမှုစစ်မယ်လို့ ဆို Posted: 23 Mar 2021 07:33 AM PDT ရန်ကုန်၊ မတ် ၂၃၊ ၂၀၂၁ရန်ကုန်မြို့က စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံရတဲ့ သတင်းသမားတွေ အပါအဝင် ဖမ်းဆီးခံရသူ အားလုံးကို မတ် ၂၄ ရက်ကစပြီး အင်းစိန်ထောင် တွင်း ယာယီ တရားရုံးတွေမှာပဲ စစ်ဆေးသွားမယ်လို့ အမှုလိုက် ရှေ့နေတွေဆီက သိရပါတယ်။ဖမ်းဆီးခံရသူတွေကို အခမဲ့ အမှုလိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်နီလာခိုင်က"မနက်ဖြန်က စပြီး ဖမ်းဆီးခံရသူတွေကို ထောင်တွင်းမှာ |
Posted: 23 Mar 2021 07:30 AM PDT ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၏ ပြည်သူသို့တင်ပြချက်။Committee Representing Pyidaungsu Hluttaw - CRPHhttps://www.facebook.com/crph.official.mm/ |
Posted: 23 Mar 2021 07:28 AM PDT လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုဝန်ကြီးတာဝန်ဆက်လက်ထမ်းဆောင်ခြင်း သတင်းထုတ်ပြန်ချက် အမှတ် (၁၀)Committee Representing Pyidaungsu Hluttaw - CRPHhttps://www.facebook.com/crph.official.mm/ |
အကြမ်းဖက်နှိပ်ကွပ်မှု ရပ်ဆိုင်းဖို့ ကုလဆက်လက်တောင်းဆို Posted: 22 Mar 2021 05:23 PM PDT ကုလသမဂ္ဂ ပြောခွင့်ရ Farhan Haqမြန်မာ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး ၂၂၄ ဦး ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောဆိုထားပါတယ်။"ဖမ်းဆီးစဉ် သေဆုံးရသူတွေ အပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရသူ အရပ်သား အနည်းဆုံး ၂၂၄ ယောက် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားကြောင်း" ပြောခွင့်ရ Farhan Haq က တနလာ |
နယူးယောက်ပြည်နယ် အဲလ်ဘာနီမြို့က မြန်မာပြည်အတွက် ဆုတောင်းပွဲ Posted: 22 Mar 2021 05:21 PM PDT စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားတခုကို မတ်လ ၂၁ ရက်နေ့ ညနေက အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် မြို့တော် အဲလ်ဘာနီမှာ ကျင်းပခဲ့ပါတယ်။ဒီအခမ်းအနားမှာ အမေရိကန်ကွန်ဂရက်အမတ် Paul Tonko၊ အဲလ်ဘားနီ မြို့တော်ဝန် Kathy Sheehan နဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ် တချို့ တက်ရောက် အမှာစကားပြောခဲ့ပါတယ်။ Paul Tonko က မြန်မာအရေးနဲ့ ပတ်သက် |
ဂျပန်ရောက် မြန်မာတွေ ၄၈ နာရီ အစာငတ်ခံပြီး ကုလသမဂ္ဂကို တောင်းဆို Posted: 22 Mar 2021 05:19 PM PDT ဂျပန်ရောက်မြန်မာလူငယ် ၂၅ ဦးရဲ့ အစာငတ်ခံ ဆန္ဒပြပွဲကို တိုကျိုမြို့ရှိ ကုလသမဂ္ဂသံရုံးရှေ့မှာ စနေနေ့ မနက် ၈ နာရီကနေ တနင်္လာနေ့ မနက် ၈ နာရီထိ ပြုလုပ်ခဲ့ရာမှာ တခြားအလှမ်းဝေးတဲ့ မြို့တချို့က လူတွေပါလာရောက် ပါဝင်ခဲ့ပါတယ်။ မြန်မာပြည်သူတွေ အာဏာသိမ်း စစ်အုပ်စုလက်အောက်က လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ လက်တွေ့ကျကျ အခုထက်ပါဝင်ဆောင်ရွက်ပေးဖို့ မိမိတို့ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကို |
ဒေါပုံ နွယ်အေးရပ်ကွက်ရုံး မီးလောင်ပြီး ပစ်ခတ်မှုတွေရှိနေ Posted: 22 Mar 2021 05:16 PM PDT သာကေတနဲ့ ဒေါပုံဘက် မှာ ည၁၀ နာရီ ဝန်းကျင်ခန့်က ပစ်ခတ်မှုတွေရှိနေပြီး မီးလောင်နေတာကိုတွေ့ရကြောင်း ဒေါပုံ နဲ့ သာကေတမြို့နယ်မှာ နေထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။မီးလောင်နေတဲ့ နေရာဟာ သာကေတ ၁ စျေးကွေ့အနီးက ဒေါပုံမြို့နယ် နွယ်အေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖြစ်ပြီးတော့ မတ်လ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က စတင်မီးလောင်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဒေါပုံ နွယ်အေး ရပ်ကွက်မှာ စစ် |
မြန်မာ့အရေး အာဆီယံမှာ ဆွေးနွေးနိုင်ဖို့ စင်ကာပူဝန်ကြီး ကြိုးစားနေ Posted: 22 Mar 2021 05:15 PM PDT (၂၂-၃-၂၀၂၁)မြန်မာ့အရေးကို အာဆီယံမှာဆွေးနွေးရေးအပါဝင် နှစ်နိုင်ငံအကျိုးကိစ္စတွေ ဆွေးနွေးဖို့အတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ဟာ ဒီနေ့ အာဆီယံ အလှည့်ကျဥက္ကဌ ဘရူးနိုင်းနိုင်ငံဆီ သွားရောက်ခဲ့ပါတယ်။ဘရူးနိုင်းဘုရင် Hassanal Bolkiah နဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof တို့က သူ့ကို သီးခြားစီလက်ခံတွေ့ဆုံပြီး မြန်မာ့အရေး၊ အာဆီယံရဲ့ဦးဆောင်မှုနဲ့ နှစ်နိုင်ငံ အကျိုးတူ |
စစ်ကောင်စီခန့် ရဲချုပ်နှင့် အထူးစစ်ဆင်ရေမှူးတဦးကို အမေရိကန်က အရေးယူ Posted: 22 Mar 2021 05:13 PM PDT (၂၂-၃-၂၀၂၁)ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေတဲ့ လက်နက်မဲ့အရပ်သားတွေအပေါ် လူသတ်လက်နက်သုံးပြီး အသေပစ်သတ်မှုအတွက် တာဝန်ရှိသူတွေထဲက နောက်ထပ် ၂ ဦးကို အမေရိကန် အစိုးရက စီးပွားရေးဒဏ်ခတ်မှုစာရင်းထဲ ထပ်ထည့်လိုက်ပါတယ်။အဲဒီ ၂ ဦးကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲချုပ်နဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီးဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ အထူးစစ်ဆင်ရေးမှူးတဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးတို့ဖြစ် |
အမေရိကန်ရဲ့ မြန်မာအရေးယူမှုစာရင်း ထပ်တိုး Posted: 22 Mar 2021 09:59 AM PDT မန္တလေးမြို့ရှိ လမ်တခုပေါ်တွင် လုံခြုံရေးယူထားတဲ့ ရဲနဲ့ စစ်တပ် တပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန် CDM လှုပ်ရှားမှု လုပ်နေသူတွေအပေါ် အကြမ်းဖက်၊ အနှောင့်အယှက် လုပ်နေတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက လူ ပုဂ္ဂိုလ် နှစ် ယောက်နဲ့ လုပ်ငန်း နှစ် ခုကို အရေးယူ ဒဏ်ခတ်မှုတွေ ဒီနေ့ ချမှတ်လိုက်ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန် |
EU ရဲ့ မြန်မာအရေးယူမှုစာရင်းထဲ ၁၁ ဦးထပ်တိုး Posted: 22 Mar 2021 09:57 AM PDT ဖေဖော်ဝါရီ ၉ ရက်နေ့ မန္တလေးဆန္ဒပြပွဲအတွင်း စစ်အာဏာဖီဆန်သူတဦးကိုင်ထားတဲ့ ပို့စ်စတာတခု။ (ဖေဖော်ဝါရီ ၉၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်နေမှုကြောင့် သေဆုံးသူ အရေအတွက်တိုးလာနေတဲ့အပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုလည်း ပိုပြီးမြင့်တက်လာနေပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားထုအပေါ် ပြစ်မှုကျူးလွန် ချိုးဖောက်ရာရောက်နိုင်တယ်လို့ ကုလသမဂ္ဂအကြီးတန်း သံတမန်တယောက်က ပြော |
စစ်ကောင်စီက ဖမ်းထားတဲ့ နေပြည်တော် NLD အမတ်တွေ ရုံးထုတ် Posted: 22 Mar 2021 09:49 AM PDT စစ်ကောင်စီက ဖမ်းထားတဲ့ NLD ပါတီရဲ့ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးမင်းသူ၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို မြို့နယ်တရားရုံးတွေမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ဦးမင်းသူကို ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။ သူ့ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဥတ္တရသီရိ မြို့နယ်မှာ ဖမ်းလိုက်တာဖြစ်ပါ |
ဘီဘီစီ သတင်းထောက် ကိုအောင်သူရ ပြန်လည်လွတ်မြောက် Posted: 22 Mar 2021 09:47 AM PDT ဘီဘီစီ သတင်းထောက် ကိုအောင်သူရ ပြန်လည်လွတ်မြောက် BBC သတင်းဌာနက နေပြည်တော်သတင်းထောက် ကိုအောင်သူရ ကို တွေ့ရစဉ် / Photo: BBCမတ်လ ၁၉ ရက် သောကြာနေ့က ဖမ်းဆီးခံရတဲ့ နေပြည်တော် အခြေစိုက် ဘီဘီစီ သတင်းထောက် ကိုအောင်သူရ ဒီကနေ့မနက် ၁၁ နာရီခွဲလောက်က ပြန်လည်လွတ်မြောက်လာကြောင်း ဇနီးဖြစ်သူက အတည်ပြုပြောဆိုပါတယ်။သူနဲ့အတူ နေပြည်တော် အခြေစိုက် မဇ္ဇျိမသတင်းထောက် ကိုသန်းထိုက်အောင်လည်း ဖမ်းဆီးခံခဲ့ရပြီး သူ့ကိုတော့ ပြန် |
ရန်ကုန်က မြို့နယ်အချို့မှာ ဧည့်စာရင်းတိုင်ဖို့ လိုက်ကြေညာနေ Posted: 22 Mar 2021 09:45 AM PDT ရွှေပြည်သာ ဧည့်စာရင်းတိုင်နေကြရန်ကုန်က ရွှေပြည်သာ၊ သင်္ဃန်းကျွန်း မြို့နယ်နဲ့ လှိုင်သာယာမြို့နယ် တွေမှာ အာဏာသိမ်း စစ်ကောင်စီက ဧည့်စာရင်းတိုင်ဖို့ လိုက်လံကြေညာနေ တာတွေရှိ နေပြီး ဧည့်စာရင်းသွားတိုင်တဲ့သူအချို့လည်းရှိနေတယ် လို့ သိရပါတယ်။ဒီနေ့နေ့လယ်ပိုင်း၂နာရီကျော်လောက်က ရပ်ကွက်ထဲကို ဧည့်စာရင်းတိုင်ဖို့ အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့ပြီး ရပ်ကွက်အုပ်ချုပ် ရုံးမှာ ဧည့်စာရင်းလာ တိုင်နေတဲ့ သူအချို့ကိုတွေ့ |
ဧည့်စာရင်း တိုင်သင့် မတိုင်သင့် Posted: 22 Mar 2021 09:43 AM PDT အုပ်ချုပ်ရေးမှူးမရှိတဲ့ ရန်ကုန် သင်္ဃန်းကျွှန်းက ရပ်ကွက်တစ်ခုမှာ ညနေပိုင်း ဧည့်စာရင်းတိုင်ဖို့ မတ်လ ၂၂ ရက်နေ့ညက လူတွေစောင့်နေကြပါတယ်။သင်္ဃန်းကျွှန်းက ငမိုးရိပ်ရပ်ကွက်မှာ ဧည့်စာရင်းတိုင်ဖို့နဲ့ မတိုင်ပါကအရေးယူမယ်လို့ ကြေညာပြီးနောက် ရပ်ကွက်ရုံးရှေ့မှာ အခုလိုစုရုံးနေကြတာဖြစ်ပါတယ်။စောင့်ဆိုင်းနေသူအချို့ကြားမှာ ဧည့်စာရင်းတိုင်သင့် မတိုင်သင့် နဲ့ ဆယ်အိမ်မှုး၊ရာအိမ်မှူး ၊အုပ်ချုပ်ရေးမှူးရှိခြင်း၊ မရှိ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.