သစ္ထူးလြင္ |
- တောင်ကြီးမြို့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီး
- ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ဘဏ်ခွဲများပုံမှန် ပြန်လည် ဖွင့်လှစ်ရန် ပျက်ကွက်သည့်အပေါ် ပျက်ကွက်သည့် ဘဏ်ခွဲ အလိုက် ဒဏ်ကြေးကောက်ခံမည်ဟု စစ်ကောင်စီက ကြေညာ
- ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့ အတွင်း အင်တာနက်လိုင်းများ ပေးနေသည့် ထိုင်းကုမ္ပဏီများကို အရေးယူပေးရန် မြန်မာစစ်ကောင်စီက အကြောင်းကြား
- စစ်ကောင်စီတပ်စခန်းတစ်ခုအား ကေအိုင်အေ ဝင်တိုက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်
- မြစ်ကြီးနားသပိတ်တွင် ဖမ်းဆီးခံရသူများ၏အမှု အကျဉ်းထောင်တွင်သာ အမှုရင်ဆိုင်ရမည်
- KIA မှ စစ်တပ် စစ်စခန်းတစ်ခုအား သွားရောက်ပစ်ခတ်
- တိတ်ဆိတ်ပြီးနောက် အင်အားပြည့်နဲ့ ထွက်လာတဲ့ မုံရွာလူထု ပင်မသပိတ်
- မုံရွာတွင် အမှိုက်ပစ်နေသူတစ်ဦး ရိုက်နှက် ဖမ်းခေါ်
- ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့ ရုံးထုတ်မည်
- တရုတ်-ရုရှားနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲ မြန်မာ့အရေးပူပင်မှု ထုတ်ပြန်
- စစ်တပ်က ဘားတိုက်ကိုပြန်သင့်ပြီဟု ဖိလစ်ပိုင်ဝန်ကြီး အကြံပေး
- ၇ နှစ်အရွယ် ကလေးငယ် ပစ်သတ်ခံရမှုအပေါ် ဗြိတိန်ဝန်ကြီး ရှုတ်ချ
- အကြမ်းဖက်နှိမ်နင်းမှုကြောင့် ကလေးများသေဆုံးရမှု ကုလအတွင်းရေးမှူးချုပ် အထူးစိုးရိမ်
- အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် သေဆုံးရတဲ့ ကလေးသူငယ် ၂၃ ဦးရှိသွားပြီ ( UNICEF)
- ကျောင်းတွေ ပြန်ဖွင့်ရင် တစ်နှစ် နှစ်တန်းသင်မယ်လို့ စစ်ကောင်စီပြော
- မနော်ဟရီလမ်းပေါ်က သာမန်အရပ်သားဆန္ဒပြသူတစ်ဦး
- Mr.Sean Turnell ကို စွဲချက်တင်တာ ဥပဒေနဲ့မညီဟု လူ့အခွင့်အရေးရှေ့နေဝေဖန်
- ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်း ၁၀ ဦး ရာထူးကနေ ထုတ်ပယ်ခံရ
- လားရှိုးမြို့ တပ်အငြိမ်းစားနေအိမ်မှာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား
- လားရှိုးမှာ ဆန္ဒပြပြည်သူတွေကို လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ပါလိုက်တိုက်
- စစ်အုပ်ချုပ်ရေးကောင်စီသတင်းရှင်းလင်းပွဲနဲ့ VOA မေးမြန်းချက်များ
- စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် မန္တလေးမှာ လေးဦး သေဆုံး
- မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး
တောင်ကြီးမြို့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီး Posted: 24 Mar 2021 08:47 AM PDT သျှမ်းသံတော်ဆင့်၊ မတ် ၂၄ရက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား တစ်ဦး ကို အကြမ်းဖက် စစ်ကောင်စီ က ယနေ့ (မတ် ၂၄)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ဖမ်ဆီးသွားကြောင်း စုံစမ်းသိရသည်။အဆိုပါဖမ်းဆီးခံရသည့် အမျိုးသားသည် အသက် (၄၃)နှစ်အရွယ်ရှိ ဦးကျော်သူဖြစ်ပြီး၊ ထိုသူကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ က နေအိမ်ထဲထိ လိုက်လံရှာဖွေပြီး ဖမ်းဆီးသွားကြောင်း သိရသည်။" ယနေ့ |
Posted: 24 Mar 2021 08:45 AM PDT ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ဘဏ်ခွဲများပုံမှန် ပြန်လည် ဖွင့်လှစ်ရန် ပျက်ကွက်သည့်အပေါ် ပျက်ကွက်သည့် ဘဏ်ခွဲ အလိုက် ဒဏ်ကြေးကောက်ခံမည်ဟု စစ်ကောင်စီက ကြေညာSHAN News (Burmese Version)https://www.facebook.com/shannewsburmese |
Posted: 24 Mar 2021 08:42 AM PDT ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့ အတွင်း အင်တာနက်လိုင်းများ ပေးနေသည့် ထိုင်းကုမ္ပဏီများကို အရေးယူပေးရန် မြန်မာစစ်ကောင်စီက အကြောင်းကြားထား သတင်းရရှိသည်။မတ် ၁၇ရက်တွင် အကြမ်းဖက် စစ်ကောင်စီ က တည်ငြိမ်အေးချမ်းရေးအတွက် အင်တာနက်ကို ထိန်းချုပ်ထားမည်ဖြစ်သည့်အတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား တွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများကို သံဖြတ်ကတ်ကြေးဖြင့် ဖြတ်တောက်ခဲ့သည်။ထို့နောက် |
စစ်ကောင်စီတပ်စခန်းတစ်ခုအား ကေအိုင်အေ ဝင်တိုက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ် Posted: 24 Mar 2021 08:39 AM PDT ဒေါ့ဖုန်းယန်မြို့နယ်က အလောဘွမ် (Alaw Bum) ရှိ အာဏာသိမ်းစစ် ကောင်စီ တပ်စခန်း တစ်ခုအား ကေအိုင်အေက ညနေ ငါးနာရီခန့်က ဝင်တိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။"အခုထိတော့လက်နက်ကြီးတွေနဲ့ပစ်နေကြတုန်းပဲ။ အောက်ခြေမှာဖြစ်နေတဲ့အသေးစိတ်ကိုတော့ သတင်းမရသေးဘူး။"ဟု ကေအိုင်အေ ပြောရေးဆိုခွင့်ရှိပုဂိုလ် ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။မတ်လ ၂၂ ရက်နေ့စပြီး အာဏသိမ်းစစ်ကောင်စီတပ်က ကေ |
မြစ်ကြီးနားသပိတ်တွင် ဖမ်းဆီးခံရသူများ၏အမှု အကျဉ်းထောင်တွင်သာ အမှုရင်ဆိုင်ရမည် Posted: 24 Mar 2021 08:36 AM PDT မတ် ၂၄ မြစ်ကြီးနားမြို့ပေါ် တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပြီး ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၇၂) ဦး၏ အမှုနှင့်ပတ်သက်ပြီး ယနေ့ရုံးထုတ်ကို မြို့နယ်တရားရုံးတွင်မဟုတ်ဘဲ မြစ်ကြီးနားမြို့ အကျဉ်းထောင်ရှိ ဓမ္မာရုံတွင် ရုံးထုတ်ခဲ့ကြောင်းသိရသည်။ တရားရုံးတွင် ရုံးထုတ်ခြင်းမဟုတ်ဘဲ ထောင်၌ အမှုရင်ဆိုင်မည်ဆိုပါက အမှုသည်နှင့် ရှေ့နေများအတွက်အခက်အခဲများရှိနေသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦး |
KIA မှ စစ်တပ် စစ်စခန်းတစ်ခုအား သွားရောက်ပစ်ခတ် Posted: 24 Mar 2021 08:34 AM PDT မတ်၊၂၄ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ယနေ့မတ်လ(၂၄) ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် မိုင်ဂျာယန်နှင့် လိုင်ဇာ သွားသည့် လမ်းမှ စစ်တပ်စခန်းတစ်ခုဖြစ်သည့် အလောဘွမ်စစ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ သွားရောက်ပစ်ခတ်ရခြင်းအား KIO/KIA မှ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှုးကြီးနော်ဘူက "အလောဘွမ် ပစ်နေတယ်။ ဘာလို့ပစ်လဲဆိုတော့ စစ်တပ်က ဒီ ၂/၃ရက်ပိုင်းမှာ တပ်ရင်း (၃) ဘက်မှာ လက်နက်ကြီးတွေ |
တိတ်ဆိတ်ပြီးနောက် အင်အားပြည့်နဲ့ ထွက်လာတဲ့ မုံရွာလူထု ပင်မသပိတ် Posted: 24 Mar 2021 08:31 AM PDT မုံရွာ၊မတ်-၂၄တိတ်ဆိတ်မှုဖြင့် သပိတ်မှောက်နေသော မုံရွာလူထုသည် ယနေ့ ညနေ ၄နာရီတွင် ပင်မသပိတ်ကြွေးကြော်သံသစ်များနှင့်အတူ လူထောင်ချီဖြင့်ထွက်လာသည်ကို တွေ့ရသည်။ပင်မသပိတ်နည်းတူ ရပ်ကွက်အလိုက်သပိတ်များလည်းထွက်သည်ကိုတွေ့ရသည်။ပင်မသပိတ်သည် လမ်းလျှောက်လှည့်လည်ပြီးနောက် ထိုင်သပိတ်ပြုလုပ်ကာ မတ်လ-၂၇တွင် အထွေထွေသပိတ်အစီပစဉ်ကို လူထုအားရှင်းလင်းပြောဆိုသည်။Monywa Gazettehttps://www.facebook.com/monywagazette/ |
မုံရွာတွင် အမှိုက်ပစ်နေသူတစ်ဦး ရိုက်နှက် ဖမ်းခေါ် Posted: 24 Mar 2021 08:27 AM PDT မုံရွာ၊မတ်-၂၄မုံရွာမြို့ မြဝတီရပ် ကျောက္ကာလမ်းနှင့် မေတ္တာလမ်း (ခိုင်မာလမ်းကြား)အနီးတွင် ယနေ့ညနေ ၆နာရီကျော်က အမျိုးသားတစ်ဦးကို ရဲနှင့်စစ်တပ်မှ ရိုက်နှက်ခေါ်သွားကြောင်း မျက်မြင်တွေ့လိုက်ရသူများက ပြောသည်။"လမ်းပေါ်ကအမှိုက်ပုံးနားမှာသူကရှိတာ။အမှိုက်ပစ်နေတာတွေ့တယ်။ခပ်ဝဝနဲ့ အသက်၄၀လောက်ရှိမယ်ထင်တယ်။သူ့ကို လမ်းပေါ်အတားအဆီးဖြစ်အောင် အမှိုက်ပစ်တယ်ထင်ပြီးခေါ်တာနေမှာ။ဝိုင်းရိုက်ပြီး ရဲကားနဲ့ခေါ်သွားတာ" ဟု |
ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့ ရုံးထုတ်မည် Posted: 23 Mar 2021 06:18 PM PDT မှတ်တမ်းဓါတ်ပုံ ၂၀၁၉ ဇွန်လက ပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်အာဏာသိမ်း စစ်တပ်က ဖမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရားရုံး ကြားနာဖို့ ရက်ချိန်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၄ ခုနဲ့ စွဲဆိုထားပြီး နောက်ထပ် ပြစ်မှုဆိုင်ရာ စွဲချက်တွေ |
တရုတ်-ရုရှားနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲ မြန်မာ့အရေးပူပင်မှု ထုတ်ပြန် Posted: 23 Mar 2021 06:16 PM PDT မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲတခုတွင် ရဲနဲ့ စစ်တပ်က ဖြိုခွင်းခဲ့တဲ့ မြင်ကွင်း။ (မတ် ၁၆၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့အပေါ် ပြည်သူတွေက ပုံစံမျိုးစုံနဲ့ ဆက်ပြီး ကန့်ကွက်နေတာကို တပ်က ပစ်ခတ်နှိမ်နင်းနေချိန်မှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် အင်မတန် စိတ်ပူပန်စိုးရိမ်တယ်လို့ တရုတ်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး နှစ် ယောက် တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့ကြပါတယ်။ |
စစ်တပ်က ဘားတိုက်ကိုပြန်သင့်ပြီဟု ဖိလစ်ပိုင်ဝန်ကြီး အကြံပေး Posted: 23 Mar 2021 06:13 PM PDT (၂၃-၃-၂၀၂၁)မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြသာနာတွေ ပြေလည်စေဖို့ဆိုရင် အာဏာသိမ်းထားတဲ့စစ်တပ်က အာဏာကိုစွန့်ပြီး မူလနေရာကို ပြန်သွားမှဖြစ်လိမ့်မယ်လို့ သူတွက်ဆကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teddy Locsin က အကြံပြုလိုက်ပါတယ်။-စစ်တပ်ဟာ လုံခြုံရေးကိုအကြောင်းပြပြီး ပစ်ခတ်မှုတွေလုပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ အောင်ပွဲရထားသူတွေဖြစ်ပါတယ်- လို့လည်း ဖိလစ်ပိုင်ဝန်ကြီးကပြောပါတယ်။ |
၇ နှစ်အရွယ် ကလေးငယ် ပစ်သတ်ခံရမှုအပေါ် ဗြိတိန်ဝန်ကြီး ရှုတ်ချ Posted: 23 Mar 2021 06:11 PM PDT (၂၃-၃-၂၀၂၁)၇ နှစ်အရွယ် ကလေးငယ်ကိုပါ မြန်မာလုံခြုံရေးတပ်တွေက ပစ်သတ်တယ်ဆိုတဲ့သတင်းကြားရတဲ့အတွက် ကျနော် အထူးတုန်လှုပ်မိပါတယ်-လို့ ဗြိတိန်နိုင်ငံခြားရေးရုံး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ဒီနေ့ မန္တလေးမှာ အာဏာသိမ်းတပ်ဖွဲ့တွေက နေအိမ်တွေကိုပစ်ခတ်တဲ့အတွက် သူ့အိမ်ထဲမှာ သူနေတဲ့ ၇ နှစ်အရွယ် အမျိုးသမီးငယ်တဦး သေနတ်ထိမှန်သေဆုံးသွားတဲ့သတင်းအပေါ် ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာရနှင့် ဖွံဖြိုးရေးရုံး FCDO ဝန်ကြီး |
အကြမ်းဖက်နှိမ်နင်းမှုကြောင့် ကလေးများသေဆုံးရမှု ကုလအတွင်းရေးမှူးချုပ် အထူးစိုးရိမ် Posted: 23 Mar 2021 06:09 PM PDT အသက်၁၆အရွယ် ၁၀တန်းကျောင်းသား အောင်ကောင်းထက်ရဲ့ ဈာပန အခမ်းအနားမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းရာက အသက် ၇ နှစ်အရွယ် ကလေးတဦး အပါအဝင် ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ထပ်မံသတိပေး နေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်တွေကိုရပ်ဖို့ တိုက်တွန်းနေတဲ့ ကြားမှာပဲ နိုင်ငံအဝန်း |
အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် သေဆုံးရတဲ့ ကလေးသူငယ် ၂၃ ဦးရှိသွားပြီ ( UNICEF) Posted: 23 Mar 2021 06:08 PM PDT ရင်ဘက်ကို သေနတ်ကျည် ထိပြီး သေဆုံးခဲ့ရတဲ့ အသက် ၁၄ နှစ် အရွယ် မောင်ထွန်းထွန်းအောင်ကို အင်္ဂါနေ့မှာ မီးသဂြိ င်္ုဟ်မြန်မာ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရတဲ့ ကလေးငယ် အနည်းဆုံး ၂၃ ဦး ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ UNICEF က မတ်လ ၂၃ ရက် အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။"ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ ဒီကနေ့ ထုတ်ပြန်ချက် အရ ဖေဖော်ဝါရီ ၁ ရက် |
ကျောင်းတွေ ပြန်ဖွင့်ရင် တစ်နှစ် နှစ်တန်းသင်မယ်လို့ စစ်ကောင်စီပြော Posted: 23 Mar 2021 06:05 PM PDT ကျောင်းပိတ်ရက်အကန့်သတ်မရှိ ပိတ်ထားအခြေခံပညာ ကျောင်းတွေ မကြာခင် ပြန်ဖွင့်မှာဖြစ်ပြီးတော့ တစ်နှစ်ကို နှစ်တန်းသင်မယ်လို့ လျာထားကြောင်း ဒီနေ့ မတ်လ ၂၃ ရရက် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသွားပါတယ်။ဥပမာ ငါးတန်းကျောင်းသားက တစ်နှစ်အတွင်း ငါးတန်းကော၊ ခြောက်တန်းကော ပြီးအောင်တတ်ရမယ်ပေါ့လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။လာမယ့် မေလ ၃ ရက်နေ့ မှာတော့ မဟာတန်းနဲ့ ပါရဂူ |
မနော်ဟရီလမ်းပေါ်က သာမန်အရပ်သားဆန္ဒပြသူတစ်ဦး Posted: 23 Mar 2021 06:03 PM PDT ကိုနေမျိုးရဲ့မိသားစုကိုနေမျိုးဟာ မန္တလေးမြို့မှာ မြတောင်စစ်ကြောင်းနဲ့ အတူလိုက်ပါလာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။၂၉ လမ်းနဲ့ လမ်း ၃၀ အကြား လမ်း ၉၀ ပေါ်ရောက်တဲ့အချိန်မှာ စစ်ကြောင်းနှစ်ကြောင်းပေါင်းမိပြီး လူပေါင်း တစ်သောင်းလောက်ရှိသွားပါတယ်။ ရှေ့ဆုံးမှာဒိုင်းကိုင်တဲ့လူငယ်တွေရှိပြီး အဲဒီနောက်မှာ ကိုနေမျိုး၊ ကိုခန့်လူအောင်၊ မမြတ်နိုးသူတို့နဲ့သူတို့ရဲ့မိတ်ဆွေအုပ်စုတွေရှိနေကြပါတယ်။ |
Mr.Sean Turnell ကို စွဲချက်တင်တာ ဥပဒေနဲ့မညီဟု လူ့အခွင့်အရေးရှေ့နေဝေဖန် Posted: 23 Mar 2021 06:00 PM PDT ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေတွေနဲ့ စွဲဆိုပြီး စစ်ဆေးနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ |
ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်း ၁၀ ဦး ရာထူးကနေ ထုတ်ပယ်ခံရ Posted: 23 Mar 2021 08:31 AM PDT စစ်အာဏာရှင်ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်တဲ့ ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်း ၁၀ ဦး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ CDM လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း ၊ ခွင့်မဲ့ဆက်တိုက်ပျက်ကွက်ခဲ့ခြင်း ၊ ရုံးကနေ ဆက်သွယ်ဆောင်ရွက်တဲ့ အခါမှာလည်း ဆက်သွယ်မရခြင်းစတာတဲ့ကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့တာကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မတ်လ ၁၉ ရက်နေ့ |
လားရှိုးမြို့ တပ်အငြိမ်းစားနေအိမ်မှာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား Posted: 23 Mar 2021 08:27 AM PDT မတ်လ ၂၃ -၂၀၂၁ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက် (၁) ၊နယ်မြေအမှတ် (၉) ၊ လမ်းသွယ် (၉)မှာ ဒီကနေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်က တပ်အငြိမ်းစားတစ်ဦးရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ တစ်ယောက်က " ညနေ ၃ နာရီလောက်က ၁ ကြိမ် အသံကြားတယ် ၊ နောက်ပြီး နာရီခြားလို့ ၄ နာရီလောက်မှာ ၁ ကြိမ်ထပ်ကြားရပြန်တယ် ရက်ကွက် ၁ ထဲက စစ်ပြန် အငြိမ်းစားအိမ်မှာ |
လားရှိုးမှာ ဆန္ဒပြပြည်သူတွေကို လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ပါလိုက်တိုက် Posted: 23 Mar 2021 08:25 AM PDT မတ်လ ၂၃ - ၂၀၂၁လားရှိုးမှာ ဆိုင်ကယ် သပိတ်စစ်ကြောင်း ချီတက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ လိုက်တိုက်တာ ခံရတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။သပိတ်စစ်ကြောင်းမှာပါ၀င်တဲ့ အမည်မဖော်လိုသူ တစ်ဦးက "သုံးထောင့်နားမှာ ရဲကားတွေက ရှေ့ကနေ ပြောင်းပြန် ပိတ်ထားတာ။ နောက်ကနေ Wish ကားက ဆိုင်ကယ်သပိတ်မှာ ပါဝင်တဲ့ ဆိုင်ကယ်တစ်စီးကို ဝင်တိုက်သွားတယ်။ ဆိုင်ကယ်စီးတဲ့ သူ ၂ ယောက် |
စစ်အုပ်ချုပ်ရေးကောင်စီသတင်းရှင်းလင်းပွဲနဲ့ VOA မေးမြန်းချက်များ Posted: 23 Mar 2021 08:22 AM PDT စစ်အုပ်ချုပ်ရေးကောင်စီသတင်းစာရှင်းလင်းပွဲ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ (မတ် ၂၃၊ ၂၀၂၁)စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်တုံ့ပြန်နှိမ်နင်းရာမှာ အများပြည်သူရဲ့အခဲမကြေ မုန်းတီးမှုတွေဖြစ်လာစေမလား၊ သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell အမှု၊ မြန်မာနိုင်ငံအကြပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ကမ်းလှမ်းမှု၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရင်အစိုးရခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမှုဖြစ်လာ |
စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် မန္တလေးမှာ လေးဦး သေဆုံး Posted: 23 Mar 2021 08:22 AM PDT မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ မြို့တွေထဲမှာ မန္တလေးမြို့ဟာ ထိပ်ဆုံးကနေ ပါဝင်နေတာပါ။ ဒီကနေ့မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက်မပြည့်သူ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ လေး ဦး သေဆုံး |
မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး Posted: 23 Mar 2021 08:21 AM PDT မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး မခင်မျိုးချစ် (၇ နှစ်) ရုပ်အလောင်း / Photo: RFAမန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ စစ်တပ်နဲ့ ရဲတွေ ဒီကနေ့ နေအိမ်ထဲဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အငယ် ၇ နှစ်ကလေးငယ်တစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ဖခင်ဖြစ်သူ ရင်ခွင်ပိုက်ချီထားတဲ့ မခင်မျိုးချစ် (၇ နှစ်)ဟာ ဗိုက်ကိုသေနတ်ကျည်ဆံထိမှန်ပြီး သူ့လက်ထဲ မှာတင် သေဆုံးသွားတာလို့ ဖခင်ဖြစ်သူက |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.