သစ္ထူးလြင္ |
- ဈေးဝယ်စင်တာနဲ့ ကုန်တိုက်ဝန်ထမ်းတွေ အထိန်းသိမ်းခံရ
- စစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှု ICC မှာ အရေးယူရေးအဆို ကုလလူ့အခွင့်အရေးကောင်စီအတည်ပြု
- လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် HRW ကြိုဆို
- အကြမ်းဖက်နှိမ်နင်းမှု အထောက်အထားတွေ ကုလစုံစမ်းရေးအဖွဲ့ ကောက်ယူနေတာ ဘယ်လောက်အရေးပါမလဲ
- စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို IIMM အဖွဲ့က စစ်ဆေးမည်
- ဖားအံမြို့ လမ်းဂွတွင် သပိတ်ခံတပ်ဖြို့ခွဲခြင်းခံရ၊ ထိခိုက်မှုရှိ
- အာဏာသိမ်းတာကိုဆန့်ကျင်ရင် မိသားစုဝင်ကိုတောင် ပစ်သတ်ဖို့ ရဲတွေကိုညွှန်ကြား
- ဖမ်းဆီးခံရသူတွေ ပြန်လွှတ်တာ နိုင်ငံရေးကစားကွက်အဖြစ် လေ့လာသူတွေ သတိပေး
- မြန်မာနိုင်ငံသားတွေ ပြန်ပို့မှု မလေးရှား ဆိုင်းငံ့မည်
- မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိအတည်ပြု
- ကျောက်ပန်းတောင်းမြို့ ညသပိတ်ဖြိုခွဲခံရ၊ တစ်ဦး သေဆုံး
- ကျောက်ပန်းတောင်းမှာ စစ်တပ်က ပစ်ခတ်လို့ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ
- တောင်ကိုရီးယားကိုယ်စားလှယ်တွေကို မြန်မာစစ်ကောင်စီ ပြည်ဝင်ခွင့်မပေး
- မြန်မာနိုင်ငံတလွှားက အသံတိတ်သပိတ်
- ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန် ဧပြီ ၁ ရက်နေ့ ရွှေ့ဆိုင်း
- ဖမ်းဆီးခံရသူ ၆၀၀ ဝန်းကျင် အင်းစိန်ထောင်မှ လွတ်မြောက်
- စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ကလေးတွေ အကာအကွယ်မဲ့နေ
- အသံတိတ် သပိတ်
- အဖမ်းခံရသူတွေ အင်းစိန်ထောင်ကနေ ပြန်လွတ်လာ၊ အသံတိတ်သပိတ် ဆက်လက်ဆင်နွှဲကြ
- CDM ဝန်ထမ်းတွေ ဖိအားပေးခံနေရလို့ နေစရာအခက်အခဲရှိနေ
- လုံးခင်းကျေးရွာအုပ်စုမှ အမျိုးသားနှစ်ဦးအား စစ်တပ်မှလာရောက် ဖမ်းဆီးခေါ်ဆောင်သွား
- ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ဖို့လိုပြီး ၂၇ ရက်နေ့နောက်ပိုင်းမှ ပြောစရာရှိတာပြောမယ်လို့ ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်အောင်မြတ်ပြော
- ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများသို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းချက်
- မန်းသံပုရာကန်ရေနံချက်စက်ရုံကို အစားထိုးဝန်ထမ်းတွေနဲ့လည်ပတ်ဖို့ ကြိုးပမ်းနေ
- ဟုမ္မလင်းက အလှူအိမ်မှာ ထမင်းပေါင်းအိုး ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
ဈေးဝယ်စင်တာနဲ့ ကုန်တိုက်ဝန်ထမ်းတွေ အထိန်းသိမ်းခံရ Posted: 24 Mar 2021 07:04 PM PDT City Mart၊ Orange နဲ့ စိန်ဂေဟာအပါအဝင် ဈေးဝယ်စင်တာနဲ့ ကုန်တိုက်ဝန်ထမ်း ၁၀၀ ဝန်းကျင်ကို မနေ့က မတ်လ ၂၄ မွန်းလွဲပိုင်းမှာ စစ်ကောင်စီအာဏာပိုင်တွေကခေါ်ယူသွားပြီး အခုအချိန်ထိ အိမ်ပြန်မရောက်သေးဘူးလို့ မိသားစုဝင်တွေကပြောကြောင်း Myanmar Now သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီဝန်ထမ်းတွေကို ရန်ကုန် မြို့တော်ခန်းမမှာ အစည်းအဝေးလုပ်ဖို့ဆိုပြီး ဖုန်းဆက်ခေါ်ယူပြီးတဲ့နောက် ဆိုင်မဖွင့်တဲ့ အကြောင်းရင်းနဲ့ မေးခွန်းတွေ |
စစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှု ICC မှာ အရေးယူရေးအဆို ကုလလူ့အခွင့်အရေးကောင်စီအတည်ပြု Posted: 24 Mar 2021 06:49 PM PDT မြန်မာနိုင်ငံက ရဲနဲ့စစ်တပ်က နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာတရား စီရင်ရေးလုပ်ငန်းစဉ်တွေကနေ အရေးယူရေးအပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဒီကနေ့ သဘောတူ ချမှတ်လိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ကျင်းပတဲ့ ၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီညီလာခံကနေ ချမှတ်ခဲ့တဲ့ ဒီ |
လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် HRW ကြိုဆို Posted: 24 Mar 2021 06:47 PM PDT အဖွဲ့ဝင် (၄၇)နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီလူ့အခွင့်အရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာဟာ စစ်ကောင်စီအနေနဲ့ သူသွားနေတဲ့လမ်းကြောင်းကို ဘယ်နိုင်ငံကမှ ထောက်ခံမှုမရှိဘူးဆိုတာပြသ လိုက်တာဖြစ်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။မြန်မာစစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် |
အကြမ်းဖက်နှိမ်နင်းမှု အထောက်အထားတွေ ကုလစုံစမ်းရေးအဖွဲ့ ကောက်ယူနေတာ ဘယ်လောက်အရေးပါမလဲ Posted: 24 Mar 2021 06:45 PM PDT မြန်မာစစ်အာဏာသိမ်းအပြီး ကျူးလွန်ခံနေရတဲ့ အကြမ်းဖက်နှိမ်နင်းမူတွေကို၊ တိုင်ကြားကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာစုံစမ်းစစ်ဆေးမူယန္တယား (IIMM) က အများပြည်သူကို ကမ်းလှမ်းတောင်းဆိုတာဟာ အထူးအရေးပါပြီး နောက်ပိုင်းတရားစွဲနိုင်ချိန်အတွက် ထိရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။မြန်မာနိုင်ငံထဲကို ဒီကုလအဖွဲ့မသွားနိုင်ချိန်မှာ၊ ထိရောက်တဲ့အထောက်အထားမျိုးကို လုံလုံခြုံခြံုနဲ့ ပို့ပေးနိုင်ဖို့က အရေးကြီး |
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို IIMM အဖွဲ့က စစ်ဆေးမည် Posted: 24 Mar 2021 06:43 PM PDT (၂၄-၃-၂၀၂၁)ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM က စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက လုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။ဂျီနီဗာမှာ ဒီနေ့ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂရဲ့ ကိုယ်စား အလှည့်ကျဥက္ကဌ ပေါ်တူဂီသံအမတ်ကြီး Rui Macieira က ဒီအချက်ကို |
ဖားအံမြို့ လမ်းဂွတွင် သပိတ်ခံတပ်ဖြို့ခွဲခြင်းခံရ၊ ထိခိုက်မှုရှိ Posted: 24 Mar 2021 06:38 PM PDT မတ်လ ၂၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီဖားအံမြို့ လှိုင်းဘွဲ-ကော့ကရိတ်လမ်းဆုံလမ်းဂွတွင် ပြုလုပ်ထားသည့် သပိတ်ခံတပ်ကို ယနေ့ နံနက် ၇နာရီတွင် ပစ်ခတ်ဖြိုခွင်းခံရပြီး ထိခိုက်ဒဏ်ရာရရှိမှုရှိသည်ဟု သိရသည်။အဆိုပါခံတပ်သည် ထဘီတန်းများ သဲအိတ်များနှင့်လမ်းကိုပိတ်ထားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး ၊ ရာဘာကျည်တို့အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများကပြောသည်။၎င်းဖြိုခွင်းခံရ |
အာဏာသိမ်းတာကိုဆန့်ကျင်ရင် မိသားစုဝင်ကိုတောင် ပစ်သတ်ဖို့ ရဲတွေကိုညွှန်ကြား Posted: 24 Mar 2021 06:27 PM PDT မြန်မာ့တပ်မတော်ကို ဆန့်ကျင်ရင် ကိုယ့်မိသားစုဝင်တွေပင် ဖြစ်စေကာမူ သုတ်သင်ရှင်းလင်းပစ်ရမယ်လို့ စစ်တပ်က ပြောဆိုကြောင်း အိန္ဒိယရောက် မြန်မာရဲအရာရှိတဦးက ပြောဆိုကြောင်း ဗြိတိန်အခြေစိုက် The Independent သတင်းစာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က မြန်မာနိုင်ငံက ရဲအရာရှိ ၃၄ ဦး နဲ့ မီးသတ်တပ်ဖွဲ့ဝင်တဦး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာ |
ဖမ်းဆီးခံရသူတွေ ပြန်လွှတ်တာ နိုင်ငံရေးကစားကွက်အဖြစ် လေ့လာသူတွေ သတိပေး Posted: 24 Mar 2021 06:25 PM PDT ဆန္ဒပြသူတွေကို ပြန်လွှတ်တာဟာ ကြိုဆိုရမယ့် ကိစ္စဖြစ်ပေမယ့် အပြစ်မရှိသူတွေ ဖမ်းဆီးထားရာက ပြန်လွှတ်ပေးတယ်ဆိုတာ နိုင်ငံရေး ကစားကွက်တစ်ခုပဲဖြစ်တယ်လို့ မြန်မာ့ရေးလေ့လာသူတွေက သတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းချိန် ဖမ်းဆီးခံခဲ့ရသူတွေထဲက ၆ဝဝ ကျော်ကို ရန်ကုန် အင်းစိန်ထောင်ကနေ ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ဒါဟာ ပြန်လွတ်လာသူတွေအတွက် |
မြန်မာနိုင်ငံသားတွေ ပြန်ပို့မှု မလေးရှား ဆိုင်းငံ့မည် Posted: 24 Mar 2021 06:23 PM PDT မှတ်တမ်းဓါတ်ပုံ - ဖေဖော်ဝါရီ ၂၃ ရက်နေ့က မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားများကို ပြန်ပို့စဉ်မြန်မာနိုင်ငံအရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အရေးပေါ် အစည်းအဝေးခေါ်ယူမယ့် အစီအစဉ် ပြီးဆုံးတဲ့ အချိန်အထိ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့ရေး ဆိုင်းငံ့ထားဖို့ မလေးရှားအာဏာပိုင်တွေ ဆုံးဖြတ်လိုက်ပါတယ်။မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ |
မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိအတည်ပြု Posted: 24 Mar 2021 06:20 PM PDT မတ်လ ၃ ရက်နေ့က မန္တလေးမြို့ရှိ လမ်းမပေါ်တွင် တွေ့ရတဲ့ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သားအစိုးရကိုဖြုတ်ချတဲ့အပေါ် အပြင်းအထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ လူ့အခွင့်အရေးကောင်စီအစည်းအဝေး စောင့်ကြည့်သတင်းယူနေတဲ့ မနန်းလောဝ်ပြောပြမှာ |
ကျောက်ပန်းတောင်းမြို့ ညသပိတ်ဖြိုခွဲခံရ၊ တစ်ဦး သေဆုံး Posted: 24 Mar 2021 06:19 PM PDT ကျောက်ပန်းတောင်းမြို့၊ လေးရွာကျောင်းအနီးက လူအင်အား ၄၀ ဝန်းကျင်ရှိတဲ့ ညသပိတ်ကို အခုည ၉နာရီခွဲကျော်မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကျည်မှန်သေဆုံးတယ်လို့ လည်း သိရပါတယ်။"တပ်က လေးရွာကျောင်းထဲတပ်စွဲထားတာ၊ သပိတ်က အဲ့ကျောင်းနားက မြေနီလမ်းမယ်လုပ်တယ်။ အသံဗုံးလည်းမပစ်ဘူး၊ ရာဘာကျည်လည်းမပါဘူး။ ကျည်အစစ်တွေနဲ့ချည်းပဲပစ်တာ၊အခုထိတဲ့တစ်ယောက်အိမ်ကလည်း အဲ့ကျောင်းနားဆိုတော့ |
ကျောက်ပန်းတောင်းမှာ စစ်တပ်က ပစ်ခတ်လို့ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ Posted: 24 Mar 2021 06:19 PM PDT ကျောက်ပန်းတောင်းမှာ စစ်တပ်က ပစ်ခတ်လို့ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ မတ်လ ၂၄ ရက်နေ့ညက ကျောက်ပန်းတောင်းမြို့နယ်က ဒဏ်ရာရရှိသူတဦးကို သယ်ဆောင်လာစဉ်။ Photo: Citizen Journalistကျောက်ပန်းတောင်းမြို့နယ် စံပြရပ်ကွက်မှာ မတ်လ ၂၄ ရက်နေ့က ညသပိတ်လုပ်နေချိန် ည ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က စစ်ကားတွေနဲ့ ဝင်လာပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ပြောပါတယ်။ပစ်ခတ် |
တောင်ကိုရီးယားကိုယ်စားလှယ်တွေကို မြန်မာစစ်ကောင်စီ ပြည်ဝင်ခွင့်မပေး Posted: 24 Mar 2021 06:12 PM PDT တောင်ကိုရီးယားလွှတ်တော် နိုင်ငံတကာရေးရာကော်မတီဝင်တဦးဖြစ်တဲ့ အာဏာရဒီမိုကရက်တစ်ပါတီက အမျိုးသမီးလွှတ်တော်အမတ် Lee Jae Jung ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီက လက်ရှိအခြေအနေတွေအရ မြန်မာပြည် လာရောက်ခွင့်မပြုနိုင်ဘူးလို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက တဆင့် မတ်လ ၂၂ ရက်နေ့မှာ အကြောင်းကြားခဲ့ပါတယ်။ အဲဒီလို ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် လီဂျေဂျောင်းနဲ့ အဖွဲ့က မတ်လ |
မြန်မာနိုင်ငံတလွှားက အသံတိတ်သပိတ် Posted: 24 Mar 2021 09:46 AM PDT စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာပြည်တွင်းမှာ မတ်လ ၂၄ရက်နေ့မှာတော့ ပုံစံပြောင်းပြီး အသံတိတ်သပိတ်ပုံစံနဲ့ ဆန္ဒဖော်ထုတ်ကြပါတယ်။ပုံမှန် လမ်းမတွေပေါ်ထွက်တာမျိုးတွေ မလုပ်ကြဘဲ အိမ်ထဲမှာပဲနေပြီး တစ်ရက် တိတ်ဆိတ်စွာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။VOA Burmesehttps://burmese.voanews.com/a/5826790.html |
ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန် ဧပြီ ၁ ရက်နေ့ ရွှေ့ဆိုင်း Posted: 24 Mar 2021 09:44 AM PDT ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ UN ရုံးရှေ့မှာ ဆန္ဒပြကြတဲ့ ထိုင်းရောက်မြန်မာများ ကိုင်ဆောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်းကို ဧပြီလ ၁ ရက်နေ့ ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ပုံမှန်ရုံးထုတ်စစ်ဆေးဖို့ တရားသူကြီးက သတ်မှတ်ထားတဲ့ မတ်လ ၂၄ ရက်နေ့ ဒီနေ့မှာ သူ့ကို ဘာကြောင့် တရားရုံးမထုတ်နိုင်သလဲဆိုတာ |
ဖမ်းဆီးခံရသူ ၆၀၀ ဝန်းကျင် အင်းစိန်ထောင်မှ လွတ်မြောက် Posted: 24 Mar 2021 09:43 AM PDT အင်းစိန်ထောင်ကနေ လွတ်မြောက်လာသူများ။ (မတ် ၂၄၊ ၂၀၂၁)ရန်ကုန် နေရာအနှံ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆန္ဒပြသူ အယောက် ၆၀၀ ဝန်းကျင်လောက်ဒီနေ့ မတ်လ ၂၄ ရက်မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာပါတယ်။ ဆက်လက် ထိန်းသိမ်းခံထားရသူတွေလည်း အများအပြား ရှိနေဆဲပါ။ ရန်ကုန်ကလာတဲ့သတင်း မဆုမွန်က ပြောပြပေးမှာပါ။မတ်လ ၃ ရက်က ဖမ်းဆီးခံရတဲ့ ရန်ကုန်တိုင်း နေရာအနှံ့က ဆန္ဒပြသူတွေကို စစ်အုပ်ချုပ်ရေးကောင်စီက ဒီကနေ့ ပြန် |
စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ကလေးတွေ အကာအကွယ်မဲ့နေ Posted: 24 Mar 2021 09:40 AM PDT သေနတ်နဲ့ အပစ်ခံရတဲ့ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ် နာရေးပြုလုပ်မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ မနေ့က အိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ် ကို အစ္စလာမ်ဘာသာ ထုံးစံအတိုင်း သင်္ဂြိုဟ် ခဲ့ကြပါတယ်။စစ်အာဏာသိမ်းပြီးနောက် ပစ်ခတ်မှုတွေကြောင့် ရက် (၅၀)အတွင်း သေဆုံးရသူတွေထဲမှာ သူက အသက်အငယ်ဆုံး ဖြစ်ပါတယ်။၇ နှစ်သမီးလေး ဘယ်လို ဆုံးပါးခဲ့ရတယ်ဆိုတာ အမဖြစ်သူ မအေးငြိမ်းစံက |
Posted: 24 Mar 2021 09:37 AM PDT မြန်မာနိုင်ငံတဝန်းက မြို့တွေ ရွာတွေ အများစုမှာ ဒီကနေ့ ဘယ်သူမှ အပြင်မထွက်ဘဲ စျေးတွေပိတ်၊ အလုပ်ပိတ်ထားကြတဲ့ အသံတိတ် သပိတ်တွေ ပြုလုပ် ခဲ့ကြပါတယ်။အာဏာသိမ်းထားတဲ့ စစ်ကောင်စီက နိုင်ငံကို ပုံမှန်လည်ပတ်အောင် လုပ်နိုင်စွမ်းမရှိတာကို ပြသတဲ့ ဆန္ဒပြမှုအဖြစ် အသံတိတ်သပိတ်ပြုလုပ်နေကြတာပါ။တချို့မြို့တွေမှာ လူတွေ ကားတွေ အသွားအလာမရှိ လုံးဝ ခြောက်ကပ် တိတ်ဆိတ်နေပေမဲ့ မန္တလေးက မြို့နယ်တချို့ရဲ့ ရပ်ကွက်တွေမှာတော့ ပုံ |
အဖမ်းခံရသူတွေ အင်းစိန်ထောင်ကနေ ပြန်လွတ်လာ၊ အသံတိတ်သပိတ် ဆက်လက်ဆင်နွှဲကြ Posted: 24 Mar 2021 09:34 AM PDT စစ်အာဏာရှင်ဆန့်ကျင်ကြတဲ့ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတို့က ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်ကနေ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။စစ်တပ်နဲ့ရဲတို့က သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးခဲ့ရသူတွေအတွက် အသံတိတ်သပိတ်ကိုလည်း ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ ပြုလုပ်ကြပါတယ်။ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလကုန်နဲ့ မတ်လဆန်း ရက်ပိုင်းတွေက ဆန္ဒပြသူလို့ ဖမ်ဆီးခံခဲ့ရသူ ၄၀၀ ကျော်ကို ဒီနေ့ မနက် ၁၀ နာရီလောက်က အင်း |
CDM ဝန်ထမ်းတွေ ဖိအားပေးခံနေရလို့ နေစရာအခက်အခဲရှိနေ Posted: 24 Mar 2021 09:31 AM PDT အာဏာသိမ်းမှုကို ဆန့်ကျင်ဖီဆန်ပြီး ရုံးမတက်ဘဲ CDM လုပ်နေကြတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ရုံးပြန်မတက်ရင် နေအိမ်လိုင်းခန်းကနေ ဖယ်ရှားဖို့ ဖိအားပေးနေလို့ CDM ဝန်ထမ်းတွေ အခက်အခဲ ရှိနေကြပါတယ်။မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က မြနန္ဒာဝန်ထမ်းအိမ်ရာဝင်းမှာ နေထိုင်ကြတဲ့ CDM ဝန်ထမ်းတွေကို မတ်လ ၂၂ ရက်နေ့မှာ ရုံးပြန်တက်ဖို့၊ မတက်ရင် လိုင်းခန်းကနေ ဖယ်ရှားပေးဖို့၊ မဖယ်ရင် အင်အားသုံး ဖယ်ရှားမယ်လို့ |
လုံးခင်းကျေးရွာအုပ်စုမှ အမျိုးသားနှစ်ဦးအား စစ်တပ်မှလာရောက် ဖမ်းဆီးခေါ်ဆောင်သွား Posted: 24 Mar 2021 09:26 AM PDT မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားနှစ်ဦးအား စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကြောင်း မိသားစုများထံမှ သိရသည်။အဆိုပါအမျိုးသားနှစ်ဦး၏ နေအိမ်သို့ တပ်မ ၃၃ ဘက်တံဆိပ်အား ဝတ်ဆင်ထားသည့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့်ရောက်ရှိလာခဲ့ပြီး၊ခေါ်ဆောင်သွားခဲ့ခြင်းကြောင်း ခုလိုပြောပြသည်။"နေအိမ်တွေထဲကိုလည်း ရှာဖွေသွားတယ်၊ဘယ်ကို |
Posted: 24 Mar 2021 09:20 AM PDT ကန္တာရဝတီတိုင်း(မ်) ၊ မတ္လ ၂၄ရက် စစ္တပ္ကေန အာဏာသိမ်းတဲ့အချိန်ကာလမှာ သူများပြောတိုင်းမယုံကြဖို့ ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ဖို့လိုပြီး မတ္လ ၂၇ ရက်နောက်ပိုင်းမှသာ ပြောစရာရှိတာပြောမယ်လို့ ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ဒီကနေ့ မတ္လ ၂၄ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ "တစ်ခါတလေ သူများပြောတာကို သွားမယုံနဲ့ ကိုယ့်ဟာကို ကာကွယ်၊ ကိုယ့်ဟာကိုယ်ပြုလုပ် ၂၇နောက်ပိုင်းမှပဲ ပြော |
ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများသို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းချက် Posted: 24 Mar 2021 09:17 AM PDT ကြေညာချက်အမှတ်(၆/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း (၁၂) ရက်(၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်)ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများသို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းချက်၁။ အကြမ်းဖက်စစ်အုပ်စုမှ အာဏာလုယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းများနည်းတူ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများအနေဖြင့် ပြည်သူ့အာဏာဖီဆန်မှု လုပ်ငန်းစဉ် (CDM) တွင် တက်ကြွစွာ ပါဝင်ပူးပေါင်း |
မန်းသံပုရာကန်ရေနံချက်စက်ရုံကို အစားထိုးဝန်ထမ်းတွေနဲ့လည်ပတ်ဖို့ ကြိုးပမ်းနေ Posted: 24 Mar 2021 09:15 AM PDT မကွေးတိုင်း၊ အထက်မင်းလှမြို့၊ မန်းသံပုရာကန်ရေနံချက်စက်ရုံကို အစားထိုးဝန်ထမ်းတွေ နေ့စားလုပ်သားတွေနဲ့ လည်ပတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။အဲ့ဒီစက်ရုံက အရာထမ်း အမှုထမ်းတွေဟာ CDM အဖြစ် ဆက်လက်ရှိနေကြတယ်လို့လည်း သိရပါတယ်။နစခကောင်စီရဲ့အမိန့်ကိုနာခံပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်ရုံလည်ပတ်ဖို့ ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။" CDMလုပ်နေတဲ့ ဝန်ထမ်း ဦးအောင်နိူင်ဦးကို ၅၀၅ က နဲ့ တရားစွဲဆိုထားပြီး |
ဟုမ္မလင်းက အလှူအိမ်မှာ ထမင်းပေါင်းအိုး ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ Posted: 24 Mar 2021 09:11 AM PDT စစ်ကိုင်း၊ မတ် ၂၄၊ ၂၀၂၁စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ ညောင်ပင်သာကျေးရွာမှာ ပြုလုပ်တဲ့ အလှူပွဲတစ်ခုမှာ ဒီကနေ့ မနက် ၉ နာရီ ဝန်းကျင်က ဧည့်ပရိသတ် ကျွေးမွေးဧည့်ခံဖို့ တည်ထားတဲ့ ထမင်းဘွိုင်လာပေါင်းအိုး ပေါက် ကွဲ တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ တယ် လို့ သိရပါတယ်။အဲ့ဒီ အလှူပွဲမှာသွားရောက် ကူညီလုပ်ကိုင်ပေးနေသူ တစ်ယောက် က"ဖြစ်တာက ဘုန်းကြီးကျောင်းထဲမှာပါ၊ ထမင်းပေါင်းအိုး ပေါက်ကွဲထိမှန် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.